Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
👍4❤2🔥2
👍4❤2🔥2
👍4❤2🔥2
👍4❤2🔥2
ပြည်ပထွက်ခွာခွင့် လိမ်လည်တင်ပြပါက အမည်ပျက်စာရင်းသွင်းမည်ဟု စစ်ကော်မရှင် ပြော

001

မဇ္ဈိမ။ ။ အလုပ်သမားများ ပြည်ပထွက်ခွာခွင့်နှင့် ပတ်သက်ပြီး လိမ်လည်တင်ပြပါက ကာလသတ်မှတ်ချက် တခုဖြင့် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းနှင့် အမည်ပျက်စာရင်း (Blacklist) သွင်းခြင်း လုပ်ဆောင်မည်ဟု စစ်ကော်မရှင် အလုပ်သမားဝန်ကြီးဌာန၏ Safe Migration တယ်လီဂရမ်ချန်နယ်တွင် မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်သည်။

မမှန်မကန် တင်ပြလာသူနှင့် နောက်ကွယ်မှ ပါဝင်ကူညီသည့် သက်ဆိုင်ရာအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကို စုံစမ်းဖော်ထုတ်ပြီး ၁၉၉၉ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ အပါအဝင် ဥပဒေ စည်းမျဥ်းစည်းကမ်းများအရ အရေးယူမည်ဟုလည်း ဖော်ပြသည်။

အချို့အလုပ်သမားသစ်များသည် သတ်မှတ်ထား
သည့် စနစ်တကျ စုဆောင်းခြင်း၊ ပြည်ပသို့မထွက်ခွာမီ သင်တန်းတက်ရောက်ခြင်းနှင့် ဆေးစစ်ခံခြင်းလုပ်ငန်းစဥ်များကို ကျော်လွှားနိုင်ရန်အတွက် ခွင့်ပြန်အလုပ်သမားအဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန်ကြိုးစားလာသည်ကို တွေ့ရကြောင်း စစ်ကော်မရှင်က ဆိုသည်။

"၎င်းတို့သည် ခွင့်ပြန်အလုပ်သမားများအတွက် သတ်မှတ်ထားသော လမ်းကြောင်းကို အလွဲသုံးစားပြု၍ တရားမဝင်ထွက်ခွာရန် ကြိုးစားခြင်းများ…
👎5🔥2🤬1
သို့ရာတွင် နိုင်ငံတဝန်း စက်သုံးဆီအတွက် မသေချာ မရေရာမှုများ ရှိနေရာ လက်ရှိအချိန်အထိ ဘတ်စ်ကားလက်မှတ် ထက်ဝက်ခန့်သာ ရောင်းချရသေးကြောင်း ခရီးသည်ယာဉ် ဝန်ဆောင်မှု လုပ်ငန်းများက The Straits Times သို့ ပြောသည်။ ယခင် နှစ်များကမူ ယခုကဲ့သို့ ပွဲတော်နီးလာသော အချိန်မျိုးတွင် လက်မှတ် ၈၀ ရာခိုင်နှုန်းခန့်အထိ ရောင်းချပြီးလေ့ ရှိသည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များကလည်း အခြေအနေကို စောင့်ကြည့်နေသည်။ နိုင်ငံအနှံ့ ပြေးဆွဲနေသော ခရီးသည်တင်ကား အစီးရေ အနည်းဆုံး ၁၅,၀၀၀ ရှိကာ အဖွဲ့ဝင် ၅၀၀ ရှိသည့် ထိုင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းက အဖွဲ့ဝင် ကားလိုင်းလုပ်ငန်းရှင်များအနေဖြင့် ဆွန်ခရန် ရက်နီးမှ ကားလက်မှတ်များ ထုတ်ရောင်းရန် စီစဉ်ထားကြောင်း ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စက်သုံးဆီအရေး
#ရတက်မအေး
#ဆွန်ခရန်ပွဲ
#ကားလက်မှတ်
#ဖြတ်သူနည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍6🔥2
https://www.youtube.com/watch?v=IE2TcFdx3AU
တိုက်ခိုက်မှုတွေအတွင်း လက်ဘနွန်ကို ဒုတိယဂါဇာမဖြစ်စေရဘူးလို့ ကုလအကြီးအကဲ ပြော (ရုပ်သံ)
👍3🤮2
https://www.youtube.com/watch?v=0QGMhOnH8Mo
မတ်လ ၂၆ ရက်၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမသတင်းအစီအစဥ်
👍4🤮2
ဒူးဒဏ်ရာနဲ့ ပတ်သက်ပြီး အခြေအနေအမှန်ကို ရှင်းလင်းပြောကြားလာတဲ့ အမ်ဘာပေ

AFP

ရီးယဲလ်မက်ဒရစ်မှာ ဒူးဒဏ်ရာကို မှားယွင်းစစ်ဆေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကီလီယန် အမ်ဘာပေက ပယ်ချလိုက်ပြီး သူ့ရဲ့ဒဏ်ရာအခြေအနေကို ရှင်းလင်းပြောကြားသွားသလို၊ လာမယ့်ခြေစမ်းပွဲတွေမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးဖို့ ကြံ့ခိုင်မှုအပြည့်ရှိနေပြီလို့လည်း အတည်ပြုသွားခဲ့ပါတယ်။

ဒဏ်ရာရနေတဲ့ ဒူးမဟုတ်ဘဲ တခြားတဖက် (ဒူးအမှား) ကို ရီးယဲလ်မက်ဒရစ်က စစ်ဆေးခဲ့မိလို့ ကာလအတန်ကြာ နားခဲ့ရတယ်ဆိုတဲ့ သတင်းတွေကို ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

“ဒူးအမှားကို စစ်ဆေးခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်တွေက မမှန်ပါဘူး” လို့ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဖောက်စ်ဘတ်မြို့မှာ ကစားမယ့် ဘရာဇီးနဲ့ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့ပါတယ်။ “အခုလို အခြေအနေမျိုး ဖြစ်သွားရတာက ကျွန်တော့်မှာလည်း သွယ်ဝိုက်ပြီး တာဝန်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မှာ ဘာတွေဖြစ်နေလဲဆိုတာကို အချိန်မီ ထုတ်ဖော်မပြောတဲ့အခါ ထင်ကြေးအမျိုးမျိုး ပေးစရာ ဖြစ်သွားစေလို့ပါ”

ဒီတပတ်အစောပိုင်းမှာ RMC Sport…
❤5👍2🤮1
ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများရှိ ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းခဲ့ပြီးနောက် တရုတ်ရာဇဝတ်ဂိုဏ်းများ သည် မိခင်တရုတ်နိုင်ငံသို့ ပြန်လာကြပြီး နိုင်ငံခြားသားများကိုသာ သီးသန့်ပစ်မှတ်ထားသည့် အသေးစား ငွေလိမ်လုပ် ငန်းများကို လုပ်ဆောင်နေကြကြောင်း အမေရိကန်-တရုတ် စီးပွားရေးနှင့် လုံခြုံရေးပြန်လည် သုံးသပ်ရေး ကော် မရှင်က ပြောကြားခဲ့သည်။

"လိမ်လည်မှု အရေအတွက်တွေ မြင့်တက်လာတာကို ကျွန်တော်တို့ တွေ့ရပါတယ်" ဟု ဒုတိယဥက္ကဋ္ဌ မိုက်ကယ် ကွိုင်ကန်က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အရှေ့တောင်အာရှရှိ ငွေလိမ်စင်တာများမှ "ဝါရင့်" ဂိုဏ်းသားများသည် တရုတ်နိုင်ငံအတွင်း၌ လုပ် ငန်း များ ပြန် လည်အခြေချလုပ်ကိုင်လာကြသည်ဟု ဆိုသည်။

အစီရင်ခံစာတွင် ၂၀၂၄ ခုနှစ်အတွင်း အရှေ့တောင်အာရှအခြေစိုက် ငွေလိမ်ဂိုဏ်းများကြောင့် အမေရိကန် နိုင်ငံ သားများအနေဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ရကြောင်း အမေရိ ကန်အစိုးရ၏ ခန့်မှန်းချက်ကို ကိုးကားဖော်ပြထားပြီး ယင်းပြဿနာကို ဦးစားပေးဖြေရှင်းသင့်ကြောင်း တိုက်တွန်းထားသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်…
👍5❤3🤮3👎2
သြစတြေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်မှ အသက် ၄၀ အရွယ် အမျိုးသားတဦးသည် မြန်မာပြည်တွင်း စစ်တွင် ပါဝင်တိုက်ခိုက်ရန် စီစဉ်ခဲ့သည်ဟူသော ပြည်ပကျူးကျော်မှုပြစ်မှုဖြင့် တရားစွဲဆိုခံထားရသည်။

အက်တီလီယို အိုင်ဗာ ဖိလစ် ဒါလာဗယ်လ်သည် မြန်မာပြည်တွင်းစစ်ပွဲတွင် လက်နက်ကိုင်အဖွဲ့တခုနှင့် ပူးပေါင်း၍ "ရန်လိုသော လှုပ်ရှားမှုများ" လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဇန်နဝါရီလအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သြစတြေးလျရဲတပ်ဖွဲ့က စွပ်စွဲထားသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မြန်မာ
#ပြည်တွင်းစစ်
#ပါဝင်တိုက်ခိုက်ရန်
#ကြံစည်မှု
#သြစတြေးလျ
#နိုင်ငံသား
#ဖမ်းဆီးခံရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
🤮8👎1🔥1🤬1
https://www.youtube.com/watch?v=jdYlDB6NOOw
မတ်လ ၂၆ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
👍6🤮1
ယခုအခါ ငလျင်ဒဏ်သင့်ဒေသများသို့ သတင်းထောက်များ ပြန်လည်ရောက်ရှိသွားချိန်တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများမှာ တပြေးညီမဟုတ်ဘဲ ကွာဟချက်များ ရှိနေဆဲဖြစ်ကြောင်း တွေ့ရသည်။

"တချို့ကတော့ သူတို့အိမ်တွေကို ပြန်ဆောက်နေကြပြီ၊ တချို့ကျတော့လည်း အခုမှ လုပ်ကိုင်စားသောက် နေထိုင်ဖို့ လိုအပ်တဲ့ အထောက်အပံ့တွေကို ရယူနေကြတုန်းပဲ" ဟု အသက် ၇၀ အရွယ် ဂေါပကအတွင်းရေးမှူး ဦးဆန်းထွန်းက ပြောကြားသည်။

မန္တလေးမြို့ရှိ ပြိုကျပျက်စီးသွားသော လူနေအဆောက်အအုံအားလုံးနီးပါးကို ဖယ်ရှားရှင်းလင်းပြီးဖြစ်ကာ အချို့မှာ ပြန်လည်တည်ဆောက်ပြီးစီးနေပြီ ဖြစ်သော်လည်း အချို့မှာမူ ခြံစည်းရိုးခတ်ထားသည့် မြေကွက်လပ်များအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အင်အားပြင်း
#ငလျင်အပြီး
#၁_နှစ်အကြာ
#ပြန်လည်ထူထောင်ရေး
#လုပ်ငန်းများ
#နှောင့်နှေးကြန့်ကြာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍8❤2🔥2
https://www.youtube.com/watch?v=aRz6IEAmsxU
MNDAA AND TNLA ENTER TALKS AS NUG CALLS FOR PEACEFUL RESOLUTION
👎3❤2🤮2
https://www.youtube.com/watch?v=QsilAEkAqgw
မတ်လ ၂၇ ရက်၊ သောကြာနေ့ မနက်ပိုင်းမဇ္ဈိမရေဒီယိုအစီအစဉ်
👍7🤮1