Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်မှူးနှင့် အိမ်အကူ အသတ်ခံရပြီး နေအိမ်မီးရှို့ခံရ
👍13🔥1
မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်မှူးနှင့် အိမ်အကူ အသတ်ခံရပြီး နေအိမ်မီးရှို့ခံရ
=======================

007
(မဇ္ဈိမ)။ ။ မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက၊ မန္တလေးတိုင်းတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးနှင့်အိမ်အကူ အမျိုးသမီးတို့ နေအိမ်အတွင်းအသတ်ခံရပြီး၊ နေအိမ်မီးရှို့ခံရမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက် အကွက်အမှတ်(၈၉၆)၊ ၃၁ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်မှူး၏သုံးထပ်တိုက်နေအိမ်တွင် ယနေ့ဧပြီ ၁၁ ရက်နံနက် ၃ နာရီ မိနစ် ၂၀ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုသတင်းအရ မီးသတ်ဦးစီးဌာနက သွားရောက်မီးငြှိမ်းသတ်ရာမှ၊ နေအိမ်အတွင်း ၎င်းတို့နှစ်ဦးအား သေဆုံးလျက်တွေ့ခဲ့ရခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနနှင့်နီးစပ်သည့် အသိုက်အဝန်းမှသိရသည်။

“မီးလောင်တဲ့အိမ်ထဲမှာ အမျိုးသမီးအလောင်းနှစ်လောင်းတွေ့တော့ မီးလောင်မှုဖြစ်စဉ်ကြောင့်သေတယ်လို့ပဲ ပထမတော့ယူဆကြတာပေါ့၊ နောက်တော့တာဝန်ရှိသူတွေ စစ်ဆေးမှုအရ အသတ်ခံထားရတာဖြစ်နေတယ်၊ အိမ်ရှင်က တရားလွှတ်တော်ဒုညွှန်မှူးတဲ့ မန္တလေးက” ဟု လုံခြုံရေးအရ အမည်ဖော်ပြလိုခြင်းမရှိသော မီးသတ်ဝန်ထမ်းတစ်ဦးက ပြောသည်။

အသတ်ခံရသည့်အိမ်ရှင်ဖြစ်သူသည် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဒေါ်လေးကြည်(အသက် ၅၀ နှစ်)ဖြစ်ပြီး၊ အိမ်အကူအမျိုးသမီးသည် မအေးသန္တာ(အသက် ၄၀ ဝန်းကျင်) ဖြစ်ကြောင်း သိရသည်။

၎င်းတို့၏ အလောင်းများအားစစ်ဆေးမှုအရ အိမ်ရှင်ဖြစ်သူတွင် လည်ပင်းဓားထိုးစိုက်လျက် မျက်နှာပြင်တွင် ပြတ်ရှဒဏ်ရာများတွေ့ရကြောင်း၊ အိမ်အကူတွင် ပြင်ပဒဏ်ရာမတွေ့ရကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ ၊ မီးသတ်ဦးစီးဌာနက Level 1 အဆင့်ဖြင့်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မွေ့ယာ ခုတင်နှင့် အတွင်းပစ္စည်းအနည်းငယ်မီးလောင်ခံခဲ့ရကြောင်း စစ်ကောင်စီ၏ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မန္တလေးတိုင်း
#တရားလွှတ်တော်
#ဒုညွှန်မှူး
#အိမ်အကူ
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏4🔥1
ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🔥1
China says Taiwan independence and peace 'mutually exclusive'
==========================

China warns that peace in the Taiwan Strait and independence for the island are "mutually exclusive" in its view, as Beijing carries out military drills around the island.

"Taiwan independence and Taiwan Strait peace and stability are mutually exclusive things," said foreign ministry spokesman Wang Wenbin at a regular briefing on Monday.

https://youtu.be/Bcb-dadiCAo

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥3
မြန်မာပြည်သားတွေပါဝင်ဆင်နွှဲတဲ့ ထိုင်းရိုးရာ သင်္ကြန် | VOA On Mizzima
====================

မြန်မာနှစ်သစ်ကူးနဲ့ တချိန်ထဲ ကျရောက်မဲ့ ထိုင်းရိုးရာသင်္ကြန် စုံခရန်ပွဲတော်ကို လာရောက် လည်ပတ်ကြမဲ့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေထဲမှာ မြန်မာပြည်သားတွေလည်း အများကြီး ပါရှိတာပါ။ ဒီလို အပျော်အပါး အပမ်းဖြေဖို့ လာရောက်ကြတဲ့ မြန်မာပြည်သားတွေအပေါ် မြန်မာ့အရေး လှုပ်ရှားသူတချို့ကတော့ ပျော်တာကို မတားလိုပေမယ့် ကိုယ့်နိုင်ငံအရေးကိုတော့ မေ့မထားသင့်ကြောင်း ပြောဆိုကြပါတယ်။ ဒီအကြောင်း ဘန်ကောက်ကနေ မညိုညိုလွင်က တင်ပြထားပါတယ်။

https://youtu.be/QL9Mdkf0L9g

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥3👍1😁1
​​ဖားကန့်တွင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌကို စစ်ကောင်စီတပ်က ဖမ်းဆီး
=====================

အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဖားကန့်တွင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုနဲ့နီးစပ်သူများက အတည်ပြုသည်။

ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်မှ မေတ္တာရှင်လူမှုကူ ညီရေးအသင်းဥက္ကဋ္ဌကို ဧပြီလ ၉ ရက်နေ့ ည ၉ နာ ရီအချိန်လောက်က စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်တယ်လို့ ဆိုသည်။

မေတ္တာရှင်လူမှုကူညီရေးအသင်းဥက္ကဋ္ဌကို မေးမြန်းစရာရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်မှလာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူသတင်းရင်းမြစ်တစ်ဦးက ယခုလို ဆိုသည်။

“သူ့အိမ်မှာပဲ လာပြီးမှ မေးစရာရှိလို့ဆိုပြီးခေါ်သွားတာ။ မနေ့ညကတည်းက ခေါ်သွားပြီး အခုချိန်ထိအဆက်အသွယ်မရသေးဘူးလို့ပြောတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသူမှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဦးမင်းအောင်ဆိုသူဖြစ်ပြီး၊ မှော်ဝမ်းရပ်ကွက်အတွင်း မိသားစုပိုင် "ယွန်း" အမည်ရှိ လက်ဖက်ရည်ဆိုင်ကို ဖွင့်လှစ်ထားသူလည်း ဖြစ်သည်။

သူ့ကို လာရောက် ဖမ်းဆီးခေါ်ဆောင်စဥ် အိမ်စီးကားဖြင့် အရပ်ဝတ်ထားသူ အချို့နှင့် ရဲဝတ်စုံဝတ်ဆင်ထားသူ အချို့ပါဝင်ပြီး လက်ရှိ ဖားကန့် ရဲအချုပ်ခန်းတွင် ထိန်းသိမ်းထားသည်ဟု မဇ္ဓျိမ၏မြေပြင်သတင်းအဖွဲ့က စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့ရှိ အရပ်သားပြည်သူများကို သံသယဖြင့် နေ့ ည မပြတ် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေပြီး ၂၀၂၃ ခုနှစ် ဧပြီလ အထိ ဖမ်းဆီးခံရသူပေါင်း ၃၂၀ ကျော်အထိ ရှိလာပြီဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဖားကန့်
#လူမှုကူညီရေးအသင်း
#စစ်ကောင်စီတပ်
#ဖမ်းဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬4😢2❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
April - 11 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews
#mizzimanewshour
#reels
#shorts
👍5🔥1🤮1
ဧပြီလ (၁၁) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

00:58 - စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တွေ တိုက်ခိုက်ခံနေရတဲ့ သတင်း

05:56 - နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု မေလအထိ ဖြစ်ပေါ်နိုင်တဲ့သတင်း

04:21 - ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအချို့ ၂ လနီးပါး ဆန်ရိက္ခာပြတ်လပ်မှုများရှိနေတဲ့ သတင်းနဲ့

10:56 - ယူကရိန်းနဲ့သီးနှံတင်ပို့မှုသဘောတူညီချက်ကို ဖျက်သိမ်းပစ်မယ်လို့ ရုရှားခြိမ်းခြောက်လိုက်တဲ့ သတင်း အပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ ။

https://youtu.be/ryhOzst0dSI

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤1🤮1
တရုတ်အကူအညီဖြင့်စစ်ရေးဆိုင်ရာတိုးချဲ့မှုရှိနေကိုကိုးကျွန်းသို့စစ်ခေါင်းဆောင်ရောက်ရှိ
========================

ဘင်္ဂလားပင်လယ်အော်ထဲက ကိုကိုးကျွန်းကို စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ဧပြီလ ၁၀ရက်ထုတ် သတင်းစာတွေမှာဖော်ပြပါတယ်။

မြန်မာပိုင် ကိုကိုးကျွန်းပေါ်မှာ တရုတ်အကူအညီနဲ့ စစ်ဘက်ဆိုင်ရာအဆောက်အဦးတွေတိုးချဲ့ ဆောက်လုပ်နေတယ်ဆိုတဲ့သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်နေချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ဟာ အဲဒီကျွန်းကို သွားရောက်နေတာပါ။

ခရီးစဉ်ကတော့ နိုင်ငံတကာကုန်သွယ်ရေကြောင်းမှာ အ‌ရေးပါတဲ့ ကပ္ပလီပင် လယ်ပြင်(Andaman Sea) နဲ့ ဘင်္ဂလားပင်လယ် အော် (Bay of Bengal) တို့ နှစ်ခုဆုံမှတ်တည် နေရာမှာ ကျောက်တိုင် စိုက်ထူ တဲ့အခမ်းအနားတက်ရောက်တာလို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေက ဆိုကြပါတယ်။

ကိုကိုးကျွန်းကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၂၈ရက်နေ့တုန်းက သွားရောက်ချိန် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင် လယ်အော်တို့ဆုံမှတ်ဖြစ်တဲ့ ကိုကိုးကျွန်းမှာ အထိမ်းအမှတ်ကျောက်တိုင်စိုက်ဖို့ ညွှန်ကြားခဲ့ဖူးတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အိန္ဒိယသတင်းတွေမှာ မြန်မာစစ်တပ်ဟာ ဘင်္ဂလားပင်လယ်အော်ထဲက မဟာဗျုဟာအရ အရေးပါတဲ့ ကိုကိုးကျွန်းပေါ်မှာ တရုတ်အကူအညီနဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေ တိုးချဲ့ ဆောက်လုပ်နေတယ်လို့ ဂြိုလ်တုဓာတ်ပုံတွေနဲ့ဖော်ပြကြတာတွေရှိလာပါတယ်။

ဗြိတိန်က မူဝါဒရေးရာဌာနတစ်ခုဖြစ်တဲ့ Chatham House ကလည်း ဂြိုလ်တု ဓာတ်ပုံဆိုင်ရာကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ ကျွန်းပေါ်မှာ လေယာဉ်ရုံ အသစ် နှစ် ရုံ ၊ ပေ ၇,၅၀၀ ကျော်တဲ့ လေယာဉ်ပြေးလမ်း နဲ့ ရေဒါစခန်းအသစ် တို့ကိုတွေ့မြင်ရတယ်လို့ ထုတ်ပြန်ပါတယ်။

လေယာဉ်ပြေးလမ်း တစ်ခုကိုပါ တိုးချဲ့ဆောက်လုပ်ထားတယ်ဆိုတာကို ဂြိုလ်တုဓာတ်ပုံတွေအရ အတည်ပြုနိုင်ခဲ့တယ်လို့ Bloomberg သတင်းဌာန ကလည်းဖော်ပြပါတယ်။

ကိုကိုးကျွန်းနဲ့ အနီးနားက ကျွန်းလေးတွေကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပုံစံထက်ကြီးမား ကျယ်ပြန့်တဲ့ တည်ဆောက်ရေးလုပ်ငန်း တွေကိုလည်း ကောင်းကင်ဓာတ်ပုံ ရိုက်ကူးတဲ့ မတ်လကုန်အချိန် အထိကို မြင်တွေ့ထားရတယ်လို့ ပါရှိပါတယ်။

အိန္ဒိယဘက်ကလည်း ကိုကိုးကျွန်းပေါ်မှာ တရုတ်အကူအညီနဲ့မြန်မာစစ်တပ်ဟာ ထောက်လှမ်းရေး စခန်း တည်ဆောက်နေတယ်လို့ စွပ်စွဲထားပါတယ်။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ စွပ်စွဲချက်တွေဟာအခြေအမြစ်မရှိဘူးလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားတပ်ဖွဲ့တွေကို ဝင်ရောက်ခွင့်မပြုသလို၊ တရုတ်နဲ့ အိန္ဒိယ တပ်ဖွဲ့တွေလည်း ကိုကိုးကျွန်းကို ရောက်ရှိဖူးတာမျိုးမရှိခဲ့ဘူးလို့ သတင်းမီဒီယာတွေကို ပြောဆိုထား ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နှင့် ရုရှား ကျောထောက်နောက်ခံရှိကြောင်း ဖော်ပြလိုတာကြောင့်တရုတ်အကူအညီဖြင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ် နေတယ်ဆိုတဲ့ ကိုကိုးကျွန်းမြို့ကို သွားရောက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။

ကိုကိုးကျွန်းဟာ ရန်ကုန်တိုင်းထဲမှာပါဝင်ပြီး ရန်ကုန်မြို့ကနေ ရေမိုင်၂၆၀ ခန့် ကွာဝေးကာ ကျွန်းဆီကို အရပ်သားတွေ လွတ်လပ်စွာခရီးသွားလာခွင့်မရှိပါဘူး။ ရန်ကုန်ကနေ ကိုကိုးကျွန်းကို အချိန်မရွေးသွား လာနိုင်တဲ့ ရေလမ်းပို့ဆောင်ရေးလမ်းကြောင်းမျိုးမရှိဘဲ၊ အာဏာပိုင်တွေက စီစဉ်ပြေးဆွဲပေးတဲ့ ခရီးစဉ်ပို့ ဆောင်ရေးအစီအစဉ်တွေကိုသာ အားကိုးသွားလာရတာဖြစ်ပါတယ်။

ကိုကိုးကျွန်းမှာ ‌လူနေရပ်ကွက် ၂ ခုနဲ့ လူဉီးရေ ၁၂၀၀ ကျော်သာ နေထိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။

ကပ္ပလီပင်လယ်ပြင်ရဲ့ တောင်ဘက်အကျဆုံးနေရာမှာ နိုင်ငံတကာ ကုန်သွယ် ရေကြောင်းရဲ့ အဓိကအရေးပါတဲ့ ရေလက်ကြားတစ်ခုဖြစ်တဲ့ မလ္လကာရေ လက်ကြားနဲ့လည်း ဆက်စပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာဖြစ်တဲ့ ကိုကိုးကျွန်းရဲ့ မြောက်ဘက်မှာ ပါလီပါလဲ့ ရေလမ်းကြောင်းနဲ့ တောင်ဘက်တွင် ကိုကိုးရေလမ်းကြောင်းများ တည်ရှိပါတယ်။

ယင်းရေလက်ကြားများမှ နှစ်စဉ်နိုင်ငံခြားကုန်သွယ် ရေယာဉ်အစီးရေ ၈၀၀၀ ခန့် ဖြတ်သန်းသွားလာလေ့ရှိတာကြောင့် နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုအတွက်သာမက မြန်မာနိုင်ငံရဲ့ ရေကြောင်းအကျိုးစီးပွားအတွက်လည်း အဓိကအခန်းကဏ္ဍမှာ ပါဝင်လျက်ရှိတယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

https://youtu.be/enOBK6Um5co

#PolitiecalNews
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12❤2👎1
အသက်အကြီးဆုံး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့အနာဂတ် | VOA On Mizzima
=======================

အမေရိကန်သမ္မတ ဘိုင်ဒန်ဟာ နိုင်ငံရေးအောင်မြင်မှုတွေရနေတာကို ဂုဏ်ယူပေမယ့် အသက်ကြီးလွန်းတာကြောင့် နောက်တကြိမ် သမ္မတရွေးကောက်ပွဲမှာ ထပ်အရွေးခံနိုင်ခြေအပေါ် သူ့မွေးရပ်မြေ Pennsylvia ပြည်နယ်၊ Scrantan မြို့က စိုးရိမ်နေကြပါတယ်။ အပြည့်အစုံကို ကိုစံကျော် တင်ဆက်ထားပါတယ်။

https://youtu.be/OD68CYeu1K8

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1
​​PDF အဖွဲ့ဝင်များကို မြန်မာဆီ ပြန်ပို့ခြင်းအတွက် စိုးရိမ်ပူပန်ကြောင်း ထိုင်း NGOs များ ပြော 
======================

ဖမ်းဆီးမိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များကို မြန်မာနိုင်ငံဆီ ပြန်ပို့ခြင်းနှင့် ၎င်းတို့မှာ နှိပ်စက်ညှဥ်းပန်းခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများ ရှိနိုင်နေခြင်းအပေါ် ထိုင်းလူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံရေးပါတီတစ်ခုတို့က စိုးရိမ်ပူပန်ကြောင်း ဧပြီ ၁၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥5
ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ပြည်သူ ၉ ဦးသေဆုံး
===========================

ပါခွီး(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ ဝေဘူလမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ခရစ်ယာန်သိက္ခာတော်ရ ဆရာတော်နှင့် CDM ကျောင်းအုပ်ဆရာကြီးမိသားစု သုံးဦးအပါအဝင် ပြည်သူ ကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၀ရက် နံနက် ၁၁နာရီခန့်တွင် ဝေဘူလမြို့သို့ ဗုံးလေးလုံး ကြဲချခဲ့ရာ ကျောင်းအနီးတစ်ဝိုက်နှင့် ပြည်သူနေအိမ်များအနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘာမှ အပြစ်မရှိတဲ့ ပြည်သူတွေအပေါ်မှာ လေကြောင်းက ရက်ရက်စက်စက် ဗုံးကြဲသွားခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ် ၊ စစ်ကောင်စီတပ် ဒီလိုမျိုးဆက်မလုပ်နိုင်အောင် တော်လှန်ရေးအင်အားစုများအားလုံး ပေါင်းစည်းပြီး ညီညွတ်စွာဖြင့် စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်သွားကြဘို့ တိုက်တွန်းပါတယ်” ဟု ဝေဘူလမြို့တွင်ရောက်ရှိနေသည့် ကလေးမြို့မှ ကထိက ဆရာမ ဒေါ်ရတီအုန်း က ၎င်း၏ ရုပ်သံထုတ်လွှင့်မှုတွင် ပြောဆိုခဲ့သည်။

သေဆုံးသွားသော သူများမှာ ခရစ်ယာန်ဓမ္မဆရာ သိက္ခာတော်ရ ဆရာ ဂျေ စောဇာထန်း ၊ ကျောင်းအုပ်ဆရာကြီး (CDM) ဦးထောင်ဇအုပ် (၆၁နှစ် )၊ ဒေါ်ထီးယန်းဆုန်း (၅၈နှစ်)(ကျောင်းအုပ်ဆရာကြီးဇနီး) ၊ ဆလိုင်းဗျက်လှယ်ကျဲအို (၁၂နှစ်) (ကျောင်းအုပ်ဆရားကြီးသား ) ၊ ဆရာမ ဇာနှဲမ်ကိမ်း (၃၁နှစ်)(လယ်ပြ CDM) ၊ ဆလိုင်း နာထန်းဟရင်းဆန်း ၊ ဆလိုင်း နောအ ဆန်းလျန်း ၊ ဒေါ်စောလှယ်ကိမ်း ၊ မောင်ချစ်မင်းသူ (စစ်တပ် CDM) တို့ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများအပြင် ဒဏ်ရာရရှိသူ လေးဦးရှိပြီး ၎င်းအထဲတွင် ကျောင်းအုပ်ဆရာကြီးသားဖြစ်သူနှင့် အခြားတစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

ဧပြီလ ၁၁ရက် ယနေ့နံနက်ပိုင်းတွင် သေဆုံးသူများထဲမှ ငါးဦးကို ဝေဘူလမြို့တွင်၎င်း ကျောင်းအုပ်ဆရာကြီးမိသားစုဝင်သုံးဦးနှင့် မောင်ချစ်မင်းသူ တို့၏ အလောင်းကို ဇာသွာလ် ကျေးရွာတွင် ခရစ်ယာန်ထုံးတမ်းအရ သင်္ဂြိုဟ်ပြီးစီးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဧပြီလ ၁၀ရက် ယမန်နေ့ နံနက် ၅နာရီ ၃၀မိနစ်အချိန်တွင် ဖလမ်းမြို့နှင့် ၁၂မိုင်အကွာရှိ ဗားရ်တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး ၁၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိသည်။

ယင်းသို့ တပ်စခန်းအသိမ်းခံရပြီး လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့မှုကြောင့် ဗားရ်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲခဲ့ပြီး တိုက်ပွဲနှင့်မသက်ဆိုင်ဘဲ သီးသန့် ရှိနေသည့် ဝေဘူလမြို့ကို အကြောင်းမဲ့ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရှိရသည်။

https://youtu.be/NZnw7gOlE6A

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဖလမ်းမြို့နယ်
#ဝေဘူလမြို့
#စစ်ကောင်စီတပ်
#လေကြောင်း
#ဗုံးကြဲတိုက်ခိုက်

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬6🔥4👍1
မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို ဆက်လက်ထောက်ခံသွားမယ်လို့ အမေရိကန်ပြော
========================

ဒီမိုကရေစီအရေးရှေးရှုတဲ့ လှုပ်ရှားမှုတွေ၊ အကျပ်အတည်းအဆုံးသတ်စေဖို့ နည်းလမ်းရှာနေကြသူတွေနဲ့ မြန်မာနိုင်ငံအတွက် အားလုံးပါဝင်နိုင်တဲ့ အနာဂတ် ဒီမိုကရေစီ တည်ဆောက်ရေး ကြိုးပမ်းနေသူတွေကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken)က ပြောလိုက်ပါတယ်။

၂၀၂၃ မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ မြန်မာပြည်သူတွေ ကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်စုံပါစေကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိပါကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်အစိုးရကိုယ်စား ပြောကြားလိုက်တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံးကနေ ဧပြီ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပြောကြားလိုက်တာဖြစ်ပြီး သင်္ကြန်ဆိုတာ အဟောင်းမှ အသစ်သို့ ကူးပြောင်းတဲ့ အခါသမယတစ်ခုဖြစ်ပြီး မြန်မာပြည်သူတွေက မိမိတို့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ နိုင်ငံတော်အတွက် လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတို့ကို ထင်ဟပ်ဆင်ခြင်ဖို့ အခွင့်အခါတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်အဖွဲ့ဟာ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုတွေကို အမြောက်အမြားကျူးလွန်နေချိန်မှာ အာဏာသိမ်းမှုနဲ့ နေရာအနှံ့ အရပ်သားပြည်သူတွေအပေါ်လူ့အခွင့်အရေး ချိုးဖောက်နေတာတွေအတွက် အာဏာရှင်အဖွဲ့အစည်းက တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး နိုင်ငံတကာမှ ကြိုးပမ်းအားထုတ်မှုတွေမှာ အမေရိကန်က ဆက်လက် ဦးဆောင်သွားဖို့ သံန္နိဋ္ဌာန်ချထားတယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပဖို့ စစ်ကောင်စီက နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေသလို တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီက ဦးစီးကျင်းပနေတဲ့ သင်္ကြန်ကို သပိတ်မှောက်ဖို့၊ စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ ကုန်ပစ္စည်းတွေကို အသုံးမပြုကြဖို့လူထုကို တိုက်တွန်းထားပါတယ်။

https://youtu.be/miishYLqvTU


#PolitiecalNews
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11❤1🤮1
Media is too big
VIEW IN TELEGRAM
တရုတ်အကူအညီဖြင့် စစ်ရေးဆိုင်ရာတိုးချဲ့ဆောက်လုပ်မှုတွေရှိနေကြောင်း
သတင်းများထွက်ပေါ်နေသည့် ကိုကိုးကျွန်းသို့ စစ်ခေါင်းဆောင် ရောက်ရှိ

Watch more detail - https://youtu.be/enOBK6Um5co

#PoliticalNews #VideoNews #shorts #reels
👍5🔥2❤1
အမေရိကန်မြို့ကြီးတွေက မောင်းသူမဲ့အငှားယာဉ်များ | VOA On Mizzima
=========================

မောင်းသူမဲ့ စက်ရုပ်မောင်းပေးတဲ့ အငှားယာဉ်ကုမ္ပဏီ ၂ ခုက အမေရိကန်ပြည်ထောင်စုထဲက မြို့တွေဆီ တိုးချဲ့လာပါတယ်။ မောင်းသူမဲ့ယာဉ်တွေကို စီးရမှာ တချို့ပြည်သူတွေက စိုးရွံ့နေကြပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/BQ7n1AB9FkI

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
Media is too big
VIEW IN TELEGRAM
ရက္ခိုင့်တပ်တော် AA တည်ထောင်ခြင်း ၁၄ နှစ်ပြည့်ခြင်းအပေါ်
NUG အပါအဝင် အဖွဲ့ ၂၀ ကျော်မှ ဂုဏ်ပြုသဝဏ်လွှာများပေးပို့

Watch more detail - https://youtu.be/z6_THKNQWRA

#PoliticalNews #VideoNews #shorts #reels
👍12❤‍🔥2🔥1
ကန့်ဘလူတွင် အခမ်းအနားပြုလုပ်နေစဉ် လေကြောင်းမှတိုက်ခိုက်ခံရသဖြင့် အများအပြားသေဆုံး
========================

ကိုခင်မောင်(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းရှိ ပဇီကြီးရွာတွင် အခမ်းအနားတစ်ခု ပြုလုပ်နေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးမှုများရှိနေပြီး သေဆုံးသူများ၏ရုပ်အလောင်းများကို ရေတွက်၍မရသေးကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရ သည်။

ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်၌ ပဇီကြီးရွာတွင် ဒေသကာကွယ်ရေးအဖွဲ့များက အခမ်းအနားဖွင့်ပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က ထိုရွာနှင့်အနီးတဝိုက်ကို လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်က ဆိုသည်။

“ဗုံးချသွားတာ။ ပထမတော့ ဂျက်ဖိုက်တာနဲ့ဗုံးချသွားပြီးနောက် သုံးမိနစ်လောက်နေတော့ MI 35 နဲ့ ပစ်ခံရ သေးတာဗျ။ ဗုံးချတဲ့အကြိမ်ရေတော့ တိတိကျကျ မသိရသေးပါဘူး။ အသေအပျောက်နဲ့ ထိခိုက်မှုများနိုင် တယ်လို့ကြားရတယ်”ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမသို့ပြော သည်။
လေကြောင်းမှတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရပျက်စီးမှုများပြားကြောင်း မြေပြင်သတင်းအတည်ပြု ချက်အရသိရပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လတ်တလောတွ၍် မြေပြင်အခြေအနေကိုစောင့်ကြည့်၍ ဒဏ်ရာရလူနာများအား ကယ်ထုတ်ရန် ကြိုး စားလုပ်ဆောင်နေကြကြောင်း ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။
“အလောင်းတောင် ရေတွက်မရဘူး လေကြောင်းလည်း ကြောက်ရသေးတယ်။ မြေပြင်ကလူတွေ အခုထိ စိစစ်တုန်းမို့ပါ” ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူက ပြောသည်။
ကူညီကယ်ဆယ်ရေးဆောင်ရွက်နေချိန် လေကြောင်းဖြင့် ထပ်မံလာရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေကြ ကြောင်းလည်း ဒေသခံကပြောသည်။

https://youtu.be/etHoJ2u6m3w

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကန့်ဘလူမြို့နယ်
#လေကြောင်းပစ်ခတ်
#စစ်ကောင်စီ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢16👍6🤬4❤1🔥1