Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြိတ်မြို့၌ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄ လုံးဆုံးရှုံး
=================

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စုရှိ အင်းလေးမြိုင်စက်မှုဇုန် ချမ်းမြေ့သာယာရပ်ကွက်တွင် ယနေ့ ဧပြီလ ၁၃ ရက် မွန်းလွဲ ၂ နာရီက မီးလောင်မှုဖြစ်ပွားရာ နေအိမ် လေးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများနှင့် ပရဟိတအဖွဲ့ဝင်များထံမှ သိရသည်။

မီးလောင်ရာရပ်ကွက်တွင်နေထိုင်သူတစ်ဦးက “မီးက ဘယ်ကစပြီးလောင်တယ်ဆိုတာ မသိရသေးပါဘူး။ မီးသတ်တွေပြောတာကတော့ စက်ရုံကလွင့်လာတဲ့ မီးပွားကတဆင့် လောင်တယ်လို့တော့ ပြောတယ်”ဟု ဆိုသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး မီးသတ်ဦးစီးဌာနက မီးလောင်ရသည့် အကြောင်းအရင်းကို ထုတ်ပြန်ခြင်းမရှိ သေးဘဲ မီးလောင်မှုဖြစ်ပွားစဉ်အတွင်း အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်လေးလုံးမှာ ဓနိမိုး/ထရံကာ နေအိမ်များဖြစ်ကြောင်း ဒေသခံများထံမှသိရ သည်။

#တနင်္သာရီတိုင်း
#မြိတ်မြို့
#မီလောင်ကျွမ်းမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😢2🔥1🥰1
This media is not supported in your browser
VIEW IN TELEGRAM
အာကာသဆိုင်ရာလှုပ်ရှားမှုတွေပြုလုပ်ဖို့ တရုတ်ကထိုင်ဝမ်ရဲ့
မြောက်ဘက်မှာ ယာယီမပျံသန်းရဇုန်သတ်မှတ်

#InternationalNews #Mizzima #Reels #Shorts
👍6❤1👎1
ကနီမြို့မှ မျိုးဆက်သစ်လူငယ်များ၏ တော်လှန်သင်္ကြန်သံချပ်
=====================

ချမ်းငြိမ်း(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ကျောင်းသား၊ကျောင်းသူလေးများ၏၂၀၂၃ခုနှစ် အတာသင်္ကြန်တော်လှန်သံချပ်ဖြစ်သည်။

အဆိုပါ တော်လှန်သင်္ကြန်သံချပ်ကို စစ်အာဏာရှင်အားဆန့်ကျင်ပြီး ပြည်သူနှင့် ပူးပေါင်းနေသည့် CDM ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရေးစပ်ထားခြင်းဖြစ်သည်။

https://youtu.be/s3fPE23UjbE

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6❤4😁1
မန်စီမြို့နယ်မှာ မြေရှားသတ္တုတူးဖော်မှုရပ်တန့်ဖို့ ဒေသခံအရပ်ဖက်အဖွဲ့တွေတောင်းဆို
======================

KMN(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊မံစီမြို့နယ်၊ဒိန်ဆင်းပါကျေးရွာအနီးမှာ တရုတ်လူမျိုးတွေပါဝင်တဲ့ ကုမ္ပဏီတစ်ခုက မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေပြီး ဒေသခံတွေရဲ့တောင်ယာအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေထိခိုက်နိုင်တဲ့အတွက် ရပ်တန့်ပေးဖို့ ကချင်ဒေသခံအရပ်ဖက်လူမှုအဖွဲ့အစည်း၂၀ နီးပါးက ဒီကနေ့ ဧပြီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)အရှေ့ဗဟိုရုံးချုပ်တာဝန်ရှိသူတွေက ဒိန်ဆင်းပါ၊ဒိန်ဆင်းဘွမ်၊အင်ဘာပါ၊ခပရာစတဲ့ ကျေးရွာကိုးရွာက ဒေသခံ ၂၀၀ ကျော်နဲ့တွေ့ဆုံခဲ့ပြီး KIO ဗဟိုအစိုးရအမိန့်နဲ့ မြေရှားသတ္တုတူးဖော်မှာဖြစ်‌ကြောင်းနဲ့တားဆီးရန်ဦးဆောင်သူများကိုလည်း အရေးယူမယ်လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။

မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့နေရာဟာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ
နယ်မြေ မှာကျရောက်နေတာပါ။

မံစီမြို့နယ်၊ဒိန်ဆင်းပါကျေးရွာအနီးမှာမြေရှားသတ္တုတူးဖော်မူနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ကိုဆက်သွယ်လို့တော့မရသေးပါဘူး။

https://youtu.be/ETXxtjle_SA

- တင်ဆက်၊တည်းဖြတ်- KMN

#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🔥1
မန္တလေးတွင် လုံခြုံရေး တင်းကျပ်ကာ မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲ ပြုလုပ်
👎11❤1👍1
မန္တလေးတွင် လုံခြုံရေး တင်းကျပ်ကာ မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲ ပြုလုပ်
======================

008
မန္တလေး(မဇ္ဈိမ ) ။ ။ မန္တလေးမြို့တွင် ကျုံးဘေး အပါအဝင် စျေးချို နာရီစင်၊ မင်္ဂလာ မန္တလေး လမ်းတစ်လျှောက်ကို စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ကာ လမ်းများပိတ်ပြီး မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲ
ကို ဧပြီ ၁၃ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ကျုံးဘေး စည်ပင်သာယာရေးကော်မတီရုံးရှေ့ရှိ ထိုမဏ္ဍပ် ဖွင့်ပွဲပြုလုပ်ရာတွင် နှစ်စဉ် စည်ကားခဲ့သော်လည်း ယခုနှစ်တွင် မလာမနေရ ခေါ်ထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ယိမ်းအကအဖွဲ့အချို့ဖြင့် ဖွင့်ပွဲကို ခြောက်ကပ်ကပ် ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

ယခင်က ယိမ်းအကအဖွဲ့များကို အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသူများကို ခေါ်ယူကခိုင်းခဲ့ပြီး ယနေ့ပြုလုပ်သည့် ဖွင့်ပွဲသို့ လာရောက်ကသူ အများစုသည် စည်ပင်သာယာဝန်ထမ်းများ သမီးများဖြစ်ကြောင်း အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက ဆိုသည်။

"သားသမီးရှိတဲ့သူကို စာရင်းနဲ့ မလာမနေရ ခေါ်တယ်။ သမီးတွေက ယိမ်း၊ သားတွေက ရေပက်။ ရေပက်ဖို့ နှစ်ဆိုင်းခွဲထားတယ်။မနက်တစ်ဆိုင်း၊ညနေပိုင်း တစ်ဆိုင်း "ဟု ၎င်းစည်ပင်ဝန်ထမ်းကဆိုသည်။
၂၆လမ်း၊ ၈၄လမ်းနှင့် ၈၅လမ်းကြား စျေးချိုသူ မဏ္ဍပ်တွင်လည်း စျေးဆိုင်အချို့မှ အမျိုးသမီးငယ်များကို သင်္ကြန်ကာလ မဏ္ဍပ်တွင် မလာမနေရ ခေါ်ယူထားကြောင်းသိရသည်။

"လူမထည့်နိုင်ရင် ၁၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ ထိ အလှူငွေထည့်ခိုင်းတယ်။အများစုကတော့ ကိုယ့်ဆိုင်က အလုပ်သမားလေးတွေ ထည့်ပေးကြတယ်။ကြောက်တော့ လိုက်လျောရတာပဲ"ဟု စျေးချို အလှကုန်ပစ္စည်း အရောင်းဆိုင် ပိုင်ရှင် တစ်ဦးကပြောသည်။

စစ်ကောင်စီအနေဖြင့် သင်္ကြန်ကို စည်ကားစွာ ကျင်ပနိုင်ကြောင်းကို ပြသလို၍ ယခုလို အတင်းအကျပ် စီစဥ် ကျင်းပနေခြင်းဖြစ် သည်။အစဥ်အလာကြီမားခဲ့သဘ့် မြို့မ အလှပြယာဥ် မြို့တွင်း လှည့်လည်ရာတွင်ပင် ကြည့်သူမရှိကြောင်း မန္တလေးမြို့ခံ တစ်ဦးကဆိုသည်။

"မြို့မနဲ့ မန္တလေး သင်္ကြန် ခွဲမရဘူး။ဒါပေမဲ့ အခုဟာ သင်္ကြန်က သပ်သပ်၊ မြို့ကသပ်သပ်ဖြစ်သွားတယ်။ ဒီနေ့တော့ အလှပြယာဥ်မြို့မပဲတွေ့တယ်။သင်္ကြန် မမည်ပါဘူး။ အပျက်ပါဗျာ "ဟု မန္တလေးမြို့ခံ စာရေးဆရာတစ်ဦးကပြောသည်။

မန္တလေးသင်္ကြန် စည်ကားရန်အတွက် ကျုံးဘေးတွင် ရေကစားမဏ္ဍပ်များ ပုံစံအမျိုးမျိုးပြုလုပ်ပေးထားသည်။ မင်္ဂလာ မန္တလေးဘက်တွင် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန် စသည်ဖြင့် အမျိုးစုံပြုလုပ်ထားသည်ကိုလည်း တွေ့ရသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် လုံခြုံရေးတင်းကျပ်ထားပြီး အစစ်အဆေးများကလည်း မြို့အနှံ့ပြုလုပ်လျက်ရှိသည်။
Rangers Of Mandalay (ROM)ကလည်း ကျုံးပတ်ပတ်လည်ရှိ ရေကစားမဏ္ဍပ်များ၊ မင်္ဂလာ မန္တလေး Pull Man ရှေ့ပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်တို့ကို ပြည်သူများအနေဖြင့် မသွားကြရန် သတိပေးစာထုတ်ပြန်ထားသည်။

စာတည်း ။ ။ အောင်ကျော်ဖြိုး

#Mizzima
#မြို့တော်ဝန်မဏ္ဍပ်
#မန္တလေးသင်္ကြန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍5❤1
မြန်မာ့အရေး လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ဖို့ အထူးအကြံပေးကောင်စီ SAC-M တိုက်တွန်း
======================

စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကို ကြုံနေရတဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့အတွက် နိုင်ငံတကာက ချက်ချင်း အရေးယူဆောင်ရွက်ရမယ်လို့ ကုလသမဂ္ဂ အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ အထူးအကြံပေးကောင်စီ SAC-M က တိုက်တွန်းလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ စစ်ကောင်စီက ဧပြီလ ၁၁ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်တဲ့အတွက် ကလေးငယ်တွေအပါအဝင် အရပ်သားတစ်ရာထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အကြံပေးကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်ရိုက်အစီရင်ခံရတဲ့ တပ်မှူးတွေရဲ့ ခွင့်ပြုချက်မပါဘဲ အခုလို လေကြောင်းက တိုက်ခိုက်နိုင်မှာ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှာ စစ်ကောင်စီလက်ထဲမှာပဲ စစ်လေယာဉ်တွေ ရှိတဲ့အကြောင်း အထူးအကြံပေးကောင်စီက ပြောပါတယ်။

မြန်မာ့အရေး ကြားဝင်ဖြေရှင်းနေတဲ့ အာဆီယံအဖွဲ့အနေနဲ့လည်း အခုနှစ်ကုန်မှာမှ တိုးတက်မှုတစ်စုံတစ်ရာ မရခဲ့ဘူးဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို လွှဲပြောင်းပေးသင့်တယ်လို့လည်း ပြောပါတယ်။

https://youtu.be/34L3Pinq3u8

#PolitiecalNews
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19😁1