Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်မှလက်နက်ကြီးဖြင့်ပစ်ခတ်၍ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

YT
မဇ္ဈိမ။ ။KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်)တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက် ကြီးဖြင့်ပစ်ခတ်၍ တစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မူတြော်သတင်းစဉ်မှ ယမန်နေ့က ထုတ်ပြန်ထားသည်။
ဧပြီလ ၁ ရက်နေ့ ည ၇ နာရီ ၁၃ မိနစ်တွင် မထောကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ် သော လက်နက်ကြီးကျည်နှစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒွယ်လိုးမြို့နယ်၊ ထီးသဘလူထာကျေးရွာ အုပ်စု၊ ဖွေးထော်ရူကျေးရွာတွင် နေထိုင်သည့် အသက် ၇၂ နှစ်အရွယ်ရှိ နော်မဆွေသန်းသည် ဦးခေါင်း ကြေမွဒဏ်ရာဖြင့် နေရာ၌ပင် သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့ပြင် အဆိုပါ လက်နက်ကြီးကျည်များထိမှန်၍ ဖွေးထော်ရူကျေးရွာမှ စောသန်းဝင်း၊ နော်မူဆာနော၊ အသက် ၅ နှစ်အရွယ်ရှိ စောဖလယ်စေးနှင့် အသက်နှစ်လအရွယ်ရှိ နော်ဟဲညောဖိုး၏ ခန္ဓာကိုယ်အနှံ့တွင် ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။
😢11🤬4👍2🔥2🥴1
“၂၀၂၃ ခုနှစ်အစောပိုင်းမှစတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်များက အပြစ်မဲ့ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်အား အကြောက်တရားဖြင့်ခြိမ်းခြောက်ကာ တမင်ရည်ရွယ် သတ်ဖြတ်မီးတင်ရှို့လျက် ရှိနေကြောင်း” ဟု မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNU မူတြော်ခရိုင်မှ ထုတ်ပြန်ခဲ့သော စစ်တမ်းများအရ မတ်လအတွင်းက မူတြော်ခရိုင်တွင် စစ်ကောင်စီ တပ်ဖွဲ့၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#KNU
#ဖာပွန်ခရိုင်
#မူတြော်သတင်းစဉ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🤬3🔥2😁1
နတ်တလင်းမြို့နယ်ရှိ ကြက်မနက်ကျေးရွာတိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် ညီအစ်ကို ကျဆုံး

ရွှေနွယ်
မဇ္ဈိမ။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကြက်မနက်ကျေးရွာတိုက်ပွဲတွင် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်မှ PDF ညီအစ်ကိုနှစ်ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
ကြက်မနက်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များမှ ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပိတောက်ဖြူစစ်ဆင်ရေးအဖြစ် သွားရောက် တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ပြီး MA-3 သေနတ်တစ် လက်၊ ကျည် ၂၀ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ပဲခူးတိုင်းစစ်ရေးသတင်း ပြန်ကြားရေးစာမျက်နှာ Bago Region PDF မှ ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ဘက်ကတော့ Phoenix-DF သာယာဝတီခရိုင်တပ်ရင်း(၃၈၀၁) တပ်ခွဲ(၂) က ရဲဘော်နှစ်ဦး ကျပါတယ်၊ ညီအစ်ကိုအရင်းပါ။ မနေ့က သူတို့နာရေးလုပ်တယ်။ မိဘတွေကတော့ တက်သူကတက်၊ မေ့သူကမေ့ပေါ့” ဟု နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
😢16👍3🔥2👏1😁1
ကြက်မနက်စခန်းတွင် စစ်ကောင်စီတပ်အင်အား ၁၉ ဦး ခန့်ရှိပြီး မတ်လအတွင်းက ရွာသားများကို သစ်၊ ဝါးများရှာခိုင်းကာ ကတုတ်ကျင်းများ၊ ဘန်ကာများဆောက်လုပ်၍ အခိုင်အမာတပ်စွဲထားခြင်းဖြစ်သည်။
အဆိုပါစစ်ကောင်စီတပ်သည် လွန်ခဲ့သည့်နှစ်လခန့်ကတည်းက တောင်ညိုဆည်မှတဆင့်တက်သွားသော စစ်ကြောင်းဖြစ်သည်ဟု ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
ကြက်မနက်ရွာသည် တောင်ညိုဆည်အထက်ပိုင်းတွင် တည်ရှိပြီး ဧပြီလ ၁ ရက်နေ့တွင် သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၁)မှ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)၊ ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)မှ တပ်ခွဲ (၅)၊ တပ်စု(၂)နှင့် ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)ပူးပေါင်းတပ်ဖွဲ့များက ပိတောက်ဖြူစစ်ဆင်ရေးအဖြစ် ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီလ ၁ ရက် ည ၁၂ ခန့်တွင် စစ်ကောင်စီအင်အား ၁၂ ဦးခန့်သည် ကြက်မနက် ရွာစခန်းသို့ ပူးပေါင်းလာကြောင်းသိရသည်။
ထို့ပြင် ပေါင်းတည်မြို့ဘက်မှ အင်အား ၃၅ ဦးခန့်ပါထပ်တိုးလာကာ နတ်တလင်းမြို့တွင် အင်အားထပ် ဖြည့်ထားသည်ဟု နတ်တလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ၏ ပြောပြချက်အရသိရသည်။
စာတည်း။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#နတ်တလင်း
#ကြက်မနက်ကျေးရွာ
#ဘန်ကာ
#တိုက်ခိုက်
#PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2👏2💔1
This media is not supported in your browser
VIEW IN TELEGRAM
မုံရွာတွင် သာစည်အကျဉ်းထောင်မှ လုံခြုံရေး ၂ ဦး အနီးကပ်ပစ်ခံရပြီး သေဆုံး

#Mizzima #စစ်ကိုင်းတိုင်း
#မုံရွာမြို့နယ် #သာစည်အကျဉ်းထောင်
#ပစ်ခတ်မှု
👍22❤3🔥2👏1🥱1
ဧပြီလ (၃) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

01:02− မြန်မာနိုင်ငံရေး အဖြေရှာနိုင်ဖို့ မြန်မာကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ရမှာဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ပြောကြားလိုက်တဲ့သတင်း

03:59− Project DragonFly ကရတဲ့ ဒေါ်လာ (၁.၄) သန်းကို လေကြာင်းရန်ကာကွယ်ဖို့အတွက် အသုံးပြုနေတယ်လို့ NUG အသိပေးလိုက်တဲ့သတင်း

06:28− မီးခိုးမြူညစ်ညမ်းမှု အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းဖို့အတွက် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ထိုင်းတိုက်တွန်းလိုက်တဲ့သတင်း နဲ့

12:48 − ဆွစ်ဇာလန်မှာ မုန်တိုင်းကြောင့် ရထားနှစ်စင်းလမ်းချော်ခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိသွားတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/XeS9oQPKnFM
👍5🔥2🍌2
မဇ္ဈိမရေဒီယိုရဲ့ညနေပိုင်းအစီအစဉ်Frequencyပြောင်းလဲထုတ်လွှင့်နေပြီဖြစ်တဲ့အကြောင်းကိုသတင်းပေးချင်ပါတယ်

ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ ယခု လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မဇ္ဈိမရေဒီယို ပရိတ်သတ်များအားအသိပေးလိုက်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/ToTgDEmgHmY
👍8😁1🤮1
မန္တလေးတွင် ငွေလဲရန်လာသည့်အမျိုးသမီးကိုသတ်ပြီး ငွေကျပ်သိန်း ၂၀၀ လုယူထွက်ပြေး

007
မဇ္စျိမ။ ။မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူက ငွေလဲရန်လာသူကို သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၂၀၀ လုယူထွက်ပြေးသွားသည့်ဖြစ်စဉ် ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ အကွက်အမှတ်(၁၄၆)၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြားရှိ အိမ်တစ်အိမ်၌ ငွေလဲလုပ်ငန်းလုပ်ကိုင်သူအမျိုးသားက ငွေလဲရန်လာရောက် သည့် အမျိုးသမီးကို သတ်ဖြတ်ကာ ငွေများလုယူ ထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရသည်။
အခင်းဖြစ်နေအိမ်အား ငှားရမ်းပြီး Online ငွေလဲလုပ်ငန်းလုပ်ကိုင်နေသည့် ဦးအောင်နိုင်ဝေဆိုသူက အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်ကာ ငွေလဲရန်ရောက်လာသည့် တစ်မြို့နယ်ထဲနေသူ အမျိုးသမီးအား ကြိုး ဖြင့်တုပ်ကာ ဓားဖြင့်ထိုးသတ်ပြီး ငွေကျပ် သိန်း ၂၀၀ နှင့် Scoopy အမျိုးအစားဆိုင်ကယ်ကိုပါ လုယူထွက် ပြေးသွားခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
👍9🤬4😁1😢1
“အောင်နိုင်ဝေက ပုသိမ်ကြီး ကုန်းတန်းမှာနေတာ၊ အခုဖြစ်တဲ့နေရာက ငှားနေတာပါ။ အဲဒီမှာငှားနေပြီး တရား မဝင်ငွေလဲ လုပ်နေတာ၊ ငွေသားနဲ့ Kpay လဲတာတို့ဘာတို့ပေါ့ဗျာ၊ အဲဒါအမျိုးသမီးက ငွေလဲဖို့ လာတဲ့အချိန်မှာ ကြိုးနဲ့တုပ်သတ်ပြီး ငွေယူထွက်ပြေးတာ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
အသတ်ခံရသည့်အမျိုးသမီးသည် အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်မှ အသက် ၃၇ နှစ်အရွယ် မ.....ဆိုသူဖြစ်ကြောင်း၊ ဓားဖြင့်ထိုးခုတ်ခံရမှုကြောင့် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဘယ်ဘက်ပါးစောင် ပေါက် ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ထုတ်ပြန် သည့် သတင်းများအရ သိရသည်။
“အွန်လိုင်းကနေ ငွေသားဘယ်လောက်ရှိတယ်၊ Kpay နဲ့လဲမယ်၊ ဘယ်လောက်ရာခိုင်နှုန်းဆိုပြီး ပို့စ်တင် တယ်၊ တကယ်အမှန်အကန် လုပ်စားကြသူလည်းရှိသလို၊ လိမ်လည်မှုတွေလည်း တွေ့ရတယ်၊ မကြာ မကြာ ကြားနေရတယ်၊ အခုကိစ္စမှာလည်း ကောင်မလေးဆီက ငွေသားသိန်းနှစ်ရာယူမယ်၊ Kpay ထဲ ပြန် ထည့်ပေးမယ်ဆိုပြီး ချိန်းကြတယ်ထင်ပါတယ်၊ ကိုယ့်ပိုက်ဆံကိုယ် အချိန်မရွေးပြန်ထုတ်ခွင့်မရတဲ့ နောက် ဆက်တွဲဆိုးကျိုးတွေပေါ့ဗျာ” ဟု မြို့ခံစီးပွားရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ပြည်တွင်းပုဂ္ဂလိကဘဏ်များအပါအဝင် တရားဝင် ငွေလဲ၊ ငွေလွှဲလုပ်ငန်းများအား စည်းကမ်းတင်းကျပ်ခဲ့ရာမှ တရားမဝင်ငွေလဲ၊ ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်လာ ခြင်းဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#အောင်မြေသာစံမြို့နယ်
#ငွေလဲလုပ်ငန်း
#သတ်ဖြတ်မှု
#လုယက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2
ဖယ်ခုံတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရ

ဂျူချန်း
မဇ္ဈိမ။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ မိုးဗြဲကျေးရွာအုပ်စု အရှေ့ဘက်ကမ်းကျေးရွာများသို့ စစ် ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးကာ ငါးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း KNDF-B3 ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧပြီလ ၂ ရက် နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ ခမရ(၄၂၂)မှ မိုးဗြဲအရှေ့ဘက်ကမ်းရှိ ကျေးရွာ များသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးကျည် ၅၀ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
🤬7👏2❤1
အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၀ အရွယ်ခန့် ပြည်သူတစ်ဦး ပွဲချင်း ပြီးသေဆုံးခဲ့ကာ ငါးဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျေးရွာတွင်းရှိ ဘုရားကျောင်းတစ်ကျောင်းနှင့် လူနေအိမ်များလည်း လက်နက်ကြီးကျည် ထိမှန် သဖြင့်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်က ဖယ်ခုံအရှေ့ဘက်ကမ်းသို့ ယင်းနေ့ ည ၁၀ နာရီဝန်းကျင်တွင် ခမရ(၄၂၂)မှ လက်နက် ကြီးဖြင့် ဆက်လက်ပစ်ခတ်ခဲ့ရာ ကျေးရွာတွင်းသို့ လက်နက်ကြီးကျည် ၁၀ လုံးထက်မနည်း ကျရောက် ခဲ့ပြီး ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေရကြောင်း ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်မှ သိရသည်။
အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကရင်နီပြည် နယ်တွင် တိုက်ပွဲပေါင်း ၆၅၀ ကြိမ်ဖြစ်ပွားခဲ့ရာ ဘာသာရေးအဆောက်အဦး ၃၃ လုံး၊ နေအိမ် ၁၄၇၃ လုံး ပျက်စီးခဲ့ပြီး ဒေသခံ ၃၁၃ ဦးသတ်ဖြတ်ခံရကာ စစ်ဘေးဒုက္ခသည် ၁၃၄ ဦး သေဆုံးခဲ့ရကြောင်း တိုးတက် သောကရင်နီပြည်သူ့အင်အားစု(PKPF) က ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ရှမ်းပြည်နယ်
#ဖယ်ခုံမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6❤2😁2