Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်ထုတ်လွှင့်မှုများ
======================

https://youtu.be/th1lcnZv4vE

#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🍌2
​​မန်းတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရာသီဥတု အပူဒဏ်ကြောင့် အကျဉ်းထောင်အတွင်း အသက်ရှူကျပ် ဝေဒနာခံစားနေရ
====================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အကျဉ်းထောင်အတွင်း ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် အသက်ရှူကျပ်ကာ မောပန်းသည့် ဝေဒနာခံစားနေရကြောင်း ထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။

“ မောမောနေတယ်လို့ ပြောတယ်။ ဆရာဇော်က မနှစ်က တစ်နှစ်လုံးလည်း ဝေဒနာအမျိုးမျိုး ခံစားခဲ့ရတယ်။ ဒါပေမဲ့ သူ တောင့်ခံထားတယ်။ စိတ်ကတော့ တအားမာကျောတယ် “ ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဒေါက်တာဇော်မြင့်မောင်သည် သင်္ကြန်မတိုင်ခင်က အနည်းငယ် တတ်ကြွလန်းဆန်းသော်လည်း သင်္ကြန်အပြီး နောက်ပိုင်း မေလဆန်းတွင် ထိုကဲ့သို့ ဝေဒနာခံစားနေရခြင်းဖြစ်ကြောင်း သိရသည်။

NLD ထိပ်တန်း ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် မန္တလေးတိုင်း၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အာဏာသိမ်းပြီးသည့်နေ့ကစ၍ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခဲ့သည်။ လက်ရှိတွင် ဒေါက်တာ ဇော်မြင့်မောင်သည် ပုဒ်မ ၅၀၅(ခ)၊ သဘာ၀ဘေးဆိုင်ရာပုဒ်မ ၂၅/၃၀(က) ၊ အဂတိအမှု စသဖြင့် စုစုပေါင်း ပုဒ်မ ကိုးခုဖြင့် မန္တလေးအိုးဘိုအကျဉ်းထောင်တွင် အမှုရင်ဆိုင်နေရသည်။

၎င်းအားစွပ်စွဲထားသည့်အမှုများအနက် အမှုနှစ်မှုဖြင့် ထောင်လေးနှစ်ကျခံနေရပြီး နောက်ထပ်အမှုများအတွက် ထောင်တွင်းတရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

အသက် ၇၀ ကျော်အရွယ် ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည် NLD အစိုးရလက်ထက်တွင် ၀န်ကြီးချုပ်တာ၀န်ထမ်းဆောင်နေစဥ် ၂၀၁၉ ခုနှစ်က သွေးကင်ဆာရောဂါကြောင့် ထိုင်းနိုင်ငံအထိ သွားရောက် ဆေးကုသမှုခံယူခဲ့ရသည်။

အကျဉ်းထောင်အတွင်း ကင်ဆာရောဂါဆေးဝါးများ အဆက်မပြတ်သောက်နေရပြီးနောက် ဖျားပြီး အမောဖောက်လာသဖြင့် အောက်ဆီဂျင်ရှူရသည့်အဖြစ်ရှိခဲ့ကာ ထောင်တွင်းဆေးရုံနှင့် မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သည်များလည်း ရှိခဲ့ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မန်းတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
#အသက်ရှူကျပ် ဝေဒနာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18👍5❤2🔥2
Mizzima ပရိသတ်ကြီးခင်ဗျား ..
Mizzima YouTube Channel ကို subscribe လုပ်ပြီးအားပေးကြည့်ရှုခဲ့ကြသည့် ပရိသတ်(subscribers)ဦးရေ ၁.၉ သန်း ကျော်အား ပထမဦးစွာ ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုက်ပါရစေခင်ဗျာ...

Mizzima TV YouTube Channel တွင် နေ့စဥ် မနက်ခင်း ၉ နာရီမှစတင်ကာ ပြည်တွင်းပြည်ပ နောက်ဆုံးရသတင်းများ၊ သုတ၊ ရသ၊ ဆောင်းပါး နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း အစီအစဥ်များကို စဥ်ဆက်မပြတ်တင်ဆက်ပေးလျက်ရှိပါတယ်. Mizzima TV YouTube Channel တွင် နေ့စဥ်နှင့်အမျှ ၀င်ရောက်ကြည့်ရှုပေးသည့် ပရိသတ်အရေအတွက် တစ်လလျှင် ၂.၇ သန်းမျှရှိပါတယ်. Channel ကို subscribe မလုပ်ရသေးသည့် ပရိသတ်များကိုလည်း subscribe ပြုလုပ်ထားဖို့ ထပ်မံဖိတ်ခေါ်လိုက်ပါရစေ. Subscribe ပြုလုပ်ထားခြင်းဖြင့် Mizzima TV Channel တွင် အချိန်နှင့်အမျှ တင်ဆက်ပေးနေသည့် အစီအစဥ်များကို မလွတ်တမ်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်. Subscribe မလုပ်ထားရင် အသစ်တက်လာသည့် အစီအစဥ်ကောင်းတွေကို ပရိသတ်ကြီးက မသိလိုက်ဖြစ်သွားနိုင်ပါတယ်. Channel ကို subscribe လုပ်ချင်တယ်ဆိုရင် Mizzima TV Youtube Channel
https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig မှာ အခုဘဲ subscribe လုပ်ထားလိုက်ဖို့ ထပ်မံတိုက်တွန်းလိုက်ပါရစေ.

Mizzima TV YouTube Channel တွင်သာမက
Mizzima Media မှ နေ့စဥ်အချိန်နှင့်တစ်ပြေးညီ နောက်ဆုံးရသတင်းများနှင့်နိုင်ငံရေးအတွေးအမြင်အစီအစဥ်များ၊ စိတ်အပန်း‌‌‌‌ဖြေကြည့်ရှုနိုင်ရန် နိုင်ငံတကာရုပ်ရှင်နှင့် ဇတ်လမ်းတွဲများအပြင် အခြား သုတ၊ ရသ အစီအစဥ်ကောင်းများကို TV, Radio, Social Media နှင့် Mizzima TV App တို့မှ တင်ဆက်ပေးလျက်ရှိပါသည်။

အခမဲ့ဂြိုလ်တုရုပ်သံလိုင်း
Mizzima TV Channel နှင့် Mizzima+ TV channel
Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + HD တို့အား PSI နှင့် အခြား satellite ဖမ်းစက်များဖြင့် Asiasat 7နှင့် Thaicom 6 satellite တွင် အခမဲ့ဖမ်းယူကြည့်ရှုနိုင်ပါတယ်.
Asiasat-7 ဂြိုလ်တုတွင်ဖမ်းယူကြည့်ရန် စလောင်းဗန်းအား C band receiver ဖြင့် Asiasat-7 @ 105.5 Deg East ကို ချိန်၍ satellite receiver တွင် channel ရှာရန် Downlink Frequency: 3760 MHz , Symbol Rate: 26.00Ms/s ,Polarization: Horizontal တို့ထည့်သွင်းပြီး ကြည့်ရှုနိုင်ပါတယ်.

Mizzima Short Wave Radio (မဇ္ဈိမလိုင်းတို ရေဒီယိုချန်နယ်)
Mizzima Short Wave Radio ကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသနှင့် အိန္ဒိယနိုင်ငံတို့တွင် နေ့စဥ် ညနေ ၆ နာရီခွဲမှ ၇ နာရီခွဲအထိ အသံကြည်လင်ပြတ်သားစွာဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်.
Mizzima Radio
ON Air : 6:30 to 7:30 PM Myanmar Standard Time - Frequency : 13m (21.71 MHz)
Radio ထုတ်လွှင့်စဥ်တိုက်ရိုက်နားဆင်ဖို့ အချိန်လွတ်သွားခဲ့လျှင် Mizzima TV App နှင့် Mizzima TV YouTube Channel တို့တွင် အစအဆုံး ပြန်လည်နားဆင်နိုင်ပါတယ်.

အထက်ပါ Mizzima media channels များအပြင် Mizzima၏ အခြား media platforms များတွင်မှာပါ Follow / subscribe လုပ်ထားမယ်ဆိုရင် ဘယ်အချိန် ဘယ်နေရာရောက်ရောက် Mizzimaရဲ့ တင်ဆက်မှုအစီအစဥ်တွေကို ပရိသတ်ကြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်.ခင်ဗျာ. ကြည့်ရှုပြီးလို့ နှစ်သက်တဲ့အစီအစဥ်တွေကိုလည်း ကိုယ့်ရဲ့ မိတ်ဆွေတွေကို share လုပ်ပေးပါဦးနော်.
………………………………
Facebook | မြန်မာဘာသာဖြင့် https://bit.ly/3BuWBSJ
Facebook | အဂ်လိပ်ဘာသာဖြင့် https://bit.ly/3d5g1V2
Facebook | Mizzima+ TV https://bit.ly/3eGNjdl
Facebook | 108FM Podcast https://bit.ly/3BBnJ2x
Youtube | Mizzima TV Channel https://bit.ly/3hZ5Ljy
Twitter | Mizzima Daily News https://bit.ly/3Dbvqh1
Telegram | Mizzima Daily News https://bit.ly/3RRn2rk
Telegram | Mizzima+ TV https://t.me/mizzimaplustv
Tiktok | Mizzima Daily News https://www.tiktok.com/@mizzimadaily
Mizzima TV App အခမဲ့ဒေါင်းလုတ် http://onelink.to/jnuwak/

ပေါ့ကတ်ရေဒီယို - အသံသီးသန့်နားဆင်လိုသူများအတွက်
Anchor| 108 FM Podcast https://anchor.fm/mizzima108fm
Sportify | 108 FM Podcast https://podcasters.spotify.com/pod/show/mizzima108fm

မြန်မာဘာသာဖြင့် ဖတ်ရှုရန်၀က်ဆိုဒ် https://www.mizzimaburmese.com/
အဂ်လိပ်ဘာသာဖြင့် ဖတ်ရှုရန်၀က်ဆိုဒ် https://www.mizzima.com/
Mizzima TV Youtube အစီအစဥ်များ ကြည့်ရှုရန်၀က်ဆိုဒ်
https://www.mizzima.tv/

#Mizzimapromo
#Mizziamads
👍13❤3😁3
👍14😁3
Media is too big
VIEW IN TELEGRAM
နှင်းသီးက သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/sVKt5dfJrcA

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍4❤2💩1🌭1
​​ဝန်ထုပ်ဝန်ပိုးများ ပိုပိလာစေပြီး ဆွဲဆောင်နိုင်စွမ်း ကျသည်ထက် ကျလာသည့် တရုတ်၏ BRI စီမံကိန်း
====================

မကြာသေးခင်က ထွက်ပေါ်ခဲ့သည့် သတင်းများတွင် အီတလီနိုင်ငံသည် သက်တမ်းကုန်တော့မည့် တရုတ်နှင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) သဘောတူညီချက်ကို လာမည့်နှစ်စပိုင်းတွင် သက်တမ်းတိုးဖွယ်ရာ မရှိကြောင်းကို ဖော်ပြနေသည်။
😁6👍4
မေလ (၁၂) ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမှာ NUG ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တဲ့သတင်းနဲ့အတူ စစ်ကိုင်းတိုင်းအတွင်း ကနီမြို့နယ်က စစ်ဘေးရှောင်တွေ ရေအခက်အခဲဖြစ်နေပြီး လေဒဏ် မိုးဒဏ်ခံ တဲတွေ အရေးတကြီး လိုအပ်နေတဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/lKpbYIu8mEs
 
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁3
နှင်းသီးရဲ့အကျိုးကျေးဇူးများ
===========

-နှင်းသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-နှင်းသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-နှင်းသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/sVKt5dfJrcA

#Nature
#NatureArticle
#VideoNews
#MizzmaTV

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🍌2
သတင်းလွတ်လပ်ခွင့်အတွက် စီဂျေသတင်းသမား
================

စစ်ကောင်စီကထိန်းချုပ်ထားတဲ့ နေ့စဉ်ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ နေ့တိုင်း ဖော်ပြနေတဲ့သတင်းတစ်ခုက “အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့် ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ” .. ဆိုတဲ့ ဖော်ပြချက် ဖြစ်ပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်တဲ့သူ တစ်ယောက်ဟာ ဆိုရှယ်မီဒီယာတစ်ခုခုမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ရေး သားဖော်ပြမှုတစ်ခုခု ၊ ဒါမှမဟုတ် အခြားသူတစ်ယောက်ယောက် ရေးထားတာကို ပြန်လည်မျှဝေမှု ၊မှတ်ချက် ရေးသားမှု စတဲ့ ကိစ္စတစ်ရပ်ရပ်ကို လုပ်ဆောင်မယ်ဆိုရင် အနည်းဆုံး ရာဇသတ်ကြီး ပုဒ်မ -၅၀၅ - က နဲ့ အမှု ဖွင့် တရားစွဲခံရနိုင်ပါတယ်။

https://youtu.be/Rg32aEehVVg

#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁8👎2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ မေလ ၁၂ ရက်၊ ၂၀၂၃ | VOA On Mizzima
=============================

မကြာခင်မှာ ကျင်းပမယ့် ထိုင်းရွေးကောက်ပွဲက ထိုင်းနိုင်ငံရေးနဲ့ စီးပွားရေးအတွက် အပြောင်းအလဲဖော်ဆောင်နိုင်ဖို့ ထိုင်း ပြည်သူတွေက မျှော်လင့်နေကြပါတယ်။ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့အတူ လူမှုကွန်ယက်ပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုတွေ၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မေလ ၁၂ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။ 

https://youtu.be/5f-TT3joO-s

#VOA
#MizzimaTV
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းဒီမိုကရေစီစနစ်ကို စမ်းသပ်မယ့် ရွေးကောက်ပွဲ | VOA On Mizzima
.
Watch more detail - https://youtu.be/6JXzXGuD7ww

#VOA #ထိုင်းဒီမိုကရေစီစနစ်ကို စမ်းသပ်မယ့် ရွေးကောက်ပွဲ #VideoNews #shorts #reels
👍10🔥1
မေလ ၁၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
ထိုင်းဒီမိုကရေစီစနစ်ကို စမ်းသပ်မယ့် ရွေးကောက်ပွဲ | VOA On Mizzima
================

မေလ ၁၄ ရက်နေ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံပါတီတွေက တဖက်၊ တိုင်းပြည်ကို ဆယ်စုနှစ်ချီ လွှမ်းမိုး ချုပ်ကိုင်ခဲ့တဲ့ ကွန်ဆာဗေးတစ် စစ်တပ် ဗိုလ်ချုပ်ကြီးတွေနဲ့ လက်တွဲဘက်တွေက တဘက်၊ ယေဘုယျ အားပြိုင်ကြတဲ့ပွဲ ဖြစ်လာပါတယ်။ စစ်တမ်းတွေမှာ လူထုထောက်ခံမှု အများအပြားရထားပြီး လူကြိုက်များလာတဲ့ ပါတီတခုကတော့ Move Forward ပါတီဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အဓိက အပြောင်းအလဲတွေ ဖေါ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုနေပါတယ်။ Move Forward ပါတီအကြောင်း ဘန်ကောက်မြို့တော်ကနေ Vijitra Duangdee သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ဆက်ထားပါတယ်။

https://youtu.be/6JXzXGuD7ww

#VOA
#mizzimatv

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
​​ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်နေပြီး လိမ္မော်ရောင်အဆင့်သတ်မှတ်
====================

KMN
(မဇ္ဈိမ)။ ။ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် ယနေ့ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်နေသည့်အတွက် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည်။

လိမ္မော်ရောင်အဆင့်သတ်မှတ်ချက်သည် မြန်မာ့ကမ်းရိုးတန်းကို မုန်တိုင်းဦးတည်နေပြီး မုန်တိုင်း၏ပြောင်းလဲမှုအား အထူးသတိထားစောင့်ကြည့်ရန်သတ်မှတ်သည့် အရောင်စနစ်တစ်ခုဖြစ်သည်။
၎င်းဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၂၀ မိုင်ခန့်၊ ဟိုင်းကြီး ကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၄၁၅ မိုင်ခန့်၊ စစ်တွေမြို့ ၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၅၂၀ မိုင်ခန့်တွင် ယနေ့နံနက်ပိုင်း၌ တည်ရှိနေသည်။

ထိုဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ မေလ ၁၂ ရက်နေ့တွင် နာမည်ရသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ်အသွင်ပြောင်းပြီး မေလ ၁၄ ရက်နေ့ ဝန်းကျင်တွင် အရှေ့မြောက်ဘက်ရွေ့လျားကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှတစ်ဆင့် မြန်မာနိုင်ငံကုန်းတွင်ပိုင်းကို ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသခန့်မှန်းလေ့လာသူ ဦးဝင်းနိုင်က မဇ္ဈိမကို ပြောကြားသည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” နှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂ(EU)နှင့်ကုလသမဂ္ဂ(UN)မှ ဦးစီးလုပ်ကိုင်နေသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်စနစ်(GDACS) အရ မြန်မာနိုင်ငံသို့ အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁၀၃.၇ မိုင်) ရှိသည့် ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်သည်။

၎င်းဆိုင်ကလုန်းမုန်တိုင်းကြောင့် လူဦးရေ နှစ်သန်းကို ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် “RED ALERT” ထုတ်ပြန်ထားသည်။

လူဦးရေ နှစ်သန်းတွင် ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀ ခန့်၊ ချင်းပြည်နယ်မှ လူဦးရေ ၂၁၀,၀၀၀ ခန့်၊ မကွေးတိုင်းမှ လူဦးရေ ၁၇၀,၀၀၀ခန့်၊ စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ ခန့်တို့မှာ အန္တရာယ်ရှိသည့် လေပြင်းတိုက်ခိုက်ခြင်းကို ခံရနိုင်ချေရှိနေသည်။

စစ်ကောင်စီ၏မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ၏အရှိန်ကြောင့် နောက် ၂၄ နာရီအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပြီး မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#Mizzima
#မိုခါ
#ဆိုင်ကလုန်း
#မုန်တိုင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2👎1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဖို့ တရုတ်ကိုပြင်သစ်တောင်းဆို

#internationalnews #reels #shorts #Ukraine #China
👍6😁3
This media is not supported in your browser
VIEW IN TELEGRAM
လူမှုကွန်ယက်ပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုများ

Watch more detail - https://youtu.be/xTd2FWg8zo8

#VOA #VideoNews #shorts #reels #Mizzima
🔥3👍2
လူမှုကွန်ယက်ပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုများ | VOA On Mizzima
=====================

တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် သင်္ဘောနဲ့ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတို့ နီးနီးလေးကပ်တဲ့အထိ ရောက်ပြီး ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ကြပါတယ်။ ဝါရှင်တန်မြို့တော် ဆင်ခြေဖုံးမှာတော့ ရဲအရာရှိတဦး အသက်ဘေးက ကပ်လွတ်သွားတာ ဗွီဒီယိုမှတ်တမ်းမှာ တွေ့ရပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။

https://youtu.be/xTd2FWg8zo8

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤2🔥1
This media is not supported in your browser
VIEW IN TELEGRAM
May - 12 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour
#reels #shorts
😁2👍1🤮1