Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရွှေကူမြို့ စီသာတိုက်နယ်ကရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ
============================

KMN(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ရွှေကူမြို့၊ စီသာတိုက်နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မြေပြင်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်နေပြီး ဧပြီ ၆ရက်နေ့က တုံးကောက်ရွာနဲ့ စီသောင်ရွာကို တိုက်လေယာဉ်တွေနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ကချင်ပြည်နယ်၊ရွှေကူမြို့၊စီသာတိုက်နယ်ကို မတ်လ ၂၅ ရက်နေ့၊ မတ်လ ၃၀ ရက်နေ့နဲ့ ဧပြီလ ၅ ရက်၊ ၆ ရက်နေ့တို့မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

စီသာတိုက်နယ်ထဲမှာ ကျေးရွာ ၁၂ ရွာဝန်းကျင်ရှိပြီး ထောင်နဲ့ချီတဲ့ဒေသခံ တွေဟာ နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွှေကူ KPDF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

https://youtu.be/ZsR6ast1iDA

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
ရုပ်သံတင်ဆက်၊တည်းဖြတ်-KMN

#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬9🔥1👏1
ကလေးမြို့မြောက်ပိုင်း ၇ ရက်အကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ကျော် သေဆုံး ဟုဆို
================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့မြောက်ပိုင်းတွင် တစ်ပတ်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၅ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ကာကွယ်ရေးတပ်မတော် (အထက်ချင်းတွင်း ဒေသ) (CNO/CNDF – UCR) က ဧပြီလ ၆ရက်တွင် ထုတ်ပြန်သည်။

မတ်လ ၃၀ရက်နေ့မှစတင်၍ ဧပြီလ ၅ရက်နေ့အထိ ခုနစ်ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများအပြင် ပြည်သူနှစ်ဦး နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဆိုသည်။

မတ်လ ၃၀ရက်နေ့ မနက်ပိုင်း၌ ချမ်းသာကြီးရွာနှင့် လက်ပံချောင်းရွာကြားတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယင်း‌နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများသည် နန်းစောင်းပုရွာဘက်သို့ ဆက်လက်ချီတက်ကာ ညအိပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ်လ ၃၁ရက် နံနက် ၈ နာရီခန့်မှ စတင်ပြီး ပျဉ်းတောဦးရွာ အရှေ့ဘက်သင်္ချိုင်းကုန်းတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦး သေဆုံး၍ ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။
👍15🔥2🥴1
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အသာစီးရရှိခဲ့ပြီး ယင်းနေ့ ညနေ ၃နာရီနှင့် ၄နာရီအကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ခုနစ်ဦး သေဆုံးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က မြေပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လေကြောင်းပစ်ကူများလည်း အသုံးပြုခဲ့ကြောင်း သိရသည်။

ဧပြီလ ၁ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ နန်းစောင်းပုရွာသို့ တပ်ပြန်ဆုတ်သောကြောင့် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့က ကလေးမြို့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သားတွေ သေတာကို ဖရဲသီးဘက်က ရတဲ့သတင်း၊ မျက်မြင် အလောင်းတွေတွေ့တာနဲ့ မီးရှို့ထားတဲ့အရိုးပြာတွေ တွက်ပြီး အတည်ပြုခဲ့တာပါ”ဟု CNO/CNDF (UCR) ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ဧပြီလ ၂ရက် နံနက် ၈နာရီတွင် နန်းစောင်းပုရွာမှ နတ်တံခါးချောင်းအတိုင်း အနောက်ဘက်သို့ တက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ နံနက် ၉ နာရီတွင် ၄၅မိနစ်ကြာ MI35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကလေးမြို့မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၃ ရက် နေ့လယ် ၁၂နာရီ ၃၀ မိနစ်အချိန်မှစ၍ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ညနေ ၄ နာရီအချိန်တွင် ဂျက်လေယာဉ်တစ်စီး ၊ ရဟတ်ယာဉ်သုံးစီးဖြင့် တိုက်ခိုက်၍ ရဟတ်ယာဉ်ဖြင့် စစ်ကူများလည်းချပေးခဲ့ရာ သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့သဖြင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ပျဉ်းတောဦးမှ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ဒုဗိုလ်အပါအဝင် ရှစ်ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။
ယင်းနောက် စစ်ကောင်စီတပ်သားများသည် ပျဉ်းတောဦးနှင့် ညောင်ကုန်းရွာအတွင်းသို့ဝင်၍ ဘန်ကာများဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၄ရက်နေ့ ညတွင် ပျဉ်းတောဦးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို သွားရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးဒဏ်ရာရသည့် ဦးရေကို အတိအကျမသိရကြောင်း ဆိုသည်။
ဧပြီလ ၅ရက် မနက်ပိုင်းတွင် ချင်းစုရွာထိပ်နှင့် အခြားနေရာများမှ ကာကွယ်ရေး တပ်ဖွဲ့များကို စစ်ကောင်စီတပ်ဖွဲ့က ဝိုင်းထားသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အင်အား မမျှတသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ပစ်ခတ်သည့် ၄၀မမ ပေါက်ကွဲမှုကြောင့် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ချင်းစုရွာမှ တပ်ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။

အဆိုပါစစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များဖြစ်သော CNDF , CDF – Tonzang , HNB , CR , PDA , PDF – Zoland , Cangelzawl - ပကဖ , RKDF , CDF – KKG , ပျဉ်းတောဦး (ပကဖ)နှင့် CDF – CDM Siyin တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ဧပြီလ ၆ရက်မနက်ပိုင်းတွင် ချင်းစုနှင့် ပျဉ်းတောဦးမှ တပ်ပြန်ဆုတ်သဖြင့် CNDF တပ်ဖွဲ့မှ ချင်းစုနှင့် ပျဉ်းတောဦး ကျေးရွာသို့ နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ရာ ပျဉ်းတောဦးနှင့် နန်းစောင်းပု လမ်းကြားတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ နှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိရကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ပျဉ်းတောဦးရွာမှ လူနေအိမ်လေးလုံး ၊ စပါးကျီ တစ်လုံး မီးရှို့ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရားကျောင်းနှစ်ကျောင်းနှင့် ရိပ်သာ တစ်ခု ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ချင်းစုရွာထိပ်တွင် စစ်ကောင်စီတပ်သား နှစ်ဦး၏ ရုပ်အလောင်းများကို မီးရှို့ထားခဲ့ပြီး ၎င်းတို့သည် ချင်းစု ၊ ပျဉ်းတောဦး ၊ညောင်ကုန်း ကျေးရွာရှိ လူနေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန် ပစ္စည်းများ ခိုးယူကာ ၊ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ခဲ့ကြောင်း ဆိုသည်။ ၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့များသည် လူမျိုးရေးခွဲခြားပြီး ခြိမ်းခြောက်သော စာများကို အိမ်နံရံများတွင်လည်း ရေးသားခဲ့ကြသည်။

အဆိုပါတိုက်ပွဲများဖြစ်ပွားသဖြင့် ကလေးမြို့ မြောက်ပိုင်းရှိ ကျေးရွာ ၁၇ ရွာဖြစ်သည့် ပြည်တော်သာ၊ နန်းချောင်း၊ သာယာကုန်း၊ စမိတ်ကွင်း၊ အင်ကြင်းခုံ၊ ကြိုးကြာကွင်း၊ လက်ပံချောင်း၊ မြောက်ချောတော၊ ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်း၊ မင်းလှ၊ အောင်ရွာ၊ ကိမ်းလိုင်၊ ရှုခင်းသာ၊ ချမ်းသာကြီးနှင့် ရာဇဂြိုလ်ကျေးရွာများမှပြည်သူ ငါးသောင်းကျော်သည် မြို့တွင်းနှင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကလေးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က အင်တာနက်ဖြတ်တောက်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောစစ်ရေးအခြေအနေမှာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ပြီး ပြည်သူများအနေဖြင့် ကလေးမြို့မြောက်ပိုင်းသို့ သတိထားသွားလာကြရန်နှင့် နယ်မြေလုံခြုံရေး စိတ်ချရသည့်အချိန်ကို ပြန်လည်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း CNDF က သတိပေးထားသည်။
👍14🔥2❤1
​​အင်းတော်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသူ ၅ ဦးအထိရှိလာ
===================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့မှ CDM ကျောင်းဆရာမတစ်ဦး အပါအဝင် အမျိုးသမီး သုံးဦးနှင့် အမျိုးသားနှစ်ဦး စုစုပေါင်း ငါးဦးကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်လိုက်ကြောင်း Indaw Revolution- IR ထံမှ သိရသည်။

အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက်နေ အသက် ၄၄ နှစ်အရွယ် ဒေါ်အေးအေး ၊ ဒေါ်ခင်ပြည့်ပြည့်ထွန်း နှင့် အသက် ၃၉ နှစ်အရွယ် CDM အလယ်တန်းပြဆရာမ ဒေါ်သိန်းလှတို့ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး ဧပြီလ ၃ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

“ဧပြီလ ၁ ရက်နေ့က ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ချတယ်။ ဧပြီလ ၃ ရက်နေ့ကတော့ အမျိုးသမီးသုံးဦး၊ တစ်သက်တစ်ကျွန်းပဲ။ အကုန်းလုံးကို ၅၀ (ည)၊ ၅၂ (က) အဲဒီပုဒ်မတွေနဲ့ တစ်သက်တစ်ကျွန်းချလိုက်တာ” ဟု Indaw Revolution- IRအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

ဧပြီလ ၁ရက်နေ့တွင်လည်း အင်းတော်မြို့၊ နတ်မဟုတ်ကလေးရွာမှ ကိုအေးမင်းထွန်းကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သေးသည်။

ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင်လည်း အင်းတော်မြို့၊ ကမ်းနီကျေးရွာမှ မီးသွေးလုပ်ငန်းလုပ်ကိုင်နေသော ကိုမင်းမင်းဦး(ခ)ကိုလမင်းကို စစ်ကောင်စီတပ်ဖွဲ့က PDF ဟု စွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သေးသည်။

အင်းတော်မြို့နယ်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရသူ ငါးဦးအထိရှိလာပြီဖြစ်သည်။

ထိုသို့ ထောင်ဒဏ်အပစ်ပေးခံရသူများသည် မတ်လ ၄ ရက်နေ့နှင့် မတ်လ ၅ ရက်နေ့တို့တွင် စစ်ကောင်စီတပ်ဖွဲ့က PDF များကိုထောက်ပံ့သည်ဟုဆိုကာ ဒေသခံ၂၂ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ဒေသခံ ၂၂ဦးအနက် ၁၈ဦးကို ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း ဆက်လက် ဖမ်းဆီးထားသူအချို့အား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)ဖြင့် အမှုဖွင့်ကာ ဧပြီလ ၁ ရက်နေ့နှင့် ၃ရက်နေ့တို့တွင် အင်းတော်မြို့ စစ်ခုံရုံးမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ခြင်းဖြစ်သည်ဟု Indaw Revolution အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၃ရက်တွင် စစ်ကောင်စီတပ်မှ PDFဟု စွပ်စွဲဖမ်းခံရသော လူငယ်နှစ်ဦးကို ကသာအကျဉ်းထောင်သို့ ပြောင်းရွေ့ထားပြီး ထောင်ဒဏ်ချမှတ်ခြင်းမျိုး မရှိသေးကြောင်းလည်း Indaw Revolution အဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

အာဏာသိမ်းထားသော နှစ်နှစ်ကျော်ကာလအတွင်း တစ်နိုင်ငံလုံးတွင် အရပ်သားစုစုပေါင်း ၁၇,၃၇၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ထိုအထဲမှ ၅,၅၃၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဧပြီလ ၆ ရက်အထိ စာရင်းများအရ သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#အင်းတော်မြို့
#စစ်ကောင်စီ
#ထောင်ဒဏ်
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👎3👍2👏1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်ကိုရောက်နေတဲ့ ပြင်သစ်သမ္မတက ရှီကျင်ဖျင်းနဲ့
ယူကရိန်းအရေး ဦးစားပေးဆွေးနွေး

#Internationalnews #VideoNews #shorts #reels
👍5🔥1😁1
စကစရဲ့နျူကလီးယားဓာတ်ပေါင်းရုံကိုနိုင်ငံတကာကစောင့်ကြည့်ဖို့သံအမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်း
=================

မြန်မာစစ်တပ်မှ ပွင့်လင်းမြင်သာမှုမရှိဘဲ နျူကလီးယားစက်ရုံလည်ပတ်ရေးအတွက် လိုက်နာရမယ့် စည်းကမ်း၊စီမံခန့်ခွဲတဲ့စနစ်တွေမရှိဘဲ အသေးစားနျူကလီးယားဓာတ်ပေါင်းရုံတည်ဆောက်ဖို့ ကြိုးပမ်းနေတာနဲ့ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ အလေးထား အာရုံစိုက် စောင့်ကြည့်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးခဲ့ပါတယ်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်ရဲ့ အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဧပြီလ(၃) ရက်နေ့က (၂၁) ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ ဆွေးနွေးပွဲ အထွေထွေရေးရာဆွေးနွေးမှုအစီအစဉ်မှာ ပြောခဲ့တာပါ။

နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ သက်ဆိုင်ရာ နိုင်ငံတွေက ဆင်ခြင်နိုင်စွမ်းနဲ့ အသုံးပြုရေးမှာ အရေးကြီးသလို မြန်မာစစ်တပ်ဟာ ပွင့်လင်းမြင်သာမှုမရှိမှု၊ နျူကလီးယားစက်ရုံလည်ပတ်ရေးအတွက် လိုက်နာရမယ့် စည်းကမ်းတွေ စီမံခန့်ခွဲတဲ့ စနစ်တွေ မရှိတဲ့အပြင် တရားဥပဒေစိုးမိုးရေး လျစ်လျူရှုပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဥပဒေအပါအဝင် နိုင်ငံတကာဥပဒေတွေကို လိုက်နာတာမရှိတဲ့အတွက် နိုင်ငံတကာအနေနဲ့ အလေးထား စောင့်ကြည့်ကြဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အလုံးစုံနျူကလီးယားစမ်းသပ်မှုတားမြစ်ရေးစာချုပ် အသက်ဝင်စေဖို့ အရေးကြီးသလို အဲဒီစာချုပ်အသက်ဝင်ရေးအတွက် နောက်ဆက်တွဲပါ နိုင်ငံတွေအနေနဲ့ စာချုပ်ကို ဆောလျင်စွာ ပါဝင်လက်မှတ်ရေးထိုးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် လူမဆန်တဲ့ ကျူးလွန်မှုတွေကို ခံစားနေရတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ လက်နက်ကြောင့် လူနေမှုဘဝ ပျက်စီးဆုံးရှုံးရတာနဲ့ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက် နိုင်တာအပြင် နျူကလီးယားလက်နက်အသုံးပြုမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ လူသားချင်းစာနာ ထောက်ထားမှုအခြေအနေတွေနဲ့ နျူလက်နက် လွှဲပြောင်းမှုကြောင့် ဖြစ်ပေါ်လာမယ့် လုံခြုံရေး ဆိုင်ရာ အန္တရာယ်တွေအပေါ် များစွာစိုးရိမ်ကြောင်းလည်း ဆိုခဲ့ပါတယ်။

ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီကို လက်နက်တင်ပို့တဲ့ နိုင်ငံတွေအနေနဲ့ လက်နက်တင်ပို့မှုကို ချက်ချင်းရပ်ဆိုင်းဖို့ တောင်းဆိုတယ်လို့ သံအမှတ်ကြီးက တောင်းဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ထိန်းချုပ်တာဟာ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်တာ ဖြစ်တာကြောင့် စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချနေတဲ့ နိုင်ငံတွေ အနေနဲ့ လက်နက်ရောင်းချ မှုတွေ ချက်ချင်းရပ်ဖို့ မြန်မာပြည်သူတွေကိုယ်စားတောင်းဆိုတယ်လို့လည်း ပြောခဲ့ပါတယ်။

https://youtu.be/A1A9ba2rBR4


#PolitiecalNews
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18😁2👎1
ကန့်ဘလူခရိုင်အတွင်းဆွံ့အနားမကြားအရပ်သား၂ဦးကိုစစ်တပ်သတ်၊ နေအိမ် ၁၇၄လုံးနှင့်စပါးတိုက်များမီးရှို့သွား
=====================

MTO (မဇ္ဈိမ)။ ။ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သားနှစ်ဦးကို သတ်ဖြတ်သွားကာ သုံးရက်အတွင်း နေအိမ် ၁၇၄လုံးနှင့် စပါးတိုက်အများအပြားကို မီးရှို့ဖျက်ဆီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ကသတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်းရှိ လျှော်ဖြူကုန်းကျေးရွာ၊ဉာဏ်အင်းရွာနှင့်အင်းလယ်ကြီးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့ ၄ရက်နေ့အတွင်း စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ဧပြီလ ၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။သုံးရက်အတွင်း နေအိမ်ပေါင်း ၁၇၄ လုံးအထိ မီးလောင်ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

“ဧပြီလဆန်းပိုင်းကတည်းက တောက်လျှောက်ရွာတွေကိုမီးရှို့နေတာ" ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ က တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ကိုးထောင်ဘို့တိုက်နယ်၊ကိုးထောင်ဘို့ကျေးရွာအထိုင်ချ ခလရ(၁၃၇) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင် အား ၅၀ ကျော်သည် ဧပြီလ ၂ ရက်နေ့တွင် လျှော်ဖြူကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ်အလုံး ၆၀ မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ လျှော်ဖြူကုန်းကျေးရွာသည် ယခုတစ်ကြိမ်အပါအဝင် သုံးကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနေ့ ဧပြီလ ၂ ရက်နေ့မှာပင် ထန်းကုန်းတိုက်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် ပျူစောထီးအင်အား ၁၅၀ ခန့် သည့် ဉာဏ်အင်းရွာအား ဝင်ရောက်မီးရှို့ရာ နေအိမ်အလုံး ၄၀ မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

ဉာဏ်အင်းကျေးရွာကိုမီးရှို့ဖျက်စီးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဧပြီလ ၃ရက်နေ့ နှင့် ၄ ရက်နေ့များတွင် ထန်းကုန်းတိုက်နယ်အတွင်းမှ အင်းလယ်ကြီးရွာကို နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးပြန်ရာ နေအိမ်ပေါင်း ၇၄လုံး မီးလောင်ခဲ့ပြီး စပါးတိုက်များပါ ဖျက်ဆီးခံခဲ့ရကြောင်း၊ ဆွံ့အနားမကြားသည့် အရပ်သားပြည်သူ နှစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

"ဝေသာလီပြည်ဘီလူးစီးတယ်ဆိုတာ ဘုန်းကြီးတရားဟောထဲမှာပဲ အဒေါ်တို့ကြားဖူးနာဖူးတာကွယ့်။အခုကကိုယ့်ရွာကြုံမှ ယုံတယ်။ကျွဲ၊နွား၊ဝက်တွေကို သတ်ဖြတ်စားသောက်ထားတာများကွယ်၊ တစ်သက်လုံး အသားမမြင်ဘူးတဲ့ ဘီလူးသရဲတွေလိုပဲ။ ရွံစရာကောင်းသလို၊ကြောက်စရာလဲကောင်းတယ်" ဟု မီးရှို့ခံရသော ကျေးရွာတစ်ခုမှ ဒေသခံအမျိုးသမိးကြီးတစ်ဦး၏ ပြောကြားထားသည်ကိုကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ က ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူဒေသတွင်
ဧပြီ ၅ရက်နောက်ပိုင်း ငြိမ်သက်နေကြောင်း သိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှလက်ရှိအချိန်အထိ ကန့်ဘလူခရိုင်အတွင်းစစ်ကောင်စီ၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော ပြည်သူပေါင်း ၃၀၀၀၀ ခန့် ရှိ‌နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ထံမှ သိရသည်။

https://youtu.be/9uBlj_XR9ec

စာတည်း - မောင်ကြီး

#mizzima
#ကန့်ဘလူခရိုင်
#စစ်ကြောင်းထိုး
#အရပ်သားနှစ်ဦးကိုသတ်ဖြတ်
#မီးရှို့ဖျက်ဆီး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🤬4❤1😁1
This media is not supported in your browser
VIEW IN TELEGRAM
April - 7 [ 4 Pm ] Mizzima News Hour

Mizzima Headline News

#4pmnews
#mizzimanewshour
#reels
#shorts
👍5🤮2😁1
ဧပြီလ ၇ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍1
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးကိုဒုံးကျည်နဲ့ပစ်ခတ်ပြီးတဲ့နောက် လက်ဘနွန်မှာရှိတဲ့
ကုလတပ်ဖွဲ့ဝင်တွေက ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့

#InternationalNews #VideoNews #shorts #reels
😁3👍2🔥2
​​မင်္ဂလာဒုံလေတပ်အား ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်
======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံလေတပ်အား ရှော့တိုက်ဒုံး ခုနစ်လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း တိုက်ခိုက်မှုပြုလုပ်သည့် အဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို BWM ၏ ပံ့ပိုးမှုဖြင့် Liberty Thunder နှင့် Anonymous mission team Alpha နှစ်ဖွဲ့ပူးပေါင်းကာ ယမန်နေ့ မတ်လ ၆ ရက် ည ၉ နာရီ ၁၆ မိနစ်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အဖွဲ့နာမည်တွေဖတ်ကြည့်တော့ အဖွဲ့တွေက အသစ်ဖြစ်နိုင်တယ်။ ဖေ့ဘွတ်ပေ့ချ်တောင် မတွေ့ရသေးဘူး။ ဒီစာထွက်လာတာက အဖွဲ့အချင်းချင်း လက်ဆင့်ကမ်းလို့ဖြစ်စေ၊ သူတို့ချိတ်ဆက်ထားတဲ့ မီဒီယာဆီကို သတင်းပေးပို့မှုကြောင့်ဖြစ်စေ ထုတ်ပြန်ချက်ထွက်လာတာတွေ့ရတယ်။ တခြားဟာကတော့ လုံခြုံရေးထိမှာစိုးလို့မပြောတော့ပါဘူး။ ဒီထုတ်ပြန်ချက်က သေချာသလောက်ရှိတယ်။

နောက်ပြီး ဒီအဖွဲ့တွေက အလှူမခံဘူးဆိုထဲက လူရှေ့ထွက်လာဖို့က သိပ်ရှိမှာမဟုတ်ဘူး။ သူတို့နဲ့ဆက်သွယ်ဖို့က ခက်ခဲနိုင်တယ် ” ဟု တော်လှန်ရေးအင်အားစုတစ်ခုမှ တာဝန်ရှိသူက အွန်လိုင်းပေါ်တွင်ပျံ့နှံ့လာသော ထိုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး သုံးသပ်သည်။
တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော အဖွဲ့များအနေဖြင့် ၎င်းတို့ပစ်ခတ်ခဲ့သောနေရာများတွင် မြေမြှုပ်မိုင်းများထားရှိခဲ့သဖြင့် ယင်းနေရာများသို့ ပြည်သူများ ၄၈ နာရီအတွင်းအသွားအလာမပြုလုပ်ကြပါရန်နှင့် ထိုနေရာများသို့ ရှော့တိုက်ဒုံးများထပ်မံရောက်ရှိလာနိုင်ပါသောကြောင့် ပြည်သူများသွားရောက်ကြည့်ရှုခြင်းမပြုရန် အထူးသတိပေးထားသည်။

ထို့အတူ တပ်တွင်းသင်္ကြန်မဏ္ဏပ်များအနီးသို့ လုံးဝမသွားကြရန်နှင့် တပ်မဏ္ဏပ်နေရာများကို နီးစပ်ရာမြို့ပြပြောက်ကျားအဖွဲ့များထံအကြောင်းကြားပေးပါရန် မေတ္တာရပ်ခံထားသည်။ တပ်တွင်းသင်္ကြန်မဏ္ဏပ်များအားပစ်ခတ်ရန် 107 မမ များလည်း အလုံအလောက်ရောက်ရှိနေပြီဖြစ်သဖြင့် တပ်တွင်းသွေးသင်္ကြန်ပွဲများ မကြာမီဖော်ဆောင်နိုင်ရန် ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်အနေဖြင့် ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်အား ငဲ့ညှာခြင်းမရှိဘဲ လေတပ်က မတရားအင်အားသုံး၍ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် တော်လှန်ရေးအင်အားစုများက တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ထိုသို့တန်ပြန်တိုက်ခိုက်မှုဖြစ်စဉ်များသည် မကြာမီကာလအတွင်း အချိန်မရွေးထပ်မံပေါ်ပေါက်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် လေတပ်နှင့် စစ်ကောင်စီတပ်စွဲရာ အနီးဝင်းကျင်များသို့ သွားလာခြင်းများရှောင်ရှားကြရန် တော်လှန်ရေးအင်အားစုများကိုယ်စား အနူးအညွတ်မေတ္တာရပ်ခံထားသည်။

၂၀၂၃ ခုနှစ် ပထမ လေးလ အတွင်းပင် စစ်ကောင်စီတပ်အခြေစိုက်ရာ နေရာများဖြစ်သော ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်စခန်း နှင့် ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အမှတ် (၁၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက တိုက်ခိုက်ခဲ့သည်။ ထို့အတူ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းအပိုင်၊ ဆပ်ပလိုင်းမှတ်တိုင်လမ်းအတွင်းရှိ ဆပ်ပလိုင်း (GE) တပ် အရာရှိလိုင်းခန်းနှင့် စစ်သည်လိုင်းခန်းအား မှော်ဘီတော်လှန်ရေးအင်အားစုက မတ်လ ၁၇ ရက် ညပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရာ ထိခိုက်သေဆုံးသူများရှိကြောင်း သိရသည်။

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

# Mizzima
#မင်္ဂလာဒုံလေတပ်
#ရှော့တိုက်ဒုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤5👏1🥱1🤣1
This media is not supported in your browser
VIEW IN TELEGRAM
ရေပိုင်နက်အတွင်း တရုတ်ရဲ့ဝင်ရောက်နှောက်ယှက်မှုကို
တားဆီးဖို့ လုပ်ဆောင်နေကြောင်း ထိုင်ဝမ်ပြော

#InternationalNews #VideoNews #shorts #reels
👍11🔥2