ထိုင်းနိုင်ငံရောက် မြန်မာအပါအဝင် နိုင်ငံခြားသားရာဇဝတ်သားများ | VOA On Mizzima
https://youtu.be/8-p_6yOdwJM
https://youtu.be/8-p_6yOdwJM
YouTube
ထိုင်းနိုင်ငံရောက် မြန်မာအပါအဝင် နိုင်ငံခြားသားရာဇဝတ်သားများ | VOA On Mizzima
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ဒေသဟာ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ အများဆုံးသွားရောက်လည်ပတ်ကြတဲ့ နေရာတခုပါ၊ အဲ့ဒီဒေသက ရာဇဝတ်မှုနဲ့ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့လည်း ပါဝင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်၊…
👍5🤮2🤬1
ရွှေကူမြို့ မံဝိန်းကျေးရွာရှိ လူနေအိမ် ၁၀၀ကျော်ကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး
https://youtu.be/Lu9nIYQ9bKw

KMN
မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကို မတ်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်ခြင်းကြောင့် နေအိမ် နှစ်လုံးမီးလောင်ပျက်စီးခဲ့ပြီး ကျန်ရှိသည့်နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက်မီးရှို့ရာ နေအိမ် ၁၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး…

🔥6🤬6❤1😁1
ရိုဟင်ဂျာများကို ပြန်ပို့မည်အစီအစဉ်အား ဘင်္ဂလားဒေ့ရှ် ရပ်ဆိုင်းထားသင့်ဟု HRW ပြော
ရိုဟင်ဂျာဒုက္ခသည်များအား ၎င်းတို့၏ ဘဝနေထိုင်မှုများနှင့် လွတ်လပ်ခွင့်များ အလွန်ကို ဘေးအန္တရာယ်များသည့် မြန်မာနိုင်ငံဆီ ပြန်ပို့မည့် အစီအစဉ်များအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် ရပ်ဆိုင်းထားသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ယနေ့တွင် ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10🔥1😁1
တရုတ်က စီးပွားရေးသြဇာလွှမ်းမိုးမှုကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေသဖြင့် ထိုင်းနှင့် ပါကစ္စတန်ရှိ ဝီဂါဒုက္ခသည်များ ဒုက္ခရောက်နေ
တရုတ်က စီးပွားရေးသြဇာလွှမ်းမိုးမှုကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေသည့်အတွက် ထိုင်းနှင့် ပါကစ္စတန်ရှိ ဝီဂါဒုက္ခသည်များ အတိဒုက္ခရောက်နေကြရကြောင်း သြစတြီးယားနိုင်ငံ၊ ဗီယင်နာတွင် အခြေစိုက်သော အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် Voices Against Autocracy (VAA) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

👍1🔥1😁1
မတူပီမြို့နယ်အတွင်း စစ်ဘေးရှောင် ၁၀၀၀ကျော်အတွက် အရေးပေါ်ဆေးဝါးများလိုအပ်
ပါခွီး
မဇ္စျိမ ။။ ချင်းပြည်နယ်၊မတူပီမြို့နယ်တွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေပြီး ဒေသခံစစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်ဆေးဝါးများ လိုအပ်နေသည်ဟု မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။
မတူပီ - ပလက်ဝလမ်းမအတိုင်း အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များသည် မတ်လလယ်ခန့်မှစတင်ပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။မတူပီ - ပလက်ဝလမ်းပေါ်ရှိ ရွာခုနှစ်ရွာမှ ဒေသခံ ၁၀၀၀ ကျော်သည် တောတောင်ထဲတွင် တိမ်းရှောင်နေရပြီး ကျန်းမာရေးဆိုင်ရာပြဿနာများ ရင်ဆိုင်နေရသည်ဟု မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတင်းနှင့် ပြန်ကြားရေးမှူး ဆလိုင်းပါထောင်းက မဇ္စျိမကိုပြောသည်။

👍6🔥1😁1
“သူတို့(ဒေသခံစစ်ဘေးရှောင်များ) အခုနေရတဲ့ နေရာက လယ်ကွက်တွေ၊တောတွေတောင်ထဲမှာပုန်းရှောင်နေရတော့၊အဲဒီနေရာတွေက ငှက်ဖျားပိုးရှိတဲ့နေရာတွေဆိုတော့ ငှက်ဖျားရောဂါရတဲ့သူတွေလည်းရှိတယ်။ဝမ်းပျက်၊ဝမ်းလျှောလည်းများတယ်။ကျနော်တို့မှာ အရေးပေါ် ဆေးဝါးများလိုအပ်နေပါတယ်” ဟု ဆလိုင်းပါထောင်းက ပြောသည်။
စစ်ဘေးရှောင်များအနက် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များတွင် ဝမ်းပျက်၊ဝမ်းလျှောနှင့်ငှက်ဖျားရောဂါများအဖြစ်များသဖြင့် ကုသရန်ဆေးဝါးများအပြင် မိုးကာနှင့် ခြင်ထောင်များ အရေးပေါ်လိုအပ်နေကြောင်း ၎င်းက ပြောသည်။လတ်တလောတွင် ရောဂါဖြစ်ပွားကူးစက်နေသူများကို ကုသရန် ဆရာဝန်မရှိဘဲ CDM ကျန်းမာရေးဝန်ထမ်းအချို့က လက်ကျန်ရှိသောဆေးဝါးများဖြင့်သာ ကုသပေးနေရကြောင်း သတင်းရရှိသည်။
စစ်ဘေးရှောင်များကို ကူညီလိုသူများအနေနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွင် ငွေကြေးအားဖြင့်ဖြစ်စေ၊လိုအပ်သည့် ဆေးဝါးပစ္စည်းအားဖြင့်ဖြစ်စေ Matupi Health Team နှင့် ၎င်းထံသို့ ပူးပေါင်းပါဝင်ပေးကြပါရန် ဆလိုင်းပါထောင်းက မေတ္တာရပ်ခံထားသည်။
မတူပီ - ပလက်၀လမ်းရှိ ထယ်ဘွေးတပ်စခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းပြည်သူကာကွယ်ရေးတပ်များက မတ်လ ၂၀ရက်မှ စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီစစ်ကြောင်းကို CDF – Matupi နှင့် ချင်းအမျိုးသားတပ်မတော် CNA တို့မှက အကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့များ အထိ အခိုက် အကျအဆုံးများနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် မတူပီဒေသ၌ အင်အားဖြည့်တင်းမှုများ ဆက်လက် လုပ်ဆောင်နေ၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ချေရှိကြောင်း CDF-Matupiက အသိပေးထားသည်။
မတူပီ - ပလက်ဝလမ်း မိုင်တိုင် (၁၆) ဝါပုန်းလမ်းခွဲအနီးပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်က နင်းမိုင်းများ ထောင်ထားကြောင်း CDF-Matupi အသိပေးထားပြီး မိုင်းရှင်းလင်းရေး ပြုလုပ်ပြီးမှသာ သွားလာကြရန် ပြည်သူများအားတိုက်တွန်းထားသည်။ ထို့ပြင် CDF-Matupi၏ ထုတ်ပြန်ချက်များကို အထူးအလေးထားစေလိုသည်ဟု အသိပေးထားသည်။
စာတည်း-မောင်ကြီး
#ချင်းပြည်နယ်
#မတူပီမြို့နယ်
#ဒေသခံပြည်သူများ
#အရေးပေါ်ဆေးဝါးများလိုအပ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
စစ်ဘေးရှောင်များအနက် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များတွင် ဝမ်းပျက်၊ဝမ်းလျှောနှင့်ငှက်ဖျားရောဂါများအဖြစ်များသဖြင့် ကုသရန်ဆေးဝါးများအပြင် မိုးကာနှင့် ခြင်ထောင်များ အရေးပေါ်လိုအပ်နေကြောင်း ၎င်းက ပြောသည်။လတ်တလောတွင် ရောဂါဖြစ်ပွားကူးစက်နေသူများကို ကုသရန် ဆရာဝန်မရှိဘဲ CDM ကျန်းမာရေးဝန်ထမ်းအချို့က လက်ကျန်ရှိသောဆေးဝါးများဖြင့်သာ ကုသပေးနေရကြောင်း သတင်းရရှိသည်။
စစ်ဘေးရှောင်များကို ကူညီလိုသူများအနေနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွင် ငွေကြေးအားဖြင့်ဖြစ်စေ၊လိုအပ်သည့် ဆေးဝါးပစ္စည်းအားဖြင့်ဖြစ်စေ Matupi Health Team နှင့် ၎င်းထံသို့ ပူးပေါင်းပါဝင်ပေးကြပါရန် ဆလိုင်းပါထောင်းက မေတ္တာရပ်ခံထားသည်။
မတူပီ - ပလက်၀လမ်းရှိ ထယ်ဘွေးတပ်စခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းပြည်သူကာကွယ်ရေးတပ်များက မတ်လ ၂၀ရက်မှ စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီစစ်ကြောင်းကို CDF – Matupi နှင့် ချင်းအမျိုးသားတပ်မတော် CNA တို့မှက အကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့များ အထိ အခိုက် အကျအဆုံးများနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် မတူပီဒေသ၌ အင်အားဖြည့်တင်းမှုများ ဆက်လက် လုပ်ဆောင်နေ၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ချေရှိကြောင်း CDF-Matupiက အသိပေးထားသည်။
မတူပီ - ပလက်ဝလမ်း မိုင်တိုင် (၁၆) ဝါပုန်းလမ်းခွဲအနီးပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်က နင်းမိုင်းများ ထောင်ထားကြောင်း CDF-Matupi အသိပေးထားပြီး မိုင်းရှင်းလင်းရေး ပြုလုပ်ပြီးမှသာ သွားလာကြရန် ပြည်သူများအားတိုက်တွန်းထားသည်။ ထို့ပြင် CDF-Matupi၏ ထုတ်ပြန်ချက်များကို အထူးအလေးထားစေလိုသည်ဟု အသိပေးထားသည်။
စာတည်း-မောင်ကြီး
#ချင်းပြည်နယ်
#မတူပီမြို့နယ်
#ဒေသခံပြည်သူများ
#အရေးပေါ်ဆေးဝါးများလိုအပ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5🔥2👍1😁1
ရွာငံမြို့ ကျောက်ဂူပြင်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် ရွာသား ၉ ဦးထဲမှ ၁ ဦးသေဆုံး
==================
ဂျူနို
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မြောက်ပိုင်း ကျောက်ဂူပြင်ကျေးရွာတွင် မတ်လ ၂၃ ရက်နေ့၌ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည့် ရွာသား ကိုး ဦးထဲမှ တစ်ဦးသေဆုံးသွားကြောင်း ရွာခံများထံက သိရသည်။
သေဆုံးသူမှာ ကိုသိန်းထွန်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသည့်အချိန်တွင် ရိုက်နှက်ခံရပြီး အဆိုပါရိုက်နှက်မှုဒဏ်ကြောင့် ရွာငံပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရင်း မတ်လ ၂၈ ရက် ညနေတွင် သေဆုံးသွားကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
''အဲ့ ကျောက်ဂူပြင်ရွာ လောင်းကစားဝိုင်းမှာဗျ ကိုးယောက်က အတူတူဖမ်းခံရတာ။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တစ်ယောက်ကို ဝိုင်းရိုက်တာပါ။ ၂၈ရက်နေ့ရောက်တော့ ကိုသိန်းထွန်းက ဆုံးသွားပြီလို့သိရတာပါ။ ရိုက်နှက်ခံရတဲ့ဒဏ် ပြင်းထန်တယ်လို့ သိရတယ်။ ဘာဖြစ်လို့ သေသွားရလဲ ကျွန်တော်မေးကြည့်တာ့ သူတို့သက်ဆိုင်ရာတွေက ကိုသိန်းထွန်းမှာ ရောဂါခံရှိလို့ အဲ့ရောဂါနဲ့ သေဆုံးရတယ်ပြောတယ်'' ဟု ကိုသိန်းထွန်းနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ကိုသိန်းထွန်း၏ ရုပ်အလောင်းကို မတ်လ ၃၀ရက် နေ့လယ်တွင် ရွာငံပြည်သူ့ဆေးရုံ၌ မီးသင်္ဂြိုဟ်ခဲ့သည်ဟု သေဆုံးသွားသူနှင့် နီးစပ်သူတစ်ဦး၏ အပြောအရ သိရသည်။
ကိုသိန်းထွန်းနှင့်အတူ ဖမ်းဆီးခံရသည့် ဒေသခံများမှာ ကျောက်ဂူပြင်ကျေးရွာသား ကိုစိုးနိုင်၊ ကိုဖိုးသား၊ ကိုဝမ်း၊ ကိုမောင်မောင်လွင်၊ ကိုမြင့်ကျော်၊ကိုကျော်၊ ကိုညီညီအောင် နှင့် ကိုဘိုးဘိုးဆန် တို့ဖြစ်သည်။
၎င်းတို့ဖမ်းဆီးခံရသည့် မတ်လ ၂၃ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရရှိသေးကြောင်း သိရသည်။
''ရွာငံအချုပ်ထောင်မှာတော့ တစ်ပတ်လောက်ထားမယ်။ နောက် ထောင်လွှဲမယ်။ ကလောဖြစ်ဖြစ်၊ တောင်လေးလုံးထောင်ဖြစ်ဖြစ် အဲ့လိုပြောတယ်။ ရွာငံအချုပ်ထောင်မှာ ထားဖို့အတွက် စားစရိတ်အတွက် မိသားစုထဲက ထပ်တောင်းတယ်။ တစ်ယောက်ကို ၂၀,၀၀၀ တောင်းပါတယ်''ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ရွာငံမြို့နယ်မြောက်ပိုင်း ကျောက်ဂူပြင်ကျေးရွာတွင် ဖဲဝိုင်းနှင့် လေးကောင်ဂျင်ဝိုင်း ကစားနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး အဆိုပါ ရွာသား ကိုးဦးအား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
'' စစ်ကောင်စီက ဖမ်းသွားတဲ့ ရည်ရွယ်ချက်က လက်ရှိမှာတော့ နိုင်ငံရေးတက်ကြွသူတွေကို လိုက်ဖမ်းတဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲ လောင်းကစားဝိုင်းမှာ ဝင်စီးတဲ့ ပုံစံမျိုးနဲ့ ဖမ်းတာ"ဟု ရွာခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အသုဘ၊ သာရေး နာရေး၊ ဘုရားထီးတင်ပွဲများ၊ ဆွမ်းတော်ကပ်ပွဲများမှအစ လောင်းကစားဝိုင်းများ ပြုလုပ်လျှက်ရှိပြီး စစ်ကောင်စီတပ်နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအား အကောက်ငွေပေး၍ လွတ်လွတ်လပ်လပ်ပြုလုပ်ခွင့်ရရှိနေသော်လည်း ကျောက်ဂူပြင်ကျေးရွာ အသုဘလောင်းကစားဝိုင်းမှာမူ ဖမ်းဆီးခံလိုက်ရသည်။
ရွာငံမြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလျက်ရှိပြီး လမ်းမပေါ်တွင်လည်း ပျူစောထီးများနှင့် ပူးပေါင်းကာ လမ်းသွားလမ်းလာများအား ရှောင်တခင်ပုံစံမျိုးဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ရှမ်းပြည်နယ်
#ရွာငံမြို့နယ်
#လောင်းကစားဝိုင်း
#ဖမ်းဆီးမှု

👍6❤4🤬2🔥1😁1
မတ်လ ၃၁ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:01 - စစ်အာဏာသိမ်းပြီး ၂နှစ်တာအတွင်း KNU ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၃၀ ကျော်ပြုလုပ်တဲ့သတင်း
04:52 - ကချင်ပါတီကြီးတွေအားလုံး စစ်ကောင်စီ ကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့သတင်း
09:02 - ယူကရိန်းဟာ တရုတ်နဲ့အီးယူဆက်ဆံရေးမှာ အဓိကကျတဲ့အချက်ဖြစ်ကြောင်း အီးယူးအကြီးအကဲပြောတဲ့သတင်း
11:41- မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား အများပါဝင်နိုင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်ဆောင်ရွက်ရန် ကုလတိုက်တွန်းတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/KvtPzQie9v0

09:02 - ယူကရိန်းဟာ တရုတ်နဲ့အီးယူဆက်ဆံရေးမှာ အ…

👍5🤮2🍌1
အများပါဝင်သည့်နိုင်ငံရေးကျင့်သုံးရန် တွန်းအားပေးဖို့ အဖွဲ့ဝင်များကို ကုလတိုက်တွန်း
https://youtu.be/S7NOzhzO2vc

မြန်မာနိုင်ငံမှာ အများပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဆက်လက်ကျင့်သုံးနိုင်အောင် တွန်းအားပေးကြဖို့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD…
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD…
👍6🤮4
ကျောက်တော်တွင် စစ်ဘေးရှောင်ဦးရေ ၃,၅၀၀ ခန့်ကို နေရပ်ပြန်ရန်ညွှန်ကြား၊ စခန်း ၃ ခုအား အပြီးဖျက်သိမ်းခိုင်း
မီးမီး
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၀ခုမှ စစ်ဘေးရှောင်ဦးရေ ၃,၅၀၀ ခန့်အား စစ်ကောင်စီတပ်က ယမန်နေ့ မတ်လ ၃၀ရက်မှစ၍ နေရပ်ပြန်ခိုင်းထားခြင်းဖြစ်ကာ စစ်ဘေးရှောင်စခန်း သုံးခုအားလည်း အပြီး ဖြိုဖျက်ခိုင်းထားကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ငွေကျပ် ၆၀၀,၀၀၀ ပေးပြီး ချက်ချင်းနေရပ်ပြန်ခိုင်းခြင်းဖြစ်ကြောင်း မဟာမုနိစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
“မနေ့ကတည်းက ပြန်နေကြတာရှိပါတယ်။ စခန်းတွေကိုလည်း အပြီး ဖြိုခိုင်းထားပါတယ်။ ကျနော်တို့ဆို ထမင်းတောင် မစားရဘဲ အပြီး ပြောင်းကြရတယ်။ ချက်ချင်းဖြို ခိုင်းတာပေါ့။ ပိုက်ဆံပေးပြီးတာနဲ့ အကုန်ပြန်ခိုင်းတယ်။ စခန်းကိုလည်း ဖြိုခိုင်းတာပါ ။ စခန်းက ဒီနေ့ဆို အကုန်အပြီး ဖြိုခဲ့ရမှာပါ ” ဟု ၎င်းက ဆိုသည်။
ထိုသို့ စစ်ကောင်စီတပ်က ဖိအားပေးနေသည့်အတွက် ကျောက်တော်မြို့ရှိ နေပူခံ စစ်ဘေးရှောင်စခန်း၊ သိမ်ပြင်စစ်ဘေးရှောင်စခန်း၊ COC စစ်ဘေးရှောင်စခန်း၊ ရှမ်းရွာစစ်ဘေးရှောင်စခန်း၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်း၊ ကဝိရတနာစစ်ဘေး ရှောင်စခန်း၊ ရထားဘူတာစစ်ဘေးရှောင်စခန်း၊ မဟာမုနိစစ်ဘေးရှောင်စခန်း၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းနှင့် သိမ်ကျောင်းစစ်ဘေးရှောင်စခန်း စုစုပေါင်း စခန်း ၁၀ခုမှ အိမ်ထောင်စု ၆၄၄ စု၊လူဦးရေ ၃,၅၀၀ခန့်မှာ ၎င်းတို့ကျေးရွာများသို့ နေရပ်ပြန်နေကြရသည်ဟု သိရသည်။
ယင်းစခန်းများထဲမှ သိမ်ကျောင်းစစ်ဘေးရှောင်စခန်း၊ ရှမ်းရွာစစ်ဘေးရှောင်စခန်းနှင့် မဟာမုနိစစ်ဘေးရှောင်စခန်း တို့ကို ယနေ့ မတ်လ ၃၁ရက် နောက်ဆုံးထား၍ စစ်ကောင်စီတပ်က အပြီးဖျက်သိမ်းခိုင်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်ပြန်ရခြင်းမှာ ပြန်ချင်၍ ပြန်ခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်က ဖိအားပေးသည့်အတွက် ပြန်ရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။
“သူတို့က အခုပြန်ရင် ပိုက်ဆံရမယ်ပေါ့။ ဖယ်ခိုင်းတဲ့အထိနေရင် ဘာပိုက်ဆံမှ မရဘူး။ အခု ပိုက်ဆံရတုန်းပြန်ကြဆိုတဲ့သဘော ပြောပါတယ်။ နောက်ပြီး သူတို့ ပေးတဲ့ ပိုက်ဆံကလည်း ကျမတို့အတွက် လုံလောက်မှုရှိတဲ့ အနေအထားလည်း မဟုတ်ပါဘူး” ဟု သိမ်ကျောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
စစ်ဘေးရှောင်များအနေဖြင့် စစ်ကောင်စီတပ်ကပေးသည့် ယခုငွေ ၆၀၀,၀၀၀ ကျပ်မှာ နေအိမ်ဆောက်လုပ်ရန်အတွက် မလုံမလောက်သည့် အနေအထားဖြစ်ကြောင်းလည်း ဆိုကြသည်။
အဆိုပါထောက်ပံ့ငွေကို စစ်ကောင်စီနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့က ပူးတွဲ ထောက်ပံ့ခြင်းဖြစ်ပြီး အပြီးဖျက်သိမ်းသည့် စစ်ဘေးရှောင်စခန်း သုံးခုမှ နေရပ်မပြန်လိုသည့် အိမ်ထောင်စု ၂၆ စုအား အနီးရှိ စစ်ဘေးရှောင်စခန်းများတွင် စခန်းပေါင်းထားကြောင်း သိရသည်။
နေရပ်မပြန်လိုသည့် အိမ်ထောင်စု ၂၆ စုမှာ မဟာမုနိစစ်ဘေးရှောင်စခန်းမှ ၁၇ စုနှင့် သိမ်ပြင်စစ်ဘေးရှောင်စခန်းမှ ကိုးစုဖြစ်ကြောင်း သိရသည်။
နေပူခံစစ်ဘေးရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက “ကျနော်တို့မှာက နေအိမ်က ပြန်ပြီးတော့ လုပ်ရမယ့်အပိုင်းတွေရှိတယ်။ မနေ့က ငွေခြောက်သိန်းရတယ်။ ဒီငွေတွေက ကျနော်တို့အတွက် လုံလောက်တဲ့အနေအထားလည်း မဟုတ်တော့ ကျနော်တို့မှာ စားဝတ်နေရေးအတွက် အခက်အခဲတွေ များတာပေါ့” ဟု ၎င်းက ဆိုသည်။
ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ အိမ်ထောင်စု ၁,၀၀၀ ကျော်ခန့်သည် နေရပ်ပြန်ရန် စစ်ကောင်စီတပ်ထံတွင် စာရင်းပေးထားခြင်းဖြစ်သော်လည်း စစ်ကောင်စီတပ်အနေဖြင့် ဘတ်ဂျက်လုံလောက်မှုမရှိသည့်အတွက် စာရင်းပေးထားသည့် အထဲမှ အိမ်ထောင်စု ၆၄၄ စုကိုသာ နေရပ်ပြန်ခိုင်းထားခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်အနေဖြင့် ယခုကဲ့သို့ နေရပ်ပြန်ခိုင်းရာတွင် မိုင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမရှိကြောင်းလည်း စခန်းတာဝန်ခံများထံမှ သိရသည်။
နေရပ်ပြန်ကြသည့် စစ်ဘေးရှောင်များအနေဖြင့် တိုက်ပွဲပြန်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများရှိနေကြပြီး စားဝတ်နေရေး အခက်အခဲများကိုလည်း စိုးရိမ်နေကြသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်း စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိခဲ့ရာ တိုက်ပွဲများမဖြစ်ပွားတော့သည့် ကာလတွင် နေရပ်ပြန်သူများလည်းရှိခဲ့ပြီး ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်းမှစ၍ တစ်ကြော့ပြန် တိုက်ပွဲများကြောင့် ထပ်မံတိမ်းရှောင်လာသူများနှင့် ယခင်ရှိပြီးသား စစ်ဘေးရှောင်ဦးရေ ၇၀,၀၀၀ ခန့် ရှိနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီက နယ်မြေတည်ငြိမ်အေးချမ်းနေပြီဟုဆိုကာ စခန်းများကို ဖျက်သိမ်းခိုင်းပြီး စစ်ဘေးရှောင် ၅,၀၀၀ ခန့်အား ဇန်နဝါရီလမှ စတင်ကာ ဖိအားပေးပြီး နေရပ်ပြန်ခိုင်းနေသည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့နေရပ်သို့ ပြန်နေကြရခြင်းဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရခိုင်ပြည်နယ်
#စစ်ဘေးရှောင်
#စစ်ကောင်စီတပ်

👍5🤬2🔥1

👍5🥰2🤮1