Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို လက်နက်ဆက်လက်ရောင်းချရေးနဲ့ ထိုင်ဝမ် အမေရိကန်လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းအောင်ပြုလုပ်ရေးဟာ လိုအပ်ရုံတင်မကဘူး၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းထားဖို့ အရေးကြီးတဲ့အချက်လည်းဖြစ်တယ်” ဟု လိုင် က ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။

အကဲဆတ်သည့် ပြဿနာအပေါ် ခြေလှမ်းမှားလျှင် “ပဋိပက္ခ” ပေါ်ပေါက်နိုင်သည်ဟု တရုတ်ခေါင်းဆောင်က ထရမ့်ကို ပြောခဲ့သည်။
👍7👏2
“သူတို့တွေ မြန်မြန်ဆန်ဆန်လှုပ်ရှားလိုက်တာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် သူတို့ဆီမှာ ဘာမှကျန်တော့မှာ မဟုတ်ဘူး” ဟု ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ရေးပြီး၊ “အချိန်က အလွန်အရေးကြီးတယ်” ဟုလည်း ဆိုသည်။

တချိန်တည်းမှာပင် ပဋိပက္ခကို အဆုံးသတ်ရေးအတွက် အီရန်ဘက်မှ နောက်ဆုံးအဆိုပြုချက်များကို အမေရိကန်၏တုံ့ပြန်မှုက ခိုင်မာသောလိုက်လျောမှု တစုံတရာမရှိကြောင်း အီရန်မီဒီယာများက ဖော်ပြကြသည်။
👍7😁2
"အီရန်အတွက် အချိန်က တရွေ့ရွေ့ကုန်ဆုံးနေပြီ။ သူတို့ မြန်မြန်ဆန်ဆန် လှုပ်ရှားတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် သူတို့ဆီမှာ ဘာမှကျန်တော့မှာမဟုတ်ဘူး။ အချိန်က အလွန်အရေးကြီးတယ်" ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲများအတွက် အီရန်က အဆိုပြုထားသည့် အစီအစဉ်အပေါ် အမေရိကန်ဘက်က ခိုင်မာသော လိုက်လျောမှုမျိုး မလုပ်ဆောင်ခဲ့ကြောင်း အီရန်မီဒီယာများက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ကြသည်။ အမေရိကန်သည် အချက် ငါးချက်ပါဝင်သည့် စာရင်းတခုကို တင်ပြခဲ့ကြောင်း၊ ယင်းတွင် အီရန်အနေဖြင့် နျူကလီးယားစက်ရုံ တခုတည်းကိုသာ ဆက်လက်လည်ပတ်ရန်နှင့် အဆင့်မြင့် သန့်စင်ထားသော ယူရေနီယမ်များကို အမေရိကန်သို့ လွှဲပြောင်းပေးရန်တို့ ပါဝင်ကြောင်း Fars သတင်းအေဂျင်စီက ဖော်ပြသည်။
👍4😁2❤1
👍4🔥2
မြန်မာပြည်တွင်းစစ်ကို နိုင်ငံရေးအယူအဆ မတူတာတွေ၊ တိုင်းရင်းသားအရေး ပြဿနာတွေလို့ လူတွေက မြင်လေ့ရှိကြပါတယ် ။ ဒါဟာ မှန်ပေမယ့် ပြည့်စုံတဲ့ အဖြေတော့ မဟုတ်ပါဘူး ။ တကယ့် အဓိက အကြောင်းရင်းထဲမှာ သယံဇာတလုပွဲနဲ့ ပထဝီနိုင်ငံရေး အချက်အချာကျမှုတွေက စစ်မီးကို ပိုတောက်လောင်စေတာ ဖြစ်ပါတယ် ။

စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံတော်အလံ၊ ယူနီဖောင်း စတဲ့ အာဏာရဲ့ သင်္ကေတတွေလောက်နဲ့တင် အာဏာကို ဖက်တွယ်ထားကြတာ မဟုတ်ပါဘူး ။ သူတို့ အာဏာမက်ရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံမှာ ကျောက်စိမ်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ မြေရှားသတ္တုစတဲ့ တန်ဖိုးကြီး သယံဇာတတွေ ပေါကြွယ်ဝနေလို့ပါပဲ ။ ဒါ့အပြင် တရုတ်နဲ့ အိန္ဒိယလို နိုင်ငံကြီးတွေအတွက် အိန္ဒိယသမုဒ္ဒရာကို ထွက်ဖို့ အရေးပါတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေလို့လည်း ဖြစ်ပါတယ် ။
ဒီလို သဘာဝသယံဇာတ ပေါများမှုဟာ တိုင်းပြည်ကို ခေတ်မီတိုးတက်စေရမယ့်အစား ပြီးဆုံးနိုင်စွမ်းမရှိတဲ့ ပြည်တွင်းစစ်ကြီးအတွက် ငွေကြေးထောက်ပံ့ပေးတဲ့ အရင်းအမြစ်ကြီး ဖြစ်နေခဲ့ပါတယ် ။

မြေအောက်မှာ ရွှေတွေရှိပြီး မြေပြင်ပေါ်မှာ ဆင်းရဲမွဲတေနေတဲ့ တိုင်းပြည်
သယံဇာတ ပေါများတဲ့ နိုင်ငံတော်တော်များများမှာ အုပ်ချုပ်သူတွေဟာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သစ်လို သယံဇာတတွေကို ရောင်းစားပြီး ရပ်တည်နိုင်တဲ့အတွက် ပြည်သူတွေဆီက အခွန်မှန်မှန်ကောက်ဖို့၊ ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးဖို့နဲ့ တာဝန်ခံမှုရှိတဲ့ အစိုးရဖြစ်လာဖို့ သိပ်ဂရုမစိုက်ကြပါဘူး ။ တိုင်းပြည်ရဲ့ ချမ်းသာကြွယ်ဝမှုတွေဟာ လက်ဝါးကြီးအုပ်ထားသူတွေ၊ ခရိုနီတွေနဲ့ စစ်တပ်ပိုင် ကုမ္ပဏီတွေဆီကိုပဲ စီးဆင်းသွားပါတယ် ။ ပြည်သူတွေဟာ အလုပ်အကျွေးပြုခံရမယ့် နိုင်ငံသားတွေ မဟုတ်ဘဲ ခိုင်းစား၊ အုပ်ချုပ်ခံရမယ့် လူတန်းစားတရပ်လိုပဲ အဆက်ဆံခံခဲ့ရပါတယ် ။

သယံဇာတမရှိဘဲ အောင်မြင်နေတဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူနိုင်ငံတွေကို ကြည့်ရင် အဖြေပေါ်ပါတယ် ။ သူတို့မှာ တူးဖော်ရောင်းချစရာ သယံဇာတ မရှိတဲ့အတွက် ပြည်သူတွေရဲ့ ပညာရေးနဲ့ စွမ်းရည် (လူသားအရင်းအမြစ်) ကိုပဲ အဓိက အားထားခဲ့ရပါတယ် ။ စင်ကာပူ တိုးတက်လာတာဟာ လူသားအရင်းအမြစ်ကို အသေအချာ အသုံးချနိုင်ခဲ့လို့ပဲဆိုတာ ကမ္ဘာ့ဘဏ်ကတောင် မှတ်ချက်ပြုခဲ့ပါတယ် ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အဲဒီအချိန်တွေတုန်းက တက္ကသိုလ်တွေကို အကြိမ်ကြိမ်ပိတ်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်တွေကို ဖိနှိပ်ခဲ့ပြီး ပညာတတ်လူငယ်တွေ တိုင်းပြည်က ထွက်ပြေးအောင် လုပ်ခဲ့ပါတယ် ။
တကယ့် အဖြစ်ဆိုးက မြန်မာနိုင်ငံမှာ သယံဇာတ မရှိတာမဟုတ်ပါဘူး ။ အုပ်ချုပ်သူ စစ်အစိုးရအဆက်ဆက်က မြေယာ၊ သယံဇာတနဲ့ နယ်စပ်လမ်းကြောင်းတွေကို သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေလို သဘောထားပြီး၊ ကိုယ့်ပြည်သူကိုကျတော့ ခြိမ်းခြောက်မှုတခုလို သဘောထားခဲ့ကြတာက အဓိက ပြဿနာပါပဲ ။

အချောင်ထိုင်စားနေတဲ့ စစ်တပ်စီးပွားရေး
၁၉၆၂ ခုနှစ် နေဝင်း အာဏာသိမ်းကတည်းက စစ်တပ်အသိုင်းအဝိုင်းဟာ တိုင်းပြည်ပိုင် ပစ္စည်းတွေကို အချောင်ထိုင်စားတဲ့ လူတန်းစားတရပ် ဖြစ်လာခဲ့ပါတယ် ။ ပြည်သူကို အလုပ်အကျွေးပြုပြီး ထောက်ခံမှုရအောင် မလုပ်ဘဲ၊ နိုင်ငံပိုင်လုပ်ငန်းတွေ၊ ဓာတ်ငွေ့၊ ကျောက်စိမ်း၊ သစ်၊ သတ္တုတူးဖော်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေးတွေကနေ ဝင်ငွေတွေကို လက်ဝါးကြီးအုပ်ခဲ့ပါတယ် ။

မြန်မာ့စီးပွားရေးဦးပိုင် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့လို စစ်တပ်ပိုင် ကုမ္ပဏီကြီးတွေဟာ အရပ်သားအစိုးရရဲ့ စစ်ဆေးကြပ်မတ်မှုကနေ အမြဲကင်းလွတ်နေခဲ့ပါတယ် ။ ဒီလုပ်ငန်းတွေကရတဲ့ ဝင်ငွေတွေကြောင့်ပဲ စစ်တပ်ဟာ အရပ်သားအစိုးရကို ဂရုစိုက်စရာမလိုဘဲ ရပ်တည်နိုင်ခဲ့တာလို့ ကုလသမဂ္ဂ အစီရင်ခံစာတွေက ဆိုပါတယ် ။

ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကနေ စစ်ကောင်စီ(စစ်အုပ်စု)ဟာ နိုင်ငံခြားဝင်ငွေ အများဆုံး ရနေဆဲဖြစ်ပြီး နှစ်စဉ် ဒေါ်လာ သန်းရာချီ ရနေပါတယ် ။ MOGE ဟာ စစ်ကောင်စီအတွက် တနှစ်ကို အမေရိကန်ဒေါ်လာ တဘီလီယံကျော် ရှာပေးနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ခန့်မှန်းထားပါတယ် ။

ဖားကန့် ကျောက်စိမ်းတွင်းတွေနဲ့ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေမှာလည်း စစ်တပ်ပိုင်ကုမ္ပဏီတွေ၊ လက်နက်ကိုင်တချို့၊ ခရိုနီတွေနဲ့ မှောင်ခိုသမားတွေ ကြီးပွားနေကြတာ ဆယ်စုနှစ်ချီ ရှိနေပါပြီ ။ ကျောက်စိမ်းကရတဲ့ ငွေတွေက ပဋိပက္ခတွေကို ပိုကြီးစေတယ်ဆိုတာ Global Witness လို အဖွဲ့တွေက မှတ်တမ်းတင်ထားသလို၊ တရုတ်ရဲ့ နည်းပညာလုပ်ငန်းတွေအတွက် လိုအပ်တဲ့ မြေရှားသတ္တု အများစုဟာလည်း မြန်မာပြည်ကနေ ထွက်နေတာပါ ။

ဒါဟာ သာမန် အကျင့်ပျက်ခြစားမှု မဟုတ်ပါဘူး ။ အကြမ်းဖက်မှုနဲ့ လက်နက်အားကိုးပြီး ဝင်ငွေတွေကို ကာကွယ်တယ်၊ အဲဒီ ဝင်ငွေတွေနဲ့ပဲ အကြမ်းဖက်မှုတွေကို ဆက်လုပ်နေတဲ့ ဆိုးရွားတဲ့ စနစ်ဆိုးကြီး ဖြစ်နေတာပါ ။
👍13❤3👎1