Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အာဏာရှင်ရဲ့ပရိသတ် | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” ဆောင်းပါး
=====================

အာဏာရှင်တွေက ငတ်နေတဲ့ပြည်သူတွေကို သူတို့ရဲ့ပရိသတ်ဖြစ်အောင်လုပ်တတ်ကျတယ်...ဆိုပြီး

မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/yGCN886lY5c

#မရွှေမိုး(ကိုရီးယား)
#အာဏာရှင်ရဲ့ပရိသတ်
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🤮1🍌1
​​ဖိလစ်ပိုင်တွင် စစ်စခန်းများ ထူထောင်ခြင်းအတွက် အမေရိကန်ကို တရုတ် သတိပေး 
===================

ဖိလစ်ပိုင်တွင် နောက်ထပ် စစ်စခန်းများ ထူထောင်ခြင်းအတွက် အမေရိကန်နိုင်ငံအား တရုတ်နိုင်ငံက အင်္ဂါနေ့တွင် သတိပေးလိုက်ပြီး ယင်းကြောင့် စစ်ရေးတင်းမာမှုများ တိုးမြင့်စေနိုင်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နိုင်ကြောင်း ပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👍7🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဖင်လန်ရဲ့နေတိုးအဖွဲ့ဝင်ဖြစ်လာမှုအပေါ်
တန်ပြန်အရေးယူမှုတွေရှိလာမယ်လို့ ရုရှားသတိပေး

#internationalnews #reels #shorts
😁16👍3🔥1👏1
ရခိုင်မှ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသူ (၇ဝဝ) ကျော်ကို ပြန်ပို့ရေး စီစဉ်နေ
================

အဝေးမှာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်ကပြောခဲ့တယ်လို့ သိရပါတယ်။
အဲဒီစာရင်းတွေထဲကမှ ၂ နိုင်ငံ ညှိနှိုင်းချက်အရ ပြန်လည်လက်ခံဖို့ အိမ်ထောင်စု ၂၀၀ ကျော်က လူဦးရေ ၇၀၀ ကိုလျာထားခဲ့သလို၊ ဘင်္ဂလားဒေ့ရှ်ဘက်က ထပ်မံပေးပို့တဲ့ ဆက်စပ် မိသားစုဝင် ၄၀၀ ကျော်ကိုလည်း မတ်လ ၁၅ရက်နေ့ကစတင်ကာတွေ့ဆုံစစ်ဆေးခဲ့ပြီးပြီလို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်ဖို့ အစီအစဉ်တွေကို ဆိုင်းငံ့ထားဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံကို ပြန်တာဟာ ဒုက္ခသည်တွေရဲ့ လွတ်လပ်ခွင့်နဲ့ အသက်တွေကို အကြီးအကျယ် အန္တရာယ် ရှိစေတယ်လို့ HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

https://youtu.be/GK015uHiOck

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥4
This media is not supported in your browser
VIEW IN TELEGRAM
April - 5 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews
#mizzimanewshour
#reels
#shorts
👍3🔥2😁1
မြန်မာနိုင်ငံရဲ့မြို့ကြီးတွေမှာလျှပ်စစ်မီးပြတ်တောက်မှုအခြေအနေကိုဘယ်လောက်ထိဆိုးရွားစွာကြုံတွေ့နေရသလဲ
=====================

ဂန္ဒမာ ၊ 001 (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးတွေမှာ ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေကို ဆိုးဆိုးရွားရွားရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လျှပ်စစ်မီးပေးတဲ့အချိန်က ပုံမှန် အချိန်ဇယားအတိုင်းမဟုတ်တော့တဲ့အတွက် အဲ့ဒီမြို့တွေမှာနေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့နေရပါသလဲ။ အဲ့ဒီအခက်အခဲတွေကိုရော ဘယ်လိုဖြေရှင်းနေကြပါသလဲ။ မြေပြင်အခြေအနေတွေကို သိရဖို့အတွက် ဒေသခံများကိုဆက်သွယ်ပြီး မဇ္ဈိမသတင်းထောက် ဂန္ဒမာနဲ့ 001 တို့က မေးမြန်းထားပါတယ်။

https://youtu.be/2U-HaHViPNM

စာတည်း -သန့်ဇော်(သန်လျင်)
ရုပ်သံတည်းဖြတ် - ဂန္ဒမာ


-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥2
​​ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် NUG ကြေညာ
========================

စိုင်းခန့်
(မဇ္စျိမ)။ ။စစ်ကောင်စီကဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဧပြီလ ၄ ရက် နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခံထားရသည့် အကြမ်း ဖက်စစ်ကောင်စီဖွဲ့စည်းထားသည့် တရားမ၀င်အဖွဲ့အစည်းဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UEC သည် ဒီမိုကရေစီနည်းလမ်းတကျဆောင်ရွက်နေသည့် နိုင်ငံရေးပါတီများအား ဆက်လက်မရပ်တည် နိုင်စေရန်ရည်ရွယ်၍ မတရားသည့်အမိန့်နှင့် ဥပဒေများ ထုတ်ပြန်ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားပြည်သူ အများစုက လုံးဝလက်ခံသဘောတူခြင်းမရှိသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား တည်မြဲစေရန် ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ကြောင်း NUG က ဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်အာဏာရှင်နှင့် ၎င်းတို့အားထောက်ခံသည့် လက်တဆုပ်စာ နိုင်ငံရေးပါတီအချို့ အား တရားမဝင်ဖြတ်လမ်းနည်းဖြင့် အာဏာရရှိစေရန် နည်းလမ်းမျိုးစုံအသုံးပြု၍ ဆောင်ရွက်နေခြင်း အပြင် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့အား လုပ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလုပ်ဆောင်ချက်များသည် အများပြည်သူအတွင်း ထိတ်လန့်မှုများကိုဖြစ်ပေါ်စေရန်၊ ပြည်တွင်း တရားဝင် နိုင်ငံရေးအဖွဲ့အစည်းများအား ဥပဒေနှင့်မညီသည့်လုပ်ရပ်များကို အတင်းအကြပ် ပြုလုပ်စေရန် နှင့် ဥပဒေနှင့်အညီပြုလုပ်ရမည်ကိုမပြုလုပ်ဘဲ ရှောင်ရှားစေရန် ရည်ရွယ်ပြီးလုပ်ဆောင်ခဲ့ခြင်းဖြစ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၃) နှင့် ပုဒ်မခွဲငယ်(၁၆) တို့တွင် ဖော်ပြထားသော အကြမ်းဖက်မှုများအား ကျူးလွန်သည်ကို စိစစ်တွေ့ ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

ထို့ကြောင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထား သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည် ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာလိုက် ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အမျိုးသားညီညွတ်ရေးအစိုးရ
#ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)
#အကြမ်းဖက်အဖွဲ့အစည်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3😁2
Media is too big
VIEW IN TELEGRAM
ရခိုင်မှ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသူ
(၇ဝဝ) ကျော်ကို ပြန်ပို့ရေး စီစဉ်နေ

Watch more detail -
https://youtu.be/GK015uHiOck

#PoliticalNews #NLD
#VideoNews #shorts #reels
👍4🔥2
ဧပြီလ (၅) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

00:59 -ရခိုင်မှ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသူ ၇ဝဝ ကျော်ကို ပြန်ပို့ရေး စီစဉ်နေတဲ့သတင်း

03:29 - ဝက်လက်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်တဲ့သတင်း

6:15 - KNU တပ်မဟာ (၂) နယ်မြေမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ တိမ်းရှောင်နေရတဲ့သတင်း

07:48 -နေတိုးရဲ့တံခါးကိုပိတ်ဆို့ထားဖို့ ပူတင်မတတ်နိုင်ဘူးလို့ စတိုတင်ဘာ့ဂျ်ပြောကြားတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/3QtT9wOHfgo

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥1😁1
​​မြန်မာမှ သက်ဆိုင်သူများနှင့် ထပ်မံတွေ့ဆုံထားပြီး အကျပ်အတည်း ဖြေရှင်းရေး တိုးတက်မှုရှိဟု အင်ဒိုနီးရှား ပြော
====================

အင်ဒိုနီးရှား တာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံမှ သက်ဆိုင်ပတ်သက်သူ အသီးသီးနှင့် တွေ့ဆုံမှုများ ပြုလုပ်ထားပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းရာတွင် တိုးတက်မှု ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁6👏1
This media is not supported in your browser
VIEW IN TELEGRAM
လာမယ့်ဇူလိုင်လ နေတိုးထိပ်သီးအစည်းအဝေးကို
တက်ရောက်ဖို့ ယူကရိန်းသမ္မတကိုဖိတ်ကြား

#internationalnews #reels #shorts
👍10👏4🔥1😁1
​​ရွှေဘိုတွင် မိုင်းရှင်းရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး
========================

ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ မိုင်းရှင်းရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့ ပြန်ကြားရေး တာ၀န်ရှိသူက မဇ္စျိမသို့ပြောသည်။

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သား ၁၄ ဦးသည် ဧပြီ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မိုင်းရှင်းရန်ထွက်လာစဉ် ညောင်ကိုင်းမြို့လှလမ်းပိုင်း၌ တိုက်ခိုက်ခံရ ခြင်းဖြစ်သည်။

“ ဇီးဖြူကုန်းမြောက်ပေါက် ဦးတင်နွဲ့ဇရပ် အနီးအရောက်မှာ ဖောက်ခွဲလိုက်တာပါ။ ရဲတပ်သားတစ်ဦးနဲ့ ပျူစောထီးတစ်ဦး ပွဲချင်းပြီး သေဆုံးတယ်။ နောက်ထပ် ရဲတပ်သား တစ်ဦးလည်း ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟု ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့ ပြန်ကြားရေးတာ၀န်ခံ ဗလကြီးက မဇ္စျိသို့ပြောသည်။

မိုင်းဆွဲခံရပြီးနောက် ထိုစစ်ကောင်စီတပ်သည် အနီးပတ်၀န်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ကြောင်း ၄င်းကဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ဇီးဖြုုကုန်းရွာအတွင်းသို့ ပြန်လည်၀င်ရောက်ကာ နာရီ၀က်ခန့်အကြာတွင် သေဆုံးသူနှင့် ဒဏ်ရာရသူများကို ကားဖြင့်လာရောက်သယ်ဆောင် သွားခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများ ပူးပေါင်းတပ်စွဲထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အင်အား ၃၀ ၀န်းကျင်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဧပြီလ ၅ ရက်နေ့တွင်လည်း ညောင်ကိုင်း ၊သက်ကြီးတော၊ မြို့လှ လမ်းပိုင်းတွင် အင်အားအများအပြားဖြင့် ရေဒီယိုလှိုင်းဖြတ်စက်များအသုံးပြုကာ မိုင်းရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိနေကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့ ပြန်ကြားရေးတာ၀န်ခံဆိုသည်။

လက်ရှိအချိန်ထိ ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်း သုံးလုံးကျော် ပေါက်ကွဲထားကာ အထိအခိုက်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့ထံက သိရသည်။

ရွှေဘိုမြို့နယ်ရှိ ညောင်ကိုင်း၊ သက်ကြီးတော၊ ဇီးဖြူကုန်း၊ သီးလုံး စသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားပြီး အနီးပတ်၀န်းကျင်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#မိုင်းဆွဲတိုက်ခိုက်
#မိုင်းရှင်း
#ရွှေဘို
#LPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏13👍3😁1🥴1
ဧပြီလ ၅ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယမှာ ဟိမဝန္တာတောင်တန်းတွေရဲ့
နှင်းထုပြိုကျမှုကြောင့် လူ ၇ ဦးသေဆုံး

#internationalnews #reels #shorts
👍3🔥1😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဧပြီလ ၅ ရက်၊ ၂၀၂၃
======================

လုပ်ငန်းခွင်မှာ စက်ရုပ်တွေကို ပိုတွေ့လာရပါပြီ။ လူမှုကွန်ယက်ပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုများနဲ့ စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/jfi2aj4DM-E

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🔥2
​​သာယာဝတီထောင်မှ နိုင်ကျဉ်း ၁၅ ဦးကို ရိုက်နှက်ပြီး ၁၀ ရက်ကြာ တိုက်ပိတ်
==================

001
(မဇ္စျိမ)။ ။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ထောင်ဝန်ထမ်းများက ရိုက်နှက်ပြီး ၁၀ ရက်ကြာတိုက်ပိတ်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက သတင်းပေးပို့သည်။

၎င်းတို့မှာ အသက် ၂၁ နှစ်မှ ၂၅ နှစ်အတွင်း အရွယ်ခန့်ရှိကြသည့် တက္ကသိုလ်ကျောင်းသားများဖြစ်ကြပြီး မတ်လ ၂၇ ရက်နေ့မှ စတင်ကာ ၁၀ ရက်ကြာတိုက်ပိတ်ခံရခြင်းဖြစ်သည်။

ရိုက်နှက်ခံရသူများအနက် ကိုရဲထွဋ်ခေါင်၊ ကိုမင်းသူအောင်၊ ကိုစည်သူဟိန်း၊ ကိုအောင်ကြည်သိန်းနှင့် ကိုသက်ပိုင်ဦးတို့မှာ ပြင်းထန်ဒဏ်ရာများရရှိထားကြောင်း သိရသည်။

“ ဒီနေ့တော့ တိုက်ကနေထုတ်ပေးလိုက်ပြီလို့ ကြားတယ်။ ဒဏ်ရာတွေ ဆေးကုသခွင့် ရ၊ မရတော့ မသိသေးဘူး”ဟု နီးစပ်သူက ပြောသည်။

အဆောင် (၅) ရှိ နိုင်ငံရေးအကျဉ်းသူတစ်ဦးကို ပုံစံ မထိုင်တတ်၍ဟုဆိုပြီး စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းများက မတ်လ ၁၃ ရက်တွင် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။

ထိုအကျဉ်းသူကို ဆက်လက်မရိုက်နှက်ရန် ဝင်ရောက်တားမြစ်သည့် နောက်ထပ် အကျဥ်းသူတစ်ဦးကိုပါ ထပ်မံရိုက်နှက်ပြီး နှစ်ဦးစလုံးကို တိုက်ပိတ်ခဲ့သည်။

ရိုက်နှက်ခံရမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အကျဉ်းသူနှစ်ဦးကို တိုက်ထဲမှ ထုတ်ကာ ဆေးကုပေးရန် အဆောင် (၃) ရှိ နိုင်ငံရေးအကျဥ်းသားများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

မတ်လ ၂၇ ရက်နေ့ တန်းပိတ်ချိန်တွင် အထဲမဝင်ဘဲ ဆန္ဒပြခဲ့သည့်အတွက် အဆိုပါအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းများက ထပ်မံရိုက်နှက်ပြီး တိုက်ပိတ်ခဲ့ခြင်းဟု သိရသည်။

သာယာဝတီထောင်သို့ အသစ်ပြောင်းရွှေ့လာသူများကိုလည်း ထောင်ဝန်ထမ်းများက နေ့တစ်ဝက်ခန့် ပုံစံထိုင်ခိုင်းပြီး ရိုက်နှက်နေကြောင်း၊ လူဦးရေ ၅၀ သာဆန့်သည့် အခန်းတွင် လူဦးရေ၉၀ ခန့်ထည့်ထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများကပြောသည်။

အဆိုပါအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများကို စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းများက ရိုင်းပြစွာဆဲဆိုမှုများ၊ ညှဥ်းပန်းနှိပ်စက်မှုများ ပြုလုပ်လေ့ရှိသည့်အပြင် ပြစ်ဒဏ်တွင်မပါဝင်သည့် အလုပ်ကြမ်းများလည်း ခိုင်းစေကြောင်း နီးစပ်သူများက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ အာဏာသိမ်းချိန်မှစတင်၍ ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ဦးရေ စုစုပေါင်း ၁၇,၃၃၆ ဦး ရှိပြီဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#သာယာဝတီထောင်
#နိုင်ကျဉ်း
#ရိုက်နှက်
#တိုက်ပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍4👎1👏1💔1
ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်
==================

ရွှေနွယ်(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေပြီး ဧပြီလ ၄ ရက်နေ့ ညနေပိုင်းတွင်မူ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းမှဗုံးလာကြဲသွားသည်ဟု ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များမှ မဇ္ဈိမကိုပြောသည်။

ရေတာရှည်မြို့နယ် ဆက်ရစ်ရိုးကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား KNLA နှင့် ပဲခူးတိုင်း PDF ပူးပေါင်းတပ်ဖွဲ့များမှ ဧပြီလ ၃ရက် ညနေ ၆ နာရီအချိန်ခန့်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့သောကြောင့် တိုက်ပွဲကြာချိန် တစ်နာရီခွဲခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့နောက် ဧပြီလ ၄ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်မူ ရေတာရှည်မြို့နယ်၊ မိကျောင်းအိုင်အုပ်စု ရွှေသောင်ရွာသစ်၊ ရွှေသောင်ရွာဟောင်း၊ ရတနာကျောက်ပုံကျေးရွာတစ်လျှောက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်ဟု တောင်ငူခရိုင် PDF 3502 Hunter Rangers 2 အဖွဲ့ တာဝန်ခံမှ မဇ္ဈိမကိုပြောသည်။

"တိုက်ပွဲက အခုလက်ရှိအချိန်အထိ ဖြစ်နေဆဲပါ၊ တိုက်ပွဲက မကြာမကြာဖြစ်နေကျပါ၊ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ၊ သူတို့ဘက်က လေကြောင်းတိုက်ခိုက်မှုတွေအပြင် ရွာသားတွေကိုဖမ်းဆီးပြီး လူသားဒိုင်းလုပ်နေတာတွေပါရှိနေတဲ့အတွက်၊ ကျွန်တော်တို့်ဘက်က နောက်ပြန်ဆုတ်ပေးနေရတဲ့အနေအထားပါ" ဟု PDF 3502 Hunter Rangers 2 အဖွဲ့ တာဝန်ခံမှ ပြောသည်။

စစ်ကောင်စီတပ်များမှ ဧပြီ ၄ ရက်နေ့နံနက်ပိုင်း တိုက်ပွဲပြင်းထန်ပြီးနောက် မွန်းလွဲပိုင်းတွင် ရတနာကျောက်ပုံရွာနှင့် ရွှေသောင်ရွာဟောင်းရွာဘက်သို့ လေယာဉ်များဖြင့် ဗုံးလာကြဲသွားသောကြောင့် အဆိုပါ ကျေးရွာများမှ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

"သူတို့ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်သွားတဲ့အတွက် ရတနာကျောက်ပုံနဲ့ ရွှေသောင်ရွာဟောင်းဘက်မှ နေအိမ်တချို့ ပျက်စီးတာ မီးလောင်တာတွေရှိတယ်၊ ဒါ့အပြင် လူသားဒိုင်းအဖြစ် အဖမ်းခံထားရတဲ့ ရွာသားတွေမှာလည်း ထိခိုက်မှုတွေရှိထားပါတယ်" ဟု PDF 3502 Hunter Rangers 2 တာဝန်ခံမှပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့်အတွက် အရေအတွက် စာရင်းအတိအကျမသိရသေးကြောင်း ဆိုသည်။

ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များဘက်မှလည်း ဧပြီလ ၃ ရက်နေ့တိုက်ပွဲတွင် ရဲဘော် သုံးဦး လက်နက်ကြီးစထိမှန်ကာ မစိုးရိမ်ရဒဏ်ရာများရရှိထားကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း KNLA နှင့်အတူ ပဲခူးတိုင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) လက်အောက်ရှိ တပ်ခွဲများမှ ပူးပေါင်းတိုက်ခိုက်နေကြခြင်းဖြစ်ပြီး ရေတာရှည်မြို့နယ်အတွင်းတွင် လက်ရှိအချိန်အထိ စစ်ဘေးရှောင် ဦးရေ ၃၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း သိရသည်။

https://youtu.be/0EPl6qEGKKA

စာတည်း - သန့်ဇော်(သန်လျင်)
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥2👏1🤬1
Media is too big
VIEW IN TELEGRAM
အီရတ်နဲ့ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကြား
ရေနံတင်ပို့မှုပြန်လည်စတင်ဖို့ သဘောတူလက်မှတ်ရေးထိုး

#internationalnews #reels #shorts
👍9🔥3