Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြန်မာအရေးနဲ့ပတ်သက်ပြီး ပိုပြီးထိရောက်တဲ့ဆုံးဖြတ်ချက်တွေချဖို့ လိုအပ်
=====================

မြန်မာအရေးနဲ့ပတ်သက်ပြီး ပိုပြီးထိရောက်တဲ့ဆုံးဖြတ်ချက်တွေချဖို့ လိုအပ်နေတယ်လို့အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးတန်းဝန်ကြီးတဦးက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့မှာ သတိပေးလိုက်ပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဟာ ပိုမိုပြင်းထန်လာနေလို့ ဒီ့အတွက် ထိရောက်တဲ့ဆုံးဖြတ်ချက်တွေချဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေး၊ တရားဥပဒေနဲ့ လုံခြုံရေးဆိုင်ရာညှိနှိုင်းရေးဝန်ကြီး Mahfud MD က ပြောပါတယ်။

အစည်းအဝေးအတွင်း မြန်မာနိုင်ငံအတွင်း အာဆီယံယာဉ်တန်းတိုက်ခိုက်ခံရမှုအပါအဝင် မြန်မာ့အရေးကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်းပြောပါတယ်။

https://youtu.be/akrlQ9PxZmc

#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁2👎1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နိုင်ငံနဲ့ဆက်ဆံရေးထိန်းသိမ်းဖို့ကို အဓိက
ရည်ရွယ်လုပ်ဆောင်နေကြောင်း အမေရိကန်ပြော

#internationalnews #reels #shorts
👍4😁1🤮1
တရားမ၀င် ၀င်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး အရေးယူ
👍4😢2🔥1👏1
တရားမ၀င် ၀င်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး အရေးယူ
====================

ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် အလုပ် လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄ ဦးကို ထိုင်း စစ်တပ်က ဖမ်းဆီး အရေးယူခဲ့ကြောင်း ထိုင်းခြေလျင်တပ်မ အမှတ် (၂၅) ၏ ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းအာဏာပိုင်များက ယမန်နေ့ မေလ ၉ ရက်နေ့ ည ၁၁ နာရီခွဲ အချိန်တွင် ထိုင်းနိုင်ငံ ၊ ရနောင်းမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ရေလမ်း ခရီးမှ စက်လှေဖြင့် ကော့သောင်း နယ်စပ်ဂိတ်မှ တဆင့် ထိုင်းနိုင်ငံ ရနောင်း နယ်စပ်ဂိတ်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခြင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များက ထိုစက်လှေအား စစ်ဆေးရန် ရပ်တန့်စေခဲ့သော်လည်း မောင်းပြေးရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းခြေလျင်တပ်မ အမှတ် (၂၅) ၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

ထိုသို့ဖမ်းဆီးရာတွင် စက်လှေ မောင်းသူကို မတွေ့ရှိရဘဲ လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၃၀,၀၀၀ ( မြန်မာငွေ ၂၅ သိန်း၀န်းကျင်) ဖြင့် ပွဲစားခပေးပြီး ခိုးဝင်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကိုသာ တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြန်မာရွှေ့ပြောင်း အလုပ်သမား
# ထိုင်းအာဏာပိုင်များက ဖမ်းဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1👏1
Media is too big
VIEW IN TELEGRAM
မြန်မာအရေးနဲ့ပတ်သက်ပြီး ပိုပြီးထိရောက်တဲ့ဆုံးဖြတ်ချက်တွေချဖို့ လိုအပ်

Watch more detail -
https://youtu.be/akrlQ9PxZmc

#PoliticalNews #အာဆီယံ #ယာဉ်တန်းတိုက်ခိုက်ခံရ #VideoNews #shorts #Reels
👍4😁2
This media is not supported in your browser
VIEW IN TELEGRAM
ကနေဒါက တရုတ်သံတမန်ကိုနှင်ထုတ်လိုက်တဲ့အပေါ် ပြတ်ပြတ်သားသားတုံ့ပြန်သွားမယ်လို့ တရုတ်ပြော

#International #Miaaima #Reels #Shorts
👍5👏2🔥1🤬1
မေလ (၁၀)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:00 - မြန်မာအရေးနဲ့ပတ်သက်ပြီး ပိုပြီးထိရောက်တဲ့ဆုံးဖြတ်ချက်တွေချဖို့ လိုအပ်တဲ့သတင်း

03:40 - ဖားကန့်မှာ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးတဲ့သတင်း

04:52 - လှိုင်သာယာမှာ ဘေးတွဲဆိုင်ကယ်တွေကိုပါ နေအိမ်ထဲအထိ လိုက်လံဖမ်းဆီးသိမ်းယူတဲ့သတင်း

05:49 - ပညာရေးဆိုင်ရာ အဆောက်အဦးတွေမှာ သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်မယ့် မူဝါဒကို NUCC အတည်ပြုတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါခင်ဗျာ။

https://youtu.be/JlT7aHyq304

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🥰2🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
May - 10 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍4😁1🤮1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ် | VOA On Mizzima)
=====================

အမေရိကန် အစိုးရ အကြွေးပမာဏ ထပ်တိုးနိုင်ရေး ဆွေးနွေးမှုတွေအကြောင်း၊ ဘန်ကောက်မြို့တော်မှာ ပြသတဲ့ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအကြောင်း ဖော်ကျူးတဲ့ မြန်မာပန်းချီပြပွဲ၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/ANe-ExLzTdI

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🔥2
​​ထားဝယ်တွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရ ၊ လူသားဒိုင်း အဖြစ် ဖမ်းဆီးခြင်းခံရသူ အရပ်သား ၂ ဦး ထိခိုက်
===================

ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ်၊ မြန်မာ-ထိုင်း နပ်စပ်ဘက်သို့ သွားသည့် ထားဝယ်-ထီးခီး လမ်းပိုင်း တစ်နေရာတွင် အင်အား ၁၀၀ ကျော် ပါသည့် စစ်ကောင်စီ စစ်ကြောင်းအား ထား၀ယ်စုပေါင်းစစ်ကြောင်း(Dawi Collicative Column)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရသည့် အရပ်သား နှစ်ဦးပါ ထိခိုက်သွားကြောင်း ထား၀ယ်စုပေါင်းစစ်ကြောင်း တာ၀န်ရှိသူထံက သိရသည်။

ထိုစစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးပြီး တောလမ်းမှတစ်ဆင့် ထား၀ယ်မြို့ဘက်သို့ ပြန်လာကြောင်း သတင်းရရှိ၍ ယမန်နေ့ မေလ ၉ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် တိုက်မိုင်း လေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းနှစ်လုံးသာ ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း သိရသည်။

ထားဝယ်စုပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက“ခွေးတွေ( စစ်ကောင်စီတပ်သားများ)က တောလမ်း အတိုင်း စစ်ကြောင်း နှစ်ခု၊ သုံးခု ခွဲပြီး ဆင်းတာပါ။ အရပ်သားတွေကို လူသားဒိုင်း အဖြစ် ပြုလုပ်ပြီး ဆင်းလာတော့ ထိခိုက်မှု ရှိခဲ့၍ ပြည်သူတွေကို အနူးညွတ် တောင်းပန်ထားတဲ့ စာကိုလည်း ကျွန်တော်တို့ ထုတ်ပြန်ထားတယ်”ဟု ပြောသည်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းခံရသူ ဒေသခံ ခြောက်ဦးခန့်အနက် နှစ်ဦီးမှာ မစိုးရိမ်ရ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ထိခိုက်သေဆုံးသူဦးရေ အတိအကျကို မသိရသေးကြောင်း
ထား၀ယ်စုပေါင်းစစ်ကြောင်းတာ၀န်ရှိသူက ပြောသည်။

ထိုစစ်ကောင်စီ စစ်ကြောင်းသည် မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ် အရှေ့တောဒေသ၊ အညာဖျား ကျေးရွာနှင့် ဥယျာဉ်ကျေးရွာသို့ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

နောက်နောင်တွင် စစ်ကောင်စီတပ်များ ကျေးရွာအတွင်း ဖြတ်သန်း ဝင်ရောက်လာပါက မိဘပြည်သူများ အနေဖြင့် ဘေးကင်းရာသို့ ပြောင်းရွှေ့ နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ထားဝယ်စုပေါင်း စစ်ကြောင်း က အသိပေးထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#လူသားဒိုင်း
#မိုင်းဆွဲ တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥3🥰1😁1
Media is too big
VIEW IN TELEGRAM
ပဇီကြီးလေကြောင်းတိုက်ခိုက်မှုမှာ စစ်တပ်က အင်အားပြင်း ဗုံးတွေသုံးခဲ့ကြောင်း HRW ထုတ်ပြန်

Watch more detail -
https://youtu.be/NMHifng99I8

#PoliticalNews #ပဇီကြီး#လေကြောင်းတိုက်ခိုက်မှု#VideoNews #shorts #Reels
👍8🔥1😁1
​​ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်မည်ဆိုသည့် တရုတ်၏ ကမ်းလှမ်းမှုက အများယုံကြည် လက်ခံနိုင်မှု ကင်းမဲ့နေ
=======================

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဧပြီ ၂၆ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးထံ ဖုန်းဆက် စကားပြောဆိုခဲ့သည်။ ယင်းသည် ၂၀၂၂ ၊ ဖေဖေါ်ဝါရီလ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှုနောက်ပိုင်း တရုတ်နှင့် ယူကရိန်း ခေါင်းဆောင်များအကြား ပထမဆုံးအကြိမ် ဆွေးနွေးစကားပြောဆိုခြင်း ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုတွင် ရှီက ယူကရိန်းစစ်ပွဲ အဆုံးသတ်စေရေးအတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ဆောင်ရွက်မည်ဟု ကမ်းလှမ်းပြောဆိုခဲ့သည်။ “ရုရှား-ယူကရိန်းအကြား အမြန်ဆုံး အပစ်ရပ်စဲစေဖို့နဲ့ ငြိမ်းချမ်းမှု ပြန်လည်ရရှိဖို့အတွက် ကျွန်တော့်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်းသွားမယ်” ဟု ရှီက ပြောသည်။ ထို့ပြင် တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ်တစ်ဦးကိုလည်း ယူကရိန်းသို့ စေလွှတ်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။
👍9🔥5
ကန် အစိုးရအကြွေးပမာဏ ထပ်တိုးရေး အခြေအနေ | VOA on Mizzima
====================

အမေရိကန်ပြည်ထောင်စု အစိုးရ လည်ပတ်တဲ့ ငွေကြေးပမာဏ လာမယ့် ဇွန်လ ၁ ရက်နေ့လောက်မှာ အစောဆုံး ကုန်သွားတော့မယ်ဆိုတာကို ဘဏ္ဏာရေး ဝန်ကြီး Janet Yellen က ထပ်မံ သတိပေးပါတယ်။ အစိုးရ အကြွေးယူနိုင်တဲ့ ငွေပမာဏ ထပ်တိုးရေး ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် လွှတ်တော်အမတ်တွေကို တွေ့ဆုံပြီး သမ္မတ Joe Biden မတွေ့ဆုံခင်လေးမှာတင် ဘဏ္ဏာရေး ဝန်ကြီး Janet Yellen ရဲ့ သတိပေးချက် ထပ်မံထွက်ပေါ်လာတာပါ။ အမေရိကန်ပြည်ထောင်စု ရင်ဆိုင်ရနိုင်တဲ့ အခြေအနေ Veronica Balderas Iglesias သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ဆက်ထားပါတယ်။

https://youtu.be/oCa7hv0f9Rc

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2🔥1
တောင်စလုံးတိုက်ပွဲတွင် KNDFက အထူးကွန်မန်ဒိုတပ်စုမှူး နှင့် တပ်သား ၂ ဦးကျဆုံး
😢19❤3👍1👏1