စားအုန်းဆီဈေး ၄,၆၀၀ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပတွင် ကျပ် ၈,၀၀၀ ဝန်းကျင်အထိ ဈေး တက်နေ
================
မေဘယ်လ်သူ
မဇ္ဈိမ ။ ။စားအုန်းဆီ တစ်ပိဿာလျှင် ၄,၆၀၀ ကျပ် သတ်မှတ်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
မတ်လ ၆ ရက်မှ မတ်လ ၁၂ ရက်နေ့အထိ ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည် ညွှန်းစျေးနှုန်းကို တစ်ပိဿာလျှင် ၄,၆၀၀ ကျပ် သတ်မှတ်ထားကြောင်း အဆိုပါကော်မတီက ကြေညာထားသည်။
သို့သော် ပြင်ပတွင် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူနေရကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်များထံမှ သိရသည်။
“အပြင်မှာတော့ စားအုန်းဆီ တစ်ပိဿာ ၈,၅၀၀ ကျပ်၀န်းကျင် ပေးဝယ်နေရတယ်။ ရည်ညွှန်းစျေးထပ် တဆကျော်ပေးဝယ်နေရတာပေါ့”မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
စားအုန်းဆီအပြင် အခြားသော ပဲဆီ၊ နေကြာဆီနှင့် ဟင်းသီးဟင်းရွက် ဆီတို့မှာလည်း ဈေးနှုန်းများမြင့် တက်နေသည်ဟု ဆိုသည်။
“စက်သုံးဆီစျေးကလည်း တက်နေတာရယ်၊ လျှပ်စစ်မီးပုံမှန်မရရှိတာကြောင့် ဆီစက်တွေလည်း လည် ပတ်နေရတာ အဆင်မပြေဘူး။ ဒါကြောင့် စားသုံးဆီစျေးတွေကလည်း တက်နေတာ”ဟု ဆီစက်လုပ်ငန်း ရှင်တစ်ဦးကဆိုသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စာအုန်းဆီ
#ဆီးဈေးတက်
#ပြင်ပဈေးကွက်
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍5🤬2🔥1😱1
စစ်အုပ်ချုပ်ရေးကြေညာထားသော တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ
👍5🔥1

==================
ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မတ်လ ၇ ရက်နေ့ ညနေပိုင်းက ညောင်ပင်ကွင်းအရှေ့ကမ်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက် ကြီးကြောင့် PDF ရဲဘော်တစ်ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိနေကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအရှေ့ကမ်းရှိ စစ်ကောင်စီနှင့် ပျူ စောထီးအဖွဲ့တို့ လုံခြုံရေးယူထားသည့်တံတားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်လုပ်ဗုံးဖြင့် သွား ရောက်ပစ်ခတ်ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
PDF ရဲဘော် တစ်ဦးက “တိုက်ပွဲက မနေ့ညနေပိုင်းလောက်က ဖြစ်တာပါ။ ကျွန်တော်တို့ဖက်က ရဲဘော် တစ်ဦး ကျတယ်၊ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိလို့ ပြန်ဆုတ်ခဲ့ရတယ်”ဟု ပြောသည်။
တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်ပြီး နှစ်ဖက်လုံးမှ သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး လေး ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရေးသားဖော်ပြထားသည်။
တနင်္သာရီမြို့တွင် လက်တလော၌ မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီက ပြည်သူများကို ဖမ်းဆီးမှုများ ခပ်စိတ်စိတ်ပြုလုပ်နေပြီး ဖမ်းဆီးခံရသူများကိုလည်း အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်အရေးယူမှုများ ပြုလုပ်နေပြီး လက်ရှိအချိန်အထိ အမျိုးသမီးခုနစ်ဦး အမှုဖွင့်အရေးယူခံထားရကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီ နှစ်ဖက် တိုက်ပွဲများနှင့် အရပ်သား ဖမ်းဆီးခံရမှုများလည်း ဆက်တိုက်ရှိလာခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#စစ်အုပ်ချုပ်ရေး
#တိုက်ပွဲ
------------------------

👍10🔥3
NUG supporters demonstrate in front of the White House in Washington
=======================
https://youtu.be/v-5Umn2LN7k
=======================
https://youtu.be/v-5Umn2LN7k
YouTube
NUG supporters demonstrate in front of the White House in Washington
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Subscribe now and join the…

👍3🔥1
မတ်လ ၈ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=========================
-ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၅ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ ၃၅ဦးရှိတဲ့ သတင်း
- မန္တလေးအိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ အဆိုးဝါးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရတဲ့သတင်း
- စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆိုတဲ့သတင်း
- စစ်အာဏာသိမ်းမှုအောက် မြန်မာအမျိုးသမီးတွေ ဖိနှိပ်မှုမျိုးစုံကြုံနေရပြီး အွန်လိုင်းခြိမ်းခြောက်တိုက်ခိုက်ခံရမှု ကြီးမားလာတဲ့သတင်း အပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/Oq9hhekxk0g
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
-ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၅ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ ၃၅ဦးရှိတဲ့ သတင်း
- မန္တလေးအိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ အဆိုးဝါးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရတဲ့သတင်း
- စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆိုတဲ့သတင်း
- စစ်အာဏာသိမ်းမှုအောက် မြန်မာအမျိုးသမီးတွေ ဖိနှိပ်မှုမျိုးစုံကြုံနေရပြီး အွန်လိုင်းခြိမ်းခြောက်တိုက်ခိုက်ခံရမှု ကြီးမားလာတဲ့သတင်း အပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/Oq9hhekxk0g
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
Mizzima 108 ၏ မတ်လ ၈ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:03-ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၅ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ ၃၅ဦးရှိတဲ့ သတင်း
02:46- မန္တလေးအိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ အဆိုးဝါးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရတဲ့သတင်း
06:51- စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်…

👍9❤3
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_18 seg_2
Watch more detail - https://youtu.be/ZzOz3GoqKko
#myanmardramaseries #lovestory #BLSeries #reels

🍌1
Business Round Up (08 March 2023)
==================
- စစ်ကိုင်း၊ မကွေးအပါအဝင် တိုင်းနှင့်ပြည်နယ် ၈ ခုသို့ ခရီးသွားလာခြင်းမပြုရန် ဗြိတိန်အစိုးရက သတိပေး တားမြစ်
- နိုင်ငံခြားငွေဖြင့် အခွန်ဆောင်ရသူများ နိုင်ငံပိုင်ဘဏ်များတွင်သာ ငွေစာရင်းဖွင့်လှစ် ပေးသွင်းရမည်
- အာဆီယံ နှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုများ မြင့်တက်လာ
- ထိုင်းနိုင်ငံတွင် စွန့်ပစ်ပလပ်စတစ် တင်သွင်းမှုများကို ၂၀၂၅ ခုနှစ်တွင် စတင်ပိတ်ပင်မည်
- လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla မလေးရှားတွင် ရုံးခန်းဖွင့်လှစ်မည်
https://youtu.be/a77b7WJAXqs
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
- စစ်ကိုင်း၊ မကွေးအပါအဝင် တိုင်းနှင့်ပြည်နယ် ၈ ခုသို့ ခရီးသွားလာခြင်းမပြုရန် ဗြိတိန်အစိုးရက သတိပေး တားမြစ်
- နိုင်ငံခြားငွေဖြင့် အခွန်ဆောင်ရသူများ နိုင်ငံပိုင်ဘဏ်များတွင်သာ ငွေစာရင်းဖွင့်လှစ် ပေးသွင်းရမည်
- အာဆီယံ နှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုများ မြင့်တက်လာ
- ထိုင်းနိုင်ငံတွင် စွန့်ပစ်ပလပ်စတစ် တင်သွင်းမှုများကို ၂၀၂၅ ခုနှစ်တွင် စတင်ပိတ်ပင်မည်
- လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla မလေးရှားတွင် ရုံးခန်းဖွင့်လှစ်မည်
https://youtu.be/a77b7WJAXqs
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (08 March 2023)
- စစ်ကိုင်း၊ မကွေးအပါအဝင် တိုင်းနှင့်ပြည်နယ် ၈ ခုသို့ ခရီးသွားလာခြင်းမပြုရန် ဗြိတိန်အစိုးရက သတိပေး တားမြစ်
- နိုင်ငံခြားငွေဖြင့် အခွန်ဆောင်ရသူများ နိုင်ငံပိုင်ဘဏ်များတွင်သာ ငွေစာရင်းဖွင့်လှစ် ပေးသွင်းရမည်
- အာဆီယံ နှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုများ…

👍9🔥1
ကေအိုင်အို အစိုးရ၏ သစ်တောအရာရှိငယ် သင်တန်းဆင်းပွဲ အမှတ်စဉ်(၁) လိုင်ဇာမြို့တွင်ကျင်းပ
====================
ကချင်လေး
မဇ္ဈိမ။ ။ကေအိုင်အို အစိုးရ၏ သစ်တောအရာရှိငယ် သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်ပွဲကို မတ်လ ၇ ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ သစ်တောနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဌာန၏ သင်တန်း ခန်းမတွင် ပြုလုပ်ခဲ့ သည်။
ကေအိုင်အိုအစိုးရ၏ သစ်တောအရာရှိငယ်သင်တန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခမ်းအနားမှာ ပထမအကြိမ် သစ်တောအရာရှိငယ်သင်တန်းဆင်းပွဲလည်းဖြစ် သည်။
သင်တန်းသို့ ကျောင်းသား ကိုးဦးနှင့် ကျောင်းသူ သုံးဦး၊ စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ပြီး သစ်တော အရာရှိငယ်ရာထူး ဂုဏ်ပြုချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။
ယခင်နှစ်များက Covid-19 ကူးစက်ကပ်ရောဂါကြောင့် သင်တန်းမဆင်းနိုင်ခဲ့သည့် တောကြပ်အရာရှိ သင်တန်းအမှတ်စဉ်(၃/၄)မှ သင်တန်းသာ ၃၈ ဦးကိုလည်း ကျောင်းဆင်းပေးနိုင်ခဲ့ကြောင်း ကေအိုင်အို အစိုးရ၏ အချက်အလက်များအရ သိရသည်။
Photo Crd - sisakasa / EEDY (လိုင်ဇာ)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကချင်ပြည်နယ်
#ကေအိုင်အို
#လိုင်ဇာ

👍12🔥1