Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
https://www.youtube.com/watch?v=ljoHvtdBp4g
'We are happy' US conservatives weigh in on war with Iran
👍4🤮2
https://www.youtube.com/watch?v=NI0kyuVzWzg
မတ်လ ၂၈ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
👍3🤮2
https://www.youtube.com/watch?v=nOvfnwQEXAg
Deadly bombing of Iranian school evokes 'visceral horror', says UN rights chief
👍3🤮2
အင်္ဂလန်အသင်းရဲ့ အမာခံပရိသတ်တယောက် လာမယ့်နွေရာသီ ကမ္ဘာ့ဖလားခရီးစဉ်အတွက် အိမ်တလုံးရောင်းပြီး အကုန်အကျခံဖို့ ပြင်ဆင်နေပါတယ်။

အသက် ၆၂ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ အန်ဒီ မီလ်နီ ဟာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေမှာ ကျင်းပမယ့် ဘောလုံးပွဲစဉ်တွေကို လိုက်ပါကြည့်ရှုနိုင်ဖို့အတွက် သူ့ရဲ့ ဒုတိယအိမ်ကို ရောင်းချပြီး ငွေဖော်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

ဒါက သူ အင်္ဂလန်အသင်းကို လိုက်လံအားပေးတဲ့ ၁၀ ကြိမ်မြောက် ကမ္ဘာ့ဖလားခရီးစဉ် ဖြစ်လာမှာပါ။ အမျိုးသားကမ္ဘာ့ဖလား ၉ ကြိမ်အပြင် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားမှာလည်း သွားရောက်အားပေးခဲ့တာပါ။ မီလ်နီဟာ အင်္ဂလန်ပရိသတ်တွေကြားမှာ ကမ္ဘာ့ဖလားရွှေဖလားတုကို ကိုင်ဆောင်ထားလေ့ရှိတာကြောင့် လူသိများထင်ရှားသူတယောက်လည်း ဖြစ်ပါတယ်။

သူက လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်နေတာဖြစ်ပြီး အင်္ဂလန်မြောက်ပိုင်းက အငှားချထားတဲ့ အိမ်ကို ပေါင် ၃၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၆၅,၀၀၀ ခန့်) နဲ့ ရောင်းရဖို့ မျှော်လင့်နေတာပါ။

မီလ်နီက ဗြိတိန်သတင်းစာ The Mirror ကို အခုလို ပြောပြခဲ့ပါတယ် Read more: >> https://bur.mizzima.com/2026/03/28/86182
👍8🥰2🤔2🤮1
အက်ဖ်ဘီအိုင်(FBI) ညွှန်ကြားရေးမှူး ကက်ရှ်ပတေးလ်၏ ကိုယ်ပိုင်အီးမေးလ်ကို “အီရန်ကျောထောက် နောက်ခံပြု ဟက်ကာများ” က ဖောက်ထွင်းခဲ့ပြီး ၎င်း၏ဓာတ်ပုံများနှင့် အခြားစာရွက်စာတမ်းများကို အင်တာနက်တွင် ဖြန့်ဝေခဲ့သည်။

“ညွှန်ကြားရေးမှူး ပတေးလ်၏ ကိုယ်ပိုင်အီးမေးလ်အချက်အလက်များကို ပစ်မှတ်ထားသည့် မသမာသူ များအကြောင်း သိရှိထားကြောင်း” နှင့် “ယင်းလုပ်ရပ်ကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို လျှော့ချရန်လိုအပ်သည့် အစီအမံများအားလုံးကို လုပ်ဆောင်ထားကြောင်း” အက်ဖ်ဘီအိုင်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး
#အီရန်
#အီးမေးလ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🔥2🤮2
အီရန်စစ်ဆင်ရေး၏ တစိတ်တပိုင်းအဖြစ် အမေရိကန်က မြန်နှုန်းမြင့် မောင်းသူမဲ့ဒရုန်းလှေများကို ကင်း လှည့်ရန်အတွက် စတင်အသုံးပြုနေပြီဖြစ်ကြောင်း ပန်တဂွန်စစ်ဌာနချုပ်က ပထမဆုံးအကြိမ် အတည်ပြု ပြောကြားလိုက်သည်။

“အမေရိကန်တပ်ဖွဲ့တွေက အရှေ့အလယ်ပိုင်းဒေသမှာ ဂျီအေအာစီလို ရေပြင်သုံး ဒရုန်းတွေအပါအဝင် မောင်းသူမဲ့စနစ်တွေကို ဆက်လက်အသုံးပြုနေပါတယ်။ အထူးသဖြင့် ဒီရေယာဉ်က အီရန်စစ်ဆင်ရေး ကို အထောက်အကူပြုဖို့အတွက် ပင်လယ်ပြင်ကင်းလှည့်မှုတွေမှာ ခရီးစဉ်နာရီပေါင်း ၄၅၀ ကျော်နဲ့ ရေမိုင် ၂,၂၀၀ ကျော်ကို အောင်မြင်စွာ မောင်းနှင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်” ဟု တင်မ်ဟော့ကင်းစ်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မောင်းသူမဲ့ဒရုန်းလှေ
#အီရန်
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍15🔥2❤1🤮1
၎င်းတို့သည် သုံးနှစ်ကြာ သူနာပြုသိပ္ပံဘွဲ့သင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ သင်တန်းကို လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကြားမှ ခိုလှုံရာနေရာများနှင့် ရွှေ့လျားစာသင်ခန်းများအတွင်း လျှို့ဝှက်စွာ သင်ကြားခဲ့ရခြင်း ဖြစ်သည်။ တိုးတိုးတိတ်တိတ်နှင့် မှတ်တမ်းတင်ခြင်းမပြုဘဲ ကျင်းပခဲ့သော ၎င်းတို့၏ သင်တန်းဆင်းပွဲသည် ပညာရေးဆိုင်ရာ အောင်မြင်မှုတခုထက်မက ပိုမိုလေးနက်ပြီး စစ်ပွဲ၏ ဆိုးကျိုးများအကြားတွင်ပင် ပညာရေးနှင့် လူသားဆန်မှုတို့သည် ဆက်လက်ရှင်သန်နိုင်သည်ဆိုသောအချက်ကို သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

ဗြိတိန်နိုင်ငံရှိ တော်ဝင်သူနာပြုကောလိပ် (RCN) မှ နိုင်ငံတကာ သူနာပြုလုပ်ငန်းဆိုင်ရာ တွဲဖက်ညွှန်ကြားရေးမှူး မားကတ်စ် ဝူးလ်တန်သည် မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးမှသည် အပူပိုင်းဒေသဆိုင်ရာ ဆေးပညာရပ်များအထိ ဘာသာရပ်ပေါင်း ၅၈ ခု ပါဝင်သော ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းတခုလုံးကို ဗီဒီယိုသင်ခန်းစာများအဖြစ် ဖန်တီးပုံဖော်ပေးခဲ့သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဒရုန်း
#လေကြောင်းတိုက်ခိုက်မှု
#မြန်မာသူနာပြုများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤16👍3😢2🤮1
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် မြန်မာ့ စားနပ်ရိက္ခာမလုံခြုံမှုကို ပိုမိုဆိုးရွားစေမည်ဟု WFP သတိပေး

001

မဇ္ဈိမ။ ။ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ထပ်ဆင့်ရိုက်ခတ်မှုများသည် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာမလုံခြုံမှု အခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်သည်။

WFP ၏ မတ် ၂၇ ရက် ထုတ်ပြန်ချက်တွင် ထိုသို့သတိပေးထားခြင်းဖြစ်ပြီး၊ လက်ရှိ ဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီ၊ စားနပ်ရိက္ခာနှင့် မြေဩဇာဈေးနှုန်းများ မြင့်တက်လာခြင်းသည် ထိခိုက်လွယ်သော မိသားစုများ၏ ဝမ်းရေးကို ပိုမိုကျပ်တည်းလာနေစေကြောင်း ဆိုသည်။

ပဋိပက္ခကြောင့် စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းသည် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးကုန်စည်များ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို မြင့်တက်စေကြောင်း၊ ယင်းသည် အခြေခံစားနပ်ရိက္ခာကိုပင် မနည်းဖြေရှင်းနေရသည့် မိသားစုများအပေါ် ထပ်ဆင့်ဝန်ပိစေကြောင်း WFP က ပြောသည်။

ထို့ပြင် အဆိုပါ အကျပ်အတည်းသည် မိုးသီးနှံစိုက်ပျိုးရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံမှ တောင်သူများကိုလည်း ရိုက်ခတ်လျက်ရှိကာ …
👍14❤1🤮1
ဓာတ်ပုံ - တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ကျင်းပပြုလုပ်သော တရုတ်လေတပ် ပြပွဲတခုတွင် ၂၀၂၅ ခုနှစ်က ပြသထားသည့် အနားယူပြီးဖြစ်သော J-6 တိုက်လေယာဉ်တစင်း။ တရုတ်လေတပ်သည် အဆိုပါ တိုက်လေယာဉ်အချို့ကို တိုက်ခိုက်ရေးဒရုန်းများအဖြစ် အသွင်ပြောင်းလဲခဲ့သည်။ (Reuters)
👎8🔥4❤2
ဓာတ်ပုံ - တိုက်ခိုက်ရေးဒရုန်းများအဖြစ် အသွင်ပြောင်းလဲထားသည့် တရုတ်နိုင်ငံထုတ် J-6 တိုက်လေယာဉ်ဟောင်းများကို ဖူကျန့်ပြည်နယ်ရှိ Longtian တပ်စခန်း ပြေးလမ်းဘေး၌ တန်းစီထားသည်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံတွင် တွေ့ရစဉ်။
👎7🔥3❤1
"အဖေ ကျွန်မကို တခါမှ ဖုန်းမဆက်ဘူး။ စာလည်း မရေးဘူး။ ဘာလို့ အဖေက ကျွန်မကို ဆေးရုံထဲမှာပဲ ဒီအတိုင်း အသက်ရှင်နေစေချင်ရတာလဲ။ ဒီလိုကိစ္စမျိုးကို မိဘတိုင်းက လက်ခံနိုင်ဖို့ အဆင်သင့်မဖြစ်ကြဘူးလို့ ပြောတယ်။ အဖေက ကျွန်မကို နားလည်ပါတယ်လို့ ခဏခဏပြောပေမဲ့ တကယ်တမ်းတော့ သူ နားမလည်ပါဘူး။" ဟု နိုအဲလီယာက ဖခင်အကြောင်းကို ပြောသည်။

နိုအဲလီယာ၏ ဘဝမှာ မလွယ်ကူခဲ့ပေ။ အသက် ၁၃ နှစ်အရွယ်တွင် မိဘများ ကွာရှင်းခဲ့ပြီးနောက် မိဘများ၏ လျစ်လျူရှုမှုကြောင့် ကတ်တလန်အစိုးရ၏ စောင့်ရှောက်မှုဖြင့် နေခဲ့ရသည်။

နောက်ပိုင်းတွင် နိုအဲလီယာသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် အကြမ်းဖက်မှုများကို အကြိမ်ကြိမ် ကြုံခဲ့ရသည်။ နောက်ဆုံးအကြိမ်တွင် ယောက်ျားလေး သုံးဦး၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် နိုအဲလီယာသည် အဆောက်အအုံတခု၏ ငါးလွှာပေါ်မှ ခုန်ချခဲ့သည်။ ထိုအချိန်မှစ၍ ခါးအောက်ပိုင်းသေသွားခဲ့ပြီး ညင်သာစွာ အဆုံးသတ်ခွင့်ရရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စပိန်အမျိုးသမီးငယ်
#ဘဝအဆုံးသတ်ခွင့်
#တရားရင်ဆိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤9😢5🤮1💔1
ထိုင်ဝမ်ကို ကိုယ်ပိုင်သမိုင်းရှိသော ဒေသနှင့် လူမျိုးအဖြစ် မဟုတ်ဘဲ မရပ်မနား စီးဆင်းနေသော တရုတ် အမျိုးသား ဇာတ်လမ်းကြီး၏ အခန်းကဏ္ဍတခုအဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။

တသွေးတည်း တသားတည်းဆိုသော တရုတ်၏ ပြောဆိုချက်များက ထိုင်ဝမ်တွင် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအရ ဩဇာရှိနေဆဲဖြစ်သော လူကြီးပိုင်းမျိုးဆက်များကြားတွင်မူ သက်ရောက်မှု ရှိနေနိုင်သေးသည်။

နိုင်ငံရေးနှင့် မပတ်သက်သယောင် ထင်ရသော်လည်း "ထိုင်ဝမ်၏ ထူးခြားဝိသေသများက အပေါ်ယံမျှသာဖြစ်ပြီး နက်ရှိုင်းသော တရုတ်အနှစ်သာရပေါ်တွင် ဖုံးအုပ်ထားခြင်းဖြစ်သည်" ဟူသော အဓိက သတင်းစကားကို ရိုက်သွင်းနေခြင်းပဲ ဖြစ်သည်။

တရုတ်၏ ဝါဒဖြန့်မှုအတွင်း ထိုင်ဝမ်သည် ယဉ်ကျေးမှုအရ တစည်းတလုံးတည်း ရှိပြီး သမိုင်းကြောင်းအရ ဆက်စပ်နေသည်ဟု ထပ်ခါတလဲလဲ ထည့်သွင်းသရုပ်ဖော်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ အမြင်ကို တဖြည်းဖြည်းချင်း ပုံဖော်သွားနိုင်သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်ဝမ်
#တရုတ်
#ဝါဒဖြန့်ဗျူဟာခင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6😁2❤1🔥1
https://www.youtube.com/watch?v=ICzGsnXnQJs
Mizzima Weekly Sports အစီအစဉ် I 28 March 2026
👍6🤮1
သွေးဆုံးပြီးစ အမျိုးသမီးများတွင် သွေးဆုံးခြင်းဆိုင်ရာ ဟော်မုန်းကုထုံး နှင့်အတူ အဝလွန်ခြင်းအတွက် FDA က ခွင့်ပြုထားသော Tirzepatide ဆေးကို တွဲဖက်အသုံးပြုပါက ပိုမိုသိသာစွာ ဝိတ်ကျစေနိုင်ကြောင်း Mayo Clinic က ဦးဆောင်ပြုလုပ်သော လေ့လာမှုတခုက ဖော်ပြထားသည်။

သွေးဆုံးချိန်တွင် ကိုယ်အလေးချိန် တိုးလာခြင်းနှင့် အဝလွန်နိုင်ခြေ ပိုများလာတတ်သည်။ ထိုအပြောင်း အလဲများက နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် အမျိုးအစား-၂ ဆီးချိုရောဂါကဲ့သို့သော ပြင်းထန်သော ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်သည်။ ထို့ပြင် သွေးဆုံးချိန်တွင် အီစထရိုဂျင် (Estrogen) ဟော်မုန်း လျော့နည်းသွားခြင်းကြောင့် ခန္ဓာကိုယ်တွင် အခြားပြောင်းလဲမှုများ ဖြစ်ပေါ်ကာ နှလုံးသွေး ကြောဆိုင်ရာ အန္တရာယ်ကို ပိုမိုမြင့်တက်စေနိုင်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အသက်_၅၀ကျော်
#အမျိုးသမီးများ
#ကိုယ်အလေးချိန်
#ပိုကျစေ
#ပေါင်းစပ်
#နည်းလမ်းသစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍11🤮1
နှစ်ရက်ကြာ ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများအတွင်း လူပေါင်း ၇၆ ဦး သေဆုံးခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် အိုလီ ရာထူးမှ နုတ်ထွက်ခဲ့ရသည်။

ဝန်ကြီးချုပ် အိုလီနှင့် လက်ခါ့ခ်တို့ကို ခတ္တမန္ဒုရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းနှင့် နီပေါ၏ ရုံးဖွင့်ရက် ဖြစ်သောတနင်္ဂနွေနေ့တွင် တရားရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း ရဲပြောရေးဆိုခွင့်ရှိသူ အုမ် အာဒီကာ ရီက ပြောကြားခဲ့သည်။

"စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တောင်းဆိုချက်အရ သူတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဆန္ဒပြပွဲများအတွင်း
#လူပေါင်းများစွာ
#သေဆုံးခဲ့ရမှု
#တားဆီးရန်
#ပျက်ကွက်ခဲ့မှု
#နီပေါ
#ဝန်ကြီးချုပ်ဟောင်း
#ဖမ်းဆီး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍9❤1🤮1
တိုက်စွမ်းအားရှိ ခေတ်မီ စစ်တပ်ဖြစ်ရေး တည်ဆောက်နေဟု စစ်ခေါင်းဆောင် ပြော

001

မဇ္ဈိမ။ ။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့၏စစ်တပ်ကို တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိ ခေတ်မီ စစ်တပ်ဖြစ်ရေး ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်နေကြောင်း ယမန်နေ့ (မတ် ၂၇) က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် "တပ်မတော်နေ့" စစ်ရေးပြအခမ်းအနားတွင် ပြောသည်။

“တိုက်စွမ်းအား ပြည့်ဝစေဖို့ဆိုရင် ခေတ်မီ စစ်လက်နက်ပစ္စည်းများကို တပ်ဆင်ပေးသွားရမှာဖြစ်ပြီး ဒီလိုတပ်ဆင်ပေးနိုင်ဖို့အတွက် ပြည်တွင်းမှာပဲ သုတေသနပြု တီထွင်ထုတ်လုပ်လျက်ရှိသလို လိုအပ်တဲ့ ဝယ်ယူဖြည့်တင်းမှုတွေလည်း ပြုလုပ်လျက်ရှိတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် စစ်မှုထမ်း ဥပဒေအသက်သွင်းပြီး လူငယ်များကို စစ်မှုထမ်းစုဆောင်းနေသည့် စစ်ခေါင်းဆောင်က ၎င်းအနေဖြင့် စစ်တပ်ကို အင်အားတောင့်တင်းရန် ဆောင်ရွက်နေကြောင်းလည်း ထည့်သွင်းပြောသည်။

“တပ်မတော်အနေနဲ့လည်း နိုင်ငံ့အရေးအတွက် အမြဲ အသင့်ရှိနေမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်” ဟုလည်း ဆိုသည်။

မဲစာရင်းအကြောင်းပြ အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က စစ်တပ်၏ ကာကွယ်ရေးအသုံးစရိတ်များကို တိုးမြှင…
👎10❤5💩2🤮1
ယခု ထောက်လှမ်းရေး သတင်းရင်းမြစ်များ၏ ပြောဆိုချက်မှာ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၌ "ဒုံးကျည် အနည်းငယ်သာ ကျန်တော့သည်" ဟု ကြာသပတေးနေ့က လူသိရှင်ကြား ပြောကြားချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သို့ရာတွင် စီးပွားရေးအရ အရေးပါသော ဟော်မုဇ် ရေလက်ကြားကို ကာကွယ်ရေးအအတွက် မေရိကန်၏ နောက်ပိုင်း စစ်ဆင်ရေးများကို အီရန်၏ ကျန်ရှိနေသေးသော ဒုံးကျည်နှင့် ဒရုန်းများက ခြိမ်းခြောက်နေနိုင်ဆဲ ဖြစ်ကြောင်း သမ္မတ ထရမ့်က အသိအမှတ် ပြုဟန် ရှိသည်။

"ရေလက်ကြားနဲ့ ပတ်သက်တဲ့ ပြဿနာက ဒီလို ရှိတယ်၊ ကျွန်တော်တို့ တကယ် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်ပဲ ထားဦး၊ သူတို့ (အီရန်) ဒုံးကျည်တွေရဲ့ ၉၉ ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်ခဲ့တယ် ဆိုရင်တောင် ၁ ရာခိုင်နှုန်း ကျန်နေသေးလို့ လက်ခံလို့ မဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီ ၁ ရာခိုင်နှုန်းကြောင့်ပဲ ဒေါ်လာ သန်း ၁ ထောင်တန် သင်္ဘောတစီးစီး ပစ်မှတ်ဖြစ်ပြီး ထိမှန်ခံရနိုင်လို့ပဲ" ဟု ထရမ့်က ကြာသပတေးနေ့က ရုပ်သံထုတ်လွှင့်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ဒုံးကျည်တိုက်
#ပျက်စီးကြောင်း
#အမေရိကန်…
👍10🤣2❤1
ဝမ်းဗိုက်တွင် အလွန်အမင်းအဆီစုခြင်းနှင့် ကြွက်သားထုလျော့နည်းခြင်းဟူသည့် အခြေအနေနှစ်ရပ် တပြိုင်နက်တည်းဖြစ်ပေါ်ပါက သေဆုံးနိုင်မှုအန္တရာယ်ကို သိသိသာသာမြင့်တက်စေကြောင်း ဘရာဇီး နိုင်ငံ၊ ဆောကား လို့စ်ဖက်ဒရယ်တက္ကသိုလ် (UFSCar) နှင့် ဗြိတိန်ရှိ ယူနီဗာစတီကောလိပ်လန်ဒန် (UCL) တို့မှ သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ ဝမ်းဗိုက်အဆီစုခြင်းနှင့် ကြွက်သားထုလျော့ခြင်းဟူသည့် အခြေအနေ နှစ်ရပ်ရှိနေသူများသည် ယင်းလက္ခဏာများ မရှိသူများနှင့် နှိုင်းယှဉ်ပါက သေဆုံးနိုင်ခြေ ၈၃ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ခန္ဓာကိုယ်တွင်း
#အန္တရာယ်ရှိသည့်
#အခြေအနေ
#ပေါင်းစပ်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍11🤮1
၂၀၁၅ တွင် ပြည်ပရောက် ယီမင်အစိုးရကိုယ်စား စစ်ကြေညာခဲ့သည့် ဆော်ဒီအာရေဗျနှင့် နှစ်ကာလရှည် စိတ်မချရသော အပစ်အခတ်ရပ်စဲရေးအတွင်း ရှိနေသည့် ဟူသီသူပုန်အုပ်စုကမူ ယခုအချိန်အထိ စစ်ပွဲထဲ ပါဝင်လာခြင်း မရှိသေးပေ။

အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း သင်္ဘောများကို တိုက်ခိုက်မှုများက ပင်လယ်နီအတွင်း ကုန်စည်ပို့ဆောင်မှုကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ စစ်ပွဲမတိုင်မီက အဆိုပါ လမ်းကြောင်းမှတဆင့် တနှစ်လျှင် ဒေါ်လာ ၁ ထရီလီယံခန့် ကုန်စည်များ ဖြတ်သန်း ကူးသန်ခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အရှေ့အလယ်ပိုင်း
#စစ်ပွဲ
#အရှိန်တက်လာ
#ယီမင်
#အစ္စရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍7🔥2❤1
https://www.youtube.com/watch?v=nx_q1yEcUSw
စစ်ကြောင်းတွေကြားက အညာလူထု သောက I ချစ်သောအညာမြေ Ep- 86
👍11🤮2