Media is too big
VIEW IN TELEGRAM
BRI စီမံကိန်းအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထုတ်ပေးခဲ့တဲ့ ချေးငွေတွေပြန်လည်ရရှိရေး တရုတ် ရုန်းကန်နေရ
Watch more detail - https://youtu.be/Bb43z4oMeFE
#reels #shorts #BusinessRoundUp
#MizzimaTV

👍3😁3❤1
Media is too big
VIEW IN TELEGRAM
ကမ္ဘောဒီးယား အထည်ချုပ်ကဏ္ဍအတွက် ကုန်ကြမ်း ၈၀ ရာခိုင်နှုန်းကျော် တရုတ်နိုင်ငံမှ တင်သွင်း
Watch more detail - https://youtu.be/Bb43z4oMeFE
#reels #shorts #BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/Bb43z4oMeFE
#reels #shorts #BusinessRoundUp
#MizzimaTV
👍2🔥2😁2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်ထုတ်လွှင့်မှုများ
https://youtu.be/ND19uwjTj0g
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာ

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်ထုတ်လွှင့်မှုများ
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍15🍌1
ဧပြီလ ၁ ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရမှုအပေါ် စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်တဲ့သတင်းနဲ့အတူ မိုးညှင်း NLD အမျိုးသမီးအမတ် ထောင်ဒဏ် ၁၁ နှစ် ထပ်ပြီး ချမှတ်ခံလိုက်ရတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကာလအတွင်း ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ပြန်လည်ထူထောင်ရေးလပ်ငန်းစဉ်များနဲ့ရပ်တည်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြိးဌာန ပြည်ထောင်စုဝန်းကြီး ဒေါက်တာဇော်ဝေစိုး ကို မေးမြန်းထားတဲ့ အစီအစဉ်ထဲက ကောက်နုတ်ချက်ကို နားဆင်ရမှာပါ။
https://youtu.be/pOMTPsgSxfk
#Mizzimaradio
#Morningradio
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရမှုအပေါ် စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်တဲ့သတင်းနဲ့အတူ မိုးညှင်း NLD အမျိုးသမီးအမတ် ထောင်ဒဏ် ၁၁ နှစ် ထပ်ပြီး ချမှတ်ခံလိုက်ရတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့…

👍13😁1🥴1
"လွဲမှားနေသော ကျန်းမာရေး အယူအဆများ'' Misinformation Health Program
====================
ဒီတစ်ခါမှာတော့ အမျိုးသမီးသုံး သန့်စင်ဆေးရည်တွေက မဖြစ်မနေ သုံးဖို့လိုလားဆိုတာ အပါအဝင် ဘေးကင်းသော လိင်ကိစ္စ (Safe Sex) အကြောင်း နဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သိထားသင့်တာတွေကို“ဒေါက်တာ အမတ” က တင်ဆက်ပေးမှာပါ။
https://youtu.be/2IIeLuIw-oc
#Misinformation_Health_Program
#MizzimaTV
#reproductivehealth
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ဒီတစ်ခါမှာတော့ အမျိုးသမီးသုံး သန့်စင်ဆေးရည်တွေက မဖြစ်မနေ သုံးဖို့လိုလားဆိုတာ အပါအဝင် ဘေးကင်းသော လိင်ကိစ္စ (Safe Sex) အကြောင်း နဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သိထားသင့်တာတွေကို“ဒေါက်တာ အမတ” က တင်ဆက်ပေးမှာပါ။
https://youtu.be/2IIeLuIw-oc
#Misinformation_Health_Program
#MizzimaTV
#reproductivehealth
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
"လွဲမှားနေသော ကျန်းမာရေး အယူအဆများ'' Misinformation Health Program
ဒီတစ်ခါမှာတော့ အမျိုးသမီးသုံး သန့်စင်ဆေးရည်တွေက မဖြစ်မနေ သုံးဖို့လိုလားဆိုတာ အပါအဝင် ဘေးကင်းသော လိင်ကိစ္စ (Safe Sex) အကြောင်း နဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သိထားသင့်တာတွေကို“ဒေါက်တာ အမတ” က တင်ဆက်ပေးမှာပါ။
#Misinformation_Health_Program
#MizzimaTV
#r…
#Misinformation_Health_Program
#MizzimaTV
#r…
👍9🍌2
ပြည်သူက စစ်တဲ့ ကေအိုင်အိုအတွက် စာမေးပွဲ
======================
ကေအိုင်အိုအစိုးရထိန်းချုပ်ရာ မံစီမြို့နယ် ဒိန်ဆင်းပါကျေးရွာမှာ မြေရှားသတ္တုတူးဖော်နေကြတာကို ဒေသ ခံတွေအနေနဲ့ ကန့်ကွက်ဆန္ဒပြလာကြတာ အားလုံး အသိပင် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍16😁3
အောက်ချင်းငှက်တို့ရဲ့ တော်လှန်ရေး
========================
ထန်ချွန်းဖေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် မင်းတပ်ရဲ့ မဲဆန္ဒနယ်အမှတ် (၁) အတွက် ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရခဲ့ပါတယ်။ ပုံမှန်အတိုင်းဆို သူဟာ ပြည်နယ်လွှတ်တော်မှာ အမတ်တစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမယ့် အာဏာသိမ်းမှုနဲ့ကြုံပြီး အသက် ၃၄ နှစ်အရွယ် ထန်ချွန်းဖေဟာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ် (Mindat CDF) ရဲ့ စစ်ဦးစီးချုပ်ဖြစ်သွားပါတော့တယ်။

👍20😁3
ထိုင်းတောမီးကို အင်အားရာပေါင်းများစွာ သုံးပြီး ငြှိမ်းသတ်နေ
====================
ဘန်ကောက်မြို့မှ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ပင် မဝေးသော နေရာတွင် တောမီးလောင်ကျွမ်းနေသည်ကို ထိုင်းမီးသတ်သမားများနှင့် စစ်သား ရာပေါင်းများစွာက သောကြာနေ့တွင် အပြင်းအထန် ငြှိမ်းသတ်နေရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ဘန်ကောက်မြို့မှ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ပင် မဝေးသော နေရာတွင် တောမီးလောင်ကျွမ်းနေသည်ကို ထိုင်းမီးသတ်သမားများနှင့် စစ်သား ရာပေါင်းများစွာက သောကြာနေ့တွင် အပြင်းအထန် ငြှိမ်းသတ်နေရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1👏1
Media is too big
VIEW IN TELEGRAM
အမျိုးသမီးသုံး သန့်စင်ဆေးရည်တွေက မဖြစ်မနေ သုံးဖိုလိုလား ?
Watch more detail -
https://www.youtube.com/watch?v=2IIeLuIw-oc
#reels
#shorts
#misinformationhealthprogram
#Mizzima

👍4🍌2
မန္တလေးတွင် စစ်ကောင်စီခန့်ရာအိမ်မှုး ၁ ဦး နေအိမ်ထဲအထိဝင်ရောက်ပစ်သတ်ခံရ
=====================
007
မဇ္ဈိမ။ ။ မန္တလေးမြို့တွင် ယမန်နေ့ညနေပိုင်းက စစ်ကောင်စီခန့်ရပ်ကွက်ရာအိမ်မှုးတဦး နေအိမ်ထဲအထိဝင်ရောက် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့မတ် ၃၁ ရက်ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှုးဦးစန်းအောင်(အသက် ၅၂ နှစ်)ကို ဆိုင်ကယ်စီးလာသူ နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။
“အိမ်ထဲအထိကိုဝင်ပစ်သွားတာခမျ။ ဦးစန်းအောင်က အိမ်ထဲရှိနေတာကို သေနတ်သမားတွေကဘယ်လိုက ဘယ်လိုသတင်းကြားပြီး ဝင်ပစ်သွားလဲတော့မသိဘူး။ သူက အမြဲလိုလို ရုံးမှာနေတာများတယ်။ လေးငါးချက် ဆက်တိုက်ဆင့်ပစ်သွားတာဗျ” ဟု အဆိုပါဒေသခံကပြောသည်။
ဦးစန်းအောင်သည် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ တချက်၊ ဝဲဘက်လက်ပြင်မှကျည် ဖောက်ထွက်ဒဏ်ရာ တချက်၊ယာဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ တချက် စုစုပေါင်းဒဏ်ရာသုံးချက်ဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စစ်အုပ်စုနှင့်နီးစပ်သည့်အသိုက်အဝန်းမှ သိရသည်။
ဦးစန်းအောင်ပစ်သတ်ခံရပြီးနောက် ထွန်တုံးရပ်ကွက်ကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်များ ပစ်ဖောက်ခြောက်လှန့်ပြီး ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း ဒေသခံများကပြောသည်။
မန္တလေးမြို့တွင် မတ်လ ၂၄ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်မှ စစ်ကောင်စီခန့် အမျိုးသမီးရာအိမ်မှုးဒေါ်ညွန့်ညွန့်ဆွေ(အသက် ၅၉ နှစ်)သည် နေအိမ်ခြံဝင်းအတွင်း ပစ်သတ်ခံခဲ့ရသည်။ မတ်လ ၂၂ ရက်ကလည်း အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်မှ ရာအိမ်မှုးနှစ်ဦး လက်ဘက်ရည်ဆိုင်အတွင်း ပစ်သတ်ခံခဲ့ရသည်။
စာတည်း -မောင်ကြီး
#မန္တလေး
#စစ်ကောင်စီခန့်ရပ်ကွက်ရာအိမ်မှူး
#ပစ်ခတ်ခံရ
#ပွဲချင်းပြီးသေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
007
မဇ္ဈိမ။ ။ မန္တလေးမြို့တွင် ယမန်နေ့ညနေပိုင်းက စစ်ကောင်စီခန့်ရပ်ကွက်ရာအိမ်မှုးတဦး နေအိမ်ထဲအထိဝင်ရောက် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့မတ် ၃၁ ရက်ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှုးဦးစန်းအောင်(အသက် ၅၂ နှစ်)ကို ဆိုင်ကယ်စီးလာသူ နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။
“အိမ်ထဲအထိကိုဝင်ပစ်သွားတာခမျ။ ဦးစန်းအောင်က အိမ်ထဲရှိနေတာကို သေနတ်သမားတွေကဘယ်လိုက ဘယ်လိုသတင်းကြားပြီး ဝင်ပစ်သွားလဲတော့မသိဘူး။ သူက အမြဲလိုလို ရုံးမှာနေတာများတယ်။ လေးငါးချက် ဆက်တိုက်ဆင့်ပစ်သွားတာဗျ” ဟု အဆိုပါဒေသခံကပြောသည်။
ဦးစန်းအောင်သည် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ တချက်၊ ဝဲဘက်လက်ပြင်မှကျည် ဖောက်ထွက်ဒဏ်ရာ တချက်၊ယာဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ တချက် စုစုပေါင်းဒဏ်ရာသုံးချက်ဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စစ်အုပ်စုနှင့်နီးစပ်သည့်အသိုက်အဝန်းမှ သိရသည်။
ဦးစန်းအောင်ပစ်သတ်ခံရပြီးနောက် ထွန်တုံးရပ်ကွက်ကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်များ ပစ်ဖောက်ခြောက်လှန့်ပြီး ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း ဒေသခံများကပြောသည်။
မန္တလေးမြို့တွင် မတ်လ ၂၄ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်မှ စစ်ကောင်စီခန့် အမျိုးသမီးရာအိမ်မှုးဒေါ်ညွန့်ညွန့်ဆွေ(အသက် ၅၉ နှစ်)သည် နေအိမ်ခြံဝင်းအတွင်း ပစ်သတ်ခံခဲ့ရသည်။ မတ်လ ၂၂ ရက်ကလည်း အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်မှ ရာအိမ်မှုးနှစ်ဦး လက်ဘက်ရည်ဆိုင်အတွင်း ပစ်သတ်ခံခဲ့ရသည်။
စာတည်း -မောင်ကြီး
#မန္တလေး
#စစ်ကောင်စီခန့်ရပ်ကွက်ရာအိမ်မှူး
#ပစ်ခတ်ခံရ
#ပွဲချင်းပြီးသေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤1🔥1
Media is too big
VIEW IN TELEGRAM
မြဝတီမှာ အရောင်းပြခန်းရှိတယ်ဆိုပြီး HONDA နာမည်နဲ့
ဖေ့စ်ဘုတ်ပေ့ချ်တွေမှာ လိမ်နေကြပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်
https://www.facebook.com/MizzimaDaily/posts/6549565635078286
#Misinformation_Buster #Fake_News
#Shorts #Reels #HONDA #Showroom #မြဝတီ

👍12❤2🔥2
မတ်လ (၃၀) ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
NCA အပစ်ရပ်ခုနစ်ဖွဲ့ စစ်ကောင်စီနဲ့တွေ့ ဆုံခဲ့တယ်ဆိုတဲ့သတင်းနဲ့အတူ ခိုင်မာတဲ့ တပ်ပေါင်းစု တစ်ခုဖြစ်လာဖို့ တော်လှန်ရေး အင်အားစုတွေ စုပေါင်းဖွဲ့စည်းကြဖို့ အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရှစ်ဖွဲ့က မတ်လ ၂၈ ရက်နေ့မှာ တိုက်တွန်းလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/jzs4SsbEwyY
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
NCA အပစ်ရပ်ခုနစ်ဖွဲ့ စစ်ကောင်စီနဲ့တွေ့ ဆုံခဲ့တယ်ဆိုတဲ့သတင်းနဲ့အတူ ခိုင်မာတဲ့ တပ်ပေါင်းစု တစ်ခုဖြစ်လာဖို့ တော်လှန်ရေး အင်အားစုတွေ စုပေါင်းဖွဲ့စည်းကြဖို့ အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရှစ်ဖွဲ့က မတ်လ ၂၈ ရက်နေ့မှာ တိုက်တွန်းလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/jzs4SsbEwyY
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မတ်လ (၃၀) ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
NCA အပစ်ရပ်ခုနစ်ဖွဲ့ စစ်ကောင်စီနဲ့တွေ့ ဆုံခဲ့တယ်ဆိုတဲ့သတင်းနဲ့အတူ ခိုင်မာတဲ့ တပ်ပေါင်းစု တစ်ခုဖြစ်လာဖို့ တော်လှန်ရေး အင်အားစုတွေ စုပေါင်းဖွဲ့စည်းကြဖို့ အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့…

👍6😁1🤮1
သံမိုးတောင်ရွာကို စစ်တပ်က မီးရှို့၊ ကျေးရွာအချို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်
=====================
YT
မဇ္ဈိမ ။ ။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ သံမိုးတောင်ကျေးရွာအား ယမန်နေ့ မတ်လ ၃၁ ရက်နေ့ ည ၈ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
KNU တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ တောင်ငူ- လိပ်သို- လွိုင်ကော် ကားလမ်းမပေါ်ရှိ သံမိုးတောင်စစ်ကောင်စီတပ်စခန်းအနီး ယမန်နေ့ မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ သံမိုးတောင်ရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ရွာအား မီးရှို့ခဲ့ခြင်းဖြစ်သည်။
" စစ်ဖြစ်လို့ သူတို့လူတွေနာလာတော့ မီးစရှို့တော့တာပါပဲ။ အခုတော့ မီးငြိမ်းသွားပေမယ့် ရွာနားကပ်လို့မရသေးဘူး။ ဒေသခံတွေကတော့ ဘယ်လိုအဆင်ပြေမလဲဗျာ စစ်တလင်းထဲ " ဟု ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ဒါ့အပြင် လိပ်သိုမြို့နယ်တစ်ဝိုက်တွင် ယမန်နေ့ မတ်လ ၃၁ ရက်နေ့မှစ၍ ဖုန်းလိုင်းအချို့ ဖြတ်တောက်ခံထားရကြောင်း ဒေသခံများထံက သိရသည်။
" မိုင်တဲ (MYTEL) နဲ့ MPT ပဲမိတယ်၊ အော်ရီဒူး (Ooredoo) နဲ့ တယ်လီနော (ATOM) က မနေ့ကတည်းက ဖုန်းလိုင်းဖြတ်ခံထားရတယ် " ဟု ဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် ထုံးဘိုကြီး၊ သံမိုးတောင်၊ ဗဟုန်း၊ ကျောက်လုံးကြီး စသည့် စစ်ကောင်စီစခန်းလေးခုအား တပ်မဟာ (၂) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက်တွင် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ဗဟုန်းကျေးရွာမှ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ်လ၂၈ ရက်နေ့က ထုံးဘိုကြီးကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကာ မတ်လ ၂၉ ရက်နေ့က သပြေညွန့်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် ဒေသခံတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
"စစ်ဖြစ်တဲ့နေရာမှာတော့ စစ်ဘေးရှောင်ဆိုတာတော့ ရှိမှာပါပဲ။ စစ်ကောင်စီက ဗဟုန်းရွာကို လေယာဉ်နဲ့ ဗုံးကြဲတယ်၊ ထုံးဘိုကြီးရွာကို လက်နက်ကြီးတွေနဲ့ပစ်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်။ သပြေညွန့်ရွာမှာလည်း လက်နက်ကြီးကြောင့် ဒေသခံတစ်ယောက်သေတယ် " ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်၍ ထုံးဘိုကြီးကျေးရွာ၊ ဇလဲကျေးရွာ၊ သံမိုးတောင်ကျေးရွာ၊ ဗဟုန်းကျေးရွာ၊ ကွမ်းပင်ကျေးရွာ၊ ကျောက်လုံးကြီးကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ နေအိမ်စွန့်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယခုမီးရှို့ခံရသော သံမိုးတောင်ရွာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တပ်မဟာ (၂) KNLA ပူးပေါင်းတပ်ဖွဲ့မှ သံမိုးတောင် စစ်ကောင်စီတပ်စခန်းအား စခန်းသိမ်းတိုက်ပွဲ ပြုလုပ်စဉ်ကာလက တိုက်လေယာဉ်ဖြင့် ဗုံးကြဲခံခဲ့ရပြီး ဗုံးကြဲခံရမှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပူးပေါင်းတပ်ဖွဲ့
#သံမိုးတောင်
#စစ်ကောင်စီတပ်စခန်း
#စခန်းသိမ်းတိုက်ပွဲ
#သံတောင်ကြီးမြို့နယ်

🤬9👍3😢2🔥1😁1
အောင်မင်္ဂလာကားဝင်းရှိ ဂိတ်အမှတ်(၂) အနီးတွင် အဝေးထိန်းမိုင်းဖောက်ခွဲခံရ၊ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိဟုဆို
❤8👍1😁1

==================
ဂန္ဒမာ
(မဇ္ဈိမ)။။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီး၊ အောင်မင်္ဂလာကားဝင်းရှိ ဂိတ်အမှတ် (၂) အနီးတွင် ယနေ့ ဧပြီ ၁ ရက် နံနက်ပိုင်းက အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲခံရရာမှ ရဲနှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အဖွဲ့ထံမှသိရသည်။
“ဖြစ်စဉ်ကတော့ အောင်မင်္ဂလာအဝေးပြေးဝင်းအနီးမှာရှိတဲ့ ဂိတ်ပါဗျ၊ စစ်တပ်ဂိတ်ကို ကျွန်တော်တို့ ခွဲလိုက်တာပါဗျ။ ပုံမှန်ဆိုရင် သူတို့ ကားတွေကိုစောင့်ဖမ်းတယ်။ များသောအားဖြင့် ဘယ်ညာ လူခွဲပြီး ရဲရော၊ စစ်သားရော၊ တစ်ခါတစ်လေ မော်တော်ပီကယ်(ယာဉ်ထိန်းရဲ)ပါ ပါတယ်ဗျ။ သူတို့လျှောက်စစ်ပြီး ပိုက်ဆံတောင်းတယ်။ ဒီနေ့တိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိပါတယ်ဗျ။ ရဲနှစ်ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။ တစ်ဦးကတော့ စည်ပင်ရဲလို့ ပြန်ကြားရပါတယ်ဗျ။” ဟု တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် God’s Hand Forces အဖွဲ့မှ တာဝန်ခံ ဆရာကျောင်းက မဇ္ဈိမကို ဖြေကြားသည်။
တိုက်ခိုက်မှုပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ Yangon UG Association (YUA) ၏ အသက်လျော်ကြေးစစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအနေနဲ့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ လူစည်ကားသည့်နေရာတွင် တိုက်ခိုက်မှုပြုလုပ်ရသည်ဖြစ်သောကြောင့် အခက်အခဲများရှိကြောင်းလည်း ပြောသည်။ အခင်းဖြစ်ပြီးနောက် တိုက်ခိုက်မှုဖြစ်ပွားရာနေရာအနီး အမှတ် (၃) လမ်းမကြီးအား လမ်းနှစ်ဖက်လုံးပိတ်ထားကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ပြောသည်။
God’s Hand Forces အပါအဝင် Yangon UG Association(YUA) သည် မြို့ပြ၌ အသက်လျော်ကြေးစစ်ဆင်ရေးများ ထပ်မံဆောင်ရွက်ဖို့ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ကိုယ်ချင်းစာတရားအပြည့်ဖြင့် စစ်ကောင်စီပြုလုပ်မည့် သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခြင်း မပြုလုပ်ခြင်းဖြင့် မြို့ပြပြောက်ကျားများကို ကူညီအားဖြည့်ပေးဖို့ God’s Hand Forces အဖွဲ့မှ တောင်းဆိုခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzimatv
#မင်္ဂလာဒုံမြို့နယ်
#မြို့ပြပြောက်ကျား
#အသက်လျော်ကြေးစစ်ဆင်ရေး
#အောင်မင်္ဂလာကားဝင်း

👍18😁1🥴1
မူဆယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး
======================
ဂျူချန်း
မဇ္ဈိမ။။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဂိတ် တိုက်ခိုက်ခံရပြီး ပြည်သူ့စစ် နှစ်ဦး သေဆုံးကာ ဂိတ်ထဲရှိ လက်နက်များလည်း သိမ်းယူခံလိုက်ရကြောင်း သိရသည်။
မူဆယ်မြို့ သိန်းသန်းချီကားကွင်း အဝင်ဂိတ် ကင်းတဲမှ ပြည်သူ့စစ်အဖွဲ့ကို ယမန်နေ့ မတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် လူအချို့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံမှ သိရသည်။
“ပစ်ခံရတာတော့ လုံထန်အဖွဲ့(လုံထန်ပြည်သူ့စစ်အဖွဲ့)။ သိန်းသန်းချီကားဝင်းရဲ့ အဝင်ပေါက် ပိုက်ဆံကောက်တဲ့ဂိတ်မှာ ပစ်ခတ်သွားတာပါ။ နှစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ်။ ပစ်ခတ်ပြီးတော့ အဲ့ဒီအထဲကနေ လက်နက်လည်း သူတို့ ရသွားကြတယ်ဗျ။ ပစ်ခတ်တဲ့သူက ကျနော်တို့မြင်တာ သုံးယောက်။ ကားက ရွှေငါးနဲ့။ ဂိတ်ထဲမှာရှိတဲ့ ပြည်သူ့စစ်တွေက ပြန်မပစ်နိုင်လို့ လက်နက်တောင် ပါသွားသေးတယ်” ဟု မူဆယ်မြို့မှ ဒေသခံတဦးက မဇ္ဈိမ ကိုပြောသည်။
အဆိုပါ ပစ်ခတ်မှုတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး အရပ်သားနှစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရကြောင်း သိရသည်။ ပစ်ခတ်မှုအား မည်သည့်အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကို မဇ္ဈိမမှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ငါးဖွဲ့ရှိပြီး ၎င်းတို့သည် လောင်းကစားရုံများနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများကို အထောက်အပံ့ပြုလုပ်ပေးနေကြောင်း ဒေသခံများကပြောသည်။
“လက်နက်ကိုင်ပြီးတော့ မူးယစ်ဆေးဝါးတွေ လောင်းကစားတွေ ဂိတ်တွေနဲ့ လောင်းကစားရုံတွေမှာ နေရာဝင်ယူနေကြတဲ့ ပြည်သူ့စစ်တွေအများကြီးပါပဲ။ ပြည်သူ့စစ်လို့သာ နာမည်ခံတယ်ပေါ့နော့်။ ပြည်သူအတွက်မဟုတ်ပါဘူး” ဟု အဆိုပါ မူဆယ်ဒေသခံက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင်လည်း အဆိုပါ သိန်းသန်းချီ ကားကြီးကွင်းထဲရှိ ကမ္ဘောဇဘဏ်(၃) အား အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်သုံးဦး သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။
စာတည်း - မောင်ကြီး
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မူဆယ်မြို့
#ပြည်သူ့စစ်အဖွဲ့
#တိုက်ခိုက်ခံရ

👍17🔥1👏1🥴1
မိုင်းဖုန်းဆရာတော်၏ ပူတာအို ခရီးစဉ်အတွက် ယာယီတဲများ ပြင်ဆင် (ပုံသတင်း)
===================
မဇ္ဈိမ
မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ၏ ကချင်ပြည်နယ် ပူတာအိုခရီးစဉ်အတွက် လမ်းတလျှောက်တွင် ယာယီတဲများ ပြင်ဆင်နေသည့် မြင်ကွင်းများ ဖြစ်သည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာ အုပ်စု၊ ဆွတ်ဆိုင်ကျေးရွာရှိ လွယ်ယွန်းခမ်းတောင်ပေါ်တွင် သီတင်းသုံး နေထိုင်တော်မူသည့် မိုင်းဖုန်းဆရာတော်သည် မြစ်ကြီးနားမြို့နှင့် ပူတာအို ဒေသသို့ ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိမှာ မိုင်းဖုန်းဆရာတော် ကြွရောက်မည့် ရက်ကို တိတိကျကျ မသိရသေးသော်လည်း ယခုဧပြီလ ဒုတိယပတ်တွင် ကြွရောက်မည်ဟု သိရကြောင်း ဆရာတော်၏ တပည့်ဒါယကာများက ပြောသည်။
ဆရာတော်သည် မြစ်ကြီးနားမြို့တွင် တရားဒေသနာကို နှစ်ရက်ခန့် ဟောကြားမည်ဖြစ်ပြီး ယင်းနောက် ပူတာအိုဒေသသို့ ဆက်လက်ကြွရောက်မည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်ဒါယကာတစ်ဦးက ပြောသည်။
#ပူတာအို
#မြစ်ကြီးနား
#ကချင်ပြည်နယ်
#မိုင်းဖုန်းဆရာတော်
#mizzimatv
ဓာတ်ပုံ- CJ

👍3👏1