Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“ဂရိတ်နီကိုဘာကျွန်းစီမံကိန်းဟာ မဟာဗျူဟာကျပြီး ကာကွယ်ရေးနဲ့အမျိုးသားရေးအတွက် အရေးပါတယ်။ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း ရေကြောင်းနဲ့လေကြောင်းဆက်သွယ်မှုတွေအတွက် ဒီဒေသကို ဗဟိုအချက်အချာဒေသအဖြစ်ပြောင်းလဲပေးသွားမှာဖြစ်တယ်” ဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က စက်တင်ဘာလ က ပြော ကြားခဲ့သည်။

ကျွန်းပေါ်ရှိ ဌာနေတိုင်းရင်းသားများအတွက် ‘မဟာဖွံ့ဖြိုးရေးစီမံကိန်း’ ဆိုသည့်ခေါင်းစဉ်အောက်တွင် ‘မျိုး တုံးသတ်ဖြတ်မှု’ ကို ရင်ဆိုင်ကြရလိမ့်မည်ဟု လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Survival International က သတိပေးထားသည်။
👎4👍1
မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) သိမ်းပိုက်ထိန်းချုပ်ထားသော ထိုင်း-မြန်မာနယ်စပ်ရှိ တနင်္သာရီမြို့နယ်၊ မောတောင်မြို့အတွင်းသို့ စစ်အုပ်စုတပ်က ပြန်လည်ဝင်ရောက် နေရာယူထားကြောင်း သတင်းရင်းမြစ်နှင့် ဒေသခံထံက သိရသည်။

မြို့အနီးထိ ရောက်ရှိနေသည့် စစ်အုပ်စုတပ်က ယနေ့ (မေလ ၁၉ ရက်နေ့) တွင် မောတောင်မြို့အတွင်း နေရာများသို့ ပြန်လည်ဝင်ရောက်နိုင်သွားခြင်းဟု သိရသည်။

“ အမှန်ပါပဲ။ ကျွန်တော်တို့ ကြည့်နေရတယ်၊ ပစ်မယ်ဆိုရင် ပြည်သူလူထု ဒုက္ခရောက်မှာစိုးလို့ ထိုင်ပဲကြည့်နေရပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

မောတောင်မြို့ခံတဦးကလည်း “ တော်လှန်ရေးတပ်တွေက ဆုတ်ကုန်ပြီ။ သူတို့တွေ မရှိတော့တာ လေးရက်လောက်ရှိပြီ။ သူတို့အလံတွေပါ သိမ်းသွားပြီ။ မောတောင်မြို့ထဲ စစ်ကြောင်းက ရောက်နေပြီ” ဟု ဆိုသည်။

မောတောင်မြို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်က ထိုမြို့ကိုပြန်ရရေး နှစ်ဝက်ခန့်ကြာ မြေပြင်၊ လေကြောင်း ထိုးစစ်များဖြင့် စစ်ကြောင်းထိုးပြီးနောက် ယနေ့တွင် ပြန်လည်ဝင်ရောက်သွားနိုင်ခြင်းဖြစ်သည်။
👎6❤2🔥2😁1
ကဖင်းဓာတ်၏ သက်ရောက်မှုသည် လူတဦးချင်းစီ၏ ပုံမှန်ရှိတတ်သော သွေးပေါင်ချိန်အပေါ်တွင်လည်း မူတည်သည်။ သင့်တွင် သွေးတိုးရောဂါအခံရှိခြင်း၊ နှလုံး သို့မဟုတ် အသည်းရောဂါရှိနှင့်ပြီးသားဆိုလျှင် သွေးပေါင်ချိန်မြင့်တက်လာမှုက အန္တရာယ်ပိုရှိနိုင်သဖြင့် မိမိ၏ကော်ဖီသောက်သုံးမှု ပမာဏနှင့်ပတ်သက်၍ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းက အကောင်းဆုံးဖြစ်သည်။

လေ့လာမှုအရ ပြင်းထန်သွေးတိုးရောဂါရှိပြီး တနေ့လျှင် ကော်ဖီ နှစ်ခွက် သို့မဟုတ် နှစ်ခွက်ထက်ပို၍ သောက်သုံးသူများသည် ကော်ဖီမသောက်သူများနှင့် နှိုင်းယှဉ်ပါက နှလုံးလုပ်ဆောင်ချက် ရုတ် တရက်ရပ်ဆိုင်းခြင်း သို့မဟုတ် လေဖြတ်ခြင်းအပါအဝင် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများဖြင့် သေဆုံးနိုင်ခြေ နှစ်ဆခန့် ပိုမိုမြင့်မားနေကြောင်း တွေ့ရှိရသည်။
👍6
ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲ အဆုံးသတ်ရေးအတွက် ဥရောပက သံတမန်ရေးရာ ကြိုးပမ်းမှုများ ပိုမိုလုပ်ဆောင်သင့်ကြောင်း ဂျာမနီအဓိပတိဟောင်း အန်ဂျလာ မာကဲလ် က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ဥရောပက "သံတမန်ရေးရာ စွမ်းဆောင်ရည်များကို ကောင်းစွာ အသုံးမချနိုင်ခြင်း" အပေါ် များစွာ စိတ်မကောင်းဖြစ်မိကြောင်းနှင့် ရုရှားနှင့် ဆွေးနွေးမှုများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တဦး တည်းအပေါ်တွင်သာ ပုံအပ်မထားသင့်ကြောင်း မာကဲလ်က ပြောကြားခဲ့သည်။
❤5👍3
စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်က အဆိုပါပတ္တမြားကြီးကို နေပြည်တော် ၎င်းရှိရာဆီ သယ် ဆောင်လာစေပြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုလုပ်ရပ်ကပင် မြန်မာနိုင်ငံ၌ ကျောက်မျက်ရတနာများနှင့် ပတ် သက်လာလျှင် အမြဲတမ်း ပါဝင်ပတ်သက်နေသည့်အရာကို ပုံဆောင်ပြသနေခြင်းပဲ ဖြစ်သည်။ ထိုအရာမှာ အလွန်တန်ဖိုးကြီးမားသော တွင်းထွက်သယံဇာတများအပေါ် နိုင်ငံရေးအာဏာနှင့် နိုင်ငံတော်၏ ထိန်းချုပ်ထားမှုပဲ ဖြစ်သည်။

မြန်မာ့ပတ္တမြားတလုံး၏ ဈေးကွက်ကွင်းဆက်မှာ လက်လီအရောင်းဆိုင်သို့ မရောက်ရှိမီ မန္တလေးမှ ပွဲစား၊ ဘန်ကောက်မှ ကျောက်သွေးရုံ၊ ဟောင်ကောင်မှ ကုန်သွယ်ရေးကုမ္ပဏီနှင့် နယူးယောက်မှ လက်ကားဒိုင်တို့အထိ ပါဝင်ပတ်သက်ပြီး၊ အဆင့်တိုင်းတွင် စာရွက်စာတမ်းအသစ်များပြုလုပ်ခြင်း သို့မဟုတ် အတုအယောင်ပြုလုပ်ခြင်းများ ရှိနေသည်။
👎7😁4❤1😱1
အဆိုပါ အလိုအလျောက်မောင်းနှင်နိုင်သည့် ရေယာဉ်တစီးစီသည် ပေါလ်လွင်၏ ပရိုဗီဒင့်စ်မြို့အခြေ စိုက် Havoc ကုမ္ပဏီမှ ထုတ်လုပ်သော အလျား ၁၄ ပေရှိ အထူးထုတ် "Rampage" လှေများဖြစ်ကြပြီး သီအိုရီအရ လူတဦးတည်းကပင် လှေအစီးပေါင်းထောင်ချီကို တပြိုင်နက်တည်းထိန်းချုပ်နိုင်မည့် နည်းပညာများကို တပ်ဆင်ထားခြင်း ဖြစ်သည်။ အသက် ၄၀ အရွယ် ပေါလ်လွင်နှင့် ၎င်း ၏တွဲဖက်တည်ထောင်သူ အသက် ၄၂ အရွယ် ဂျိုးတာနာတို့သည် အမေရိကန်ရေတပ်အရာရှိဟောင်းများဖြစ်ကြပြီး ၎င်းတို့သည် မကြာသေးမီက လေကြောင်းနှင့် ကုန်းတွင်းပိုင်းသုံး ဒရုန်းကုမ္ပဏီအသေးစားအချို့ကို ဝယ်ယူခဲ့ပြီးနောက် မောင်းသူမဲ့ရေယာဉ်များအတွက်သာမက နယ်ပယ်အားလုံးအတွက် အမေရိကန်စစ်တပ်က အဓိကအားထားရမည့် အထူးပြုဆော့ဖ်ဝဲလ် ထုတ်လုပ်သူများဖြစ်လာရန် ရည်မှန်းထားကြသည်။
👍9❤2
ခေတ်သစ်စစ်ပွဲများတွင် AI နှင့် အလိုအလျောက်စနစ်နည်းပညာများ၏ အခန်းကဏ္ဍ ကြီးထွားလာနေချိန်တွင် ထိုင်းဘုရင့်တပ်မတော်ဌာနချုပ်က ကြည်း၊ ရေ၊ လေ၊ အာကာသနှင့် ဆိုင်ဘာနယ်ပယ်အား လုံး လွှမ်းခြုံသည့် "နယ်ပယ်စုံစစ်ဆင်ရေး" ဗျူဟာမျှော်မှန်းချက်ကို ချပြခဲ့သည်။ ယင်းဗျူဟာသည် စစ်ဆင်ရေးများတွင် တိကျမှုကို မြှင့်တင်ရန်၊ စစ်သည်များ ထိခိုက်သေဆုံးမှုကို လျှော့ချရန်နှင့် စစ်ဆင်ရေးများကို အဆက်မပြတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။

အသစ်ဖွဲ့စည်းမည့် JCC ဖွဲ့စည်းပုံအောက်တွင် ပူးတွဲအလိုအလျောက်မောင်းနှင်မှုစနစ်များနှင့် လေ ကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တခုကို ဖွဲ့စည်းပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ထို့ ပြင် ကာကွယ်ရေးနည်းပညာပိုင်းတွင် ရေရှည်ကိုယ်ထူကိုယ်ထရပ်တည်နိုင်ရေး ရည်မှန်းချက်ဖြင့် ပြည်တွင်းကာကွယ်ရေးစက်မှုလုပ်ငန်းများ၊ ချူလာလောင်ကွန်းတက္ကသိုလ်၊ မဟီဒေါတက္ကသိုလ်နှင့် ချင်းမိုင်တက္ကသိုလ် အပါအဝင် ထိပ်တန်းပညာရေးအဖွဲ့အစည်းများနှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
❤3🔥3🥱2👍1
မြန်မာ့သွေးစွန်းကျွန်းသစ်များကို တရားမဝင် ရယူခဲ့သည့် Sunseeker ကုမ္ပဏီများအား တရားစွဲဆိုအရေးယူမှုအပေါ် Justice For Myanmar က ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီး နောက်ထပ်အရေးယူမှုများ ဆက်လက် ဆောင်ရွက်ရန် ယနေ့ တောင်းဆိုလိုက်ကြောင်း သိရသည်။
❤6👍2🔥1👏1
ကိုယ်လုံးတီးပွေးတူကြွက် (Naked Mole Rat) များသည် အမြင်မလှသော်လည်း ယင်းတို့၏ ဇီဝကမ္မဗေဒ က အသက်အရွယ်အိုမင်းမှုဆိုင်ရာ သုတေသနပိုင်းတွင်မူ စိတ်ဝင်စားစရာအကောင်းဆုံးသတ္တဝါများထဲမှ တခုဖြစ်သည်။

အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော ယင်းကြွက်ငယ်များသည် ဆယ်စုနှစ်နှင့်ချီ၍ အသက်ရှည်နိုင်ကြပြီး ကင်ဆာရောဂါဖြစ်ခဲလှသည့်အပြင် ပုံမှန်အားဖြင့် အသက်ကြီးလာလျှင် ဖြစ်ပွားတတ်သော ရောဂါများစွာမှလည်း ထူးထူးခြားခြား ကာကွယ်မှုရရှိထားပုံပေါ်သည်။

ယင်းဇီဝကမ္မဆိုင်ရာ အားသာချက်များထဲမှ တခုကို အခြားသောနို့တိုက်သတ္တဝါတကောင်ထံသို့ ကူးပြောင်းပေးနိုင်ကြောင်း ရိုချက်စတာတက္ကသိုလ်မှ သုတေသီများက သက်သေပြခဲ့သည်။
👍8❤1
ယခုအစီအစဉ်သစ်အရ ယခင်ကဗီဇာရဖူးပြီး ရှန်းကန်းဗီဇာကို ဥပဒေနှင့်အညီ စည်းကမ်းတကျအသုံးပြုခဲ့သူ များ ဤဗီဇာသစ်ကိုလျှောက်ထားနိုင်ကြမည်ဖြစ်သည်။

ခရီးသွားလာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး နှင့် ကျွမ်းကျင်လုပ်သားများရွှေ့ပြောင်းအလုပ်လုပ် ခွင့်ရရေးတို့ကိုမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံသားများ ရှန်းကန်းဗီဇာကင်းလွတ်ခွင့်ရရေးရေရှည်ရည်မှန်းချက် အတွက် ဝန်ကြီးဌာနက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
👍4