Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အမေရိကန်ရောက် မြန်မာယဉ်ကျေးမှု ပြပွဲ | VOA On Mizzima
=================

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ အာရှနွယ်ဖွားတွေရဲ့ ယဉ်ကျေးမှု အနုပညာကို မီးမောင်းထိုးပြသတဲ့ ပွဲတပွဲကို ဗာဂျီးနီးယားပြည်နယ် ၊ Fairfax City မြို့ရှိ George Mason တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။ မေ ၆ ရက်က မြန်မာအပါအဝင် အာရှနွယ်ဖွား အမေရိကန်နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြပွဲ ဖျော်ဖြေပွဲတွေပြုလုပ်ကြပါတယ်။ ဒီပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကိုခင်မောင်စိုးမင်း က သတင်းပေးပို့ထားပါတယ်။

https://youtu.be/3j2Y41XxpKA

#VOA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁2
This media is not supported in your browser
VIEW IN TELEGRAM
ဂါဇာကမ်းမြောင်ကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း
အစ္စလာမ္မစ်ဂျီဟတ်သုံးဦး အပါအဝင် ၁၃ ဦးသေဆုံး

#internationalnews #reels #shorts
👍3👏2🔥1
​​ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကို ဦးတည်နေ
=========================

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ် (deep depression) သည် ဆိုင်ကလုန်း မုန်တိုင်းတစ်ခု (မိုခါ) အဖြစ် ညတွင်းချင်း ရောက်ရှိခဲ့ပြီး ယင်းသည် ဘင်္ဂလားဒေ့ရှ်၏ ကော့ဇ် ဘဇားဒေသနှင့် မြန်မာနိုင်ငံ စစ်တွေမြို့အကြားမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်ဖွယ် ရှိကြောင်း အိန္ဒိယ မိုးလေဝသတာဝန်ရှိသူများက မေလ ၁၁ ရက် မနက်ပိုင်းတွင် ပြောသည်။
👍8🔥1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်ရောက် မြန်မာယဉ်ကျေးမှု ပြပွဲ | VOA On Mizzima

Watch more detail - https://youtu.be/3j2Y41XxpKA

#VOA #အမေရိကန်#မြန်မာယဉ်ကျေးမှု ပြပွဲ#Mizzima #shorts #reels
👍5😁2🥰1
ပါကစ္စတန်တာလီဘန်တွေနဲ့ ကန် ပူးပေါင်းမပေါင်း “ပိုလီဂရပ်” | VOA On Mizzima
===============

ပါကစ္စတန်နိုင်ငံ မတည်မငြိမ်ဖြစ်ပြီး အမေရိကန်အကျိုးစီးပွား ဖြစ်ထွန်းအောင် အမေရိကန်ဟာ တာလီဘန်တွေကို လက်နက်တွေပေးထားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်က တာလီဘန်နဲ့ ပူးပေါင်းကြံစည်နေတယ်ဆိုတာမျိုး ပြောသွားတာပါ။ ဒါဟုတ်မှန်ပါသလား။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။  

https://youtu.be/cckfD7p5d3M

#VOA
#MizzimaTv
 ------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
မေလ ၁၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤1🔥1
Media is too big
VIEW IN TELEGRAM
ပါကစ္စတန်တာလီဘန်တွေနဲ့ ကန် ပူးပေါင်းမပေါင်း “ပိုလီဂရပ်” | VOA On Mizzima

Watch more detail - http://www.mizzimaburmese.com/article/128129

#VOA #တာလီဘန်#ကန် #Mizzima #shorts #reels
👍4😁2
​​ဆီးဂိမ်း၌ အင်ဒိုနီးရှားအလံကို ဇောက်ထိုးကိုင်မှုအတွက် ကမ္ဘောဒီးယား ဝန်ကြီးချုပ် တောင်းပန်
====================

လက်ရှိ ဖနွမ်းပင်တွင် ကျင်းပနေသော ၂၀၂၃ ဆီးဂိမ်း အားကစားပြိုင်ပွဲ အကြို၌ အင်ဒိုနီးရှားအလံကို ဇောက်ထိုးကိုင်ခြင်း ဖြစ်သွားသည့်အတွက် ကမ္ဘောဒီးယားဝန်ကြီး ဟွန်ဆန်က တော်ငးပန်သည်။
😁9👍1👏1
မေလ ၁၁ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
———————————————

-မိုချာ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၂ ရက် ညနေပိုင်းမှာ စစ်တွေ ကတစ်ဆင့် မြန်မာနိုင်ငံကို ဝင်ရောက်နိုင်တဲ့သတင်း

-နယ်စပ်ဒေသမှဖြတ်ပြီး လူသားချင်းစာနာမှုအကူအညီပေးဖို့ အာဆီယံကို NUG နှင့် တိုင်းရင်းသားအဖွဲ့များ တောင်းဆိုတဲ့အကြောင်း

-ကရင်နီပြည် စစ်ရှောင်များအတွက် ဆန် နှင့်သောက်သုံးရေ ထောက်ပံ့ကူညီရန် ကျပ်သိန်း တစ်ထောင် ကမ်ပိန်း ပြုလုပ်တဲ့သတင်း

-ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်ကော်မတီကနေ မွန်ပြည်သစ်ပါတီ နုတ်ထွက်မယ့်အကြောင်း

-လေးလအတွင်း တိုက်ပွဲပေါင်း ၁၆၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း KNU ထုတ်ပြန်တဲ့သတင်း

-အိန္ဒိယက ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံအသစ်တွေတည်ဆောက်မှုကို ရပ်တန့်ရန်စီစဉ်နေတဲ့ သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/hae_pU5n1zM?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
👍4😁2
Federal Wings ဒရုန်းတပ်ဖွဲ့အတွက် လိုအပ်သည့်ငွေကြေးများ NUG အစိုးရက အားဖြည့်ကူညီမည်
❤10🔥3
Federal Wings ဒရုန်းတပ်ဖွဲ့အတွက် လိုအပ်သည့်ငွေကြေးများ NUG အစိုးရက အားဖြည့်ကူညီမည်
==================

002
စစ်ကောင်စီတပ်ဖွဲ့များကို အထိနာစေသောလေကြောင်းတိုက်ခိုက်မှုများကြောင့် လူသိများသော Federal Wings ဒရုန်းတပ်ဖွဲ့အတွက် လိုအပ်သည့် ငွေကြေးများ အားဖြည့်ကူညီမည်ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ထုတ်ပြန်သည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် Federal Wings ကော်မတီတို့ ဧပြီ ၆ ရက်က အစည်းအဝေးပြုလုပ်ခဲ့ပြီး သဘောတူညီချက်အချို့ကို ထုတ်ပြန်လာခြင်းဖြစ်သည်။

" ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် Federal Wings ၏ တိုက်ခိုက်ရေး Drone များ ထုတ်လုပ်တပ်ဆင်ရေးလုပ်ငန်းများ အတွက် လိုအပ်သည့် ဘဏ္ဍာငွေအား လုပ်ငန်းစီမံကိန်းများအလိုက် ဖြည့်တင်းနိုင်ရန်အတွက် အားဖြည့်ကူညီသွားမည်" ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

Federal Wings တပ်ဖွဲ့မှာ NUG ကာကွယ်ရေး ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ၏ Chain of Commands ဖြင့် စစ်ဆင်ရေးများ တွင် ပါဝင်တိုက်ခိုက်မည်ဟုလည်း သဘောတူခဲ့သည်ဟု သိရသည်။

 Federal Wings ကော်မတီအနေဖြင့် နည်းပညာဆိုင်ရာ လုပ်ငန်းများ၊ Research & Development လုပ်ငန်းများ၊ ရန်ပုံငွေရရှိရေးလုပ်ငန်းများ၊ ပစ္စည်းရွေးချယ် ဝယ်ယူခြင်း လုပ်ငန်းများအား မူလအတိုင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် ချိတ်တွဲ၍ ဆောင်ရွက်မည်ဟု NUG က ဆိုသည်။

ဘဏ္ဍာရန်ပုံငွေသုံးစွဲမှုများ စနစ်တကျရှိစေရန် Federal Wings ကော်မတီ၊ ဘဏ္ဍာရေးအဖွဲ့နှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဘဏ္ဍာရေးတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

ထို့ပြင် ဒရုန်းတပ်ဖွဲ့၏ မြေပြင်တိုက်ခိုက်ရေး Drone အဖွဲ့ဝင်များမှ အင်အားအချို့အား ထုတ်နုတ် စုစည်း၍ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် (၁၈၀၁) ဒရုန်းတပ်ဖွဲ့ အဖြစ် ဖွဲ့စည်းကာ ကွပ်ကဲမှု အဆင့်ဆင့်ခံယူမည်ဖြစ်သည်ဟုလည်းပါရှိသည်။
👍14❤5🔥3
​​ချင်းကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
========================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ခွါပီးကျေးရွာနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(ဆဲန်ထန်) CDF–Senthang ဌာနချုပ်တို့ကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၁၁ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်မှ နှစ်ကြိမ်ခန့် လာရောက် ဗုံးကြဲခြင်းဖြစ် ကြောင်း သိရသည်။
“ခွါပီးရွာနဲ့ ဌာနချုပ်ကို ဗုံးကြဲခဲ့တာမှန်ပါတယ်။ အပျက်အစီးအဆုံးအရှုံးတော့ မသိရသေးဘူး။ မီးလောင်မှု တချို့ရှိတယ်လို့ ကနဦးသိရပါတယ်” ဟု CDF–Senthang ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကိုပြောသည်။

ဗုံးကြဲမှုဖြစ်စဉ်ကို မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးပြီးစီးသော်လည်း အင်တာ နက်လိုင်းပြတ်တောက်မှုနှင့် ဆက်သွယ်ရေးအခက်အခဲများအရ အခြေအနေ အသေးစိတ်ကို မသိရှိရသေး ကြောင်း ဆိုသည်။

ခွါပီးကျေးရွာတွင် ဒေသခံများနေထိုင်ခြင်းမရှိဘဲ အပျက်အစီးရှိမရှိကြောင်းနှင့် ဌာနချုပ်တွင် မီးလောင်မှု အချို့ရှိကြောင်း သိရသည်။
လက်ရှိမြေပြင်အနေအထားအရ ဟားခါး-မတူပီလမ်း ဆဲန်ထန်းနယ်အတွင်း လုံခြုံမှုမရှိသဖြင့် မေလ ၁၁ ရက် ယနေ့မှစ၍ အများပြည်သူများအတွက် ယာယီလမ်းပိတ်ထားကြောင်း CDF–Senthang က အသိပေး ထားသည်။

ဂန့်ဂေါ-ဟားခါးလမ်းနှင့်ဖလမ်း-ဟားခါးလမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းများရှိနေပြီး ဟားခါး-မတူပီ လမ်းတခုသာ လတ်တလောလွတ်နေကြာင်း၊ မြေပြင်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း အင်တာနက်များဖြတ်တောက်ထားပြီး လုံခြုံရေးအရ လမ်းကိုယာယီပိတ်ထားရခြင်းဖြစ်ကြောင်း ဆို သည်။

စစ်ကောင်စီတပ်၏ နှစ်နှစ်တာကာလအတွင်လုပ်ဆောင်ချက်များကိုကြည့်ပါက စစ်သားပီသမှုမရှိဘဲ သူရဲဘောကြောင်သောလုပ်ရပ်များကို ကာကွယ်ရေးတပ်ဖွဲ့များအပေါ်သာမ ပြည်သူများပေါ်တွင်လည်း လုပ်ဆောင်နေပြီး လူသားမဆန်စွာ အကြမ်းဖက်သတ်သတ်ဖြတ်မှုအပေါ် ပြည်သူတရပ်လုံးက နောက် မဆုတ်ဘဲ အမြစ်ပြတ်သည်အထိ စည်းစည်းလုံးလုံး ချီတက်သွားကြရန်လိုကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောဆိုသည်။

မေလ ၈ ရက်နေ့ကလည်း ခွါပီးကျေးရွာနှင့် ဗဟိုအလုပ်အမှုဆောင်ရုံးကို စစ်ကောင်စီတပ်ဖွဲ့မှ Mi-35 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDF-Senthang လက်ထောက်အထွေထွေအတွင်းရေးမှူး Salai Siang Cung Hnin နှင့် တပ်ခွဲမှူး Salai Duh Lian Hmung တို့ ကျဆုံးခဲ့ကြောင်းသိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#CDF–Senthang
#ဗုံးကြဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7😢5👍3🥰2👏2
Media is too big
VIEW IN TELEGRAM
May - 11 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
😁3👍2
​​၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ပြည်တွင်းနေရပ်စွန့်ခွာရသူ ၇၁ သန်းကျော် ရှိခဲ့
========================

ယမန်နှစ် ၂၀၂၂ ခုနှစ်က ကမ္ဘာတစ်ဝန်းတွင် တစ်ခုပြီးတစ်ခု ဖြစ်ပွားသော အကျပ်အတည်းများကြောင့် လူပေါင်း သန်း ၇၀ ကျော်သည် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများအတွင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်းနှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDP) ဦးရေက စံချိန်တင်မြင့်တက်ခဲ့ကြောင်း လေ့လာစောင့်ကြည့်သူများက မေလ ၁၁ ရက်တွင် ပြောသည်။
👍6😁2❤1
မေလ (၁၁) ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
======================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...ကရင်နီပြည် စစ်ရှောင်‌တွေအတွက် ဆန်နဲ့သောက်သုံးရေ ထောက်ပံ့ကူညီဖို့ ကျပ်သိန်း ၁,၀၀၀ ကမ်ပိန်း လုပ်နေတဲ့သတင်းနဲ့အတူ အနီရောင်အဆင့်သတ်မှတ်လိုက်တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် လူပေါင်း ၂သန်းကျော်ထိခိုက်နိုင်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့  နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း  ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။ 

....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/jmTvLJbyn5s

#Mizzimaradio
#Eveningradio

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2❤1
အာဆီယံထိပ်သီးအစည်းအဝေးနှင့် မြန်မာ့အရေး | Human Rights Barometer - Episode 13
==================

အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ လာဘူအန်ဘာဟောင်မြို့တွင် မေလ ၉ ရက်နေ့မှသည် မေလ ၁၁ ရက်နေ့အထိ ကျင်းပမှာဖြစ်သည်။ အစည်းအဝေးတွင် မြန်မာ့အရေးက အဓိကဆွေးနွေးစရာဖြစ်မှာလား၊ မြန်မာစစ်ကောင်စီကကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ဆွေးနွေးမှာလား၊ အာဆီယံ၏ယန္တရားများက မည်သို့ရှိသနည်းစသည်တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဖြေကြားထားသည်။

https://youtu.be/4BtKsgGhVP0


# အာဆီယံ 
#Human Rights Barometer
#မြန်မာ
👍7❤2😁2