Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီမှ လူစည်ကားစေရန် ပြင်ဆင်နေသည့်သင်္ကြန်တွင် ပြည်သူများမပါဝင်ကြရန် ပဲခူးတိုင်းအတွင်းမှ PDF များသတိပေး
👍15😁3
စစ်ကောင်စီမှ လူစည်ကားစေရန် ပြင်ဆင်နေသည့်သင်္ကြန်တွင် ပြည်သူများမပါဝင်ကြရန် ပဲခူးတိုင်းအတွင်းမှ PDF များသတိပေး
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် စစ်ကောင်စီမှ သင်္ကြန်ပွဲတော် စည်ကားစေရန် ပုံစံမျိုးစုံဖြင့် ကြိုးပမ်းနေပြီး၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ပြည်သူများအနေဖြင့် စစ်ကောင်စီမှ လူစည်ကားစေရန်ပြုလုပ်နေသော သင်္ကြန်ပွဲတွင်မပါဝင်ကြဘဲ တော်လှန်သင်္ကြန်တွင်သာ ပူးပေါင်းပေးကြရန် မေတ္တာရပ်ခံသတိပေးထားကြသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီမှ ၎င်းတို့ပြုလုပ်မည့် သင်္ကြန်ပွဲအားလူစည်ကားစေရန် မဲလက်မှတ်များရောင်းချနေသည်ဟု ဒေသခံများမှ မဇ္ဈိမကိုပြောသည်။

ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်ကာ အုပ်ချုပ်ရေးမှူးများအား ရောင်းခိုင်းနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးမှပြောသည်။

"ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ ပန်ကာတွေ ဘာတွေပါတယ်ကြားတယ်၊ သင်္ကြန်မဏ္ဍပ်မှာ ဖောက်ပေးမှာပြောတယ်၊ လူစည်အောင် လုပ်နေတာပေါ့ဗျာ” ဟုဒေသခံမှပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီမှ သင်္ကြန်ပွဲလူစည်ကားစေရန် ကြိုးပမ်းနေသော်လည်း ပြည်သူများမှ စစ်ကောင်စီ၏သင်္ကြန်တွင် မဆင်နွှဲကြရန်နှင့် တော်လှန်သင်္ကြန်တွင် ပူးပေါင်းပါဝင်ပေးကြရန် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF မှ သတိပေးသည်။

"သူတို့ဘက်ကတော့ စည်ကားအောင်ပုံစံမျိုးစုံနဲ့လုပ်နေတာပါ၊ ကျွန်တော်တို့ကလည်း ကိုယ်လုပ်စရာရှိတာကိုလုပ်မှာပါ၊ ဒါပေမယ့် ပြည်သူသာအဓိကဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကိုလည်း မထိခိုက်စေလိုတဲ့အတွက် အကောင်းဆုံး အတတ်နိုင်ဆုံး မထိခိုက်အောင်ဆောင်ရွက်မှာပါ၊ ဒါပေမယ့် ဒီကောင်တွေရှိတဲ့နေရာမှာ ပျော်ရွှင်ကခုန်နေကြတဲ့အများစုက သူတို့ဘက်ခြမ်းက လူတွေပဲဖြစ်မယ်လို့ ယူဆပါတယ်၊ အဓိကထားပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ သင်္ကြန်မဏ္ဍပ်တွေကိုမသွားကြဖို့ပါပဲ" ဟု Paungde People Defence Force-PPDF တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

အလားတူ နတ်တလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း ယခုကာလမှာ အာဏာလုစစ်တပ်အား အမြစ်ပြုတ်တိုက်ထုတ်နေသည့် တော်လှန်ရေးကာလဖြစ်သောကြောင့် ဒေသအသီးသီးမှ စစ်ရှောင်ပြည်သူများအားငဲ့ညှာစာနာသောအနေဖြင့် ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ကြရန် တိုက်တွန်းထားသည်။

"သင်္ကြန်နဲ့ပတ်သက်လို့ကတော့ အနောက်ခြမ်းမြို့တွေမှာ စီစဉ်နေကြပြီပေါ့။ သဘောက ထုံးစံအတိုင်း သီဆိုကခုန်မယ်၊ မူးရူးခွင့်ပေးမယ်။ ကျွန်တော်တို့ မြို့က တော်လှန်ပြည်သူတို့ကိုပြောချင်တာက အားလုံးကျန်းမာကြပါစေ၊ ပျော်ရွှင်မှုဆိုတာ လိုအပ်ပါတယ်။
ဒါပေမဲ့ ဒီကာလမှာ အသိတရားနဲ့ကပ်ရတာပေါ့။ ဒါမှ တရားမျှတတဲ့ ပျော်ရွှင်မှုဖြစ်ပါလိမ့်မယ်။ ခင်ဗျားတို့ရဲ့ သားသမီးတွေရဲ့ အနာဂတ်က ဒီကနေ့ခင်ဗျားတို့ လှမ်းနေတဲ့ခြေလှမ်းတွေပါပဲ" ဟု နတ်တလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောသည်။

စိမ်းလန်းတဲ့နေ့တွေမှာ ကျင်းပခွင့်ရမယ့် ရေသဘင်ပွဲတွေအတွက် မင်းအောင်လှိုင်အပြီးတိုင် မကျရှုံးသရွေ့ တိတ်ဆိတ်ခြင်းနှင့်သာပျော်ပေးကြပါဟု လည်းဆိုသည်။

ပြည်မြို့နယ်တွင်လည်း ဗိုလ်ချုပ်ကျောက်ရုပ်အနီးရှိ ညစျေးထိပ်တွင် ပိတ်ကာ မဏ္ဍပ်ကြီးတစ်ခုဆောက်လုပ်နေကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

"အရင်က ပန်းခြံရှေ့မှာ ဗဟိုမဏ္ဍပ်ဆောက်နေကျလေ၊ အခုအဲ့မှာ ဘာမှမတွေ့ဘူး၊ အရင်ညစျေးထိပ်မှာ ပိတ်ဆောက်နေတာတော့တွေ့တယ်၊ အရင်က လမ်းမတော်တစ်လျှောက်က နာမည်ကြီးမဏ္ဍပ်တွေလည်း ဆောက်တာမတွေ့ရပါဘူး၊ သူတို့ဆောက်နေတဲ့ဟာ အဲ့တစ်ခုပဲတွေ့တယ်” ဟု ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ အခြားမြို့နယ်များတွင် စစ်ကောင်စီမှ သင်္ကြန်စည်ကားစေရန်ပြင်ဆင်နေသော်လည်း ပြည်သူများမှာ ပါဝင်ဆင်နွှဲရန် သိပ်မမြင်မိကြောင်း ဒေသခံများမှပြောသည်။
"ကျွန်တော်တို့မြို့မှာ ခုချိန်ထိ သင်္ကြန်သီချင်းဖွင့်သံတောင် သိပ်မကြားရပါဘူး၊ ဘယ်သူမှလည်း သင်္ကြန်နွှဲဖို့ ပြင်နေတာမတွေ့မိဘူး၊ ရေပြွတ်ပန်းကုန်းရောင်းတာတောင် မတွေ့မိဘူး၊ သူတို့ဘက်ကတော့ ယိမ်းအကအတွက် လူစုနေတယ်ကြားတယ်" ဟု ကြို့ပင်ကောက်မြို့ဒေသခံတစ်ဦးမှပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ ရွှေတောင်မြို့နယ်၊ ဥသျှစ်ပင်မြို့နယ်တို့အပါအဝင် အခြားသောမြို့နယ်များတွင်လည်း ထွေအုပ်ရုံးမှဦးစီးကာ မြို့နယ်မဏ္ဍပ်များတည်ဆောက်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သင်္ကြန်ပွဲတော်
#ပေါင်းတည်မြို့နယ်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ
#ပဲခူးတိုင်း
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁1🥴1
​​ထိုင်းတွင် မလေးရှားသို့ သွားရောက်မည့် ရိုဟင်ဂျာ ၉၆ ဦးကို ဖမ်းဆီးရမိ 
=======================

ထိုင်းနိုင်ငံ ကန်ချာနာဘူရီပြည်နယ် မောင်းခရိုင်တွင် နိုင်ငံတွင်း တရားမဝင် ဝင်ရောက်သည့် ရိုဟင်ဂျာ ၉၆ ဦးကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်း၌ ဖမ်းဆီးရမိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍5🔥2👏1
This media is not supported in your browser
VIEW IN TELEGRAM
အရှေ့အလယ်ပိုင်း လုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက်
ပူးပေါင်းလုပ်ဆောင်ဖို့ အီရန်နဲ့ဆော်ဒီကတိပြု

#InternationalNews #VideoNews #shorts #reels
👍3❤2🔥1
စဉ့်ကူးမှာ စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
================

MTO(မဇ္ဈိမ)။ ။ မန္တလေးတိုင်း စဉ့်ကူမြို့နယ် လက်ပံလှကျေးရွာ ပင်လည်ကြီးဂိတ်မှ နွယ်ရုံ ဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်၏ ယာဉ် သုံးစီးပါယာဉ်တန်းကို ဧပြီလ ၆ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း Bo Lin Yone အဖွဲ့ မှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများကို တင်ဆောင်မောင်းနှင်လာသည့် ၁၀ ဘီးကား သုံးစီးအနက် တစ်စီးအား ကံပျိုကျေးရွာနှင့် ပျဉ်းပင်ကျေးရွာအကြားတွင် ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Bo Linn Yone အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုအခြေအနေကတော့ အတည်ပြုနေတုန်းပါ” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီးနောက် နွယ်ရုံရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ခိုက်ခံလိုက်ရသည့် နေရာသို့ ရောက်ရှိလာပြီးနောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း Bo Linn Yone အဖွဲ့ ကတာ ဝန်ရှိသူတစ်ဦးက ပြောသည်။

Bo Linn Yone အဖွဲ့ သည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း ကချင်ပြည်နယ်ဘက်မှ မန္တလေးသို့ ကျောက်စိမ်းများတင်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ငါးဦးသေဆုံးခဲ့သည်။

https://youtu.be/aI6GqyaPpR4

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စဉ့်ကူမြို့နယ်
#စစ်ကောင်စီတပ်သား
#လက်ပံလှကျေးရွာ
#မိုင်းဆွဲ

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18😁2👏1
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား နှစ်ပတ်ကြာ ဖြတ်သန်းသွားလာခြင်းမပြုရန် ကြေညာ
=========================

တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာကြောင့် မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးမှာ ပြည်သူလူထုတွေအနေနဲ့ ဧပြီ ၇ ရက် ဒီကနေ့မနက် စတင်ပြီးဖြတ်သန်းသွားတာမလုပ်ကြဖို့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ပူးတွဲထုတ်ပြန် အသိပေးကြေညာလိုက်ပါတယ်။

အဆိုပါ ပူးတွဲ အမိန့်ထုတ်ပြန်ချက်မှာ ကော်ဘရာ စစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Lion Battalion၊ KNU/KNLA(PC) တပ်ရင်းမှူး၊ KNU/KNLA(PC) ဗျူဟာမှူး၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲအမှတ်(၃)တို့ ပါဝင်ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ် အာရှလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်၊BGF ပူးပေါင်းတပ်တွေနဲ့ ကေအန်ယူလက်အောက်ခံ မဟာမိတ်တပ်ပေါင်းစုတွေအကြား ဧပြီ ၅ ရက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အဆိုပါတိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေများနေတာကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကတဆင့် အရပ်သားပြည်သူတွေရဲ့ ကားတွေကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်နေတယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့က ဆိုပါတယ်။

ဒါကြောင့် အရပ်သားပြည်သူလူထုတွေအနေနဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဧပြီ ၇ ရက်မှ ၂၁ ရက်အထိ လုံးဝ ဖြတ်သန်းသွားလာတာမလုပ်ဖို့ မြေပြင်ပူပေါင်းစစ်ကြောင်းတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီအမိန့်ကို ပူးတွဲထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။

အခုရက်တွေအတွင်း မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို မြန်မာစစ်ဘေးရှောင်တွေဟာ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရပြီး ထိုင်းအာဏာပိုင်တွေက အရေးပေါ်ကူညီ စောင့်ရှောက်ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုဒေသမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တာကြောင့် နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်မှာ ထွက်ပြေးခိုလှုံလာတဲ့ မြန်မာ စစ်ဘေးဒုက္ခသည်ပေါင်း ၆၀၀၀ အထိ ရှိလာပြီလို့ ထိုင်းအာဏာပိုင်တွေထံက သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာတွေက အဝတ်အစား၊ ပဲနို့၊ ထမင်းဘူးနဲ့ ရေသန့်ကတ်တွေကို တက်နိုင်သလောက် စုပေါင်းကူညီပေးနေရတယ်လို့ သိရပါတယ်။

ဆေးဝါး၊ ရေနှင့် စားနပ်ရိက္ခာအပါအဝင် အသုံးအဆောင်ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား သွားရောက်ကူညီပေးနေသူများထံက သိရပါတယ်။

လက်ရှိအခြေအနေအရ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ဖွယ် ရှိနေပြီး စစ်ဘေးရှောင်များ ယခုထက်ပိုမို များပြားလာမည်ကို စိတ်ပူမိကြောင်း စစ်ဘေးရှောင်များကို သွားရောက် ကူညီပေးနေသူများက သုံးသပ်ပြောကြားထားပါတယ်။

https://youtu.be/1_jTf52QVdQ


#PolitiecalNews
#videonews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🔥1😁1
ရွှေကုက္ကိုလ်မြို့အနီး စစ်ကောင်စီလက်အောက်ခံ BGFစခန်းကုန်း ၅ ခု သိမ်းပိုက်ခံရပြီး ၈၅ဦးကျော်သေဆုံး
===================

သွင်းထူးဈာန်|ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့ ထီးဝါးပလော ထီးကော်ထောကျေးရွာအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ BGFစခန်းကုန်း ငါးခုကို ဧပြီလ ၅ရက်နေ့ နံနက် ၅နာရီခွဲအချိန်တွင် Lion Battalionဗျူဟာစစ်ကြောင်း(KTLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Lion Battalionဗျူဟာစစ်ကြောင်းထံမှ သိရသည်။

ဧပြီလ ၅ရက်နေ့နှင့် ၆ရက်နေ့အထိ နှစ်ရက်သာတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် BGFတပ်တို့ဘက်မှ ၈၅ဦးကျော်သေဆုံးခဲ့ကြောင်း သိရသည်။

“ကျနော်တို့က BGFစခန်းကို တိုက်တာမဟုတ်ဘူး၊ စစ်တပ်ရှိတဲ့နေရာ စစ်တပ်နဲ့ပေါင်းတဲ့ အရာတွေကိုတိုက်တာပေါ့နော်၊ BGFကိုပဲ ခေါင်းစဉ်တပ်လို့တော့မရဘူး၊ စစ်ကောင်စီကို တိုက်တယ်လို့ပဲ ပြောရမှာပေါ့နော်။ အဲ့ဒီနေရာက သူတို့ရဲ့ စီးပွားရေးအဓိကနေရာဖြစ်တယ်လေ၊ လူကုန်ကူးတဲ့နေရာတွေရှိတယ်၊ မူးယစ်ဆေးဝါးဖြန့်တာတွေ ထုတ်လုပ်တာတွေ အဲ့လိုဟာတွေရှိမယ်၊ နောက်ပြီတော့ ဟန်ပြကာစီနိုရုံပေါ့ နောက်ကွယ်မှာ မကောင်းတဲ့အရာတွေ ကျူးလွန်တဲ့အဖွဲ့အစည်းတွေ ရှိတဲ့နေရာကို ကျနော်တို့ ဝင်စီးတာပါ”ဟု Lion Battalionဗျူဟာစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အညာသားမှပြောသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်BGFတပ်တို့ထံမှ လက်နက်မျိုးစုံ ၇၅လက်သိမ်းဆည်းရပြီးခဲ့ကြောင်း သိရသည်။ အဆိုပါ ရွှေကုက္ကိုလ်မြို့အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၅,၀၀၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ရွှေကုက္ကိုလ်မြို့အနီးတိုက်ပွဲကို Lion Battalionဗျူဟာစစ်ကြောင်း (KTLA)နှင့် ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်တို့မှ ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဧပြီလ ၇ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်နှင့်BGFတပ်တို့သည် ရွှေကုက္ကိုလ်မြို့ အဝင်အထွက်ကိုပိတ်ဆို့ထားပြီး အင်အားအများအပြားဖြင့် ခုခံစစ်ကို ပြုလုပ်ထားကြောင်းသိရသည်။

https://youtu.be/mXpZV2T3qug

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရွှေကုက္ကိုလ်မြို့
#LionBattalion
#ဗျူဟာစစ်ကြောင်း
#KTLA
#မြဝတီမြို့နယ်

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍21❤2👏1😁1🥱1
ရွှေဘိုတွင် မိုင်းရှင်းထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ ပျူစောထီးဆိုသူ ၄ဦးသေဆုံး
=================

MTO(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်တွင် ဧပြီလ ၅ ရက်နေ့က မိုင်းရှင်းရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ လေးဦး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့ထံက သိရသည်။

ရွှေဘိုမြို့ အနောက်ခြမ်း တည်သီးတောကျေးရွာမှ ပျူစောထီးခေါင်းဆောင်ဆိုသူ မောင်ဆန်းနှင့် အဖွဲ့ဝင်များသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ တည်တောသီးကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာအကြားတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန် ထွက်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့မှ ရဲဘော်ဗလကြီးက ပြောသည်။

“သူတို့ မိုင်းရှင်းဖို့ထွက်လာချိန် ပဒေသာမိုင်း တစ်ကြိမ်ကို သုံးလုံးစီ နဲ့ သုံးကြိမ်မိုင်းဆွဲတိုက် ခိုက်ခဲ့တာ ပျူ(ပျူစောထီး)လေးဦးသေတယ် “ ဟု ၎င်းကပြောသည်။

သေဆုံးသွားသူများမှာ ဦးတင်ကြူး ၊ ဦးကုလား၊ ဦးကုခြား နှင့် အခြားတစ်ဦး တို့ဖြစ်ပြီး ပျူစောထီးခေါင်းဆောင်ဆိုသူ မောင်ဆန်းနှင့် ဦးသန့်ဇော်ဦး ဆိုသူတို့ အပြင်းအထန် ဒဏ်ရာရရှိသွားပြီးနောက် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ရဲဘော်ဗလကြီးက ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်က ပစ်ခတ်မှု အနည်းငယ်ပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ များဘက်တွင် အထိအခိုက်မရှိကြောင်း သိရသည်။

ရွှေဘိုမြို့အနောက်ခြမ်းဒေသသည် ပျူစောထီးဆိုသူ အများအပြားနေထိုင်ကြသည့် နယ်မြေများဖြစ်ကြောင်း ရဲဘော်ဗလကြီးက ဆိုသည်။

“သူတို့(ပျူစောထီး)နယ်မြေတွေမှာ ပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျတာတွေ လုပ်လေ့ရှိတယ်။ ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးရာနယ်မြေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ စစ်ကြောင်းထိုးတာတွေ ပြုလုပ်လေ့ရှိတယ်” ဟု ၎င်းကပြောသည်။

ယခုတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့ နှင့် ဗိုလ်ဂျပန်ကြီး- SHWEBO (LPDF)အဖွဲ့ ၊ တောင်သူကြီးများအဖွဲ့ LDF၊ ဖား‌ရွှေ‌ကျော် - ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ DOG KILLER SHWEBO PEOPLE DEFENCE FORCE၊ မတစ်ထောင်( တစ်ကောင်ဘွား ) - ဒီပဲယင်းအဖွဲ့နှင့် ရွှေဘိုမြို့နယ် တိုက်နယ်(၂) မဟာမိတ်အင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်‌သည်ဟု သိရသည်။

https://youtu.be/mBSQEgAh7eA

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး


#Mizzima
#ရွှေဘိုမြို့နယ်
#စစ်ကောင်စီတပ်
#ပျူစောထီး
#မိုင်းဆွဲတိုက်ခိုက်



-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13👏1😁1🥴1
​​ပုသိမ်ကြီးမြို့မရဲစခန်းမှ ရဲတစ်ဦးကို ဆိုင်ကယ်စီးလူနှစ်ဦးက ပစ်သတ်ပြီး သေနတ်နှင့်ကျည်များပါယူဆောင်သွား
==================

007
(မဇ္ဈိမ)။ ။မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တွင် ယမန်နေ့ ဧပြီ၆ရက်ညနေက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကွမ်းယာထွက်ဝယ်စဉ် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာထိပ်ရှိဓာတ်အားခွဲရုံတွင် အစောင့်ကျနေသည့် ပုသိမ်ကြီးမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်အောင်နွယ်စိုးကို ဆိုင်ကယ်စီးလာသူနှစ်ဦးက ပစ္စတိုသေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်း အခင်းဖြစ်စဉ်ကိုသိရှိသည့်ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

“အနောက်ကနေလှမ်းပစ်သွားတာလို့ပြောတာပဲ။ ကျွန်တော်တို့ထွက်ကြည့်တော့ စစ်သားတွေရောက်နေပြီ။ တစ်ချက်တည်းနဲ့ ဘိုင်းကနဲလဲသေတာ”ဟုအဆိုပါ ဒေသခံက ပြောသည်။

ရဲဒုတပ်ကြပ်အောင်နွယ်စိုးသည် ဧပြီ ၆ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်တွင် အစောင့်ကျနေသည့်နေရာမှ ကိုက် ၄၀၀ အကွာတွင်ရှိသော ကွမ်းယာဆိုင်သို့ ယူနီ‌ဖောင်း၊လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ထွက်လာစဉ် ဆိုင်ကယ်စီးလူနှစ်ဦးက ပစ္စတိုသေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ဝဲဘက်နားထင်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် အခင်းဖြစ်နေရာတွင်ပွဲချင်းပြီးသေဆုံးပြီး ၎င်းကိုင်ဆောင်လာသည့် MA-13 အမျိုးအစားသေနတ်တစ်လက်၊ ကျည်ဆန်ငါးတောင့်နှင့် ကျည်ဘောက်တစ်ခုကို ပစ်ခတ်သူများက ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။
ရဲဒုတပ်ကြပ်အောင်နွယ်စိုးအား မည်သည့်အဖွဲ့က ပစ်သတ်သွားသည်ကို မသိရသေးပေ။

မန္တလေးမြို့တွင် ပြီးခဲ့သည့်မတ်လ ၂၀ ရက်နေ့ကလည်း အမရပူရမြို့နယ်တရားရုံးအတွင်း အစောင့်ကျနေသော ရဲတပ်ဖွဲ့ဝင်များ လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရသွားကြောင်းသိရသည်။
စာတည်း - မောင်ကြီး

#mizzima
#မန္တလေးမြို့
#ပုသိမ်ကြီးမြို့နယ်
#ရဲတပ်ဖွဲ့ဝင်တစ်ဦး
#ပစ်သတ်ခံရ
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥1👏1🥴1
People fleeing Myanmar fighting take shelter at Thai border
===================

Over a hundred people are seen at a shelter at the Thai border after they fled into Thailand following fierce fighting between Myanmar rebels and the military.

Myanmar has been in turmoil since Aung San Suu Kyi's civilian government was toppled in an army coup two years ago.

https://youtu.be/HH38d7f3IQ4

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥2
This media is not supported in your browser
VIEW IN TELEGRAM
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား နှစ်ပတ်ကြာ
ဖြတ်သန်းသွားလာခြင်းမပြုရန် ကြေညာ

Watch more detail - https://youtu.be/1_jTf52QVdQ

#PoliticalNews #VideoNews #shorts #reels
👍11🔥2
ဧပြီလ (၇) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

00:58 - ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ထောင် ၆ နှစ်ချတဲ့သတင်း

01:50 - တရုတ်ကိုရောက်နေတဲ့ပြင်သစ်သမ္မတက ရှီကျင့်ဖျင်နဲ့ယူကရိန်းအရေး ဦးစားပေး ဆွေးနွေးတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ်ရာနဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

02:55 - ရွှေကုက္ကိုလ်မြို့အနီး စစ်ကောင်စီလက်အောက်ခံ BGF စခန်းကုန်း ၅ ခု သိမ်းပိုက်ခံရပြီး ၈၅ဦးကျော်သေဆုံးတဲ့သတင်း

07:42 - ရွှေကူမြို့ စီသာတိုက်နယ်ရွာတွေကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မူပြုလုပ်နေတဲ့သတင်း

https://youtu.be/RcP5bIWLtUI

#4pmnews
#Mizzimanewshour
#mizzimatv

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁1🤬1🤮1
ရွှေကူမြို့ စီသာတိုက်နယ်ကရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ
============================

KMN(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ရွှေကူမြို့၊ စီသာတိုက်နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မြေပြင်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်နေပြီး ဧပြီ ၆ရက်နေ့က တုံးကောက်ရွာနဲ့ စီသောင်ရွာကို တိုက်လေယာဉ်တွေနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ကချင်ပြည်နယ်၊ရွှေကူမြို့၊စီသာတိုက်နယ်ကို မတ်လ ၂၅ ရက်နေ့၊ မတ်လ ၃၀ ရက်နေ့နဲ့ ဧပြီလ ၅ ရက်၊ ၆ ရက်နေ့တို့မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

စီသာတိုက်နယ်ထဲမှာ ကျေးရွာ ၁၂ ရွာဝန်းကျင်ရှိပြီး ထောင်နဲ့ချီတဲ့ဒေသခံ တွေဟာ နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွှေကူ KPDF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

https://youtu.be/ZsR6ast1iDA

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
ရုပ်သံတင်ဆက်၊တည်းဖြတ်-KMN

#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬9🔥1👏1
ကလေးမြို့မြောက်ပိုင်း ၇ ရက်အကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ကျော် သေဆုံး ဟုဆို
================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့မြောက်ပိုင်းတွင် တစ်ပတ်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၅ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ကာကွယ်ရေးတပ်မတော် (အထက်ချင်းတွင်း ဒေသ) (CNO/CNDF – UCR) က ဧပြီလ ၆ရက်တွင် ထုတ်ပြန်သည်။

မတ်လ ၃၀ရက်နေ့မှစတင်၍ ဧပြီလ ၅ရက်နေ့အထိ ခုနစ်ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများအပြင် ပြည်သူနှစ်ဦး နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဆိုသည်။

မတ်လ ၃၀ရက်နေ့ မနက်ပိုင်း၌ ချမ်းသာကြီးရွာနှင့် လက်ပံချောင်းရွာကြားတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယင်း‌နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများသည် နန်းစောင်းပုရွာဘက်သို့ ဆက်လက်ချီတက်ကာ ညအိပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ်လ ၃၁ရက် နံနက် ၈ နာရီခန့်မှ စတင်ပြီး ပျဉ်းတောဦးရွာ အရှေ့ဘက်သင်္ချိုင်းကုန်းတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦး သေဆုံး၍ ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။
👍15🔥2🥴1
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အသာစီးရရှိခဲ့ပြီး ယင်းနေ့ ညနေ ၃နာရီနှင့် ၄နာရီအကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ခုနစ်ဦး သေဆုံးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က မြေပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လေကြောင်းပစ်ကူများလည်း အသုံးပြုခဲ့ကြောင်း သိရသည်။

ဧပြီလ ၁ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ နန်းစောင်းပုရွာသို့ တပ်ပြန်ဆုတ်သောကြောင့် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့က ကလေးမြို့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သားတွေ သေတာကို ဖရဲသီးဘက်က ရတဲ့သတင်း၊ မျက်မြင် အလောင်းတွေတွေ့တာနဲ့ မီးရှို့ထားတဲ့အရိုးပြာတွေ တွက်ပြီး အတည်ပြုခဲ့တာပါ”ဟု CNO/CNDF (UCR) ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ဧပြီလ ၂ရက် နံနက် ၈နာရီတွင် နန်းစောင်းပုရွာမှ နတ်တံခါးချောင်းအတိုင်း အနောက်ဘက်သို့ တက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ နံနက် ၉ နာရီတွင် ၄၅မိနစ်ကြာ MI35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကလေးမြို့မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၃ ရက် နေ့လယ် ၁၂နာရီ ၃၀ မိနစ်အချိန်မှစ၍ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ညနေ ၄ နာရီအချိန်တွင် ဂျက်လေယာဉ်တစ်စီး ၊ ရဟတ်ယာဉ်သုံးစီးဖြင့် တိုက်ခိုက်၍ ရဟတ်ယာဉ်ဖြင့် စစ်ကူများလည်းချပေးခဲ့ရာ သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့သဖြင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ပျဉ်းတောဦးမှ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ဒုဗိုလ်အပါအဝင် ရှစ်ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။
ယင်းနောက် စစ်ကောင်စီတပ်သားများသည် ပျဉ်းတောဦးနှင့် ညောင်ကုန်းရွာအတွင်းသို့ဝင်၍ ဘန်ကာများဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၄ရက်နေ့ ညတွင် ပျဉ်းတောဦးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို သွားရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးဒဏ်ရာရသည့် ဦးရေကို အတိအကျမသိရကြောင်း ဆိုသည်။
ဧပြီလ ၅ရက် မနက်ပိုင်းတွင် ချင်းစုရွာထိပ်နှင့် အခြားနေရာများမှ ကာကွယ်ရေး တပ်ဖွဲ့များကို စစ်ကောင်စီတပ်ဖွဲ့က ဝိုင်းထားသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အင်အား မမျှတသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ပစ်ခတ်သည့် ၄၀မမ ပေါက်ကွဲမှုကြောင့် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ချင်းစုရွာမှ တပ်ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။

အဆိုပါစစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များဖြစ်သော CNDF , CDF – Tonzang , HNB , CR , PDA , PDF – Zoland , Cangelzawl - ပကဖ , RKDF , CDF – KKG , ပျဉ်းတောဦး (ပကဖ)နှင့် CDF – CDM Siyin တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ဧပြီလ ၆ရက်မနက်ပိုင်းတွင် ချင်းစုနှင့် ပျဉ်းတောဦးမှ တပ်ပြန်ဆုတ်သဖြင့် CNDF တပ်ဖွဲ့မှ ချင်းစုနှင့် ပျဉ်းတောဦး ကျေးရွာသို့ နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ရာ ပျဉ်းတောဦးနှင့် နန်းစောင်းပု လမ်းကြားတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ နှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိရကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ပျဉ်းတောဦးရွာမှ လူနေအိမ်လေးလုံး ၊ စပါးကျီ တစ်လုံး မီးရှို့ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရားကျောင်းနှစ်ကျောင်းနှင့် ရိပ်သာ တစ်ခု ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ချင်းစုရွာထိပ်တွင် စစ်ကောင်စီတပ်သား နှစ်ဦး၏ ရုပ်အလောင်းများကို မီးရှို့ထားခဲ့ပြီး ၎င်းတို့သည် ချင်းစု ၊ ပျဉ်းတောဦး ၊ညောင်ကုန်း ကျေးရွာရှိ လူနေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန် ပစ္စည်းများ ခိုးယူကာ ၊ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ခဲ့ကြောင်း ဆိုသည်။ ၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့များသည် လူမျိုးရေးခွဲခြားပြီး ခြိမ်းခြောက်သော စာများကို အိမ်နံရံများတွင်လည်း ရေးသားခဲ့ကြသည်။

အဆိုပါတိုက်ပွဲများဖြစ်ပွားသဖြင့် ကလေးမြို့ မြောက်ပိုင်းရှိ ကျေးရွာ ၁၇ ရွာဖြစ်သည့် ပြည်တော်သာ၊ နန်းချောင်း၊ သာယာကုန်း၊ စမိတ်ကွင်း၊ အင်ကြင်းခုံ၊ ကြိုးကြာကွင်း၊ လက်ပံချောင်း၊ မြောက်ချောတော၊ ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်း၊ မင်းလှ၊ အောင်ရွာ၊ ကိမ်းလိုင်၊ ရှုခင်းသာ၊ ချမ်းသာကြီးနှင့် ရာဇဂြိုလ်ကျေးရွာများမှပြည်သူ ငါးသောင်းကျော်သည် မြို့တွင်းနှင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကလေးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က အင်တာနက်ဖြတ်တောက်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောစစ်ရေးအခြေအနေမှာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ပြီး ပြည်သူများအနေဖြင့် ကလေးမြို့မြောက်ပိုင်းသို့ သတိထားသွားလာကြရန်နှင့် နယ်မြေလုံခြုံရေး စိတ်ချရသည့်အချိန်ကို ပြန်လည်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း CNDF က သတိပေးထားသည်။
👍14🔥2❤1