Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ခွဲစိတ်မှုကြေညာပြီးနောက် စစ်ခေါင်းဆောင် အစည်းအဝေးတက်ကြောင်း ထပ်မံထုတ်ပြန်လာ

ယမင်းဖူးပွင့်အောင်

မဇ္စျိမ ။ ။မကြာသေးမီက ခွဲစိတ်မှုခံယူထားရသည့် စစ်ခေါင်းဆောင်ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာသည်ဟု စစ်ဘက်ဆိုင်ရာနီးစပ်သူများက သုံးသပ်ပြောဆိုသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် မတ်လ ၂၀ ရက်တွင် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ဝေဒနာခံစားရသဖြင့် အိန္ဒိယပါရဂူများနှင့် စစ်ကော်မရှင် ဆေးအဖွဲ့တို့ပူးပေါင်းကာ နှစ်နာရီကြာ ခွဲစိတ်မှုခံယူခဲ့ရသည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး တာဝန်များကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိကာ ယမန်နေ့ (မတ်လ ၂၄ ရက်နေ့) က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် စက်သုံးဆီဆိုင်ရာ အစည်းအဝေးကိုပါ တက်ရောက်အမှာစကားပြောကြားခဲ့သည်ဟု ထပ်မံထုတ်ပြန်လာသည်။

စစ်ခေါင်းဆောင်သည် လာမည့်ရက်ပိုင်းအတွင်း ကျရောက်မည့် တပ်မတော်နေ့အခမ်းအနားနှင့် ဒုသမ္မတရွေးပွဲအတွက် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေခြင်းဖြစ်သည်ဟု အကြမ်…
👎7❤4💩2🔥1
စစ်ခေါင်းဆောင်မိသားစု ထိုင်းတွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ ဝယ်ယူမှု JFM ဖော်ထုတ်

001

မဇ္ဈိမ။ ။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်ရာ တလုံး ဝယ်ယူခဲ့မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း Justice for Myanmar (JFM)က ယနေ့ (မတ် ၂၅) တွင် ထုတ်ပြန်သည်။

စစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေး အရှိန်မြှင့် လုပ်ဆောင်လာသည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ခေါင်းဆောင်၏ သားနှင့်ချွေးမဖြစ်သူတို့သည် ဘန်ကောက်မြို့ရှိ တန်ဖိုးကြီးဇိမ်ခံအိမ်ရာတခုကို ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြသည်။

ယင်းဝယ်ယူမှုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရခြင်းမရှိသေးသည့် စစ်ခေါင်းဆောင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက်၏အမည်ဖြင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း JFM က ပြောသည်။

ထိုအိမ်ရာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသား သုံးဦးပိုင်ဆိုင်သော…
👍9🤬4❤3
မြန်မာသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ၏ လေးပုံတပုံဖြစ်သော လူပေါင်း ၁၂ ဒသမ ၄ သန်းမှာ စားနပ်ရိက္ခာရရှိရေးအတွက် ရုန်းကန်နေရကြောင်း ကုလ သမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆိုသည်။

"မြေသြဇာဈေးနှုန်း မြင့်တက်လာတာနဲ့ စက်ယန္တရားတွေအတွက် စက်သုံးဆီရရှိမှု ကန့်သတ်ချက်တွေက ရှေ့လာမယ့် စိုက်ပျိုးရာသီကို ခြိမ်းခြောက်နေပါတယ်" ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ် ဒန်းဖို့ဒ်က ပြောကြားခဲ့သည်။

"မတည်မငြိမ်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ထုတ်လုပ်မှုစရိတ်တွေက နှစ်ဆလောက်အထိ မြင့်တက် လာနိုင်ပါတယ်။" ဟု ၎င်းက ပြောသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်စစ်ပွဲက
#လောင်စာဆီပြတ်လပ်
#မြန်မာတောင်သူများ
#ဒီဇယ်ဆီရရှိရန်
#ရုန်းကန်နေရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
😭7❤6👍2😢1
https://www.youtube.com/watch?v=W9r0HktG3y4
စစ်ပွဲကို အဆုံးသတ်ဖို့ ထရမ့်ရည်မှန်းပေမယ့် အီရန်က ဆွေးနွေးမှုကိုငြင်းဆိုကာ တိုက်ခိုက်မှုအရှိန်မြှင့်
🔥5❤2👏2
https://www.youtube.com/watch?v=nrughht71wI
အီရန်က 'ရန်လိုမှုမရှိတဲ့' ရေနံတင်သင်္ဘောတွေကို လမ်းဖွင့်ပေး၊ ထရမ့်က ငြိမ်းချမ်းရေး အစီအစဉ် ပေးပို့
👍4🔥4
https://www.youtube.com/watch?v=_esm5EJjWbc
စစ်ပွဲကို အဆုံးသတ်ဖို့ ထရမ့်ရည်မှန်းပေမယ့် အီရန်က ဆွေးနွေးမှုကိုငြင်းဆိုကာ တိုက်ခိုက်မှုအရှိန်မြှင့်
🔥6👍1👏1
https://www.youtube.com/watch?v=NCx8ZNrxdzw
အီရန်က 'ရန်လိုမှုမရှိတဲ့' ရေနံတင်သင်္ဘောတွေကို လမ်းဖွင့်ပေး၊ ထရမ့်က ငြိမ်းချမ်းရေး အစီအစဉ် ပေးပို့
🔥3👏2👍1
https://www.youtube.com/watch?v=vE3N6s9f2MA
မတ်လ ၂၅ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ စျေးနှုန်းမျာ
👍3🔥2
https://www.youtube.com/watch?v=9M2JLIlhh84
မတ်လ ၂၄ ရက် ၊ ည ၇ နာရီ ၊ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ်
👍4❤1🤮1🥴1
https://www.youtube.com/watch?v=Jj5_Cr-NzEE
မတ်လ ၂၅ ရက်နေ့ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
👏4👎1🤮1🥴1
https://www.youtube.com/watch?v=Xo1xLmLhJ2w
March 25 [ 7 PM ] The Mizzima Primetime
👍2🤮2
https://www.youtube.com/watch?v=0UaqykXQqZ8
Defying Israeli bombs, Lebanese hold out in southern city of Tyre
👍2🤮2❤1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၅ မတ် ၂၀၂၆ )

စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှ ချင်းပြည်နယ် ၊ ဖလမ်းမြို့ဖက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၁၀ ဦးခန့်သေဆုံးကြောင်း CDF CDM – Siyin တပ်ဖွဲ့ ထံကသိရသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကလေး
#ဖလမ်းလမ်း
#CDF_CDM_Siyin
#ချင်းပြည်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
------------------------------------------
👍6😁2❤1🤮1
အီရန်က သဘောတူညီချက်တရပ်ရပ် ရရေးအတွက် "အသည်းသန်" လိုလားနေသည်ဟု ဒေါ်နယ်ထရမ့်က အခိုင် အမာပြောခဲ့ပြီးနောက် အီရန် စစ်ဘက် ပြောဆိုခွင့်ရပုဂ္ဂိုလ် အီဘရာဟင် ဇိုလ်ဖာဂါရီက "ကျွန်တော်တို့လို လူမျိုးတွေအတွက် ခင်ဗျားတို့လို လူစားတွေနဲ့ ဘယ်တော့မှ ညှိလို့ရမှာမဟုတ်ဘူး" ဟု တုံပြန် ပြောဆိုလာခြင်း ဖြစ်သည်။

ဒေသတွင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အချက် ၁၅ ချက်ပါ အစီအစဉ်တရပ်ကို အီရန်ထံသို့ အမေရိကန်က ပေးပို့ထားသည်ဟု The New York Times သတင်းက ဖော်ပြသည်။

တချိန်တည်းတွင် ပါကစ္စတန်နိုင်ငံက အီရန်စစ်ပွဲ အဆုံးသတ်ရေးအတွက် ညှိနှိုင်းမှုများတွင် ကြားဝင်စေ့စပ်ပေးမည်ဟု ကမ်းလှမ်းလာသည်ကို သမ္မတ ထရမ့်ဘက်က ထောက်ခံသည့်ပုံစံ ပြသလာကြာင်း The New York Times သတင်းက ဆိုသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#တကိုယ်တာ်
#ညှိနှိုင်းနေ
#အီရန်ပြော
#လေထီးစစ်သား
#ပင်တဂွန်
#စေလွှတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
❤4🤮4🔥2👍1😁1
စစ်ခေါင်းဆောင်မိသားစု ထိုင်းတွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ် ဝယ်ယူမှု JFM ဖော်ထုတ်

001

မဇ္ဈိမ။ ။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊ ဘန်ဘကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်တလုံး ဝယ်ယူခဲ့မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း Justice for Myanmar (JFM)က ယနေ့ (မတ် ၂၅) တွင် ထုတ်ပြန်သည်။

စစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေး အရှိန်မြှင့် လုပ်ဆောင်လာသည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ခေါင်းဆောင်၏ သားနှင့်ချွေးမဖြစ်သူတို့သည် Issara Residence, Rama 9 တွင် ရှိသော မြေဧရိယာ ၄၅၁ စတုရန်း မီတာရှိ 7C အကွက်ပေါ်တွင် တည်ရှိသည့် အဆင့်မြင့်အိမ်တစ်လုံးကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းဝယ်ယူမှုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရခြင်းမရှိသေးသည့် စစ်ခေါင်းဆောင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက်၏အမည်ဖြင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း JFM က ပြောသည်။

ထိုအိမ်ကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited…
👍11❤4🔥3
ဖိလစ်ပိုင်တွင် အကြွေးမဆပ်ချင်၍ ‘သေချင်ယောင်ဆောင်ခဲ့သူ’ တဦး၏ အကြောင်းမှာ လူမှုကွန်ရက်စာ မျက်နှာ များထက်တွင် ရေပန်းစားလျက်ရှိရာ နာမည်ကြီး ဆိုင်ကယ်ကယ်ရီဝန် ဆောင်မှုလုပ်ငန်းတခု ဖြစ်သည့် အန်းကပ်စ် (Angkas) ကလည်း ယင်းဖြစ်ရပ်ကို ဟာသနှော၍ ပြန်လည်မျှဝေခဲ့သည်။

ယင်းဖြစ်ရပ်မှာ ဖေ့စ်ဘွတ်ခ်ရှိ တည်းခိုနေရာများဖော်ပြသည့်ဂရုတခုတွင် အဖွဲ့ဝင်တဦးက ငွေကြေးလိမ် လည်သွားသူတဦးအကြောင်း သတိပေးချက်ထုတ်ပြန်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးသည် အညိုရောင်အင်္ကျီနှင့် အဝါရောင်စကတ်ကို ဝတ်ဆင်၍ ခုတင်ပေါ်တွင် အသက်မရှိတော့သကဲ့သို့ လဲလျောင်းနေသည့် ဓာတ်ပုံတပုံကို ပေးပို့ကာ သေဆုံးသွားပြီဖြစ်ကြောင်း ဟန်ဆောင်ခဲ့သည်။

သို့သော် အကြွေးရှင်ဖြစ်သူက မယုံကြည်ဘဲ “ရှင်က သေချင်ယောင်ဆောင်နေပေမဲ့ ငါပို့တဲ့စာကို ကျတော့ Love Reaction ပေးနေသေးတယ်ပေါ့” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အကြွေးမဆပ်ချင်
#သေချင်ယောင်ဆောင်သည့်
#ဖိလစ်ပိုင်နိုင်ငံသူ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
😁5👍3❤1🤮1🤣1
https://www.youtube.com/watch?v=iuiTOvZujR8
မတ်လ ၂၆ ရက်နေ့ ကြာသာပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
👍6🤮1