Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၊ ထိုင်ဝမ်နှင့် မိုင် ၂၅၀ ခန့်သာ ဝေးကွာသော အီလိုကို့စ်နော်တေးပြည်နယ်တွင် ပြုလုပ်သည့် ယင်းဒုံးကျည်ပစ်ခတ်မှုကို ဂျပန်နှင့် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ယင်းနေရာရှိ AFP သတင်းထောက်က ပြောကြားခဲ့သည်။
ပစ်မှတ်ဖြစ်သည့် ဖိလစ်ပိုင်ရေတပ်မှ အသုံးမပြုတော့သည့် ကော်ဗတ်စစ်သင်္ဘောဟောင်းကို ဒုံးကျည် နှစ်စင်းစလုံး ထိမှန်ခဲ့ပြီး တောင်တရုတ်ပင်လယ် ကမ်းလွန် ၇၅ ကီလိုမီတာခန့်တွင် နစ်မြုပ်သွားခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
👎3😁2👍1🤣1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၇ မေ ၂၀၂၆ )
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အီးယူနှင့် ဩစတြေးလျတို့အနေဖြင့် စစ်အုပ်စုအပေါ် ပစ်မှတ်ထား ဒဏ် ခတ် ပိတ်ဆို့ မှုများ တိုးချဲ့လုပ်ဆောင်ရန်နှင့် စစ်အုပ်စု၏ အမည်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာ သည့် ဒဏ်ခတ်ပိတ်ဆို့မှုဟာကွက်များကို ပိတ်ပင်ရန် Justice for Myanmar (JFM)က ယမန်နေ့ (မေ ၆)က တိုက်တွန်းသည်။
👍4❤1
ကိုပါလီဘာတေးဒိုးစ်ပြိုင်ပွဲမှာ စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဝါရင့်ဂိုးသမား ဖေဘီယို

AFP

ဖလူမင်နိစ်အသင်းဂိုးသမား ဖေဘီယိုဟာ တောင်အမေရိကရဲ့ အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ကိုပါလီဘာတေးဒိုးစ်မှာ ၁၁၄ ပွဲပါဝင်ကစားခဲ့ပြီးနောက်၊ အီဗာ ဟူဂို အယ်လ်မီဒါနဲ့အတူ ပူးတွဲတင်ရှိထားတဲ့ ယခင်စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်ခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် ဘရာဇီးလ်ဂိုးသမားဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတုန်းကလည်း ကစားသမားဘ၀ ၁,၃၉၁ ပွဲကစားခဲ့ပြီးနောက် အင်္ဂလန်ဂိုးသမား ပီတာ ရှီလ်တန် တင်ရှိထားတဲ့ အမျိုးသားဘောလုံးလောကရဲ့ ပွဲအများဆုံး ကစားသမားစံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အာဂျင်တီးနားကလပ် အင်ဒီပန်းဒီးယန်းတေး ရီဗာဒါးဗီးယား နဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ဖေဘီယိုက အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့တာပါ။ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဂျွန် ကနေဒီရဲ့ ချေပဂိုးကြောင့် ဖလူမင်နိစ်တို့ အဖိုးတန် တမှတ် ရရှိခဲ့တာဖြစ်ပါတယ်။
👍5
ဗိုလ်ချုပ်နယ်ဒါးမြ၏ KTLA တပ်ဖွဲ့မှ တပ်ရင်းမှူးအပါ ၃၇ ဦး လာရောက်ပူးပေါင်းမှုအပေါ် ကြိုဆိုကြောင်း KNU ပြော

YT

မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်- ထီးခီးလမ်းကြောင်းပေါ် လှုပ်ရှားနေသည့် ဗိုလ်ချုပ်နယ်ဒါးမြ ဦးဆောင်သော ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့မှ တပ်ရင်းမှူးတဦး အပါအဝင် ၃၇ ဦး လာရောက်ပူးပေါင်းသည့်အပေါ် ကြိုဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက မဇ္ဈိမကို ပြောသည်။
👍8😁1
ကြွေးမြီအကျပ်အတည်းကို ဖြစ်ပေါ်စေသော အဓိကအချက် နှစ်ချက်ရှိပြီး ၎င်းတို့မှာ ပြန်လည် ပေးဆပ်နိုင်စွမ်း အကန့်အသတ်ရှိခြင်းနှင့် ထိရောက်မှု မရှိသော ပေးချေမှု အလေ့အထများ ဖြစ် သည်။ လယ်သမား ၄၂ ရာခိုင်နှုန်းခန့်မှာ ဝင်ငွေ ထပ်ကာထပ်ကာ ကျဆင်းမှုနှင့် ရင်ဆိုင်နေရသဖြင့် လက်ရှိတွင် ကြွေးမြီ ပေးဆပ်ရန် လုံလောက်သော ဝင်ငွေမရှိကြပေ။

နောက် ပြဿနာတရပ်မှာ အကြွေးဆပ်ရမည့် သတ်မှတ်ရက်နှင့် စိုက်ပျိုးရေးမှ ဝင်ငွေ ပေါ်သည့် ရာသီတို့ ကိုက်ညီမှု မရှိခြင်းပင် ဖြစ်သည်။ လယ်သမား ၂၅ ရာခိုင်နှုန်းသာ ကြွေးဆပ်နိုင်ရန် အကူအညီ မလိုဘဲ ကျန်ရှိသည့် ၆၅ ရာခိုင်နှုန်းကျော်မှာမူ အကြွေးဆပ်ရန်အတွက် ၎င်းတို့၏ ပြန့်ကျဲနေသော ဝင်ငွေအရင်း အမြစ်များကို ထိရောက်စွာ မစီမံနိုင်ကြဟု ဆိုသည်။
👍4❤3👎1
ကမ္ဘာ့အကောင်းဆုံးအသင်း ဂုဏ်ပုဒ်နဲ့ ထိုက်တန်ကြောင်း ပီအက်စ်ဂျီ သက်သေပြ

ESPN

လက်ရှိ ဥရောပချန်ပီယံတွေဟာ ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်း ၆-၅ နဲ့ အနိုင်ယူပြီး အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံမယ့် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးနောက်မှာ နည်းပြ လူးဝစ် အင်းနရစ်က ပီအက်စ်ဂျီထက် ပိုကောင်းတဲ့အသင်း မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

ဒမ်ဘီလီရဲ့ အဖွင့်ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဟာရီကိန်း ချေပခဲ့လို့ ပီအက်စ်ဂျီက အယ်လီယန့်စ်အရီနာမှာ ၁-၁ နဲ့ သရေကျခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်ကလပ်က ပထမအကျော့အနိုင်ရလဒ်နဲ့အတူ ဂျာမန်မြေမှာ အသာစီးရခဲ့လို့ ဗိုလ်လုပွဲကို နှစ်နှစ်ဆက် တက်လှမ်းခဲ့တာပါ။

အုပ်စုအဆင့် (League phase) တုန်းက အဆင့် ၈ အတွင်း မဝင်ခဲ့လို့ ပလေးအော့ဖ်ကစားခဲ့ရပေမဲ့လည်း အင်းနရစ်ကတော့ ပီအက်စ်ဂျီဟာ ဥရောပ အကောင်းဆုံးအသင်းဖြစ်ကြောင်း ပြေဆိုလေ့ရှိပါတယ်။

ဒါ့အပြင် သူ့အသင်းက ဘိုင်ယန်ကို ကျော်ဖြတ်ပြီး မေလ ၃၀ ရက်နေ့ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့်ပွဲကို တက်ရောက်နိုင်ခဲ့တာဟာ သူ့ရဲ့ ယူဆချက် မှန်ကန်ကြောင်း သက်သေပြလိုက်တာလို့ သူက ပြောခဲ့ပါတယ်။
👍7❤1
သို့သော် ၎င်း၏ အကြံအစည်များ အမှန်တကယ် အောင်မြင်လာချိန် ၎င်းကို အဓိက စင်ပေါ်တင်ပေးကာ ကျော်ကြားမှု ပေးခဲ့သည်က ကမ္ဘာတဝှမ်းမှ သတင်းများကို အချိန်နှင့်တပြေးညီ ၂၄ နာရီပတ်လုံး ထုတ်လွှင့်ပေးမည့် ၎င်း၏ ရဲရင့်သော အမြော်အမြင်ပင် ဖြစ်သည်။

"တက်ဒ်ဟာ အလွန် တက်ကြွပြီး မဆုတ်မနစ် ရှိတဲ့ ခေါင်းဆောင်တဦးပါ၊ ရဲရင့်တယ်၊ ကြောက်ရွံ့ခြင်း မရှိဘူး၊ ပြီးတော့ သူ့ရဲ့ ပင်ကိုယ်သိစိတ်နဲ့ ဆုံးဖြတ်ချက်အပေါ် အမြဲတမ်း ယုံကြည်ရဲရင့်သူပါ" ဟု CNN Worldwide ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ မာ့ခ် သော်မ်ဆင် က ထုတ်ပြန်ချက်တွင် ဆိုထားသည်။

"သူဟာ CNN ရဲ့ အသက်ဝိညာဉ်အဖြစ် အမြဲရှိနေမှာပါ၊ တက်ဒ်ဟာ ကျွန်တော်တို့ မှီခိုရပ်တည်နေရတဲ့ လူသားကြီးတဦးဖြစ်ပြီး၊ ဒီနေ့မှာတော့ သူနဲ့ သူရဲ့ ကမ္ဘာအပေါ် သက်ရောက်ခဲ့တဲ့ အကျိုးကျေးဇူးတွေကို ကျွန်တော်တို့ အောက်မေ့ဂုဏ်ပြုသွားမှာပါ" ဟု ၎င်းက ပြောခဲ့သည်။
😢12❤3
အရှေ့တောင်အာရှကို အိန္ဒိယ ပိုထိတွေ့ဆက်ဆံလာမှုသည် အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံ၏ ဩဇာ လွှမ်းမိုးရန် ကြိုးပမ်းမှုအပေါ် တုံ့ပြန်ခြင်းဖြစ်သလို၊ ဒေသတွင်း ပထဝီနိုင်ငံရေးတွင် အရှေ့တောင်အာရှ၏ အလွန်အရေးပါသော အခန်းကဏ္ဍကို ပိုမိုလေးနက်စွာ အသိအမှတ်ပြုလာခြင်းလည်း ဖြစ်သည်။
တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာအတွင်း ရေတပ်အင်အားကို တိုးချဲ့လာပြီး ၎င်းတို့၏ သုတေသနသင်္ဘောများသည်လည်း အကြိမ်ရေ ပိုမိုများပြားစွာ လာရောက်လှုပ်ရှားလျက် ရှိသည်။ အိန္ဒိယက ဒေသတွင်း ချဉ်းကပ်မှုများ လုပ်ဆောင်နေသကဲ့သို့ တရုတ်ကလည်း အာဆီယံအဖွဲ့ဝင် အချို့နိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်ဖြစ်မှုကို အပြိုင်အဆိုင် နက်ရှိုင်းအောင် လုပ်ဆောင်နေသည်။
❤6👍5👎2🔥2
ဗကသသည် အတိတ်က အမှားများအတွက် ပြည်သူလူထုကို တောင်းပန်ကာ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
အခမ်းအနားတွင် ဗကသ အလံတော်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်များ၊ ကျောင်းသားများကို အလေးပြုခဲ့ပြီး ၁၉၃၆ ခုနှစ် သပိတ်မှောက်တိုက်ပွဲ သမိုင်းကြောင်းများကို ပြန်လည်ဖတ်ကြားခဲ့ကြသည်။
“အခုလို နှစ် (၉၀) ပြည့် အချိန်မှာတော့ အဲဒီအဆင်မပြေမှုတွေနဲ့ မကျေလည်မှုတွေအားလုံးကို ချန်ထားခဲ့ချင်ပါပြီ။ ဗကသများအဖွဲ့ချုပ်အနေနဲ့ အမှားအယွင်းတွေရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ သက်ဆိုင်သူအားလုံးကို လေးလေးနက်နက် တောင်းပန်အပ်ပါတယ်။ ဗကသများအဖွဲ့ချုပ်အပေါ်ရှိတဲ့ အမှားအယွင်းတွေ အားလုံးကိုလည်း ခွင့်လွှတ်ပြီး ချန်ထားခဲ့ပါပြီ။ မိတ်ဆွေတွေကြား ပဋိပက္ခတွေ အဆင်မပြေတာတွေကို ဆက်လက် သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ်ဆိုတဲ့ တိုက်ပွဲဝင်စိတ်ကိုပဲ ဗကသရဲ့ မျိုးဆက်သစ်အားလုံးကို လက်ဆင့်ကမ်းခဲ့ချင်ပါတယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
👍11😁1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၈ မေ ၂၀၂၆ )
အာဆီယံ ထိပ်သီး အစည်းအဝေးများနှင့် တရားဝင် အစည်းအဝေးများတွင် မြန်မာခေါင်းဆောင်များ တက်ရောက်ရန် လက်ခံဖို့ အာဆီယံအနေဖြင့် အသင့်မဖြစ်သေးကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဒါတုဆီရီ မိုဟာမက် ဟာဆန်က ပြောသည်။
👏6👍2😁1
အထိမ်းအမှတ် အခမ်းအနားများကို နှောင့်ယှက်ရန် ယူကရိန်း၏ ကြိုးပမ်းမှု မှန်သမျှက ကိယက်ဗ်မြို့တော်ဆီ အပြင်းအထန် ဒုံးကျည် တိုက်ခိုက်မှုများကို ရင်ဆိုင်ရစေမည်ဟု ရုရှားက သတိပေးပြီး၊ ဖြစ်လာနိုင်သည့် လက်တုံ့ပြန်မှုများ မတိုင်မီ ယူကရိန်းမြို့တော်မှ ထွက်ခွာကြရန် နိုင်ငံခြား သံတမန်များကို ရုရှားက ပြောထားသည်။
ရုရှားတပ်ဖွဲ့များက သောကြာနေ့ ညပိုင်းတွင် ယူကရိန်းတပ်စခန်းများကို ဆက်လက် တိုက်ခိုက်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဆိုပြီး၊ ယင်းမှာ ရုရှားအနေဖြင့် “ရှေ့တန်းတွင် အပစ်အခတ် ရပ်စဲရန် ဟန်ပြတောင် မလုပ်ဆောင်ခြင်း” ကို ပြသနေသည်ဟု ပြောသည်။
👍7👏1
၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်သီချင်း ‘Dai Dai’ ကို ရှာကီရာ မိတ်ဆက်
Reuters
ကိုလံဘီယာအဆိုတော် ရှာကီရာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်တဲ့ “Dai Dai" ကို ကြာသပတေးနေ့မှာ ထုတ်ပြလိုက်ပါတယ်။
အသက် ၄၉ နှစ်အရွယ် ရှာကီရာဟာ နိုင်ဂျီးရီးယားအဆိုတော် Burna Boy နဲ့ တွဲဖက်ဆိုထားတဲ့ ဒီသီချင်းကို အမြည်းပြသတဲ့အနေနဲ့ ဘရာဇီးလ်နိုင်ငံ၊ မာရာကာနာကွင်းမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတခုကို Instagram မှာ တင်ခဲ့ပါတယ်။ ဒီသီချင်းကိုတော့ မေလ ၁၄ ရက်နေ့မှာ ဖြန့်ချိသွားမှာပါ။
👍6❤3
အမေရိကန်တွင်ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းမှာ ဒေါ်လာ ၁,၀၀၀ ကျော်အထိ မြင့်မားနေမှုအပေါ် သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်လိုက်ပြီး၊ ၎င်းကိုယ်တိုင်ပင် ထိုဈေးနှုန်းပေး၍ ပွဲကြည့်မည်မဟုတ်ကြောင်း ကြာသပတေးနေ့က ထုတ်ဝေသည့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။
စျေးနှုန်းများ အဆမတန် မြင့်မားနေကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကို ထရမ့်က ဖိအားပေး ပြောကြားခဲ့သည်။
“အဲဒီလောက်ဈေးကြီးမယ်မှန်း ကျွန်တော်မသိခဲ့ဘူး” ဟု ဘီလျံနာတဦးဖြစ်သူ ထရမ့် က New York Post သို့ ပြောကြားခဲ့ပြီး “ပွဲကို သွားကြည့်ချင်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် အဲဒီဈေးနှုန်းမျိုး ပေးပြီးတော့ မကြည့်ချင်ပါဘူး” ဟု ၎င်းက ပြောဆိုခဲ့သည်။
👏8👍2🔥1