Business Round Up (16 May 2023)
===========
- ရခိုင်ပြည်သူများကို အရေးပေါ်အကူအညီများ အမြန်ဆုံးပေးဖို့ နိုင်ငံတကာကို (AA) တောင်းဆို
- ကန်ဒေါ်လာတစ်သောင်းအထက် ပြည်ပသို့ လွှဲပြောင်းပါက အခွန်အကောက်များ ပေးဆောင်ထားပြီးဖြစ်ရန် လိုအပ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်
- မုန်တိုင်းသင့် ရခိုင်ကို ပြန်လည်ထူထောင်ရာမှာ မူလအခြေအနေတွေထက် ကောင်းအောင် လုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော
- ရိုဟင်ဂျာအရေး တာဝန်ဆက်မယူတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြော
- ထိုင်းဆန်ဈေး လေးလတာအတွင်း အမြင့်ဆုံးရောက်ရှိလာ
https://youtu.be/2gRxE_sb2Cs
#BusinessRoundUp
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
Business Round Up (16 May 2023)
- ရခိုင်ပြည်သူများကို အရေးပေါ်အကူအညီများ အမြန်ဆုံးပေးဖို့ နိုင်ငံတကာကို (AA) တောင်းဆို
- ကန်ဒေါ်လာတစ်သောင်းအထက် ပြည်ပသို့ လွှဲပြောင်းပါက အခွန်အကောက်များ ပေးဆောင်ထားပြီးဖြစ်ရန် လိုအပ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်
- မုန်တိုင်းသင့် ရခိုင်ကို ပြန်လည်ထူထောင်ရာမှာ…

👍4😁3
ကာကွယ်ရေးတပ်ဖွဲ့ နောက်တန်းစခန်း ဝင်စီးနင်းခံရပြီး သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ ဆုံးရှုံး
🤬3🔥2😁1😢1

==================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်တွင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နောက်တန်းစခန်းကို စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းရှိပစ္စည်းများ သိမ်းဆည်းသွားရာ ကာလတန်ဖိုး ကျပ် ၄၀,၀၀၀,၀၀၀(သိန်းလေးရာ)ခန့် ဆုံးရှုံးခဲ့ရကြောင်း Monywa Nightking က မေလ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။
ဒေသတွင်း မုန်တိုင်းမဝင်လာမီ ကြိုတင်ပြင်ဆင်ရန် သွားရောက်နေချိန် မေလ ၁၃ရက် နေ့လယ် ၁၂နာရီအချိန်တွင် ၎င်းတို့၏ နောက်တန်းစခန်းငယ်တစ်ခုကို စစ်ကောင်စီတပ် အင်အား ၁၅၀ခန့်ဖြင့် ဝင်ရောက်စီးနင်းခံရခြင်းဖြစ်ကြောင်း ဆိုသည်။
“ကျနော်တို့ သတင်းပေါက်သွားတဲ့ အတွက် အခုလိုဖြစ်သွားတယ်လို့ သုံးသပ်ပါတယ် ။ ကျွန်တော်ရဲ့လိုအပ်ချက်ကြောင့် အခုလို ဆုံးရှုံးရတဲ့အပေါ်ထိခိုက်နာကျင်ရသလို ရှက်ရွံ့အားနားစိတ်လည်းဖြစ်ရပါတယ်” ဟု Monywa Nightking ဗိုလ်ငယ်လေး က ပြောသည်။
အဆိုပါစီးနင်းခံရမှု၌ လက်လုပ်သေနတ် ၂၁ လက် ၊ လက်လုပ် RPG ရှစ်လက် ၊ လက်လုပ်စိန်ပြောင်း တစ်လက် ၊ လက်လုပ်မိုင်း ရှစ်လုံး ၊ ၆၀မမ ဗုံးသီး ငါးလုံး ၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂၃၅ လုံး ၊ လက်လုပ် RPG ဗုံးသီး သုံးလုံး ၊ လက်လုပ် အီနာဂါ ဗုံသီး ရှစ်လုံး ၊ လက်လုပ် လက်ပစ်ဗုံး သုံးလုံး ၊ ယမ်းထုပ် ၆၅ ထုပ် ၊ ယမ်းမဲ တစ်ပိဿာ ၊ အမြန်ယမ်းကြိုး ခုနစ်ခွေ ၊ ပြောက်ကျား ယူနီဖောင်း ၅၀ စုံ ၊ တွင်ခုံ နှစ်လုံး ၊ သံဖြတ်စက် နှစ်လုံး ၊ သံဖောက်စက် သုံးလုံး ဆုံးရှုံးခဲ့ကြောင်း ဆိုသည်။
ထို့ပြင် တွင်းကုန်းရွာမှ နေအိမ်များကို မွှေနှောက်ပြီး ရွှေ ၊ငွေနှင့် အဖိုးတန်ပစ္စည်းများ ခိုးယူကာ ဒေသခံပြည်သူ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဆုံရှုံးခဲ့သော ပစ္စည်းများထဲမှ ယူနီဖောင်းများကို အသုံးပြုပြီး စစ်ကောင်စီတပ်မှ ပုံမှားရိုက် အသွင်ယူလုပ််နိုင်၍ ညီအကိုရဲဘော်များအနေဖြင့် အထူးသတိထားကြစေလိုကြောင်း သတိပေးထားသည်။
ယင်းသို့ စခန်းနှင့် ရွာကို မွှေနှောက်ပြီးပြန်လာသည့် စစ်ကောင်စီတပ် အပြန်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ရန် အသင့်ရှိသော်လည်း စစ်ဘေးရှာင်နေရသော ပြည်သူများ ထိခိုက်မည့်အန္တရာယ်ရှိသဖြင့် တိုက်ခိုက်မှုမပြုခဲ့ကြောင်း ဗိုလ်ငယ်လေး က ဆက်လက်ပြောဆိုသည်။
ဆုံးရှုံးခဲ့သောလက်နက်ပစ္စည်းများ ပြန်လည် တပ်ဆင်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် အကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လက်နက်ပစ္စည်း
#ကနီမြို့နယ်
#အခြေစိုက်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
😢9👍7🔥1👏1😭1
ရေဖြူတွင်စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်၍ ဒေသခံများ ထွက်ပြေးနေရ
======================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထားဝယ်အထူး စီးပွားရေးဇုန်အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းမှစတင်တိုက်ခိုက်ခဲ့၍ ဒေသခံများထွက်ပြေးနေရ ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှစတင်ဗုံးကြဲခဲ့စဉ် ဒေသခံများထိခိုက်မှုမရှိခဲ့ သော်လည်း မေလ ၁၅ နှင့် ၁၆ ရက်တို့တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် နှစ်ရက်ဆက်တိုက် လာရောက်ပျံသန်းခဲ့၍ ဒေသခံများစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်းဟု သိရသည်။
“ဒီမှာက အကုန်ပြေးနေကြရတာပဲဗျ ဘယ်ရွာမဆို လူမရှိတော့ဘူး။ ခြံထဲပြေးပုန်းနေကြတာပဲ။ ရိက္ခာပြန် လာယူတဲ့အခါ ဖမ်းခံရတာမျိုးတွေရှိတယ်။ စစ်ကိုင်းလိုဖြစ်မှာကြောက်တော့ မလာလည်း ပုန်းနေကြရ တယ်။ ကလေးတွေဆို လေယာဉ်လာရင် လမ်းမှာမဆော့ရဲတော့ဘူး အိမ်အောက်ကိုဝင်ပုန်းနေကြရ တယ်” ဟု နဘုလယ်ဒေသခံတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီ၏မြေပြင်တပ်မှ ဒေသခံအချို့ကို လမ်းပြအဖြစ် လူသားဒိုင်းပြုလုပ်ကာ ဖမ်းဆီးမှုများရှိလာနေကြောင်းလည်း သိရသည်။
လက်ရှိတွင် ဒေသခံခုနစ်ဦးကိုဖမ်းဆီးပြီးနောက် ငါးဦးကို ပြန်လည်လွတ်ပေးခဲ့ကာ နှစ်ဦးမှာ မျက်နှာကိုဖုံး အုပ်ပြီး ဖမ်းဆီးသွားကြောင်း တနင်္သာရီစစ်ဒေသခွဲ(ကွပ်ကဲရေးအဖွဲ့) ပြန်ကြားရေးထံမှ သိရသည်။
“ဟုတ်တယ် ဖမ်းဆီးခံရတာတွေ ရှိနေတယ်။ နောက်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာလို့ လေးငါးရွာ လောက် စစ်ရှောင်နေရတယ်။ တော်တော်များများ စစ်ရှောင်နေတယ်” ဟု တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေး တာဝန်ခံကပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏လေကြောင်းရန်ကြောင့် အဓိကစစ်ဘေးရှောင်ရသည့်နေရာများမှာ ရေဖြူ မြို့နယ်အတွင်းမှ ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ပုဂေါဇွန်း၊ မူးဒူး၊ ဘဝါ၊ နဘုလယ်စသည့် ကျေးရွာ များဖြစ်ကြပြီး အိမ်ထောင်စု ၆၀၀ ကျော်ခန့်ရှိကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံ မှ သိရသည်။
ရေဖြူမြို့နယ်သည် ကျေးရွာအုပ်စု စုစုပေါင်း ၂၇ အုပ်စုနှင့် ရပ်ကွက်ပေါင်း ၄ ရပ်ကွက် ရှိသည့် မြို့နယ် တစ်ခုဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ရေဖြူမြို့နယ်
#လေကြောင်းတိုက်ခိုက်
#စစ်ဘေးရှောင်
#ထားဝယ်ခရိုင်

❤4🤬4👍2👏1
ပြည်သူ့ရင်ပြင်အနီးတွင် ဝိုင်ဘီအက်စ် ၇၈ ယာဉ် မီးလောင်မှုဖြစ်ပွား
====================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်အနီးတွင် ယနေ့ မေလ ၁၆ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဝိုင်ဘီအက်စ် ၇၈ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘရိတ်ရှူးငြိပြီးဖြစ်တာ အနောက်အင်ဂျင်ကနေစလောင်တာ။ မီးလောင်တဲ့ ၇၈ ကားပေါ်ကခရီးသည် တွေ ၂၁ ပေါ်ပြောင်းလာရင်း ပြောတာကြားတယ်” ဟု ဝိုင်ဘီအက်ယာဉ် မီးလောင်ရသည့်အကြောင်းနှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိသူက ပြောသည်။
မီးလောင်နေသော ဝိုင်ဘီအက်စ် ၇၈ ယာဉ်အား နောက်တွင်မောင်းနှင်လာသော ဝိုင်ဘီအက်စ် ၂၁ ယာဉ်မှ မီးသတ်ဆေးဗူးဖြင့် ငြှိမ်းသော်လည်း မီးပိုကြီးလာသဖြင့် မီးသတ်ကားများရောက်လာမှ မီးငြှိမ်းသတ်နိုင် ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့်ယာဉ်ကို နံနက် ၁၀ နာရီ ၈ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန က ထုတ်ပြန်သည်။
မီးလောင်ခဲ့သော ဝိုင်ဘီအက်စ် ၇၈ ယာဉ်မှာ အနောက်ပိုင်းတစ်ခုလုံး ပျက်စီးခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူ၏ ပြောပြချက်နှင့် ဓာတ်ပုံအထောက်အထားများအရ သိရသည်။
အဆိုပါယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသော ခရီးသည်များ ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်တိုင်း
#ဒဂုံမြို့နယ်
#YBS
#မီးလောင်မှု
ဓာတ်ပုံ_ မီးသတ်ဦးစီးဌာန

#ရန်ကုန်တိုင်း – Explore
explore #ရန်ကုန်တိုင်း at Facebook
😁3👍2
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က အိမ်ခြေ ၂၀၀ ကျော် မီးရှို့ဖျက်ဆီး
=====================
KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ အိမ်ခြေ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၇ ရက်မှ ၁၂ ရက်နေ့အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများမှာ ကဘွက်၊ ကုတ္တက်၊ ရုံးပင်၊ သင်ပေါင်း၊ သရက်ကုန်း၊ တောင်ဘို့ရေ စသည့်ခြောက်ရွာဖြစ်ပြီး ဧရာဝတီမြစ်အရှေ့ဘက်မှကူးလာသည့် စစ်ကောင်စီတပ်သားများကမီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် ကဘွတ်ကျေးရွာမှ နေအိမ် ၁၅၀ လုံး ၊ ကုတ္တက်ကျေးရွာမှ နေအိမ် ၃၀ လုံး၊ ရုံးပင်ကျေးရွာမှနေအိမ် ၂၄ လုံး၊ သင်ပေါင်းကျေးရွာမှ နေအိမ် ၁၂ လုံး၊ သရက်ကုန်းကျေးရွာမှ နေအိမ် ၁၂ လုံးနှင့် တောင်ဘို့ရေကျေးရွာမှ နေအိမ်နှစ်လုံး ပျက်စီးခဲ့သည်။
“ဒေသခံ ၂,၀၀၀ ကျော်ဟာ မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ပြီးတဲ့အထိ နေရပ်ကို မပြန်နိုင်ကြသေးပါ ဘူး။ စားနပ်ရိက္ခာနဲ့ နေစရာအခက်အခဲတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
မိုခါမုန်တိုင်းကြောင့် မေလ ၁၄ ရက်နေ့တွင် မိုးသက်လေပြင်းများ ကျရောက်ခဲ့ပြီး ခင်ဦးမြို့နယ်အနောက် ခြမ်းရှိ ဂျပို့၊ ပေါက်သင့်တုံ၊ မဒေါင်းကြီး၊ ရှားတော၊ ငါးရုံကြီး၊ ကလုံ၊ ရှင်မင်းတွေ၊ သရက်ကုန်း၊ ကင်းပြစ်၊ တဲစု၊ မြစ်တော်၊ မုံလှ စသည့်ကျေးရွာ ၄၉ ရွာမှ နွေရာသီ ယာသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုပ်အပြင် ဂန္တမာပန်းခင်းများစသည့် စိုက်ဧက ၁၀,၀၀၀ ကျော် ရေနစ်ပျက်စီးခဲ့ကြောင်း သိရသည်။
မိုခါမုန်တိုင်းကြောင့် ခင်ဦး-ရေဦးမြို့နယ်အစပ်တွင် ကိုယ်ထူကိုယ်ထပြုလုပ်ထားသည့် စစ်ရှောင်တံတား တစ်စင်းလည်း ပျက်စီးသွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
(မိုခါမုန်းတိုင်းအပြီး နေရပ်မပြန်နိုင်သေးသည့် ခင်ဦးနယ်ဒေသခံများနှင့် ရေကြီးရေလျှံမှု ပုံရိပ်များ)

#စစ်ကိုင်းတိုင်း – Explore
explore #စစ်ကိုင်းတိုင်း at Facebook
❤3👍2😁1🤬1
မေလ (၁၆)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
01:04 − အလှူငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ ကုန်စျေးနှုန်းတင်အမြတ်ထုတ်နေမှုတာတွေ မလုပ်ကြဖို့ ULA/AA ဥက္ကဌ သတိပေးလိုက်တဲ့သတင်း
03:17 − မိုခါမုန်တိုင်းကြောင့် ၁၈ ဦး သေဆုံးပြီး စစ်ကိုင်းမှာ စိုက်ဧက ၃၁,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ရတယ်လို့ NUG ထုတ်ပြန်တဲ့သတင်း
09:10 − စစ်ကောင်စီကို ချက်ချင်းအရေးယူဆောင်ရွက်ဖို့ G7 နိုင်ငံတွေကို မြန်မာပြည်သူတွေနဲ့ အဖွဲ့ ၁၈၆ ခုက တောင်းဆိုလိုက်တဲ့သတင်းနဲ့
09:17 − မြစ်ငယ် မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/KGtN0OtKJMo
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
01:04 − အလှူငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ ကုန်စျေးနှုန်းတင်အမြတ်ထုတ်နေမှုတာတွေ မလုပ်ကြဖို့ ULA/AA ဥက္ကဌ သတိပေးလိုက်တဲ့သတင်း
03:17 − မိုခါမုန်တိုင်းကြောင့် ၁၈ ဦး သေဆုံးပြီး စစ်ကိုင်းမှာ စိုက်ဧက ၃၁,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ရတယ်လို့ NUG ထုတ်ပြန်တဲ့သတင်း
09:10 − စစ်ကောင်စီကို ချက်ချင်းအရေးယူဆောင်ရွက်ဖို့ G7 နိုင်ငံတွေကို မြန်မာပြည်သူတွေနဲ့ အဖွဲ့ ၁၈၆ ခုက တောင်းဆိုလိုက်တဲ့သတင်းနဲ့
09:17 − မြစ်ငယ် မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/KGtN0OtKJMo
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မေလ (၁၆)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:04 − အလှူငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ ကုန်စျေးနှုန်းတင်အမြတ်ထုတ်နေမှုတာတွေ မလုပ်ကြဖို့ ULA/AA ဥက္ကဌ သတိပေးလိုက်တဲ့သတင်း
03:17 − မိုခါမုန်တိုင်းကြောင့် ၁၈ ဦး သေဆုံးပြီး စစ်ကိုင်းမှာ စိုက်ဧက ၃၁,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ရတယ်လို့ NUG ထုတ်ပြန်တဲ့သတင်း…

👍9😁1🍌1
"မိုခါ"မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးအလှူငွေ သိန်းပေါင်း ၁၀၀,၀၀၀ ကျော် စစ်ကောင်စီရရှိထားတယ်လို့ ထုတ်ပြန်
🤮2🖕2❤1👏1