Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထိုင်းရွေးကောက်ပွဲနဲ့ မြန်မာ့အရေး | VOA On Mizzima
================

ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအသီးသီးက မဲဆွယ်စည်းရုံးမှုတွေကို အရှိန်ပြင်းစွာနဲ့ လုပ်ဆောင်ကြတာမှာ အတိုက်အခံပါတီတွေက ထိပ်ကနေ ဦးဆောင်နေပါတယ်။ မြန်မာရွေ့ပြောင်းအလုပ်သမား အများစုနေထိုင်ရာ ထိုင်းနိုင်ငံရဲ့ ဒီရွေးကောက်ပွဲရလဒ်ဟာ ထိုင်းမှာရှိနေတဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေသာမကဘဲ မြန်မာ့နိုင်ငံရေးအပေါ်မှာပါ သက်ရောက်မှုတွေ ရှိနိုင်တယ်ဆိုပြီး မြန်မာအများစုက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ ဘန်ကောက်မြို့ကနေ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

https://youtu.be/IUQdJUGTPBU

#VOA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁3
မေလ (၁၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:01 - မြန်မာငြိမ်းချမ်းရေး အစီအစဉ်မှာ စွမ်းဆောင်နိုင်မှု အနည်းအကျဉ်းသာ ရှိတယ်လို့ အင်ဒိုနီးရှား သမ္မတ ပြောတဲ့သတင်း

02:29 - ရခိုင်ပြည်နယ်မြောက်ပိုင်း ဆိုင်ကလုန်မုန်းတိုင်းမလာခင် အမြန်ပြောင်းရွှေ့ကြဖို့ သတိပေးတဲ့သတင်း

05:06 - စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမှာ အပတ်စဉ်(၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်တဲ့သတင်း

06:52 - ခင်ဦးမှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးတိုက်ခိုက်ခံရပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/Gg_zSBMsdNg

#4pmnews
#Mizzimanewshour
#mizzimatv
------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2
​​PDF နှင့် စစ်ကောင်စီတပ် ပစ်ခတ်မှုဖြစ်ပွား၊ နှစ်ဖက်အကျအဆုံးရှိ 
=====================

YT 

(မဇ္ဈိမ)။     ။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်နှင့် ပိန်းဇလုတ်မြို့အကြား၊ လိန်ပင်ဆိပ်တံတားအနီး၊ရန်ကုန်- မန္တလေးကားလမ်းအဟောင်း ဘေးတွင် မစ်ရှင်ပြုလုပ်ရန်သွားသော ညောင်လေးပင်ခရိုင် PDF တပ်ရင်း (၃၇၀၂ ) မှ ရဲဘော် သုံးဦးသည် စစ်ကောင်စီတပ်သားများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။ 

ပြီးခဲ့သည့် မေလ ၈ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် ထိုအပြန်အလှန်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား လေးဦးကျဆုံးပြီး PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။ 

" ရန်ကုန်- မန္တလေးလမ်းဟောင်းမှာ မစ်ရှင်သွားလုပ်ရင်း ထိပ်တိုက်တိုးပြီး ကိုယ့်ဘက်က စပစ်တာ။ စစ်သား လေးယောက်ကျတယ်။ ကိုယ့်ဘက်က နှစ်ဥိီးကျတယ်။ တစ်ဦး လွတ်မြောက်ပါတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

အသက်ရှင်ကျန်ရစ်ခဲ့သော PDF ရဲဘော်တစ်ဦးသည် လုံခြုံသော နေရာသို့ ပြန်ရောက်နေပြီဖြစ်သော်လည်း ကျဆုံးခဲ့သော ရဲဘော်နှစ်ဦး​၏ အလောင်းနှင့် ၎င်းတို့တွင် ပါရှိသော လက်နက်၊ ခဲယမ်းများကို စစ်ကောင်စီတပ်သားများက ရရှိသွားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်က ဆိုသည်။

မစ်ရှင်သွားရောက်ပြုလုပ်သော PDF ရဲဘော်သုံးဦးတွင် CDM ရဲဘော်နှစ်ဦးပါဝင်ပြီး မစ်ရှင်ပြုလုပ်ရန် သွားစဉ် လမ်းတွင်တွေ့သည့် ဒလန်​၏ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးရခြင်းဖြစ်ကြောင်းလည်း ဒေသတွင်းလှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး​ထံက သိရသည်။ 

စစ်ကောင်စီ​၏ ပြန်ကြားရေးချန်နယ်များတွင် ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ PDF နှစ်ဦး​၏ ရုပ်အလောင်းနှင့်အတူ ပစ္စတိုတစ်လက်၊ ကျည် ၁၆ တောင့်၊ ကျည်အိမ်နှစ်ခု၊ လက်လုပ်ရှေ့ထွက်မိုင်းတစ်လုံး၊ မှတ်ပုံတင်တစ်ခုသိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

# Mizzima
#နှစ်ဖက်အကျအဆုံးရှိ 
#ညောင်လေးပင်ခရိုင်
#ညောင်လေးပင်ခရိုင် PDF တပ်ရင်း (၃၇၀၂ )

ဓါတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ "ရိုးမ" BPDF- YOMA (ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18👍7🔥1👏1
Media is too big
VIEW IN TELEGRAM
ထိုင်းရွေးကောက်ပွဲနဲ့ မြန်မာ့အရေး | VOA On Mizzima

Watch more detail - https://youtu.be/IUQdJUGTPBU

#VOA #ထိုင်း#ရွေးကောက်ပွဲ #Mizzima #shorts #reels
👍5🔥1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်အတိုင်ပင်ခံကုမ္ပဏီကို တရုတ်ကအမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ ဝင်ရောက်စီနင်း

#internationalnews #reels #shorts
👍5👏2🤣1
ဒေါက်တာဝင်းမြတ်အေး- "NUG ကို လေလှိုင်းအစိုးရလို့မပြောနဲ့"
==================

ဆိုင်ကလုန်းမုန်တိုင်း MOCHA သည် မုန်တိုင်းဗဟိုချက်အနီးတွင် လေတိုက်နှုန်း မိုင် ၁၁၀ ခန့်အထိတိုက်ခိုက်နိုင်ပြီး လက်ရှိခန့်မှန်းထားချက်များအရ မုန်တိုင်းလမ်းကြောင်းကျနိုင်သောဇုံများမှာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်တို့ပါဝင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

မုန်တိုင်းဘေးအန္တရာယ်၊ အရေးပေါ်ကယ်ဆယ်ရေးနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရကပြင်ဆင်နေမှုများနှင့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြေလမ်းများကို မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားထာသည်။

https://youtu.be/SXqSKkeg1bY

#NUG
#Exclusive Interview
#ဒေါက်တာဝင်းမြတ်အေး

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15😁4
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းကို တရားရုံးကိုရုံးချိန်းတက်ရောက်လာချိန်မှာ ဖမ်းဆီး

#internationalnews #reels #shorts
👍8👏2🔥1
Business Round Up (11 May 2023)
==============

- ဧရာဝတီတိုင်းအတွင်း မုန်တိုင်းရှောင် ပြည်သူ ၆၀၀၀ နီးပါးရှိလာ

- စိန်ကို လက်ဝတ်ရတနာ ပြုလုပ်ပြီး ပြည်ပတင်ပို့ခွင့်ပြု

- စစ်တွေဆိပ်ကမ်းရောက် အိန္ဒိယသင်္ဘော မတ်ပဲတန် ၁၀၀၀ တင်ဆောင်ကာပြန်လည်ထွက်ခွာ

- အာရှနှင့်ပစိဖိတ်ဒေသနိုင်ငံအများစုက ရာသီဥတုကပ်ဘေးကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်း - မရှိသေးဟု ကုလပြော

- အိန္ဒိယက ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံအသစ်တွေတည်ဆောက်မှုကို ရပ်တန့်ရန်စီစဉ်နေ

https://youtu.be/TKbZn2jPgmc

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1👏1
စစ်တပ်ယာဉ်တန်းများကိုမုံရွာ-မန္တလေးလမ်းပိုင်းတစ်လျှောက်တွင်မိုင်းများဖြင့်ကာကွယ်ရေးတပ်များတိုက်ခိုက်
================

KMN(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တပ်မ(၃၃)မှ မုံရွာဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီ ယာဉ်တန်းများကို မုံရွာ-မန္တလေး လမ်းပိုင်းတစ်လျှောက်တွင် ဒေသခံကာကွယ်ရေးတပ်များက မေလ ၁၀ ရက်နေ့တွင် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှသေဆုံးမှုများနိုင်ကြောင်း Black Eagle Defence Force - MMU က ထုတ်ပြန်သည်။

တွဲကား ၁၄စီးပါ ထိုစစ်ကောင်စီ ယာဉ်တန်းအား ဒေသခံကာကွယ်ရေးတပ်များက နေ့လယ်၂နာရီ ၄၇မိနစ် ခန့်မှ မွန်းလွဲ ၄နာရီ ၂၀မိနစ် ခန့်အထိ အလ္လကပ္ပနှင့် ဝမ်းပြည့်ကျေးရွားအကြား ၊ ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တော့ အကြားနေရာများတွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"ပဒေသာမိုင်း ၂၃ လုံးနဲ့ တစ်ဖက်ပွင့်ပြောင်း ငါးလုံး အသုံးပြုပြီး တိုက်ခဲ့တာပါ။ စစ်ကောင်စီယာဉ်တန်းဘက်က ဘိုးမင်းကြီးကင်းလမ်းခွဲတွင် တစ်စီး၊ ဂွေးပင်တောတွင် တစ်စီး၊ ရေပိုးစားတွင် တစ်စီး စုစုပေါင်းကား သုံးစီး ထိုးရပ်ပျက်စီးခဲ့ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဘက်က အသေအဆုံး များနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားနိုင်ပါတယ်"ဟုမြင်းမူလင်းယုန်နက်ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

၎င်းတိုက်ခိုက်မှုများအား Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)က ဦးဆောင်ပြီး မြင်းမူမြို့နယ် ပကဖ၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM၊ People’s Defence Force Myinmu-MMU PDF စသည့် မဟာမိတ် ငါးဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။

https://youtu.be/21dT378z_KQ

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ပဒေသာမိုင်း
#တွဲကား ၁၄စီးပါ စစ်ကောင်စီ ယာဉ်တန်း
#Black Eagle Defence Force - MMU
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9❤5😁2🥰1👏1
This media is not supported in your browser
VIEW IN TELEGRAM
ဒေါက်တာဝင်းမြတ်အေး- "NUG ကို လေလှိုင်းအစိုးရလို့ မပြောနဲ့"

Watch more detail - https://youtu.be/SXqSKkeg1bY

#ExclusiveInterview #Shortvideo #reels #NUG
👍4😁4
အမေရိကန်ရောက် မြန်မာယဉ်ကျေးမှု ပြပွဲ | VOA On Mizzima
=================

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ အာရှနွယ်ဖွားတွေရဲ့ ယဉ်ကျေးမှု အနုပညာကို မီးမောင်းထိုးပြသတဲ့ ပွဲတပွဲကို ဗာဂျီးနီးယားပြည်နယ် ၊ Fairfax City မြို့ရှိ George Mason တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။ မေ ၆ ရက်က မြန်မာအပါအဝင် အာရှနွယ်ဖွား အမေရိကန်နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြပွဲ ဖျော်ဖြေပွဲတွေပြုလုပ်ကြပါတယ်။ ဒီပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကိုခင်မောင်စိုးမင်း က သတင်းပေးပို့ထားပါတယ်။

https://youtu.be/3j2Y41XxpKA

#VOA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁2
This media is not supported in your browser
VIEW IN TELEGRAM
ဂါဇာကမ်းမြောင်ကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း
အစ္စလာမ္မစ်ဂျီဟတ်သုံးဦး အပါအဝင် ၁၃ ဦးသေဆုံး

#internationalnews #reels #shorts
👍3👏2🔥1
​​ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကို ဦးတည်နေ
=========================

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ် (deep depression) သည် ဆိုင်ကလုန်း မုန်တိုင်းတစ်ခု (မိုခါ) အဖြစ် ညတွင်းချင်း ရောက်ရှိခဲ့ပြီး ယင်းသည် ဘင်္ဂလားဒေ့ရှ်၏ ကော့ဇ် ဘဇားဒေသနှင့် မြန်မာနိုင်ငံ စစ်တွေမြို့အကြားမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်ဖွယ် ရှိကြောင်း အိန္ဒိယ မိုးလေဝသတာဝန်ရှိသူများက မေလ ၁၁ ရက် မနက်ပိုင်းတွင် ပြောသည်။
👍8🔥1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်ရောက် မြန်မာယဉ်ကျေးမှု ပြပွဲ | VOA On Mizzima

Watch more detail - https://youtu.be/3j2Y41XxpKA

#VOA #အမေရိကန်#မြန်မာယဉ်ကျေးမှု ပြပွဲ#Mizzima #shorts #reels
👍5😁2🥰1
ပါကစ္စတန်တာလီဘန်တွေနဲ့ ကန် ပူးပေါင်းမပေါင်း “ပိုလီဂရပ်” | VOA On Mizzima
===============

ပါကစ္စတန်နိုင်ငံ မတည်မငြိမ်ဖြစ်ပြီး အမေရိကန်အကျိုးစီးပွား ဖြစ်ထွန်းအောင် အမေရိကန်ဟာ တာလီဘန်တွေကို လက်နက်တွေပေးထားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်က တာလီဘန်နဲ့ ပူးပေါင်းကြံစည်နေတယ်ဆိုတာမျိုး ပြောသွားတာပါ။ ဒါဟုတ်မှန်ပါသလား။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။  

https://youtu.be/cckfD7p5d3M

#VOA
#MizzimaTv
 ------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
မေလ ၁၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤1🔥1