Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အီရန်က ဆော်ဒီအာရေဗျရှိ အမေရိကန်လေတပ်စခန်းကို တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင်များကို ဒဏ်ရာရစေခဲ့ သည့် ဖြစ်စဉ်မတိုင်မီရက်များအတွင်း၊ ရုရှားက ယင်းစခန်းကို ဂြိုဟ်တုဓာတ်ပုံသုံးကြိမ်ရိုက်ယူခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက NBC News သို့ မျှဝေသည့် ယူကရိန်းထောက်လှမ်းရေးအစီရင်ခံစာ တွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်နိုင်စေရန် ရုရှားက အီရန်သို့ ထောက်လှမ်းရေးသတင်းများ မျှဝေနေသည်မှာ "၁၀၀ ရာခိုင်နှုန်း" သေချာကြောင်း ပင်လယ်ကွေ့နိုင်ငံ ဖြစ်သော ကာတာတွင် စနေနေ့ကပြုလုပ်သည့် အင်တာဗျူးတွင် သမ္မတ ဇယ်လန်းစကီးက ပြောကြားခဲ့ သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ရုရှား
#ဇယ်လန်းစကီး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍15😁2🔥1
ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသော အီရန်အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အီရန်နိုင်ငံ၏ လွတ်လပ်မှုသည် "လက်တကမ်းအကွာ" တွင် ရှိနေကြောင်း စနေနေ့ (မတ်လ ၂၈ ရက်) တွင် ပြုလုပ်သည့် ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှု ညီလာခံ (CPAC) ၌ ပြောကြားခဲ့သည်။

“ပြိုလဲလုနီးပါးဖြစ်နေတဲ့ ဒီအစိုးရကို အသက်ဆက်ခွင့် မပေးလိုက်ပါနဲ့။ အီရန်ပြည်သူတွေ သူတို့ရဲ့အလုပ်ကို အဆုံးသတ်နိုင်ဖို့ လမ်းခင်းပေးကြပါ” ဟု ပါလဗီက ဆော်ဩခဲ့သည်။

ပြည်ပရောက်မင်းသားက အီရန်အစိုးရအပေါ် ထရမ့်၏ စစ်ရေးတိုက်ခိုက်မှုများကို ချီးကျူးခဲ့ပြီး "အီရန်ရဲ့ ဇာတ်လမ်းက မပြီးသေးဘူး" ဟု ဆိုသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်နိုင်ငံ
#အိမ်ရှေ့မင်းသား
#စိတ်ကူးယဉ်အိပ်မက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7😁4❤1👎1
ဒေသခံ ၃ ဦး အသတ်ခံရမှုအပေါ် စစ်ကော်မရှင်ကို တုံ့ပြန်မည်ဟု CDF Hakha ဆို

ပါခွီး

မဇ္ဈိမ ။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့တွင် ဒေသခံ အမျိုးသားသုံးဦးအား စစ်ကော်မရှင်က သတ်ဖြတ်ခဲ့သည့်အပေါ် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - ဟားခါး (CDF – Hakha) ဗဟိုကောင်စီ ဥက္ကဋ္ဌ က မဇ္ဈိမကိုပြောသည်။

“ဒီလိုသာ ပြည်သူ့အပေါ်မှာ ရက်စက်ကြမ်းကြုတ်နေမယ်ဆိုရင် ကျွန်တော်တို့လည်း ဒီအတိုင်း လက်ပိုက်မကြည့်ဘူး။ ပြည်သူက မြို့ထဲမှာနေရင်းနဲ့လည်း ခံနေရတယ်ဆိုရင်တော့ စစ်ခွေး(စစ်ကော်မရှင်တပ်ဖွဲ့ဝင်) နဲ့ ကျွန်တော်တို့က တိုက်ဖို့ပဲရှိတော့မှာ လိုအပ်သလို တုံ့ပြန်သွားဖို့ရှိမယ်” ဟု ၎င်းကဆိုသည်။

ဟားခါးမြို့ တွင်း နေထိုင်သူ အိမ်ထောင်ဦးစီးများဖြစ်သည့် ကလေး နှစ်ဦးဖခင် ဦးထောင်ဗန်မန်း (အသက်၃၁နှစ်) ၊ ကလေးတဦး ဖခင် ဦးဒေါဒ့်လှေစန်း အသက်(၂၈နှစ်) နှင့် ကလေးသုံးဦးဖခင် ဦးထောင်းတင်လျန် (အသက်၃၇နှစ်) တို့အား စစ်ကော်မရှင်က မတ်လ ၂၃ရက်နံနက် ၁၀နာရီနှင့် ၁၁နာရီအကြား တွင်ဖမ်းဆီးသတ်ဖြတ်ခဲ့သည် အပေါ် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

၎င်းတို့သည် ငှက်ပစ်ရန် လေသေနတ်တွင်တပ်ဆင်လေ့ရှိသည့် စကုတ်(မှန်ပြောင်း)…
👍12🤬7🤣1
စစ်ကိုင်းငလျင် ကယ်ဆယ်ရေးကာလအတွင်း၌ စစ်ကော်မရှင်သည် နိုင်ငံတကာမှပေးပို့သော ရှာဖွေ ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီများကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်းနှင့် ဘေးသင့်သူများ အပေါ် ခွဲခြားဖယ်ကြဉ်မှုများပြုလုပ်ခဲ့သောကြောင့် အမှန်တကယ်အကူအညီလိုအပ်နေ သူများ ဒုက္ခခံစား ခဲ့ရကြောင်း ငလျင် ၁ နှစ်ပြည့်အဖြစ် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🤮1
အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် ပိုမိုကျယ်ပြန့်လာနိုင်သည့် အန္တရာယ်ရှိနေပြီး အီရန်၏ မဟာမိတ်ဖြစ်သော ယီမင်ဟူသီအဖွဲ့သည် စနေနေ့ (မတ်လ ၂၈ ရက်) တွင် အစ္စရေးအား ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့ပြီး တချိန်တည်းမှာပင် အမေရိကန်၏ ထပ်တိုးစစ်အင်အားများသည်လည်း အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

တပ်ဖွဲ့နှစ်ခုအနက် ပထမတဖွဲ့သည် ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောဖြင့် သောကြာနေ့တွင် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း အမေရိကန်စစ်တပ်က စနေနေ့တွင် ထုတ်ပြန်သည်။

အီရန်နိုင်ငံကလည်း အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံအချို့အပေါ် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသည်။ သောကြာနေ့က ဆော်ဒီအာရေဗျရှိ လေတပ်အခြေစိုက်စခန်းတခုကို တိုက်ခိုက်ခဲ့ရာတွင် အမေရိကန်စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိပြီး ယင်းမှာ ယနေ့အထိ အမေရိကန် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အပြင်းထန်ဆုံး ထိုးဖောက်တိုက်ခိုက်မှုများအနက် တခုဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်စစ်ပွဲ
#ယီမင်ဟူသီ
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🔥6❤2😍2👎1
https://www.youtube.com/watch?v=V0BTFmfB-1o
Myanmar replaces military chief as he eyes presidency
👍2👎1