Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သထုံတွင် လက်နက်ကြီးထိမှန်၍ ဆယ်ကျော်သက် လူငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ
====================

YT
(မဇ္ဈိမ) ။ ။ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ သထုံမြို့နယ်တွင် စစ်ကောင်စီအထိုင်တပ်ရင်းမှပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီနှင့် ၈ နာရီ ၃၀ ကြားတွင် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား၌ KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် ထိုထိတွေ့တိုက်ပွဲ များအတွင်း သထုံမြို့နယ်၊ ဝင်းပအခြေစိုက် ခမရ (၉) စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့ရာ ချောင်းစောင့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခြင်းဖြစ် ကြောင်း KNU/ KNLA တပ်မဟာ (၁)၊ တပ်ရင်း(၁)က ထုတ်ပြန်သည်။

ထိခိုက်ဒဏ်ရာရသူနှစ်ဦးမှာ သထုံမြို့နယ်၊ ချောင်းစောင့်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် စောချာလီးကီး နှင့် အသက် ၁၆ နှစ်အရွယ် စောဖားလေဒေးတို့ဖြစ်ပြီး ညာဘက်ဒူးခေါင်းနှင့် ညာဘက်ပေါင်တွင် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ ကလေးနှစ်ယောက် ဒဏ်ရာရတာဟုတ်ပါတယ်၊ နေ့တိုင်းလိုလို ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်နေ တာ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

မတ်လအစောပိုင်းမှစ၍ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများရှိသဖြင့် သထုံမြို့နယ်ရှိ ကျုံမှိန်ရွာ၊ ချောင်းစောင့်ရွာများမှ ဒေသခံအချို့ သည် ကျေးရွာအတွင်းမနေရဲဘဲ စစ်ဘေးရှောင်နေကြရသည်။
ထို့ပြင် စစ်ဘေးရှောင်များ တိမ်းရှောင်နေသောနေရာအထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ကြောင်းလည်း ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“မတ်လတုန်းက လက်နက်ကြီးကျည်ထိလို့ ကလေးနှစ်ယောက်သေပြီးကတည်းက ရွာတွေထဲကို လက် နက်ကြီးတွေနဲ့ ပစ်တာ၊ ဘယ်သူမှ ရွာထဲ ပြန်မဝင်ရဲဘူး၊ ဒေသခံတွေ စစ်ဘေးရှောင်နေတဲ့နေရာကိုလည်း လက်နက်ကြီးနဲ့ ပစ်ချတယ်၊ အဲ့ဒီမှာတော့ အထိအခိုက်တော့ မရှိသေးပါဘူး” ဟု ဒေသခံတစ်ဦးက ပြော သည်။

ယင်းအပြင် ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြား စောင့်တပ်(BGF)များသည် ကားနှစ်စီးဖြင့် ဓါတ်ကျိုက်ဂူအနီးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဝင်းဖုန်းကျေရွာ အနီးရှိ လယ်တောအတွင်းကျရောက် ပေါက်ကွဲခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် လယ်ထဲတွင် စပါးရိတ်သိမ်းနေသော အသက် ၆၆ နှစ်အရွယ် ဝင်းဖုန်းရွာ ဒေသခံ စောတာဟော်၏ ညာဘက်လက်မောင်းတွင် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#သထုံ
#လက်နက်ကြီးထိမှန်
#KNU
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬5🔥1
SOF မှ အထူးစစ်ဆင်ရေးသင်တန်း လေ့ကျင့်ရေးအပိုင်း (၁) ဗီဒီယိုဖိုင် ထုတ်ပြန်
====================

YT
မဇ္ဈိမ။ ။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂)စစ်ဒေသ၊ အထူး စစ်ဆင်ရေးတပ်ဖွဲ့(SOF)၏ အထူးစစ်ဆင်ရေးသင်တန်း လေ့ကျင့်ရေးအပိုင်း(၁)ဗီဒီယိုဖိုင်အား ဧပြီလ ၃ ရက်နေ့ ညပိုင်းတွင် NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အထူးစစ်ဆင်ရေး လေ့ကျင့်ရေးသင်တန်းသည် အခြေခံစစ်ပညာသင်တန်းပြီးစီး၍ သက်မှတ်ထားသော အရည်အချင်းပြည့်မီမှ တက်ရောက်ခွင့်ရသောသင်တန်းဖြစ်ကြောင်း SOF တာဝန်ရှိသူကပြောကြားသည်။

“အခြေခံသင်တန်း ၄၅ ရက်ပြီးတဲ့အချိန်မှာ ပထမဆုံး Physical Test (ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှု) လုပ် တယ်။ အဲဒီမှာ နည်းနည်းအားနည်းတဲ့ ရဲဘော်တွေကတော့ အခြေခံသင်တန်း ၄၅ ရက်မှာပဲ ပြီးပါတယ်။ သူတို့ကျတော့ ပုံမှန် ခြေမှုန်းရေးသမားတွေပေါ့။ ဒီစမ်းသပ်မှုတွေကိုအောင်မြင်တဲ့ ရဲဘော်တွေအနေနဲ့ တော့ အထူးစစ်ဆင်ရေးသင်တန်း တက်ရောက်ခွင့်ရပါတယ်” ဟု ဆိုသည်။

အထူးစစ်ဆင်ရေးလေ့ကျင့်ရေးသင်တန်းသည် ယခင်သင်တန်းအပတ်စဉ်များတွင် ငါးလကျော်ကြာမြင့်ခဲ့ သော်လည်း နောက်ပိုင်းတွင် သုံးလကျော်လေးလအတွင်းပြီးစီးအောင် လိုအပ်သည်များအား သင်ကြား၊ လေ့ကျင့်ပေးကြောင်း သိရသည်။

“အထူးစစ်ဆင်ရေးသင်တန်းမှာတော့ ကိုယ်ကာယပိုင်းနဲ့ အခြားလိုအပ်တဲ့ဘာသာရပ်တွေအလိုက် ထပ်ပြီး သင်ပါတယ်”ဟု SOF တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။ အခြားလေ့ကျင့်ရေး မှတ်တမ်းများအား အပတ် စဉ်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)သင်တန်းသည် အမေရိကန်မရိန်းတပ်မှ တပ်ဖွဲ့ဝင်ဟောင်း သင်တန်းဆရာ များ၊ KNU မှ သင်တန်းဆရာများမှ အထူးကွန်မန်ဒို၊ အထူးလက်ဖြောင့်၊ မြို့ပြစစ်ဆင်ရေးနှင့် ဆေးဝါးကုသ ခြင်းသင်ခန်းစာများအား သင်ကြားပို့ချပေးသော စစ်ဆင်ရေးသင်တန်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သင်တန်းအပတ်စဉ် (၄) အား သင်တန်းသား ၉၀ ဦး ဖြင့် သင်တန်းဆင်းခဲ့ကြောင်း သိရသည်။

https://youtu.be/kF72GwcF4pE

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#SOF
#အထူးစစ်ဆင်ရေး
#စစ်သင်တန်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18❤4🔥2😁2👏1
မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲဖြစ်နိုင်၍ လမ်းပိုင်း ၂ ခုအသုံးမပြုရန် PDF သတိပေး
===================

တနင်္သာရီမြို့နယ်တွင် စစ်ရေးများတင်းမာနေပြီး မြိတ်-ဘုတ်ပြင်းပြည်ထောင်စုလမ်းမ ကြီးပေါ်၌ အချိန်မရွေးတိုက်ပွဲများ ဖြစ်ပေါ် နိုင်သဖြင့် ဒေသတွင်း လမ်းပိုင်းနှစ်ခုကို အသုံးပြုခွင့် ယနေ့မှစ၍ တားမြစ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း-၂သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

မြိတ်မြို့နယ်ကြေးနန်းတိုင်တံတားမှ စ၍ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနှင့် ထုံခါ- မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်း သွားလာခြင်းတို့အား ယနေ့(ဧပြီလ ၃ရက်)မှစတင်၍ တားမြစ်လိုက်ခြင်းဖြစ်သည်။

" ဤသတိပေးချက်သည်အများပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ထုတ်ပြန်ခြင်းဖြစ်ပြီး အလေးထားလိုက်နာကြရန်နှင့် မိမိတို့တော်လှန်ရေး အဖွဲ့အစည်းများမှ ပြန်လည်မရုတ်သိမ်းမီအချိန်အထိ အတည်ဖြစ်သည်"ဟုဖော်ပြထားသည်။

"သတိပေးချက်တွေကိုလိုက်နာပေးကြပါ။ စစ်ကောင်စီကလည်း အရပ်သားတွေနဲ့ ရောနှောပြီး လိုက်လာတာတွေရှိသလို မြေပြင်မှာလည်း တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့်ပါ" ဟု ဟုမြိတ်ခရိုင် တပ်ရင်း (၁)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဒေသတွင်း စစ်ရေးတင်းမာနေ၍ ပြည်ထောင်စုလမ်းတွင်ခရီးသွားလာခွင့် တားမြစ်ထားစဉ် ခရီးသည်တင်ကားတစ်စီးအားဧပြီလ ၁ ရက်နေ့ ည ၈ နာရီခန့်က မှားယွင်းပစ်ခတ်မှု ဖြစ်ခဲ့သည်။

တိုက်ပွဲများဖြစ်ပွားနေ၍ ပြည်ထောင်စုလမ်းတွင် ဖြတ်သန်းသွားလာခြင်းလုံးဝ မပြုလုပ်ရန် ဧပြီ ၁ ရက် ညနေ၄ နာရီကျော်တွင်သတိပေးခဲ့ပြီး စစ်ကောင်စီတပ်ကစစ်ကူလာမည်ံဟုသတင်းရ၍ စောင့်ဆိုင်းနေစဉ် ည ၈ နာရီခန့်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသတိပေးချက်ထုတ်ပြီးနောက် ယခုအခါပြည်ထောင်စုလမ်း၏ မြိတ်-ဘုတ်ပြင်းလမ်းပိုင်းကို အသုံးမပြုရန် ယနေ့သတိပေးလာခြင်းဖြစ်သည်။

ရန်ကုန် − ကော့သောင်းပြေးဆွဲနေတဲ့ မြတ်မန္တလာထွန်း ခရီးသည်တင်ကားကို မှားယွင်းပစ်ခတ်မိတဲ့အပေါ် တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အနူးအညွှတ်တောင်းပန်ထားသည်။

ပစ်ခတ်မှုဖြစ်ပွားချိန်ဟာ အရပ်သားပြည်သူတွေသွားလာချိန်မဟုတ်သလို ကားကို ရပ်ဖို့ သတိပေး ပစ်ခတ်ချိန်မှာ မရပ်တဲ့အတွက် စစ်ကောင်စီတပ်အသွင်ယူသွားလာကြောင်းယူဆကာ မှားယွင်းပစ်ခတ်မိခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရှင်းလင်းထားသည်။

ပစ်ခတ်ခံရတဲ့ မြတ်မန္တလာထွန်းကားဟာ ခရီးသွား ၁၆ ဦးလိုက်ပါလာတယ်လို့သိရပြီး အမျိုးသမီး ၁ဦးနဲ့ အသက်၆ နှစ်အရွယ် မိန်းကလေး ၁ ဦးတို့သေဆုံးကာ ဘုန်းကြီး ၂ ပါး၊ ယာဉ်မောင်းနဲ့ ခရီးသွားအမျိုးသားတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

https://youtu.be/uu0VjBt53Jc

#PolitiecalNews
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥2😁1
This media is not supported in your browser
VIEW IN TELEGRAM
April - 4 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews
#mizzimanewshour
#reels
#shorts
👍4😁1🤮1
တော်လှန်သွေးမအေးကြစေရန် ကြို့ပင်ကောက် ဗကသများအဖွဲ့က လက်ကမ်းစာစောင်ဖြန့်ဝေ
👍10❤6🤮1🥴1
တော်လှန်သွေးမအေးကြစေရန် ကြို့ပင်ကောက် ဗကသများအဖွဲ့က လက်ကမ်းစာစောင်ဖြန့်ဝေ
=======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် မြို့နေပြည်သူများ တော်လှန်သွေးမအေးကြစေရန် ရည်ရွယ်ပြီး ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဧပြီလ ၃ ရက်နေ့တွင် အိုးဝေစာစောင် အတွဲ(၂) အမှတ်(၁၂) ကို ပြည်သူလူထုထံသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

“တော်လှန်အသိက လူတိုင်းနီးပါးမှာ ရှိနေပါသေးတယ်။ ဒါပေမယ့် အခြေအနေအရ စားဝတ်နေရေး ကြောင့်ရယ် ရန်သူဘက်က ဖိထားတာကြောင့်ရယ်သာ မလုပ်ရဲကြတာပါ။ ဒါကြောင့် ပြည်သူတွေ တော်လှန်သွေးမအေးစေဖို့ ရည်ရွယ်ပြီး ဗကသများအဖွဲ့ချုပ်က ထုတ်တဲ့စာစောင်လေးတွေ မျှဝေပေး တာပါ၊ ရွာတွေဘက်မှာ အဓိကဖြန့်ဝေခဲ့ပါတယ်" ဟု ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ−ဗကသများ အဖွဲ့ချုပ်က မဇ္ဈိမကို ပြောသည်။

ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီတပ်များမှ လုံခြုံရေးတင်းကြပ်ပြီး ပြည်သူများအပေါ် ဖိနှိပ်ထား သဖြင့် စစ်အာဏာဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ရန် အခက်အခဲ ရှိနေကြကြောင်း သိရသည်။

“ဒီမှာက Facebook တင်ရင်တောင် ဖမ်းတယ်၊ ရှေ့မှာလဲ မနည်းမနောပဲဗျ၊ ဖမ်းပြီးပြန်လွှတ်လိုက်တာ တွေ၊ ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးတယ်” ဟု ကြို့ပင်ကောက် ဗကသများအဖွဲ့က ပြောသည်။
ကြို့ပင်ကောက်မြို့နေ ပြည်သူများအနေဖြင့် သွေးမအေးကြဘဲ နိုင်ရာဝန်ထမ်းကာ နိုင်သည့်ဘက်မှ ကူညီ ပေးကြရန်နှင့် လူတစ်ဦး၊ တစ်ဖွဲ့တည်းတွန်းခြင်းထက် ပြိုင်တူတွန်းခြင်းက ရှေ့သို့ပိုရောက်နိုင်ကြောင်း လည်း ကြို့ပင်ကောက် ဗကသအဖွဲ့က ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ကြို့ပင်ကောက်
#ဗကသ
#လက်ကမ်းစာစောင်ဖြန့်ဝေ
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤5😁1🤮1
​​အင်းတော်ဒေသခံကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချ
=====================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာနေ လူငယ်တစ်ဦးကို PDF ဟုစွပ်စွဲ ဖမ်းဆီးကာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း Indaw Revolution- IR အဖွဲ့ထံမှ သိရသည်။
အင်းတော်မြို့၊ နတ်မဟုတ်ကလေးရွာမှ ကိုအေးမင်းထွန်းကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ဧပြီလ ၃ရက်နေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

" သူ့ကို သူ့ရွာမှာဖမ်းတာမဟုတ်ဘူးဗျ။ နားရခေါင်ရွာမှာဖမ်းတာ။ သူက PDF တွေလာရင်ထမင်းကျွေးတယ်။ ရိက္ခာတွေပို့ပေးတယ်။ အဲ့ဒီစွဲချက်တွေနဲ့ဖမ်းတာပါ၊ သူက PDF တပ်ဖွဲ့ဝင် မဟုတ်ဘူးဗျ။ သူကလူငယ်ဆိုတော့ PDFကို ထောက်ခံတဲ့သူတစ်ယောက်သာ ဖြစ်တယ် " ဟု Indaw Revolutionအဖွဲ့တာဝန်ရှိသူက ဆိုသည်။
ကိုအေးမင်းထွန်းသည် အသက် ၂၄နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်ဖြစ်သည်ဟုဆိုကာ နားရခေါင်ရွာသို့ စစ်ကောင်စီတပ်များမှ ဝင်ရောက်စစ်ဆေးနေစဉ် မတ်လ ၅ရက် နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထို့နောက် အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)ဖြင့် ဖြင့်အမှုဖွင့်ကာ ဧပြီလ ၃ရက်နေ့တွင် အင်းတော်မြို့စစ်ခုံရုံးမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ခြင်းဟု သိရသည်။

" စစ်အုပ်ချုပ်ရေးနယ်မြေဆိုတော့ စစ်ခုံရုံးကနေပဲချတာ။ မိသားစုနဲ့ တွေ့ခွင့်ရတယ်" ဟုလည်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အင်းတော်မြို့နယ်သည် စစ်အုပ်ချုပ်ရေး ကြေညာခံထားရသောမြို့ဖြစ်သည်။ စစ်ကောင်စီတပ်သည် ဒေသခံအရပ်သားများကို အကြမ်းဖက် သမားအဖြစ် စွပ်စွဲဖမ်းဆီးမှုများ ရှိနေသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။

ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင်လည်း အင်းတော်မြို့၊ ကမ်းနီကျေးရွာမှ မီးသွေးလုပ်ငန်းလုပ်ကိုင်နေသော ကိုမင်းမင်းဦး(ခ)ကိုလမင်းကို စစ်ကောင်စီတပ်က PDF ဟု စွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)
#mizzimatv
#အင်းတော်မြို့နယ်
#စစ်ကောင်စီတပ်
#PDF
#ထောင်ဒဏ်
#တစ်သက်တစ်ကျွန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬7❤1🔥1👏1
ဧပြီလ ၄ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
======================

01:06- လျှပ်စစ်မီးပြတ်တောက်တဲ့ ရန်ကုန်မှာ YBS ယာဉ်တွေ CNG ဖြည့်မရတာကြောင့် ၊ မှတ်တိုင်တွေမှာ ခရီးသည်တွေစုပြုံ နေတဲ့ သတင်း

02:34 - ကန့်သတ်ပိတ်ပင်တာကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ဒုက္ခသည်တွေကို သွားရောက်ကူညီပေးနိုင်တာ မရှိခဲ့ဘူးလို့ WFP ပြောတဲ့သတင်း

05:48 - စစ်ကောင်စီက ကျင်းပမယ့် သင်္ကြန်ပွဲတော် မပါဝင်ကြဖို့ ရန်ကုန်ကတော်လှန်ရေးအင်အားစုတွေတိုက်တွန်းလိုက်တဲ့ သတင်း

12:26 - ဖွဲ့စည်းပုံပြင်ဆင်ရေးကိုကတိပြုထားတဲ့ အတိုက်အခံပါတီတွေကို ရွေးကောက်ပွဲမှတ်ပုံတင်ဖို့ ထိုင်းမဲဆန္ဒရှင်တွေ မျှော်လင့်နေ တဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/m4J0M0PUimQ

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1😁1😢1
This media is not supported in your browser
VIEW IN TELEGRAM
စစ်ကောင်စီနှင့် PDF ပဋိပက္ခအကြား ပါဝင်မည်မဟုတ်ကြောင်း RCSS ထုတ်ပြန်

Watch More Detail - https://youtu.be/t-e1QCLwpWA

#PolitiecalNews #RCSS #PDF
#VideoNews #Mizzima #Reels #shorts
😁6👍3🤮3👏1
မြောက်ကိုရီးယားနျူကလီးယားလက်နက်ဆိုင်ရာ ပိုလီဂရပ်ဖ် ရုပ်သံ | VOA On Mizzima
========================

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး နိုင်ငံတကာက ဝိုင်းဝန်းကြိုးပမ်းနေမှု မအောင်မြင်ရတာက အမေရိကန်ကြောင့်လို့ တရုတ်နိုင်ငံက ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ် တင်းမာနေမှုနဲ့ ပတ်သတ်ပြီး ပြောသွားခဲ့တာပါ။ ဒါဟုတ်မှန်ပါသလား။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။

https://youtu.be/UeuhiybZfN4

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁1
​​မလေးရှားတွင် မြန်မာအချင်းချင်း အုပ်စုလိုက်ရန်ဖြစ်၍ ၁ ဦး သေဆုံး
======================

မလေးရှားနိုင်ငံ၊ ဂျိုဟာဘာရူပြည်နယ် အူလူ တီရမ် ဆင်ခြေဖုံးအရပ်တွင် ဧပြီ ၂ ရက်က မြန်မာအချင်းချင်း အုပ်စုလိုက် ရန်ပွဲဖြစ်ပွား၍ မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤2👍1👏1
ပုလောရဲစခန်းကို PRDF ဗုံးကြဲတိုက်ခိုက် စစ်ကောင်စီတပ်သားနှင့် ရဲတပ်သား ၃ ဦးထိခိုက် ဒဏ်ရာရ
==========================

ကိုရွှေမြိတ်

မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ်ရှိ မြို့မရဲစခန်း ဧပြီလ ၁ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများနှင့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (Palaw Regional Defense Force - PRDF)ထံမှ သိရသည်။

ပုလောမြို့ရဲစခန်းနှင့် အမှတ် (၁) တံတားထိပ် စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တို့ကို မတ်လ ၂၉ ရက် ညနေ ၃ နာရီ အချိန်၌ ရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ရဲစခန်းတွင် ဗုံးပေါက်ကွဲခြင်း မရှိသဖြင့် ဧပြီလ ၁ ရက်နေ့ တွင် ဒုတိယအကြိမ်အဖြစ် အဆိုပါ ရဲစခန်းကို ထပ်မံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်သည်ဟု PRDF အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“ရဲစခန်းထဲမှာ ရှိနေတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ အပါဝင် သုံးယောက် ထိခိုက်တယ်၊ ဒရုန်းနဲ့ ဗုံးကြဲခံရတာ”ဟု ပုလောမြို့ ရဲစခန်းအနီး နေထိုင်သူ တစ်ဦးက ပြောသည်။

အလားတူ မတ်လ ၂၉ ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ် (၁) တံတားစစ် ဆေးရေးဂိတ်တွင်တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း နောက်ဆက်တွဲ စုံစမ်းချက်အရ သိရသည်ဟု PRDF အဖွဲ့၏ ထုတ်ပြန်တွင်‌ ဖော်ပြထားသည်။

ပုလောမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ဒေသလည်း ဖြစ်သည်။

https://youtu.be/3aPeKpDBHIE

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥1🥱1
​​ခရမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေး ဂိတ် ၂ ခု ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
=========================

ရောင်နီ
(မဇ္စျိမ)။ ။ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် နှစ်ခုကို ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) ထံမှ သိရသည်။

ခရမ်းမြို့နယ်တွင်တည်ရှိပြီး စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ကရင်ကန်စစ်ဆေးရေးဂိတ်နှင့် သစ်တောဂိတ်နှစ်ခုကို ယမန်နေ့ ဧပြီလ ၃ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲ ၀န်းကျင်အချိန်တွင် ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည်။

“ ကရင်ကန်ဂိတ်၊ သစ်တောဂိတ်တွေကို ညနေ ၃ နာရီ ၂၀ မိနစ်အချိန်မှာ ၄၀ မမ တွေနဲ့ ပစ်ခတ်တာ ဖြစ်ပါတယ်။ ညနေ ၄း၃၀ အချိန်မှာ ပိန်းကန်ရဲစခန်းကို ထပ်ပစ်ပါတယ်။ အထိအခိုက်ကတော့ နေရာစုံဆိုတော့ တိတိကျကျပြောဖို့တော့ ခက်ပါတယ်။ ရန်သူ့ဘက်ကတော့ ထိခိုက်မှုရှိပါမယ်။” ဟု PDF Khayan တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၀င်များ တပ်စွဲထားသည့် ခရမ်းမြို့နယ်ရှိ နေရာသုံးနေရာကို PDF Khayan က တစ်နေရာလျှင် ၄၀ မမ ဗုံးသီး သုံးလုံး အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုများတွင် ကရင်ကန်စစ်ကောင်စီတပ်ဂိတ်မှ နှစ်ဦးသေဆုံးပြီး၊ သုံးဦး ဒဏ်ရာရရှိခဲ့ကာ သစ်တော စစ်ဆေးရေးဂိတ်အား ပစ်ခတ်မှုတွင် သေဆုံးသူ မရှိခဲ့သော်လည်း တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ခရမ်းမြို့နယ်အတွင်းရှိ မြေပြင်သတင်းများကို ဖော်ပြနေသည့် ခရမ်းချန်နယ်က ထုတ်ပြန်ထားသည်။

“ ခရမ်းမြို့နယ်ကို ခရမ်းပြည်သူတွေက ပိုင်ပြီး ခရမ်းပြည်သူတွေက မွေးဖွားထားတဲ့ ခရမ်းPDF တွေနဲ့ အတူ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို တော်လှန်ကြပါရန်” လည်း PDF Khayan တာ၀န်ရှိသူက ဒေသခံပြည်သူများကို တိုက်တွန်းထားသည်။

ခရမ်းမြိုနယ်ရှိ ကရင်ကန်စစ်ဆေးရေးဂိတ်နှင့် သစ်တောဂိတ်များတွင် စစ်ကောင်စီတပ်က အထိုင်ချ တပ်စွဲထားကာ ဖြတ်သန်းသွားလာသည့် ပြည်သူများကို စစ်ဆေးမှုများ တင်းကျပ်စွာပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

“အဲ့ဒီဂိတ်နှစ်ခုမှာ သစ်တောဂိတ်က အဆိုးဆုံးပဲ။ ဂိတ်ကိုရောက်တာနဲ့ လမ်းဆင်းလျှောက်ရတယ်။ လျှောက်ရတာလည်း။ အ ေ၀းကြီးပဲ ။ ခရမ်းမှာ စစ်ဆေးရေး အကြမ်းဆုံးဂိတ်လို့ ပြောလို့ရတယ်။ အဲ့ဂိတ်တွေကို ကာကွယ်ရေးတပ်ဖွဲ့က မကြာခဏတိုက်ခိုက်တာတွေ လုပ်လေ့ရှိတယ်။ မနေ့က ဆိုလည်း အသံတွေအကျယ်ကြီးပဲ” ဟု ခရမ်းဒေသခံတစ်ဦးက ဆိုသည်။

တိုက်ခိုက်မှုဖြစ်စဥ်များတွင် စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်တွင် ပါ၀င်ပြီး ပဲခူးတိုင်းနှင့် နယ်နမိတ်ထိစပ်လျက်ရှိသည့် ခရမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ၊ ၄င်းတို့နင့် ပတ်သက်ဆက်နွယ်သူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယခုနှစ် မတ်လကုန်ပိုင်းမှ စတင်ကာ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် စစ်ကောင်စီတပ်က မြို့နယ်အတွင်းတွင် လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေသလို အမျိုးသမီးများ အပါအ၀င် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်လေ့ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ခရမ်းမြို့နယ်
#စစ်ကောင်စီတပ်
#စစ်ဆေးရေးဂိတ်
#ဗုံးသီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2🥰1👏1🥱1
This media is not supported in your browser
VIEW IN TELEGRAM
ဘိုးဘွားရိပ်သာတွေမှာ အိမ်မွေးတိရိစ္ဆာန်မွေးခွင့်ပေးသင့်

Watch More Detail - https://youtu.be/44hTvTmGCoY

#VOA #Mizzima #Reels #shorts
🔥1
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်
====================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရ သည်။
အဆိုပါလှုပ်ရှားမှု၌ “ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရား” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ဆန္ဒပြကြသည်။

စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံး လှုံ့ဆော်ရေး ဆပ်ကော်မတီဝင်များမှ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာဈေးနှစ်ဈေးတွင် လူထုစည်းရုံး လှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်ဟု ဦးဆောင်သူများထံမှ သိရသည်။

https://youtu.be/fEcjJTegcEY

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ


#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဆန္ဒပြ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤6🔥1😁1
​​ထရမ့်က ရာဇဝတ်မှု စွဲချက်ဖြင့် တရားရုံးတွင် အမှုရင်ဆိုင်ရမည် 
=======================

ဒေါ်နယ် ထရမ့်အနေဖြင့် ရာဇဝတ်မှု စွဲချက်အတွက် လျှောက်လဲထွက်ဆိုရန် အင်္ဂါနေ့တွင် နယူးယောက် တရားသူကြီးတစ်ဦး ရှေ့မှောက်၌ မကြုံစဖူး အမှုရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းကြောင့် ၂၀၂၄ အိမ်ဖြူတော် ရာထူးပြိုင်ပွဲသည် ဝရုန်းသုန်းကား အခြေဆိုက်သွားမည်ကို ခြိမ်းခြောက်လျက် ရှိနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2
This media is not supported in your browser
VIEW IN TELEGRAM
သထုံ လဝက ရုံးဟောင်း မီးလောင်

https://youtube.com/shorts/SujMRMrE4H8?feature=share

#mizzima
#မီးလောင်မှု
#စာရွက်စာတမ်း
#သထုံမြို့နယ်
#ရုံးအဆောက်အဦ
👍12🔥1
This media is not supported in your browser
VIEW IN TELEGRAM
မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲဖြစ်နိုင်၍ လမ်းပိုင်း ၂ ခုအသုံးမပြုရန် PDF သတိပေး

https://youtu.be/uu0VjBt53Jc

#PolitiecalNews #VideoNews #PDF #Reels #Shorts
👍8❤2🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဟွန်ဒူးရပ်ကအဆက်ဖြတ်သွားပြီးနောက်ပိုင်း သံတမန်ဆက်ဆံရေးတိုးမြှင့်ဖို့ခရီးစဉ်ကို ထိုင်ဝမ်သမ္မတ ဘယ်လိဇ်မှာ အဆုံးသတ်

#InternationalNews #Mizzima #Reels #Shorts
👍4🔥2