အစ္စရေးဥပဒေပြောင်းလဲမှုနဲ့ ဆန္ဒပြပွဲများ | VOA On Mizzima
==================
စစ်သားတွေ ဆန္ဒပြပွဲတွေ မှာ ပါဝင်သင့်မသင့် ဆိုတာ အစ္စရေး နိုင်ငံရေး မှာ စိတ်ဝင်စားစရာ အကြောင်းအရာ တစ်ရပ် ဖြစ်လာပါတယ်။ သူတို့ ပါဝင်လာတာကြောင့်လည်း တရားရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဥပဒေချမှတ်မှာ ဆိုင်းငံ့ထားလိုက်ရကြောင်း ဝန်ကြီးချုပ် Benjamin Netanyahu က ကြေညာခဲ့ပါတယ်။ ဒီ ဥပဒေကြမ်းကြောင့် လူသောင်းချီ လမ်းတွေပေါ် ထွက်ခဲ့ကြပြီး၊ အလုပ်သမားတွေ ရဲ့ အထွေထွေသပိတ်ကြီးကြောင့် တိုင်းပြည် လုပ်ငန်းတွေကလည်း ယာယီ ရပ်တန့်သွားခဲ့ရပါတယ်။ ဒီ ဥပဒေ ကို ပြဌာန်းမယ်ဆိုရင် အရံတပ် က စစ်သားတွေ က တာဝန်ဆက်လက် ထမ်းဆောင်မှာ မဟုတ်ဘူး လို့ ဆိုကြပါတယ်။ ဂျေရူဆလမ် ကနေ Linda Gradstein ဗွီအိုအေအတွက် သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ဆက်ထားပါတယ်။
https://youtu.be/kvyFST46DFs
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
အစ္စရေးဥပဒေပြောင်းလဲမှုနဲ့ ဆန္ဒပြပွဲများ | VOA On Mizzima
စစ်သားတွေ ဆန္ဒပြပွဲတွေ မှာ ပါဝင်သင့်မသင့် ဆိုတာ အစ္စရေး နိုင်ငံရေး မှာ စိတ်ဝင်စားစရာ အကြောင်းအရာ တစ်ရပ် ဖြစ်လာပါတယ်။ သူတို့ ပါဝင်လာတာကြောင့်လည်း တရားရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဥပဒေချမှတ်မှာ ဆိုင်းငံ့ထားလိုက်ရကြောင်း ဝန်ကြီးချုပ် Benjamin Netanyahu က ကြေညာခဲ့ပါတယ်။…
👍6🔥1
“သူများပစ္စည်းခိုးရင် ဘာဖြစ်တတ်လဲ”
============
မင်္ဂလာပါ။ “ပုံပြောပြမယ်” အစီအစဉ်လေးကနေ ကြိုဆိုပါတယ်။
ဒီနေ့တော့ “သူများပစ္စည်းခိုးရင် ဘာဖြစ်တတ်လဲ” ဆိုတဲ့ ကချင်ပုံပြင်လေးကိုပြောပြပါမယ်။
ကချင်တောင်တန်းတွေပေါ်က ရွာကလေးတစ်ရွာမှာနေကြတဲ့ ကျီးကန်းနဲ့ ကြက်လေးတွေ အကြောင်းပါ။
နားထောင်ကြည့်ပါနော်။
https://youtu.be/pqI0xWrRku0
#ပုံပြောပြမယ်
#ကချင်
#ပုံပြင်
#ကျီးကန်း
#ကြက်
#သူများပစ္စည်းခိုးရင်ဘာဖြစ်တတ်လဲ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
============
မင်္ဂလာပါ။ “ပုံပြောပြမယ်” အစီအစဉ်လေးကနေ ကြိုဆိုပါတယ်။
ဒီနေ့တော့ “သူများပစ္စည်းခိုးရင် ဘာဖြစ်တတ်လဲ” ဆိုတဲ့ ကချင်ပုံပြင်လေးကိုပြောပြပါမယ်။
ကချင်တောင်တန်းတွေပေါ်က ရွာကလေးတစ်ရွာမှာနေကြတဲ့ ကျီးကန်းနဲ့ ကြက်လေးတွေ အကြောင်းပါ။
နားထောင်ကြည့်ပါနော်။
https://youtu.be/pqI0xWrRku0
#ပုံပြောပြမယ်
#ကချင်
#ပုံပြင်
#ကျီးကန်း
#ကြက်
#သူများပစ္စည်းခိုးရင်ဘာဖြစ်တတ်လဲ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
“သူများပစ္စည်းခိုးရင် ဘာဖြစ်တတ်လဲ”
မင်္ဂလာပါ။ “ပုံပြောပြမယ်” အစီအစဉ်လေးကနေ ကြိုဆိုပါတယ်။
ဒီနေ့တော့ “သူများပစ္စည်းခိုးရင် ဘာဖြစ်တတ်လဲ” ဆိုတဲ့ ကချင်ပုံပြင်လေးကိုပြောပြပါမယ်။
ကချင်တောင်တန်းတွေပေါ်က ရွာကလေးတစ်ရွာမှာနေကြတဲ့ ကျီးကန်းနဲ့ ကြက်လေးတွေ အကြောင်းပါ။
နားထောင်ကြည့်ပါနော်။
#ပုံပြောပြမယ်…

👍8🤮1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်အပေါ် ဖိအားမပေးဘဲ သံတမန်ရေးကိုရွေးချယ်ဖို့
အမေရိကန်ကတရုတ်ကိုတိုက်တွန်း
#InternationalNews #VideoNews #shorts #reels

👍4🔥1
တိုက်ပွဲပြင်းထန်နေသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုရန် တော်လှန်ရေးလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့ ထုတ်ပြန်
===================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်၊ BGF နှင့် ကရင့်လက်နက်ကိုင် ပူးပေါင်းတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ထိုလမ်းမကြီးကို ယနေ့ဧပြီလ ၇ ရက်မှ ၂၁ရက် အထိ ပြည်သူများ ဖြတ်သန်းသွားလာခြင်း မပြုရန် တော်လှန်ရေး လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ခဲ့သည်။
မတ်လ၂၅ရက်နေ့မှ စတင်၍ ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ် အာရှလမ်းမကြီးတစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာကာ အာရှလမ်းမကြီးမှတစ်ဆင့် အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများကို ပို့ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အရပ်သားပြည်သူများ ဖြတ်သန်းသွားလာခြင်း လုံးဝ(လုံးဝ)မပြုလုပ်ကြရန် မြေပြင်ပူးပေါင်းစစ်ကြောင်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အမိန့်ကို ပူးတွဲထုတ်ပြန်လိုက်ကြောင်း ဖော်ပြထားသည်။
ပူးတွဲထုတ်ပြန်ချက်တွင် ကော်ဘရာစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Lion Battalion၊ KNU/KNLA(PC)၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းနှင့် စစ်ဒေသခွဲအမှတ်(၃) တောင်ပိုင်းစစ်ဒေသတို့ ပူးတွဲလက်မှတ်ထိုး ထုတ်ပြန်ထားသည်။ မတ်လ၂၅ရက်နေ့မှ စတင်ကာ မြဝတီခရိုင်နှင့် ကော့ကရိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများ၊ စစ်ကောင်စီ လက်အောက်ခံနေရာများနှင့် ကရင်နယ်ခြားစောင့်တပ် BGF စခန်းကုန်းများကို တော်လှန်ရေးအင်အားစုများက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်၊ရဲနှင့် BGFတပ်ဖွဲ့ ဦးရေ ၁၅၀ကျော် သေဆုံးထားသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#အာရှလမ်းမကြီး
#ဖြတ်သန်းခွင့်မပြု
#တိုက်ပွဲပြင်းထန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍13👏2🔥1
ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
=====================
ရောင်နီ
(မဇ္စျိမ)။ ။ ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုကို ယမန်နေ့ ဧပြီလ ၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
"လူထုလက်ရုံးနဲ့ တည်ဆောက်၊ တပ်ပေါင်းစုနဲ့ ချီတက်" စာသားပါဘန်နာအားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသည်။
အဆိုပါ လှုပ်ရှားမှုတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် လူ့ဘောင်သစ်လူငယ် (YNS) တို့မှ တော်လှန်လူငယ်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။ မဇ္ဈိမ
#Mizzima
# စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု
#ဗကသများအဖွဲ့ချုပ်

👍13❤1🔥1
ဧပြီလ (၇) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================
ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတဲ့သတင်း
တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ထုတ်ပြန်တဲ့သတင်း
စစ်ကောင်စီတပ်က ရွှေကူမြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှုလုပ်တာကြောင့် လူနေအိမ်တွေမီးလောင်ပျက်ဆီးရတဲ့သတင်း
ဖလမ်း - ဟားခါးလမ်းတိုက်ပွဲ ဆက်ပြင်းထန်နေ၊ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။
https://youtu.be/LES2XSu8-I4
#12pmnews
#Mizzimanewshour
#MizzimaTV

00:58 - ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတဲ့သတင်း
04:04 - တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ထုတ်ပြန်တဲ့သတင်း
06:50 - စစ်ကောင်စီတပ်က ရွှေကူမြို့နယ်ထဲမှာ…

👍8🔥2
မိဘခွင့်ပြုချက်နဲ့ သုံးရမယ့် လူမှုကွန်ယက် | VOA On Mizzima
=====================
အမေရိကန်ပြည်ထောင်စုမှာ အသုံးများတဲ့ လူမှုကွန်ယက်ထဲ TikTok လည်း ပါဝင်ပါတယ်။ ယူတာပြည်နယ်မှာတော့ အရွယ်မရောက်သေးသူတွေ လူမှုကွန်ယက်သုံးဖို့အတွက် မိဘတွေရဲ့ ခွင့်ပြုချက်လိုမယ့် ဥပဒေတရပ်ကို ပထမဆုံးအကြိမ် ပြဌာန်းလိုက်ပါတယ်။ ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို ကိုအောင်အောင် တင်ဆက်ထားပါတယ်။
https://youtu.be/A308WNCENzg
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
အမေရိကန်ပြည်ထောင်စုမှာ အသုံးများတဲ့ လူမှုကွန်ယက်ထဲ TikTok လည်း ပါဝင်ပါတယ်။ ယူတာပြည်နယ်မှာတော့ အရွယ်မရောက်သေးသူတွေ လူမှုကွန်ယက်သုံးဖို့အတွက် မိဘတွေရဲ့ ခွင့်ပြုချက်လိုမယ့် ဥပဒေတရပ်ကို ပထမဆုံးအကြိမ် ပြဌာန်းလိုက်ပါတယ်။ ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို ကိုအောင်အောင် တင်ဆက်ထားပါတယ်။
https://youtu.be/A308WNCENzg
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မိဘခွင့်ပြုချက်နဲ့ သုံးရမယ့် လူမှုကွန်ယက် | VOA On Mizzima
အမေရိကန်ပြည်ထောင်စုမှာ အသုံးများတဲ့ လူမှုကွန်ယက်ထဲ TikTok လည်း ပါဝင်ပါတယ်။ ယူတာပြည်နယ်မှာတော့ အရွယ်မရောက်သေးသူတွေ လူမှုကွန်ယက်သုံးဖို့အတွက် မိဘတွေရဲ့ ခွင့်ပြုချက်လိုမယ့် ဥပဒေတရပ်ကို ပထမဆုံးအကြိမ် ပြဌာန်းလိုက်ပါတယ်။ ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို ကိုအောင်အောင်…
👍10❤1🤣1
ကရင်နီစစ်ရှောင်များအား စားနပ်ရိက္ခာလှူဒါန်း
================
ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ဒေသ တစ်ခုသို့ ဧပြီလ ၅ ရက်နေ့တွင် ဆန်နှင့် စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း ကျေးလက်မြေအဖွဲ့ နာယက ဦးဇော်မင်းထိုက်မှ ပြောသည်။
အဆိုပါ နေရာတွင် ဒီးမော့ဆို အရှေ့ခြမ်းနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကရင်ပြည်နယ်နေရာအနှံ့အပြားမှ စစ်ဘေးဒုက္ခသည်များ လာရောက်ပြောင်းရွှေ့ ခိုလှုံနေကြသည့် အိမ်ထောင်စု ၈၅ စု ခန့်ရှိရာ လူဦးရေအားဖြင့် ၄၀၀ ကျော် ၅၀၀ နီးပါးရှိကြောင်း ဆိုသည်။
လမ်းခရီးအခက်အခဲနှင့် လူသူအရောက်နည်းသဖြင့် အဆိုပါ စစ်ရှောင်များမှာ အလှူတစ်ခါမှ မရရှိကြကြောင်း သိရသည်။
“စစ်ရှောင်လာတာတော့ ကြာပြီ။ ဒါပေမယ့် လူသူအရောက်အပေါက်နည်းတဲ့ လမ်းခရီးသိပ်မပေါက်တဲ့နေရာတွေမှာ နေတဲ့အတွက်ကြောင့် ကျနော်တို့ ဒီလိုအလှူနည်းတဲ့ နေရာလေးမှာ ကျနော်တို့ အဖွဲ့က သွားရောက်လှူဒါန်းခြင်း ဖြစ်ပါတယ်ဗျ။ ပရဟိတအဖွဲ့ပေါင်းစုံက နေရာအနှံ့မှာ လှူနေကြပါတယ်။ တချို့နေရာတွေ လက်လှမ်းမမှီဘူးဆိုတာကတော့ တချို့နေရာက ကားဝင်လို့ မရတဲ့နေရာရှိတယ်။ အဲ့လိုနေရာတွေကျတော့ စစ်ရှောင်စခန်းတွေနဲ့ ဝေးတဲ့ နေရာတွေမှာ ဟိုတစ်တဲ ဒီတစ်တဲ နေတဲ့ နေရာတွေလည်း ရှိတယ်ပေါ့နော်၊ အဲလိုလူတွေကို ပြန်စုပြီး လှူတာဖြစ်ပါတယ်” ဟု ဦးဇော်မင်းထိုက်က ပြောသည်။
ကရင်နီပြည်နယ်တွင် ရေရှားပါးမှုနှင့်လည်း ကြုံတွေ့နေရကာ စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာများအပြင် သောက်သုံးရေရရှိရန်အတွက်လည်း ခက်ခဲနေကြောင်း သိရသည်။
ဧပြီလ ၄ရက်နေ့ ညနေ ၅နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒီးမော့ဆိုအနောက်ခြမ်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံးနှင့် ကား၊ ဆိုင်ကယ်များ လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့ကြောင်း ဦးဇော်မင်းထိုက်ထံမှ သိရသည်။
ဒီးမော့ဆို အရှေ့ခြမ်းနှင့် ကရင်နီပြည်နယ် နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်မှ အင်အားသုံး စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ ထိတွေ့တိုက်ပွဲတိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုသည့်အပြင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ စစ်ဘေးရှောင်စခန်းများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများလည်း ရှိကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ထိတွေ့တိုက်ပွဲတိုင်းမှာ လေကြောင်းအသုံးပြုမှုရှိတယ်။ လေယာဉ်နဲ့ပစ်တယ်။ ရဟတ်ယာဉ်နဲ့ ပတ်ပစ်တယ်။ တိုက်ပွဲမှာ ပစ်ခတ်တာက အရပ်သားထိခိုက်မှု မရှိသလောက်နည်းတယ်။ သို့သော်လည်းပဲ တိုက်ပွဲမဖြစ်ဘဲနဲ့ စစ်ရှောင်တွေရှိတဲ့နေရာတွေကို တိုက်ပွဲတွေနဲ့ ဝေးတဲ့နေရာတွေမှာ ဘာမှမဆိုင်တဲ့ နယ်မြေတွေကို လိုက်ပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်တယ်။ အဲ့လို့တိုက်ခိုက်တာမှာ အရပ်သားတွေ ထိခိုက်မှု ရှိသွားတယ်။ လေကြောင်းကတော့ မတ်လ အစပိုင်းကနေစပြီး နေ့စဉ်လိုလိုကို သုံးတယ်” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှ စတင်ကာ ယနေ့အထိ ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ဘေးရှောင်များလည်း တိုးများလျက်ရှိသည်။ ဒီးမော့ ဆိုမြို့နယ် တစ်ခုတည်းတွင် စစ်ရှောင် အရေအတွက် ၂၀,၀၀၀ ဝန်းကျင်ရှိပြီး ကရင်နီပြည်နယ် တစ်ခုလုံးအတိုင်းအတာဖြင့် စစ်ဘေးဒုက္ခသည် ၂၀၀,၀၀၀ နီးပါးရှိကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ စာရင်းများမှ ဖော်ပြချက်များအရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကရင်နီ
#စစ်ရှောင်
#စားနပ်ရိက္ခာ
#လှူဒါန်း
#ဒီးမော့ဆိုမြို့နယ်

Facebook
#mizzima – Explore
explore #mizzima at Facebook
👍10❤2🔥2🥰1
မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသား ကလေးငယ်များအပါဝင် ရက်ကန်းအလုပ်သမား ၂၃ဦး အဖမ်းခံရ
=====================
ပါခွီး
(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် ၊ ကျုရမ်ကျာလ်ပူခရိုင် လန်မ်ကားမြို့တွင် မြန်မာနိုင်ငံသား ရက်ကန်းအလုပ်သမားများနှင့် ၎င်းတို့၏ ကလေးများအပါ အဝင် ၂၃ဦး အဖမ်းဆီးခံရကြောင်းသိရသည်။
ဧပြီလ ၆ရက် မွန်းလွဲ ၁နာရီခန့်အချိန် လန်မ်ကားမြို့ ကွန်ပွီရပ်ကွက်တွင် ကား သုံးစီးဖြင့် အင်အား ၄၀ခန့်ပါဝင်သော ပြည်နယ်ရဲတပ်ဖွဲ့ဝင်များသည် ရက်ကန်း လုပ်ငန်းခွင် နှစ်ခုတွင် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံလိုက်ရသူများတွင် အမျိုးသား ခြောက်ဦး ၊ အမျိုးသမီး ၁၁ဦးနှင့် ကလေး ခြောက်ယောက်ပါဝင်ပြီး စုစုပေါင်း ၂၃ဦးဖြစ်ကြောင်းသိရသည်။
“ဝင်ဖမ်းသွားတာကို တွေ့လိုက်ရတယ် ၊ သူတို့ကို အရင်တုန်းက မြန်မာရက်ကန်းသမားတွေ ထိန်းသိမ်းထားတဲ့နေရာမှာ ထားတယ် ၊ အဲဒီနောက် သူတို့ပြင်ဆင်ထားတဲ့ Refugee Camp (ဒုက္ခသည်စခန်း) မှာထားမယ်လို့သိရတယ်” ဟု ဖမ်းဆီးသည့် နေရာအနီးရှိ မျက်မြင်တွေ့ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။
ယခုဖမ်းဆီးထားသော မြန်မာနိုင်ငံသားများကို ဧပြီလ ၁၁ရက်နေ့တွင် လန်မ်ကား မြို့အနီးရှိ ယခင်သင်တန်းကျောင်းဟောင်း တစ်နေရာတွင်ထားရှိရန် အဆောင် လေးဆောင်အား ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဒေသတွင်း သတင်းစာနှင့် ရုပ်သံများမှ တစ်ဆင့် သိရကြောင်း ဆိုသည်။
ယင်းစခန်းတွင် စားသောက်နေထိုင်ရေးအပြင် ကျန်းမာရေးကိစ္စများကိုပါ တာဝန်ယူ သွားမည်ဖြစ်ကြောင်းသိရသည်။
“အခု စစ်ဘေးရှောင်တွေ နေရာချထားပေးတာရဲ့ နောက်ကွယ်မှာ စစ်ကောင်စီနဲ့ မဏိပူရ အစိုးရအကြား ပူးပေါင်းကြံစည်ထားတာ မဖြစ်ရေးကိုဘဲ လိုလားတောင်းဆိုချင်ပါတယ်” ဟု India For Myanmar လှုပ်ရှားမှုမှ ဆလိုင်းဒိုခါရ် က ပြောသည်။
၎င်းတို့အနေဖြင့် စစ်ဘေးရှောင်စခန်းများဖွင့်လှစ် နေရာချထားခြင်းသည် မဏိပူရ ပြည်နယ်အစိုးရနှင့် စစ်ကောင်စီတို့ ပူးပေါင်းကြံစည်ပြီး မြန်မာနိုင်ငံသားများကို ပြန်လည် လွှဲပြောင်းပေးသည့်အကြံ မဖြစ်ရန်လိုကြောင်းဆိုသည်။
သို့သော် ယခုဖမ်းဆီးမှုတွင် စစ်ဘေးရှောင်စခန်းများသို့ ပို့ဆောင်ပြီး ကောင်းမွန် စွာ စောင့်ရှောက်မည်ဟု ကြားသိထားရသည့်အပေါ်တွင် မှတ်ချက်မပေးလိုကြောင်း ပြောဆိုသည်။
လန်မ်ကားမြို့တွင် မြန်မာနိုင်ငံသား ၂၀၀နီးပါး ဖမ်းဆီးခံခဲ့ရပြီး ယခု မဏိပူရ်မြို့တော် အင်ဖားထောင်တွင် ထိမ်းသိမ်းထားကာ အချို့မှာ နှစ်နှစ်ခန့် ချုပ်နှောင်ခံထားရကြောင်း သိရသည်။
ယခုဖမ်းဆီးသူများနှင့်အတူ အင်ဖားထောင်တွင် လန်မ်ကားမြို့မှ ဖမ်းဆီးထားသူများကိုပါ ယခုဖွင့်လှစ်မည့် စစ်ဘေးရှောင်စခန်းများတွင် ထားရှိမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များအရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လန်မ်ကားမြို့
#မြန်မာနိုင်ငံသား
#မီဇိုရမ်ပြည်နယ်
#စစ်ဘေးရှောင်စခန်း
-----------------------

👍5🔥2😢2🤬1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်ခေါင်းဆောင်နဲ့ အမေရိကန်အဆင့်မြင့်အရာရှိတို့
တွေ့ဆုံမှုအပေါ် ပြတ်ပြတ်သားသားတုံ့ပြန်မယ်လို့ တရုတ်ပြော
#InternationalNews #VideoNews #shorts #reels
တွေ့ဆုံမှုအပေါ် ပြတ်ပြတ်သားသားတုံ့ပြန်မယ်လို့ တရုတ်ပြော
#InternationalNews #VideoNews #shorts #reels
😁15👍7
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ထောင် ၆ နှစ်ချ
================
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပု ဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီကနေ့မှာ မြစ်ကြီးနားထောင်တွင်းတရားရုံးက နေ စစ်ကောင်စီက ထောင်ဒဏ်ခြောက်နှစ် အမိန့်ချ မှတ်လိုက်တယ်လို့ ကနဦးစုံစမ်းသိရှိရပါတယ်။
မဇ္ဈိမသတင်းဌာနအနေနဲ့ အမှုအခြေအနေအသေးစိတ်ကို သိရှိဖော်ပြနိုင်ဖို့အတွက် မြေပြင်သတင်းအဖွဲ့မှ မေး မြန်းနေဆဲဖြစ်ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွနလကို စစ်ကောင်စီ ရာဇသတ်ကြီး ဥပဒေပုဒ် မ ၅၀၅ (က)၊ မတ ရားအသင်းဆက်သွယ်မှု အက်ဥပ ဒေ ပုဒ်မ-၁၇ (၁)တို့ကိုလည်း ဖေဖော် ဝါရီလ ၂၈ ရက်က စွဲချက်တင် တ ရားစွဲဆိုထားတာပါ။
မတ်လ ၁၄ ရက်နေ့မှာ မြစ်ကြီးနားထောင်တွင်းတရား ရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထပ်တိုးစွဲချက်တင်ခဲ့ခြင်း ဖြစ်တယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့တာပါ။

👍9🤬7🔥2