Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“ဂရိတ်နီကိုဘာကျွန်းစီမံကိန်းဟာ မဟာဗျူဟာကျပြီး ကာကွယ်ရေးနဲ့အမျိုးသားရေးအတွက် အရေးပါတယ်။ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း ရေကြောင်းနဲ့လေကြောင်းဆက်သွယ်မှုတွေအတွက် ဒီဒေသကို ဗဟိုအချက်အချာဒေသအဖြစ်ပြောင်းလဲပေးသွားမှာဖြစ်တယ်” ဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က စက်တင်ဘာလ က ပြော ကြားခဲ့သည်။

ကျွန်းပေါ်ရှိ ဌာနေတိုင်းရင်းသားများအတွက် ‘မဟာဖွံ့ဖြိုးရေးစီမံကိန်း’ ဆိုသည့်ခေါင်းစဉ်အောက်တွင် ‘မျိုး တုံးသတ်ဖြတ်မှု’ ကို ရင်ဆိုင်ကြရလိမ့်မည်ဟု လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Survival International က သတိပေးထားသည်။
👎4👍1
မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) သိမ်းပိုက်ထိန်းချုပ်ထားသော ထိုင်း-မြန်မာနယ်စပ်ရှိ တနင်္သာရီမြို့နယ်၊ မောတောင်မြို့အတွင်းသို့ စစ်အုပ်စုတပ်က ပြန်လည်ဝင်ရောက် နေရာယူထားကြောင်း သတင်းရင်းမြစ်နှင့် ဒေသခံထံက သိရသည်။

မြို့အနီးထိ ရောက်ရှိနေသည့် စစ်အုပ်စုတပ်က ယနေ့ (မေလ ၁၉ ရက်နေ့) တွင် မောတောင်မြို့အတွင်း နေရာများသို့ ပြန်လည်ဝင်ရောက်နိုင်သွားခြင်းဟု သိရသည်။

“ အမှန်ပါပဲ။ ကျွန်တော်တို့ ကြည့်နေရတယ်၊ ပစ်မယ်ဆိုရင် ပြည်သူလူထု ဒုက္ခရောက်မှာစိုးလို့ ထိုင်ပဲကြည့်နေရပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

မောတောင်မြို့ခံတဦးကလည်း “ တော်လှန်ရေးတပ်တွေက ဆုတ်ကုန်ပြီ။ သူတို့တွေ မရှိတော့တာ လေးရက်လောက်ရှိပြီ။ သူတို့အလံတွေပါ သိမ်းသွားပြီ။ မောတောင်မြို့ထဲ စစ်ကြောင်းက ရောက်နေပြီ” ဟု ဆိုသည်။

မောတောင်မြို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်က ထိုမြို့ကိုပြန်ရရေး နှစ်ဝက်ခန့်ကြာ မြေပြင်၊ လေကြောင်း ထိုးစစ်များဖြင့် စစ်ကြောင်းထိုးပြီးနောက် ယနေ့တွင် ပြန်လည်ဝင်ရောက်သွားနိုင်ခြင်းဖြစ်သည်။
👎6❤2🔥2😁1