Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခါးကျီးပေါင်းရောဂါကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း ထုတ်ပြန်

မဇ္ဈိမ။ ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ဝေဒနာခံစားရ၍ ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း ယနေ့ ( မတ်လ ၂၃ ရက်) တွင် သတင်းထုတ်ပြန်သည်။

မတ်လ ၂၀ ရက်တွင် နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) တွင် အိန္ဒိယနိုင်ငံမှ ပါရဂူများနှင့် စစ်ကော်မရှင် ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်နာရီကြာ ထိုခွဲစိတ်ကုသမှု အောင်မြင်ခဲ့၍ ယခု တာဝန်များကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာမည့် ၂၇ ရက်တွင် တပ်မတော်နေ့ ကျင်းပမည်ဖြစ်ပြီး မတ်လ ၃၀ ရက်၌ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရန်ရှိနေသည်။ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုသမ္မတလောင်းအဖြစ် တင်သွင်းမည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#ကျန်းမာရေး
#မင်းအောင်လှိုင်
#ပြည်တွင်းသတင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤮5👍2💩2❤1🔥1
မုံရွာ တွင် စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

MTO

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မုံရွေးတိုးဂိတ်မှ တောပုပျူရွာသို့ ကားသုံးစီးဖြင့် သွားသည့် စစ်ကော်မရှင်တပ်အား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဘက်မှ သုံးဦး သေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း Brave Heart Army-BHA က ယနေ့ ( မတ်လ ၂၃ ရက်) တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်အတွင်း စစ်ကော်မရှင်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်တွင် မောင်းနှင်နေသော HONDA- FIT ကားပေါ်မှ ပြည်သူတဦး သေဆုံးခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ များ က အသိပေးသည်။

“ အသင့်စောင့်ကြိုပြီး အသာစီးရယူ ပစ်ခတ်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့ မျှော်မှန်းသလောက် မဖြစ်ခဲ့ဘူး ။ မုံရွာ-ချောင်းဦ လမ်းပိုင်းပေါ်မှာ ပြည်သူတွေရဲ့ ကားတွေနဲ့ ရောနေတော့ သေချာ စိစစ်ပြီးမှ လုပ်ရတဲ့အပေါ်မှာ ရည်မှန်းသလောက် မရခဲ့တာပါ”ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ခန့်သည် တောပုရွာသို့ ဘောလုံးကန်ရန် အသွား ရွာဆိုင်းဘုတ်အနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BHA ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း…
👍9🔥2🥰1
🔥4😱3🤬1
🔥5🤬1
🔥5😱2👎1🤬1
🔥5🤬3
ပဲခူးတိုင်း ၊ ကြို့ပင်ကောက်မြို့နယ် NLD ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ မြို့နယ်ဥက္ကဋ္ဌဖြစ်သူ ဒေါ်တင်တင်နုကို ၎င်း၏ နေအိမ်တွင်ပင် သေနတ်သမားတဦးက ပစ်သတ်သွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကိုင်းတိုင်း ၊ မြိုင်မြို့နယ် ၊ ကန်နီကျေးရွာရှိ အထိုင်တပ်စခန်းမှ ပတ်ကင်းထွက်လာသည့် စစ်ကော်မရှင် တပ်ကို တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်သုံးဦးသေဆုံးကြောင်း အညာမြေတပ်ပေါင်းစုထံမှ သိရသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#NLDပါတီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥4👍3
တရုတ်ကွန်မြူနစ်ပါတီ (CCP) က သတ်မှတ်ပြဌာန်းထားသည့် ဘောင်အတွင်းမှ ဆောင်ရွက်ရန် ငြင်းဆန်သော လူပုဂ္ဂိုလ်များနှင့် ဘာသာရေးခေါင်းဆောင်များသည် ပြစ်ဒဏ်အမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ပြစ်ဒဏ်များတွင် နှောင့်ယှက်ခြင်းနှင့် ဒဏ်ငွေအမြောက်အမြား ရိုက်ခြင်းမှသည် ဖမ်းဆီးထိန်းသိမ်းခြင်း၊ အဓမ္မခိုင်းစေခြင်း၊ နိုင်ငံရေးအရ ပြန်လည်ပညာပေးခြင်း၊ လူကို အစအနဖျောက်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့အထိ ပါဝင်နေသည်။

အဆိုပါ နှိမ်နင်းမှုများသည် ဘာသာရေးအုပ်စု အသီးသီးအပေါ် သက်ရောက်မှုရှိနေပြီး ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ကျင့်စဉ်အားလုံး နိုင်ငံတော်အာဏာပိုင်များ၏ လက်အောက်တွင်သာ ရှိနေစေရန် စီစဉ်ထားသည့် မူဝါဒဖြစ်ကြောင်း ကော်မရှင်က ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဖိနှိပ်မှု
#ယုံကြည်ကိုးကွယ်မှု
#ဘာသာရေးလွတ်လပ်ခွင့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥6👍2
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ဈေးဝယ်စင်တာတွင် ဗီယက်နမ်ခရီးသွားတဦး၏ ကျောပိုးအိတ်ကို ခိုးယူခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး၊ ယင်းအမှုမှာ အခင်းဖြစ်ပွားပြီး နှစ်နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးရေးမှူးများက စီစီတီဗွီမှတ်တမ်းများကို အမြန်ကြည့်ရှုစစ်ဆေးခဲ့ရာ သံသယရှိသူမှာ တီရှပ်အင်္ကျီနှင့် ဘောင်းဘီအမည်း ဝတ်ဆင်ထားသည့် ပိန်ပိန်သွယ်သွယ် အမျိုးသားတဦးဖြစ်ပြီး၊ ၎င်းက ဈေးဝယ်စင်တာမှ ဖာယာထိုင်းလမ်းဘက်သို့ ထွက်ခွာသွားသည်ကို တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့သည် ၎င်း၏ နောက်သို့ ခြေရာခံလိုက်ရာ ဆိုယီနွန်ဂျစ်လမ်းတွင် လိန်းအမည်ရှိ အသက် ၃၁ နှစ်အရွယ် မြန်မာအမျိုးသားကို ရှာဖွေဖမ်းဆီးနိုင်ခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မြန်မာအမျိုးသား
#ဗီယက်နမ်ခရီးသွား
#ဘန်ကောက်ဈေးဝယ်စင်တာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥6👍3❤1👎1