ဒီးမော့ဆို ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၆ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ
Ko Zarni
မဇ္ဈိမ။ ။ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ ကင်းပတ်ရန်ထွက်ခွာနေစဥ် ကယား(ကရင်နီ)တပ်ပေါင်းစု(KRU)နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့သည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ မှ ၆ နာရီအထိ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ခြောက်ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိသည်ဟု KRU က ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
“တိုက်ပွဲမှာ ရန်သူဘက်က ခြောက်ဦးခန့်သေဆုံးတဲ့အပြင် MA-1 သေနတ်တစ်လတ်၊ ကျည်ဘောက် သုံးဘောက်၊ ကျည် ၂၂၅ တောင့် ရယူနိုင်ခဲ့တယ်” ဟု KRU အဖွဲ့ က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး အသုံးပြုတိုက်ခိုက်သော်လည်း တပ်ပေါင်းစုအဖွဲ့ဘက်မှ တစ်စုံတရာ ထိခိုက်မှုမရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)သည် ကရင်နီဒေသအတွင်း စစ်ကောင်စီတပ်ကို အဆုံး ထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်နီပြည်နယ်
#ဒီးမော့ဆိုမြို့နယ်
#စစ်ကောင်စီတပ်
#KRU
#တိုက်ပွဲဖြစ်ပွား

👍15😁2🔥1
ဘင်္ဂလားဒေ့ရှ် အဓိကအတိုက်အခံသတင်းစာ ထုတ်ဝေခွင့် အပိတ်ခံရ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဓိကအတိုက်အခံပါတီ၏ တစ်ခုတည်းသော သတင်းစာကို ထုတ်ဝေခွင့် ရပ်ဆိုင်းခိုင်းသည့် အစိုးရညွှန်ကြားချက်တစ်ရပ် အတည်ပြုထွက်ပေါ်ပြီးနောက် ဖေဖေါ်ဝါရီ ၂၀ ရက်တွင် အဆိုပါသတင်းစာ၏ ထုတ်ဝေမှု ရပ်ဆိုင်းသွားခဲ့သည်။ ယင်းက အဆိုပါတောင်အာရှနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🔥1😁1
ကျောက်မဲတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရ
---------
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရခဲ့သည်။
ယနေ့မနက် ၇ နာရီက စစ်ကောင်စီ စကခ(၁၆)နှင့် ခလရ(၆၈) အင်အား (၆၀)ခန့်သည် TNLA တပ်ဖွဲ့ရှိရာ နန်းခုံနှင့် လမ်းဆုံရွာကြား ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်ဟု TNLA က ယနေ့ညနေ၌ ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရဟတ်ယာဥ် အသုံးပြုပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
TNLA ၏အရာရှိတစ်ဦးက စစ်ကောင်စီဘက် စတင်ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အတည်ပြု ပြောဆိုထားသည်။
တိုက်ပွဲသည် နှစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ သေနတ် နှစ်လက်၊ စက်သေနတ် တစ်လက်၊ RPG တစ်လက်၊ လက်ပစ်ဗုံးနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်။
TNLA သည် စစ်ကောင်စီက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခြင်း မရှိသည့်အပြင် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုထားဖူးသည်။

👍21❤1🔥1🥱1
PSDA ကို ဖျက်သိမ်းပြီး မူဆယ်ဗျူဟာအဖွဲ့ ပြန်လည်ဖွဲ့စည်း
-------
မူဆယ် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA)ကို ဖျက်သိမ်းပြီး မူဆယ်ဗျူဟာ (Tactic Of Muse)အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
PSDA သည် လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီ ၂၅ ရက်က ဒေါနသံလွင်က ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလ ၄ ရက်တွင် ဒေါနသံလွင်က နမ့်ဖာတန်း တိုက်ပွဲ၌ ကျဆုံးခဲ့ပြီး ရွှေလီခေါ် အေးမင်းဇော်က ဗဟိုတာဝန်ခံအဖြစ် တာဝန်ထမ်းေဆာင်ခဲ့သည်။
ရွှေလီ ဦးစီးသည့်ကာလအတွင်း PSDA တပ်တွင်း စည်းလုံးညီညွတ်မှု လျော့နည်းလာသောကြောင့် တပ်တွင်းဆူပူမှု ဖြစ်ပွားခဲ့ကြောင်း တပ်ဖွဲ့ထဲ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးက ပြောသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီခွဲတွင် နော်ဝမ်းခေါ် ဝေယံလင်းက တပ်ဖွဲ့ဝင်တချို့ ဦးဆောင်ပြီး PSDA တပ်ဖွဲ့မှ တရားဝင် နုတ်ထွက်သွားသည့် တပ်ဖွဲ့ဝင် ၁၄ဦးကို ရွှေလီ၏ ညွှန်ကြားမှုဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ပစ်ခတ်မှုကြောင့် အခင်းဖြစ်ပွားသည့်နေရာမှာတင် တပ်ဖွဲ့ဝင် ခြောက်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ လေးဦး ဖမ်းဆီးခံရကာ ကျန် လေးဦးက ဒဏ်ရာနှင့် ထွက်ပြေးလွှတ်မြောက်သွားသည်။
ရွှေလီနှင့် အပေါင်းအပါကို အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန (MoD)နှင့် EROs က ပူးပေါင်းအရေးယူခဲ့သည်။
မူဆယ်ဗျူဟာ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဒိုးက "ကျနော်တို့ ရန်ပုံငွေ သိန်းထောင်ချီ ရှိတယ်လို့ ကျနော် ကြားမိတယ်။ အဲအချိန်တုန်းက ရှေ့တန်းကြီးပဲ ထွက်နေရတော့ မသိဘူး။ ကြားတော့ ကြားနေရတယ်။ ဒါပေမဲ့ ရှေ့တန်းမှာ စားနေရတာကြတော့ ရှူးရှဲ၊ စွန်ထန် တခါတလေ ရိက္ခာတောင် ရောက်မလာဘူး။ နီးစပ်ရာ ရွာတွေမှာဘဲ အလှူခံပြီး စားနေရတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိ မူဆယ်ဗျူဟာအနေနှင့် PSDA ဖြစ်စဥ်အား အကောင်းဆုံး သင်ခန်းစာယူပြီး ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း မူဆယ်ဗျူဟာ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဒိုးက ပြောပါသည်။
“အခုကြတော့ ပြန်လည်ဖွဲ့စည်းလိုက်တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုလို မိသားစုလို ဆက်လက်ပြီးသွားမယ်။ ငွေရေးကြေးရေး အရှုပ်တော်ပုံ ဖြစ်မလာအောင် စည်းကမ်းချက်တွေ သတ်မှတ်ပြီး ဘဏ္ဍာရေးမှူး၊ ရုံးအုပ်၊ တာဝန်ခံအနေနဲ့ သူ့အတိုင်းအတာနဲ့ ပြန်လည်ဖြေရှင်းပေးနိုင်ရမယ်”
မူဆယ်ဗျူဟာအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က ပြန်လည်ဖွဲ့စည်းပြီးနောက် ထွက်ပြေးသွားကြသည့် PSDA တပ်ဖွဲ့ဝင်ဟောင်းတချို့ ပြန်လည်ပူးပေါင်းမှု ရှိခဲ့သည်ဟု ဆိုသည်။

👍14🤮1🥴1
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep12 seg - 2 (Kiraနဲ့BoBတို့ရဲ့စိန်ခေါ်မှုခရီးစဥ်)
Watch more detail - https://youtu.be/JINeQji9GV0
#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels

👍9🤮1
Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် စကစ ရဲ့ စိုးရိမ်မှုက ဘာတွေလဲ (Editorial Talk)
https://youtu.be/DieAw2fUr0Q
https://youtu.be/DieAw2fUr0Q
YouTube
Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် စကစ ရဲ့ စိုးရိမ်မှုက ဘာတွေလဲ (Editorial Talk)
ထိုင်းစစ်တပ်နဲ့ အမေရိကန် စစ်တပ်အပါအဝင် နိုင်ငံပေါင်းစုံပါဝင်တဲ့ (၄၁) ကြိမ်မြောက် Cobra Gold ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ်လ ၁၀ နေ့အထိ ထိုင်းနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။
ဒီလေ့ကျင့်မှုကို လေ့လာသူအဖြစ် တက်ရောက်ဖို့ မြန်မာစစ်တပ်ကို ဖိတ်ကြားမှာ…

👍20🤮1
နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၀ ဖေဖော်ဝါရီ ၂၀၂၃ )
ကရင်နီပြည်နယ်တွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များ ပိုမိုအားကောင်းလာပြီး နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များကို ထိန်းချုပ်ထားနိုင်သည့်အထိ စစ်ရေးစွမ်းရည်မြင့်မားလာသည်။ ဒေသခံကာကွယ် ရေးတပ်များ လက်နက်ခဲယမ်း လုံလောက်သည့် အချိန်တွင် ကရင်နီဒေသကို စစ်ကောင်စီတပ်များ လက်လွှတ်ရဖွယ်ရှိနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ကရင်နီပြည်နယ်တွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များ ပိုမိုအားကောင်းလာပြီး နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များကို ထိန်းချုပ်ထားနိုင်သည့်အထိ စစ်ရေးစွမ်းရည်မြင့်မားလာသည်။ ဒေသခံကာကွယ် ရေးတပ်များ လက်နက်ခဲယမ်း လုံလောက်သည့် အချိန်တွင် ကရင်နီဒေသကို စစ်ကောင်စီတပ်များ လက်လွှတ်ရဖွယ်ရှိနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤7🔥1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်ထုတ်လွှင့်မှုများ
https://youtu.be/-lBsJUQD4Tc
#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍14❤3😁1🤮1
နနွင်းရဲ့အကျိုးကျေးဇူးများ
==========
-နနွင်းက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?
-နနွင်းမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?
-နနွင်းမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?
အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......
https://youtu.be/tNHtsuDktUY
#Nature
#NatureArticle
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==========
-နနွင်းက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?
-နနွင်းမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?
-နနွင်းမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?
အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......
https://youtu.be/tNHtsuDktUY
#Nature
#NatureArticle
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
နနွင်းရဲ့အကျိုးကျေးဇူးများ
-နနွင်းက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?
-နနွင်းမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?
-နနွင်းမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?
အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......
#Nature
#NatureArticle
#VideoNews…

👍5😱1🤮1
ယူကရိန်းအရေးတွင် ရုရှားအား အကူအညီပေးမှုအပေါ် တရုတ်ကို အမေရိကန် သတိပေး
======================
တရုတ်နိုင်ငံအနေဖြင့် ရုရှားကို ပစ္စည်းများ ပံ့ပိုးပေးပါက နောက်ဆက်တွဲ အကျိုးဆက်များနှင့် ကြုံတွေ့ရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်န်က တရုတ်သံတမန် ဝမ်ယိကို သတိပေးထားကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ပြောကြားလိုက်သည်။
မြူးနစ်လုံခြုံရေး နှစ်ပတ်လည်ညီလာခံနှင့် ပူးတွဲကျင်းပသည့်အစည်းအဝေးတွင် ဘလင်ကင်န်သည် ဝမ်ယိနှင့် တွေ့ဆုံပြီး ယူကရိန်းတွင် ရုရှား၏ အထူးစစ်ဆင်ရေးအတွက် တရုတ်က အထောက်အပံ့ပစ္စည်းများ ပေးပါက နောက်ဆက်တွဲ အကျိုးဆက်များကို ကြုံတွေ့ရမည်ဟု ပြောကြားခဲ့သည်။
"ရုရှားက ယူကရိန်းအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဆင်နွှဲတဲ့စစ်ပွဲမှာ တရုတ်က ရုရှားကို ပစ္စည်းအထောက်အပံ့ ပေးတာဖြစ်စေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လက်တစ်လုံးခြား ရှောင်လွှဲဖို့ ကူညီမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေကြုံရမယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီးက သတိပေးခဲ့ပါတယ်" ဟု နက်ပရိုက်စ်က ပြောကြားခဲ့သည်။

👍13❤3😁2
တရုတ်တွင် ထိပ်တန်းနည်းပညာလုပ်ငန်းရှင်ကြီး ဘောင်ဖန် ပျောက်ဆုံးနေ
====================
တရုတ်နည်းပညာကုမ္ပဏီကြီးများဖြစ်ကြသော ဒီဒီ (Didi) နှင့် မေတွမ် (Meituan) တို့ပါဝင်သည့် ကုမ္ပဏီလုပ်ငန်းစုများကို ကြီးကြပ်သော တရုတ်နိုင်ငံ၏ အထင်ရှားဆုံး ရင်းနှီးမြုပ်နှံမှု ဘဏ်လုပ်ငန်းရှင်များအနက် တစ်ဦးဖြစ်သူ ဘောင်ဖန်မှာ ပျောက်ဆုံးလျက်ရှိကြောင်း ၎င်းတည်ထောင်ထားသည့် ရင်းနှီးမြှုပ်နှံမှုဘဏ်က ပြောကြားသည်။
အဆိုပါ ဘီလျံနာသူဋ္ဌေး ရင်းနှီးမြုပ်နှံမှုဘဏ်လုပ်ငန်းရှင်နှင့် အဆက်အသွယ်မရတော့ကြောင်း China Renaissance Holdings Ltd က ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဟောင်ကောင်စတော့အိတ်ချိန်းသို့ အကြောင်းကြားခဲ့သည်။
" ဘောင်ဖန်အား ဆက်သွယ်၍ မရခြင်းသည် ပုံမှန်အတိုင်း လုပ်ဆောင်နေသော အဖွဲ့၏ လုပ်ငန်း သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်စပ်နေသည် သို့မဟုတ် ဆပ်စပ်နေနိုင်သည်ဟူသော သဲလွန်စကို ဘုတ်အဖွဲ့အနေဖြင့် မတွေ့ရကြောင်း” ဘောင်ဖန်က ရှယ်ယာ ၅၀ ရာခိုင်နှုန်းနီးပါး ပိုင်ဆိုင်ထားသည့် China Renaissance ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၃ | VOA on Mizzima
=======================
ယူကရိန်းဒုက္ခသည်တွေအတွက် အခမဲ့ ရထား အကြောင်း နဲ့ နိုင်ငံပေါင်း ၅၄ နိုင်ငံပါဝင်တဲ့ ယူကရိန်းကာကွယ်ရေး မဟာမိတ်အဖွဲ့ အနေနဲ့ ယူကရိန်း လိုအပ်တဲ့ လက်နက်ခဲယမ်း၊ လောင်စာနဲ့ အပိုပစ္စည်းတွေ ဖြည့်ဆည်းပေးဖို့ အာရုံစိုက်နေတဲ့သတင်းအပါအဝင် စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/G3vqTb5dPs0
#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
ယူကရိန်းဒုက္ခသည်တွေအတွက် အခမဲ့ ရထား အကြောင်း နဲ့ နိုင်ငံပေါင်း ၅၄ နိုင်ငံပါဝင်တဲ့ ယူကရိန်းကာကွယ်ရေး မဟာမိတ်အဖွဲ့ အနေနဲ့ ယူကရိန်း လိုအပ်တဲ့ လက်နက်ခဲယမ်း၊ လောင်စာနဲ့ အပိုပစ္စည်းတွေ ဖြည့်ဆည်းပေးဖို့ အာရုံစိုက်နေတဲ့သတင်းအပါအဝင် စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/G3vqTb5dPs0
#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၃ | VOA on Mizzima
ယူကရိန်းဒုက္ခသည်တွေအတွက် အခမဲ့ ရထား အကြောင်း နဲ့ နိုင်ငံပေါင်း ၅၄ နိုင်ငံပါဝင်တဲ့ ယူကရိန်းကာကွယ်ရေး မဟာမိတ်အဖွဲ့ အနေနဲ့ ယူကရိန်း လိုအပ်တဲ့ လက်နက်ခဲယမ်း၊ လောင်စာနဲ့ အပိုပစ္စည်းတွေ ဖြည့်ဆည်းပေးဖို့ အာရုံစိုက်နေတဲ့သတင်းအပါအဝင် စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆ…
👍5😁2
ထိုင်ဝမ်သို့ လက်နက်ရောင်းချသည့် အမေရိကန်ကုမ္ပဏီ Lockheed Martin နှင့် Raytheon တို့ကို တရုတ် ဒဏ်ခတ်ပိတ်ဆို့
========================
တရုတ်သည် အမေရိကန်ကုမ္ပဏီများအား နောက်ဆုံး ပိတ်ဆို့အရေးယူမှုအဖြစ် Lockheed Martin ကုမ္ပဏီနှင့် Raytheon Technologies ၏ ကုမ္ပဏီခွဲတစ်ခုတို့အား ထိုင်ဝမ်သို့ လက်နက်များရောင်းချမှုနှင့်ပတ်သက်၍ အမည်ပျက်စာရင်းသွင်းကာ တရုတ်နိုင်ငံနှင့် ၎င်းကုမ္ပဏီများအကြား တင်သွင်းမှုနှင့်တင်ပို့မှုများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစကာ ပိတ်ပင်လိုက်သည်။
အမေရိကန်စစ်တပ်က တရုတ်သူလျှိုမိုးပျံပူဖောင်းအား ပစ်ချပြီးနောက် ဆက်ဆံရေးတင်းမာမှု မြင့်တက်နေချိန် တရုတ်က အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိခိုက်စေသည့် သက်ဆိုင်ရာ အမေရိကန်အဖွဲ့အစည်းများကို တန်ပြန်စီမံချက်များလုပ်ဆောင်မည်ဟု သတိပေးပြီးနောက် ၁ ရက်အကြာတွင် ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
Lockheed Martin Corp နှင့် Raytheon Technologies Corp ၏ လက်အောက်ခံ Raytheon Missile and Defence Corp တို့ကို တရုတ်နိုင်ငံနှင့် ဆက်စပ်သော သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းမှ တားမြစ်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

😁10👏3👍1
ထိုင်ဝမ်ရေတပ်က ပြည်တွင်းထုတ် တတိယမြောက် ဒုံးကျည်တပ်စစ်သင်္ဘောကို ရေချ
======================
ထိုင်ဝမ်ရေတပ်သည် ပြည်တွင်း၌ တည်ဆောက်ခဲ့သော တတိယမြောက် Tuo Chiang အမျိုးအစား ဒုံးကျည်တပ် စစ်သင်္ဘောကို ယီလန်ကောင်တီတွင် ဖေဖော်ဝါရီလ ၁၆ ရက်က ရေချအခမ်းအနား ပြုလုပ်ခဲ့ပြီး ကီလန်းမြို့ရှိမြစ်အမည် ဆုချန်း (Hsu Chiang ) ဟု အမည်ပေးထားသည်။
Tuo Chiang အမျိုးအစား အဆိုပါ ဒုံးကျည်တပ်စစ်သင်္ဘောကို ထိုင်ဝမ်က ဒီဇိုင်းထုတ်လုပ်၍ Lungteh Shipbuilding Co. မှ ထိုင်ဝမ်ရေတပ်အတွက် တည်ဆောက်ထားကာ မြန်ဆန်ပြီး ရေဒါဖြင့်မဖမ်းနိုင်သော ဘက်စုံသုံး စစ်သင်္ဘောဖြစ်သည်။
Tuo Chiang (PGG-618) ဟု အမည်ရသော ပုံစံတူသင်္ဘောသည် ၂၀၁၅ ခုနှစ်တွင် ပထမဆုံး တပ်တော်ဝင်ခဲ့သည်။ Tuo Chiang အမျိုးအစားဒုံးကျည်တပ်စစ်သင်္ဘော၏ ပထမမြောက်သင်္ဘော Ta Chiang ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း ဒုတိယမြောက် Fu Chiang ကို ယမန်နှစ် စက်တင်ဘာလတွင် လည်းကောင်း ရေချခဲ့သည်။

❤6👍5🔥1
ဖေဖော်ဝါရီလ ၂၁ ရက် “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
======================
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ကျောက်မဲမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၅ ဦးကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ အတူ
နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို ထောက်ခံကြောင်း ပညာရေးအဖွဲ့တွေ သဘောထားထုတ်ပြန်တဲ့ သတင်းတွေ အပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကိုနားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ Mizzima Editorial Talk ဆွေးနွေးခန်း အစီအစဉ်ကိုလည်း နားဆင်ရဖို့ ရှိပါမယ်။
https://youtu.be/91bjkpCV5OI
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ကျောက်မဲမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၅ ဦးကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ အတူ
နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို ထောက်ခံကြောင်း ပညာရေးအဖွဲ့တွေ သဘောထားထုတ်ပြန်တဲ့ သတင်းတွေ အပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကိုနားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ Mizzima Editorial Talk ဆွေးနွေးခန်း အစီအစဉ်ကိုလည်း နားဆင်ရဖို့ ရှိပါမယ်။
https://youtu.be/91bjkpCV5OI
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဖေဖော်ဝါရီလ ၂၁ ရက် “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ကျောက်မဲမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၅ ဦးကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ အတူ
နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို ထောက်ခံကြောင်း ပညာရေးအဖွဲ့တွေ သဘောထားထုတ်ပြန်တဲ့…

👍2😁1🤮1