Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဓါတ်ပုံ - ဘုရင့်နောင် လေ့ကျင့်ရေးစခန်းကို ၁၀၇မမရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်စဥ် ။ ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်စစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင်တပ်မတော်နေ့ အခမ်းအနား ကျင်းပနေစဥ် ၁၀၇မမရှော့တိုက်ဒုံးငါးလုံးဖြင့် မတ်လ ၂၇ရက် နံနက် ၇နာရီ ၅မိနစ်အချိန်တွင် မဟာမိတ်များဖြင့်ပူးပေါင်း၍ ပစ်ခတ်ခဲ့ကြောင်း Brave Warriors for Myanmar က ထုတ်ပြန်သည်။
❤9👍1🤣1
ဓါတ်ပုံ - ဘုရင့်နောင် လေ့ကျင့်ရေးစခန်းကို ၁၀၇မမရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်စဥ် ။ ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်စစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင်တပ်မတော်နေ့ အခမ်းအနား ကျင်းပနေစဥ် ၁၀၇မမရှော့တိုက်ဒုံးငါးလုံးဖြင့် မတ်လ ၂၇ရက် နံနက် ၇နာရီ ၅မိနစ်အချိန်တွင် မဟာမိတ်များဖြင့်ပူးပေါင်း၍ ပစ်ခတ်ခဲ့ကြောင်း Brave Warriors for Myanmar က ထုတ်ပြန်သည်။
❤11🤣3👍1
https://www.youtube.com/watch?v=3z-HQ4eiCQ4
March 27 [ 7 PM ] The Mizzima Primetime| Mizzima Headline News
👍2🤮2
ယင်းဥပဒေကြမ်းသည် တရုတ်ကဲ့သို့သော ပြိုင်ဘက်နိုင်ငံများမှ ထုတ်လုပ်သည့် မောင်းသူမဲ့ယာဉ်များကို ဖက်ဒရယ်အစိုးရက ဝယ်ယူခြင်းနှင့် အသုံးပြုခြင်းကို တားမြစ်မည်ဖြစ်သလို၊ တရုတ်စက်ရုပ်များနှင့် ပတ်သက်၍ အစိုးရ ရန်ပုံ ငွေ အသုံးပြုမှုကိုလည်း ပိတ်ပင်သွားမည်ဖြစ်သည်။

ယင်းဥပဒေကြမ်းသည် တက်စလာကဲ့သို့သော အမေရိကန်ကုမ္ပဏီများနှင့် တရုတ်ကုမ္ပဏီများအကြား "လူတူစက်ရုပ်" ထုတ်လုပ်မှုကဏ္ဍတွင် ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်
#စက်ရုပ်များ
#အသုံးပြုမှု
#ပိတ်ပင်မည့်
#ဥပဒေကြမ်း
#အမေရိကန်
#အမတ်များ
#တင်သွင်းမည်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
❤9👍5😁2🤓2
စက်သုံးဆီတန်းစီရင်း မူးလဲ၊ သေဆုံးမှု ၄ ကြိမ်ထက်မနည်း ဖြစ်ပေါ်

YT

မဇ္ဈိမ။ ။ မြန်မာနိုင်ငံတဝန်းတွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီအကြပ်အတည်းကြောင့် ဆီဆိုင်ကြီးများတွင် တန်းစီဝယ်ယူကြသူများ အပူဒဏ်ကြောင့် မူးလဲခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်သည်မှာ လေးကြိမ်ထက်မနည်းရှိပြီဖြစ်သည်။

စစ်ကော်မရှင်က စက်သုံးဆီဝယ်ယူနိုင်ခွင့်ကို စုံ၊ မ ရက်ခွဲခြင်း၊ QR ကုတ်ဖြင့်သာ ဝယ်ယူခွင့် ပေးခြင်းအပြင် ယာဥ်အင်ဂျင်ပါဝါအလိုက် ဝယ်ယူနိုင်မည့် ဆီပမာဏကို ကန့်သတ်ထားပြီး အများဆုံး တပတ်လျှင် နှစ်ကြိမ်သာ ဝယ်ယူခွင့် သတ်မှတ်ထားသည်။

နိုင်ငံတဝန်းရှိ စက်သုံးဆီဆိုင်များတွင် လူကြီး၊ လူငယ်မရွေး ယာဉ်အစီးရေ ရာနှင့်ချီသည် စက်သုံးဆီ ရရှိရေး နေ့စဉ်တန်းစီနေကြပြီး နွေရာသီအပူဒဏ်ကို အမိုးအကာမဲ့ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

“ လူကြီးတွေ မပြောနဲ့ ကျွန်တော်တို့ လူငယ်တွေတောင်မခံနိုင်ဘူးဗျ။ ဆိုင်ကယ်နဲ့လူတွေဆို ပိုခံရတာပေါ့။ ပြီးတော့ဗျာ နာရီနဲ့ချီ တန်းစီပြီး ရရင်ကျ အကန့်အသတ်နဲ့၊ တော်တော်ဆိုးဆိုးပဲ” ဟု လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ (မတ်လ ၂၇ ရက်) နံနက် ၁၀ နာရီဝန်းကျင် အချိန်တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌…
🔥6❤3😢2🤮2👍1
https://www.youtube.com/watch?v=8ClWH8lVfUE
US envoy urges Taiwan lawmakers to 'quickly' pass defence bill
👍2🤮2
"တပ်မတော်နေ့" အခမ်းအနားများတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပျောက်ဆုံးနေမှုအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်နေ

001 ၊ ယမင်းဖူးပွင့်အောင်

မဇ္ဈိမ ။ ။ စစ်တပ်၏ အဓိကအခမ်းအနားဖြစ်သော တပ်မတော်နေ့တွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း တက်ရောက်ခြင်းမရှိသည်ကို တွေ့ရသဖြင့် ၎င်းအား ရာထူးမှ ဖယ်ရှားလိုက်ပြီဟူသော သတင်းများ ပိုမိုကျယ်လောင်လာနေသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ယနေ့ ( မတ်လ ၂၇ ရက် ) ညနေက ပြုလုပ်သော စစ်ရေးပြအခမ်းအနားတွင် သာမက ယမန်နေ့ညက ပြုလုပ်ခဲ့သည့် အကြိုညစာစားပွဲနှင့် အငြိမ်းစားအရာရှိကြီးများအား တွေ့ဆုံပွဲများတွင်ပါ ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေး ဒုတိယဝန်ကြီးလည်းဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို "အကျင့်ပျက်ခြစားမှု" အပါအဝင် မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သော အကြောင်းကိစ္စများဖြင့် ရာထူးမှ ဖယ်ရှားလိုက်သည်ဟူသော ကောလာဟလများ ယမန်နေ့ကတည်းက ထွက်ပေါ်နေခဲ့ရာ အစဉ်အလာအားဖြင့် ၎င်း၏ရုပ်ပုံများ လွှမ်းမိုးနေတတ်သော အခမ်းအနားများတွင် မတွေ့ရခြင်းက အဆိုပါသတင်းများကို ပိုမိုခိုင်မာစေသည့် အချက်တခု ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရာထူးအပြောင်းအလဲနှင့်…
❤11💩4🤣4😁2
https://www.youtube.com/watch?v=ljoHvtdBp4g
'We are happy' US conservatives weigh in on war with Iran
👍4🤮2
https://www.youtube.com/watch?v=NI0kyuVzWzg
မတ်လ ၂၈ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
👍3🤮2
https://www.youtube.com/watch?v=nOvfnwQEXAg
Deadly bombing of Iranian school evokes 'visceral horror', says UN rights chief
👍3🤮2
အင်္ဂလန်အသင်းရဲ့ အမာခံပရိသတ်တယောက် လာမယ့်နွေရာသီ ကမ္ဘာ့ဖလားခရီးစဉ်အတွက် အိမ်တလုံးရောင်းပြီး အကုန်အကျခံဖို့ ပြင်ဆင်နေပါတယ်။

အသက် ၆၂ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ အန်ဒီ မီလ်နီ ဟာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေမှာ ကျင်းပမယ့် ဘောလုံးပွဲစဉ်တွေကို လိုက်ပါကြည့်ရှုနိုင်ဖို့အတွက် သူ့ရဲ့ ဒုတိယအိမ်ကို ရောင်းချပြီး ငွေဖော်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

ဒါက သူ အင်္ဂလန်အသင်းကို လိုက်လံအားပေးတဲ့ ၁၀ ကြိမ်မြောက် ကမ္ဘာ့ဖလားခရီးစဉ် ဖြစ်လာမှာပါ။ အမျိုးသားကမ္ဘာ့ဖလား ၉ ကြိမ်အပြင် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားမှာလည်း သွားရောက်အားပေးခဲ့တာပါ။ မီလ်နီဟာ အင်္ဂလန်ပရိသတ်တွေကြားမှာ ကမ္ဘာ့ဖလားရွှေဖလားတုကို ကိုင်ဆောင်ထားလေ့ရှိတာကြောင့် လူသိများထင်ရှားသူတယောက်လည်း ဖြစ်ပါတယ်။

သူက လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်နေတာဖြစ်ပြီး အင်္ဂလန်မြောက်ပိုင်းက အငှားချထားတဲ့ အိမ်ကို ပေါင် ၃၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၆၅,၀၀၀ ခန့်) နဲ့ ရောင်းရဖို့ မျှော်လင့်နေတာပါ။

မီလ်နီက ဗြိတိန်သတင်းစာ The Mirror ကို အခုလို ပြောပြခဲ့ပါတယ် Read more: >> https://bur.mizzima.com/2026/03/28/86182
👍8🥰2🤔2🤮1
အက်ဖ်ဘီအိုင်(FBI) ညွှန်ကြားရေးမှူး ကက်ရှ်ပတေးလ်၏ ကိုယ်ပိုင်အီးမေးလ်ကို “အီရန်ကျောထောက် နောက်ခံပြု ဟက်ကာများ” က ဖောက်ထွင်းခဲ့ပြီး ၎င်း၏ဓာတ်ပုံများနှင့် အခြားစာရွက်စာတမ်းများကို အင်တာနက်တွင် ဖြန့်ဝေခဲ့သည်။

“ညွှန်ကြားရေးမှူး ပတေးလ်၏ ကိုယ်ပိုင်အီးမေးလ်အချက်အလက်များကို ပစ်မှတ်ထားသည့် မသမာသူ များအကြောင်း သိရှိထားကြောင်း” နှင့် “ယင်းလုပ်ရပ်ကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို လျှော့ချရန်လိုအပ်သည့် အစီအမံများအားလုံးကို လုပ်ဆောင်ထားကြောင်း” အက်ဖ်ဘီအိုင်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး
#အီရန်
#အီးမေးလ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🔥2🤮2
အီရန်စစ်ဆင်ရေး၏ တစိတ်တပိုင်းအဖြစ် အမေရိကန်က မြန်နှုန်းမြင့် မောင်းသူမဲ့ဒရုန်းလှေများကို ကင်း လှည့်ရန်အတွက် စတင်အသုံးပြုနေပြီဖြစ်ကြောင်း ပန်တဂွန်စစ်ဌာနချုပ်က ပထမဆုံးအကြိမ် အတည်ပြု ပြောကြားလိုက်သည်။

“အမေရိကန်တပ်ဖွဲ့တွေက အရှေ့အလယ်ပိုင်းဒေသမှာ ဂျီအေအာစီလို ရေပြင်သုံး ဒရုန်းတွေအပါအဝင် မောင်းသူမဲ့စနစ်တွေကို ဆက်လက်အသုံးပြုနေပါတယ်။ အထူးသဖြင့် ဒီရေယာဉ်က အီရန်စစ်ဆင်ရေး ကို အထောက်အကူပြုဖို့အတွက် ပင်လယ်ပြင်ကင်းလှည့်မှုတွေမှာ ခရီးစဉ်နာရီပေါင်း ၄၅၀ ကျော်နဲ့ ရေမိုင် ၂,၂၀၀ ကျော်ကို အောင်မြင်စွာ မောင်းနှင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်” ဟု တင်မ်ဟော့ကင်းစ်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မောင်းသူမဲ့ဒရုန်းလှေ
#အီရန်
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍15🔥2❤1🤮1
၎င်းတို့သည် သုံးနှစ်ကြာ သူနာပြုသိပ္ပံဘွဲ့သင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ သင်တန်းကို လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကြားမှ ခိုလှုံရာနေရာများနှင့် ရွှေ့လျားစာသင်ခန်းများအတွင်း လျှို့ဝှက်စွာ သင်ကြားခဲ့ရခြင်း ဖြစ်သည်။ တိုးတိုးတိတ်တိတ်နှင့် မှတ်တမ်းတင်ခြင်းမပြုဘဲ ကျင်းပခဲ့သော ၎င်းတို့၏ သင်တန်းဆင်းပွဲသည် ပညာရေးဆိုင်ရာ အောင်မြင်မှုတခုထက်မက ပိုမိုလေးနက်ပြီး စစ်ပွဲ၏ ဆိုးကျိုးများအကြားတွင်ပင် ပညာရေးနှင့် လူသားဆန်မှုတို့သည် ဆက်လက်ရှင်သန်နိုင်သည်ဆိုသောအချက်ကို သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

ဗြိတိန်နိုင်ငံရှိ တော်ဝင်သူနာပြုကောလိပ် (RCN) မှ နိုင်ငံတကာ သူနာပြုလုပ်ငန်းဆိုင်ရာ တွဲဖက်ညွှန်ကြားရေးမှူး မားကတ်စ် ဝူးလ်တန်သည် မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးမှသည် အပူပိုင်းဒေသဆိုင်ရာ ဆေးပညာရပ်များအထိ ဘာသာရပ်ပေါင်း ၅၈ ခု ပါဝင်သော ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းတခုလုံးကို ဗီဒီယိုသင်ခန်းစာများအဖြစ် ဖန်တီးပုံဖော်ပေးခဲ့သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဒရုန်း
#လေကြောင်းတိုက်ခိုက်မှု
#မြန်မာသူနာပြုများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤16👍3😢2🤮1
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် မြန်မာ့ စားနပ်ရိက္ခာမလုံခြုံမှုကို ပိုမိုဆိုးရွားစေမည်ဟု WFP သတိပေး

001

မဇ္ဈိမ။ ။ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ထပ်ဆင့်ရိုက်ခတ်မှုများသည် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာမလုံခြုံမှု အခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်သည်။

WFP ၏ မတ် ၂၇ ရက် ထုတ်ပြန်ချက်တွင် ထိုသို့သတိပေးထားခြင်းဖြစ်ပြီး၊ လက်ရှိ ဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီ၊ စားနပ်ရိက္ခာနှင့် မြေဩဇာဈေးနှုန်းများ မြင့်တက်လာခြင်းသည် ထိခိုက်လွယ်သော မိသားစုများ၏ ဝမ်းရေးကို ပိုမိုကျပ်တည်းလာနေစေကြောင်း ဆိုသည်။

ပဋိပက္ခကြောင့် စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းသည် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးကုန်စည်များ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို မြင့်တက်စေကြောင်း၊ ယင်းသည် အခြေခံစားနပ်ရိက္ခာကိုပင် မနည်းဖြေရှင်းနေရသည့် မိသားစုများအပေါ် ထပ်ဆင့်ဝန်ပိစေကြောင်း WFP က ပြောသည်။

ထို့ပြင် အဆိုပါ အကျပ်အတည်းသည် မိုးသီးနှံစိုက်ပျိုးရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံမှ တောင်သူများကိုလည်း ရိုက်ခတ်လျက်ရှိကာ …
👍14❤1🤮1
ဓာတ်ပုံ - တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ကျင်းပပြုလုပ်သော တရုတ်လေတပ် ပြပွဲတခုတွင် ၂၀၂၅ ခုနှစ်က ပြသထားသည့် အနားယူပြီးဖြစ်သော J-6 တိုက်လေယာဉ်တစင်း။ တရုတ်လေတပ်သည် အဆိုပါ တိုက်လေယာဉ်အချို့ကို တိုက်ခိုက်ရေးဒရုန်းများအဖြစ် အသွင်ပြောင်းလဲခဲ့သည်။ (Reuters)
👎8🔥4❤2
ဓာတ်ပုံ - တိုက်ခိုက်ရေးဒရုန်းများအဖြစ် အသွင်ပြောင်းလဲထားသည့် တရုတ်နိုင်ငံထုတ် J-6 တိုက်လေယာဉ်ဟောင်းများကို ဖူကျန့်ပြည်နယ်ရှိ Longtian တပ်စခန်း ပြေးလမ်းဘေး၌ တန်းစီထားသည်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံတွင် တွေ့ရစဉ်။
👎7🔥3❤1
"အဖေ ကျွန်မကို တခါမှ ဖုန်းမဆက်ဘူး။ စာလည်း မရေးဘူး။ ဘာလို့ အဖေက ကျွန်မကို ဆေးရုံထဲမှာပဲ ဒီအတိုင်း အသက်ရှင်နေစေချင်ရတာလဲ။ ဒီလိုကိစ္စမျိုးကို မိဘတိုင်းက လက်ခံနိုင်ဖို့ အဆင်သင့်မဖြစ်ကြဘူးလို့ ပြောတယ်။ အဖေက ကျွန်မကို နားလည်ပါတယ်လို့ ခဏခဏပြောပေမဲ့ တကယ်တမ်းတော့ သူ နားမလည်ပါဘူး။" ဟု နိုအဲလီယာက ဖခင်အကြောင်းကို ပြောသည်။

နိုအဲလီယာ၏ ဘဝမှာ မလွယ်ကူခဲ့ပေ။ အသက် ၁၃ နှစ်အရွယ်တွင် မိဘများ ကွာရှင်းခဲ့ပြီးနောက် မိဘများ၏ လျစ်လျူရှုမှုကြောင့် ကတ်တလန်အစိုးရ၏ စောင့်ရှောက်မှုဖြင့် နေခဲ့ရသည်။

နောက်ပိုင်းတွင် နိုအဲလီယာသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် အကြမ်းဖက်မှုများကို အကြိမ်ကြိမ် ကြုံခဲ့ရသည်။ နောက်ဆုံးအကြိမ်တွင် ယောက်ျားလေး သုံးဦး၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် နိုအဲလီယာသည် အဆောက်အအုံတခု၏ ငါးလွှာပေါ်မှ ခုန်ချခဲ့သည်။ ထိုအချိန်မှစ၍ ခါးအောက်ပိုင်းသေသွားခဲ့ပြီး ညင်သာစွာ အဆုံးသတ်ခွင့်ရရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စပိန်အမျိုးသမီးငယ်
#ဘဝအဆုံးသတ်ခွင့်
#တရားရင်ဆိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤9😢5🤮1💔1
ထိုင်ဝမ်ကို ကိုယ်ပိုင်သမိုင်းရှိသော ဒေသနှင့် လူမျိုးအဖြစ် မဟုတ်ဘဲ မရပ်မနား စီးဆင်းနေသော တရုတ် အမျိုးသား ဇာတ်လမ်းကြီး၏ အခန်းကဏ္ဍတခုအဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။

တသွေးတည်း တသားတည်းဆိုသော တရုတ်၏ ပြောဆိုချက်များက ထိုင်ဝမ်တွင် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအရ ဩဇာရှိနေဆဲဖြစ်သော လူကြီးပိုင်းမျိုးဆက်များကြားတွင်မူ သက်ရောက်မှု ရှိနေနိုင်သေးသည်။

နိုင်ငံရေးနှင့် မပတ်သက်သယောင် ထင်ရသော်လည်း "ထိုင်ဝမ်၏ ထူးခြားဝိသေသများက အပေါ်ယံမျှသာဖြစ်ပြီး နက်ရှိုင်းသော တရုတ်အနှစ်သာရပေါ်တွင် ဖုံးအုပ်ထားခြင်းဖြစ်သည်" ဟူသော အဓိက သတင်းစကားကို ရိုက်သွင်းနေခြင်းပဲ ဖြစ်သည်။

တရုတ်၏ ဝါဒဖြန့်မှုအတွင်း ထိုင်ဝမ်သည် ယဉ်ကျေးမှုအရ တစည်းတလုံးတည်း ရှိပြီး သမိုင်းကြောင်းအရ ဆက်စပ်နေသည်ဟု ထပ်ခါတလဲလဲ ထည့်သွင်းသရုပ်ဖော်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ အမြင်ကို တဖြည်းဖြည်းချင်း ပုံဖော်သွားနိုင်သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်ဝမ်
#တရုတ်
#ဝါဒဖြန့်ဗျူဟာခင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6😁2❤1🔥1