Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_17 seg_3

Watch more detail - https://youtu.be/4lz4sY2Njho

#myanmardramaseries #lovestory #BLSeries #reels
🍌2
လောင်းလုံးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
====================================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ယနေ့ မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို အင်အားအများအပြားဖြင့် ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
❤9👍5🔥1😁1
အဆိုပါ လူထုသပိတ်လှုပ်ရှားမှုတွင် “စစ်ကျွန်ဘဝ လွတ်မြောက်ဖို့၊ ဖက်ဆစ်ရွေးကောက်ပွဲ သပိတ် မှောက်စို့” ဘန်နာကိုင်ဆွဲကာ လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြသည်။
လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့များက ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်နေသော်လည်း ပြည်သူလူထုတရပ်လုံးအနေဖြင့် စစ်ကျွန်ဘဝမှလွတ်မြောက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ဖက်ဆစ် ရွေးကောက်ပွဲအား ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်သွားမည်ဖြစ်ကြောင်း ဦးဆောင်သူများက စည်းရုံးပြောဆိုသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#DDMSC
#လူထုသပိတ်
#ချီတက်ဆန္ဒပြ
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤10🔥1😁1
​​ကလေးမြို့တွင် ခိုးဆိုးလုနှိုက်နှင့် ပျူစောထီးခေါင်းဆောင်ဟု နာမည်ကြီးနေသူ ပစ်ခတ်ခံရ၍သေဆုံး
================
ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ယနေ့ မတ်လ ၅ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ခိုးဆိုးလုနှိုက်နှင့် ပျူစောထီးခေါင်းဆောင်ဟု နာမည်ကြီးနေသူ ချမ်းမြေ့အောင် (ခ) ဖိုးချမ်း ပစ်ခတ်ခံရ၍သေဆုံးသွားကြောင်း သိရသည်။
အောင်မေတ္တာရပ်ကွက် (ယခင် ပျဉ်သာရွာ)တွင်နေထိုင်သော ဖိုးချမ်းကိုဖမ်းဆီးကာ မြို့လယ်ခေါင်တွင် သေနတ်ဖြင့်ပစ်၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့ကထုတ်ပြန်သည်။
“ကျနော်တို့က ပြည်သူတွေကို ဒုက္ခပေးနေတဲ့သူတွေကို အမြဲစောင့်ကြည့်နေခဲ့တာ။ နောက်ထပ်လည်း အဲ့လိုလူတွေအများကြီး ရှိပါသေးတယ်” ဟု မြို့ပြစီမံချက် UG အဖွဲ့ ဦးဆောင်သူ ကိုရန်မင်းနိုင်က မဇ္စျိမ ကို ပြောသည်။
၎င်းအားဖမ်းဆီးပြီး မျက်ကွယ်တွင် ရှင်းလင်းလိုက်ပါက ကျန်သူများ ဆက်လက်၍ လုပ်ရဲကိုင်ရဲ ဖြစ်နေ နိုင်ပြီး လူပျောက်ဆုံးခြင်းကဲ့သို့ယူဆနိုင်သဖြင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ၎င်းတို့အုပ်စုအား ပြန်လည်ချပြခြင်းဖြစ်ကြောင်း ဆိုသည်။
ဖိုးချမ်း ကျူးလွန်ခဲ့သော ပြစ်မှုများမှာ ကလေးမြို့နှင့် ကျေးရွာများ၌ ဆိုင်ကယ် အစီးပေါင်း ၁၀၀ ကျော် ခိုးယူရာတွင် ဂိုဏ်ခေါင်းဆောင်ပြုလုပ်ခဲ့ပြီး ကလေးမြို့ မြောက်ပိုင်း အိတ်စွပ်ရွာမှ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ရွှေဘုံသာဘုရားကြီးလမ်းတွင် လူမိုက်ကျော်ကြီးအဖွဲ့အား အနုကြမ်းစီးရန် ဦးဆောင်စေခိုင်းခဲ့ပြီး ရွှေဆိုင်တစ်ဆိုင်အား အနုကြမ်းစီးခဲ့ကြောင်း သိရသည်။
ဖိုးချမ်းသည် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး PDF များကို “လည်ချောင်းသွေးဖောက်သောက်မည်”ဟု ကြိမ်းဝါးထားသူဖြစ်ကြောင်း ဆိုသည်။
ပျူစောထီးလက်မှတ်ယူထားပြီး ဆိုင်ကယ်ခိုး၍ရဲဖမ်းမိလျှင် ၎င်း၏နာမည်ပြောပါက ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ၎င်း၏တပည့် ခိုးဆိုးလုနှိုက်များကိုမှာထားကြောင်းလည်း သိရသည်။
မြို့ပြစီမံချက် UG အဖွဲ့အနေဖြင့် ပြည်သူများကို ဒုက္ခပေးနေသူများကို စောင့်ကြည့်စုံစမ်းနေပြီး ရှင်းလင်း သုတ်သင်ရန် ဆက်လက်ကြိုးစားနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကလေးမြို့
#ပျူစောထီး
#ခိုးဆိုးလုနှိုက်
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁2🥱1
ကျန်းမာသုတ လူမှုဘ၀ Episode - 5

ဒီတစ်ခါမှာတော့ အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီး တင်ဆက်ပေးမှာဖြစ်ပါတယ်။ အမျိုးသမီးတွေသုံးစွဲရတဲ့ တားဆေးတွေအကြောင်း၊ ကောင်းကျိုးဆိုးပြစ်တွေနဲ့ သိသင့်သိထိုက်တာတွေကိုဒေါက်တာဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/0Ti1rSPjIoE
#ကျန်းမာသုတလူမှုဘဝ
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10💩1
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep17 seg - 2 (Kiraနဲ့BoBတို့ရဲ့စိန်ခေါ်မှုခရီးစဥ်)

Watch more detail - https://tinyurl.com/49cznbj8

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels
👍6🍌1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၅ မတ် ၂၀၂၃ )

တနင်္သာရီတိုင်း၊ကော့သောင်းမြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ထိပ်တိုက် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ် ရေးရဲဘော် ၉ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် (ကော့သောင်း ခရိုင်အမှတ်၁)တပ်ရင်းက ယနေ့ ထုတ်ပြန်ပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢20👍6❤4🤮2🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၅ ရက်ထုတ်လွှင့်မှုများ

https://youtu.be/77GTkPmxs3I
#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤5😁1
မတ်လ (၆) ရက်၊ တနင်္လာနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ရဲ့ အယူခံအမှုတွေ တရားလွှတ်တော်ချုပ်မှာ ကြားနာမယ့် သတင်းနဲ့အတူ

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်အတွင်းမှာ မြန်မာနိုင်ငံသားတွေကို ပိုက်စိပ်တိုက် စစ်ဆေးနေတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေကပြောတဲ့ သတင်းအပါအဝင်

တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ရပါမယ်။

သတင်းတွေအပြီးမှာတော့ နိုင်ငံကူးလက်မှတ်လျောက်ထားရာမှာ Online Appointment System စနစ်သစ်နဲ့ပတ်သက်လို့ ပြည်သူတွေရဲ့ အသံကိုနားဆင်ကြရမှာပါရှင်။

https://youtu.be/sJxty2JKL0A
❤3👍1😁1
​​ဆင်းရဲသောနိုင်ငံများအပေါ် ချမ်းသာသောနိုင်ငံများ၏ ပြုမူဆက်ဆံပုံကို ကုလအကြီးအကဲ ဝေဖန်

ကမ္ဘာပေါ်ရှိ ချမ်းသာသော နိုင်ငံများနှင့် စွမ်းအင်လုပ်ငန်းကြီးများက ‘အမြတ်ကြီးစား’ သော အတိုးနှုန်းများ၊ အကြီးအကျယ် ထိခိုက်စေသော လောင်စာဈေးနှုန်းများနှင့်အတူ ဆင်းရဲသောနိုင်ငံများကို မွန်းကျပ်စေခြင်းအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မတ်လ ၄ ရက်တွင် အပြင်းအထန် ဝေဖန်ပြောဆိုလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_28 Seg_2 | ဝက်သားလုံးချဉ်စပ်ဟင်းရည်နှင့် အာလူးထောင်း

Watch more detail - https://youtu.be/F9eQwm3AYRU

#thecookingguy #mizzimatv #reels #shorts #cooking
​​သမ္မတရှီကျင့်ဖျင် အာဏာမြဲရေးအကောင်အထည်ဖော်မည့် တရုတ်နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက် စတင် 

တရုတ်သမ္မတရှီကျင့်ဖျင်သည် ကိုဗစ်ကပ်ရောဂါအလွန် စီးပွားရေး နာလန်ထူမှုမှသည် အမေရိကန်နှင့် ဆက်ဆံရေးအထိ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရချိန်မှာ နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ကို မတ် ၅ ရက်တွင် စတင်ကျင်းပလိုက်ပြီး ၁၀ စုနှစ် တစ်ခုအတွင်း အကြီးမားဆုံး အစိုးရပြင်ဆင်ဖွဲ့စည်းမှုကို အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
👍4😁3
​​ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်း တရုတ်စစ်လေယာဉ် ၁၉ စင်း ပျံသန်း

ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်သို့ ၂၄ နာရီအတွင်း တရုတ်လေတပ်မှ စစ်လေယာဉ် ၁၉ စင်း ပျံသန်းခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မတ် လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
🔥7👍1👏1🖕1
​​တရုတ်က ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ဖို့ အမေရိကန်ကို ကျော်လွန်နိုင်ပါ့မလား 

အမေရိကန်က တရုတ်သို့ အရေးပါသောတစ်ပိုင်းလျှပ်ကူးပစ္စည်းအစိတ်အပိုင်းများနှင့် နည်းပညာများ တင်ပို့မှုကို ကန့်သတ်လိုက်သဖြင့် ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ရေးအတွက် အမေရိကန်ကို ဖြုတ်ချမည့် တရုတ်၏ ကြိုးပမ်းမှုများသည် မကြုံစဖူး ဖိအားများနှင့် ရင်ဆိုင်နေရသည်။
👍5😁3