Media is too big
VIEW IN TELEGRAM
ကန်ဒေါ်လာတစ်သောင်းအထက် ပြည်ပသို့ လွှဲပြောင်းပါက အခွန်အကောက်များ ပေးဆောင်ထားပြီးဖြစ်ရန် လိုအပ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်
Watch more detail - https://youtu.be/2gRxE_sb2Cs
#reels
#shorts
#BusinessRoundUp
#MizzimaTV

👏5👍1🤔1
မုံရွာအကျဉ်းထောင်ရှေ့နှင့် စျေးတွင် အာဏာရှင်ဆန့်ကျင်သော စာရွက်များ ဖြန့်ကြဲ
🔥2👍1

====================
မောင်ခက်နွေ
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်အာရှင်ကို ဆန့်ကျင်သည့် လူငယ်များက အာဏာရှင်ဆန့်ကျင်သော စာရွက်များကို မုံရွာအကျဉ်းထောင်ရှေ့နှင့် စျေးတစ်ခုတွင် ဖြန့်ကြဲခဲ့ကြောင်း မုံရွာလူငယ်များစည်းရုံး၏ အတွင်းရေးမှူးက မဇ္ဈိမကို ပြောသည်။
ထိုလှုပ်ရှားမှုကိုတော့ မုံရွာလူငယ်များစည်းရုံးက ဦးဆောင်လှုပ်ရှားခဲ့တာဖြစ်ပြီး မုံရွာအကျဉ်းထောင်ရှေ့လှုပ်ရှားမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြိုခွင်းဖို့ လာတာတွေရှိတယ်လို့ ဆိုသည်။
"လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ဗျာ၊ ကျွန်တော်တို့ကြဲခဲ့တဲ့ စာရွက်တွေက တရုတ်စစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေက်ို သတ်နေတာချက်ချင်းရပ်ဆိုတဲ့စာရွက်တွေကိုကြဲခဲ့တာဗျ ၊ တရုတ်စစ်တပ်နဲ့ပေါင်းနေတဲ့ မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကိုချက်ချင်းရပ်ဖို့ကို ဒီကောင်တွေအနေနဲ့သိစေဖို့ သူတို့တပ်စွဲထားတဲ့နေရာဖြစ်တဲ့ အကျဉ်းထောင်ရှေ့မှာ ကြဲခဲ့တာဖြစ်တယ် ” လို့ မုံရွာလူငယ်များစည်းရုံးရဲ့ အတွင်းရေးမှူးက မဇ္ဈိမကို ရှင်းပြသည်။
မုံရွာလူငယ်များစည်းရုံး အဖွဲ့ဟာ ပထမဆုံးအနေနဲ့ မုံရွာမြို့ရှိ အစည်ကားဆုံးနေရာဖြစ်တဲ့စျေးနေရာကိုဖြန့်ဝေခဲ့တာဖြစ်ပြီး ထိုလှုပ်ရှားမှုပြီးမှသာ မုံရွာအကျဉ်းထောင်ရှေ့မှာ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။
မုံရွာ အကျဉ်းထောင်ရှေ့လှုပ်ရှားမှုတွင် ဖမ်းဆီးတာတွေရှိပေမယ့်လည်း အဖွဲ့ဝင်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ ဆက်လက်ရှင်းပြသည်။ ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ကလည်း မုံရွာလူငယ်များစည်းရုံး လူငယ်များမှ မုံရွာမြို့တစ်နေရာတွင် "China Stop.Killing Myanmar People by Supporting Fascist Criminals" ဘန်နာကို ချိတ်ဆွဲကာ ကြွေးကြော်သံများဟစ်ကြွေးပြီး တရုတ်အလံကိုမီးရှို့၍ သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကြွေးကြော်သံ
#မုံရွာအကျဉ်းထောင်
#စျေး
#အာဏာရှင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
👍9🔥2
အစိမ်းရောင် လူမျိုးစု [ TRAILER -2] | Green Tribe
==============
အင်မတန်ခြောက်ခြားစရာကောင်းတဲ့ ရွာတစ်ရွာရှိသတဲ့ကွယ်။
အဲ့မှာ အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေသတဲ့။
သူတို့ဇာတ်လမ်းတွေကို မဇ္ဈိမတီဗီချန်နယ်မှာ မေလ ၁၉ရက်၊ သောကြာနေ့ ည ၇နာရီခွဲအချိန်မှာ စောင့်မျှော်ကြည့်လိုက်ရအောင် ….
https://youtu.be/uybsdHzxctM
There’s a dark and dangerous village.
Where the Green People rule.
And the Blue People are terrorised.
Coming soon to Mizzima TV…..
#Greentribe
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
အစိမ်းရောင် လူမျိုးစု [ TRAILER -2] | Green Tribe
အင်မတန်ခြောက်ခြားစရာကောင်းတဲ့ ရွာတစ်ရွာရှိသတဲ့ကွယ်။
အဲ့မှာ အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေသတဲ့။
သူတို့ဇာတ်လမ်းတွေကို မဇ္ဈိမတီဗီချန်နယ်မှာ မေလ ၁၉ရက်၊ သောကြာနေ့ ည ၇နာရီခွဲအချိန်မှာ စောင့်မျှော်ကြည့်လိုက်ရအောင် ….
There’s a dark and dangerous village.…

😁4👍3
Media is too big
VIEW IN TELEGRAM
မုန်တိုင်းသင့် ရခိုင်ကို ပြန်လည်ထူထောင်ရာမှာ မူလအခြေအနေတွေထက် ကောင်းအောင် လုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော
Watch more detail - https://youtu.be/2gRxE_sb2Cs
#reels
#shorts
#BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/2gRxE_sb2Cs
#reels
#shorts
#BusinessRoundUp
#MizzimaTV
😁7🤮3
ကျားဖြူစစ်ကြောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် PDF ၃၀ ခန့် သေဆုံးဟု သတင်းမှားဖြန့်
=========================
JC
(မဇ္ဈိမ)။ ။ကျားဖြူစစ်ကြောင်း လေကြောင်းမှတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သား ၃၀ ခန့်သေဆုံးကာ ၃၆ ဦး ဒဏ်ရာရရှိထားကြောင်း ဖြန့်ဝေနေကြသည်။ ယင်းမှာ အချက်အလက် မှားယွင်း နေသည်။
စစ်ကောင်စီတပ်ကို ထောက်ခံကြောင်းတင်လေ့ရှိသည့် “Ko Thet” တယ်လီဂရမ်ချန်နယ်တွင် မေလ ၇ ရက်နေ့က “သေသွားတာတောင် အဖက်မလုပ်ခံရတဲ့ ကျားဖြူ PDF များ” ဟု မွန်ပြည်နယ် ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ PDF စခန်းတစ်ခုအား စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ PDF ၁၅ ဦး နေရာတွင်သေဆုံးခဲ့ပြီး လမ်းတွင်သေဆုံးသူ စုစုပေါင်း ၂၀ဦး ရှိကြောင်း၊ ဝင်းဇော်လေးအပါအဝင် ဒဏ်ရာရရှိသူ ၃၆ ရှိကာ ၂၀ ဦးမှာ စိုးရိမ်ရကြောင်းနှင့် ကျားဖြူ PDF များ စိတ်ဓာတ်ကျမည်စိုးသော ကြောင့် သုံးဦးကိုသာဖော်ပြပြီး ကျန်သေဆုံးသူများအား စာရင်းဖုံးထားကြောင်း ဖြန့်ဝေထားသည်။
ထို့ပြင် “ကျားဖြူပဒက်တွေပြောတော့ ၃ ယောက်တည်းသေတာတဲ့ အခု သူတို့ဘာသာသူတို့ ပြန်ဖော်နေ တာ ၃၀ လောက်ရှိတော့မယ်” ဟူသောစာသားကိုလည်း ထပ်မံ ဖြန့်ဝေထားသည်။
ထိုအကြောင်းအရာကို အခြားတယ်လီဂရမ်ချန်နယ် ၁၁ ခုတွင်ဖြန့်ဝေထားကာ ကြည့်ရှုသူ ၄၆,၀၀၀ ကျော် ရှိပြီး ဖေ့စ်ဘုတ်တွင်လည်း ထပ်ဆင့် ဖြန့်ဝေထားကြသည်။
အဆိုပါအကြောင်းအရာအား မဇ္ဈိမမှအချက်အလက်စစ်ဆေးခဲ့ရာ လေကြောင်းမှတိုက်ခိုက်ခံရမှုကြောင့် ကျားဖြူစစ်ကြောင်းမှ သေဆုံးသူသုံးဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ လေးဦးရှိကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကျားဖြူစစ်ကြောင်း(၂) ဒုတပ်ရင်းမှုး စောဝင်းဇော်အားမဇ္ဈိမမှ မေးမြန်းရာတွင် အယောက် ၃၀ ကျဆုံးခဲ့သည်မှာ အမှန်မဟုတ်ဘဲ ကျားဖြူစစ်ကြောင်းမှ PDF သုံးဦးကျဆုံးခဲ့ကာ လေးဦး ဒဏ်ရာရရှိကြောင်း ပြောသည်။
“မဟုတ်ပါဘူး။ အကိုတို့ ရဲဘော်က သုံးယောက်ပဲ ကျတယ်နော်။ သုံးယောက်ကျတာဆိုတာမှာ မမြင့်ရယ်၊ မြကြီးရယ်၊ စနေရယ် သုံးယောက်ကျတယ်။ ကျန်တဲ့သူတွေကတော့ ထိခိုက်ဒဏ်ရာရတယ်။ ပွန်းပဲ့ဒဏ်ရာ ရတာ။ အဲ့ဒီလောက်ပါပဲ” ဟု စောဝင်းဇော်က ပြောသည်။
ထို့ပြင် သတင်းမှားတွင်ပါဝင်သည့် ဝင်းဇော်လေးအပါအဝင် ဒဏ်ရာရသူ ၃၆ ဦးရှိကြောင်း ဖော်ပြချက်မှာ လည်းမှားယွင်းနေပြီး ၎င်းအနေဖြင့် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာရရှိခြင်းမရှိဘဲ နေအိမ်ပျက်စီးမှုသာရှိ ကြောင်း ပြောသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်း၊ ကျားဖြူစခန်းအား မေလ ၇ ရက်နေ့ညနှင့် ၈ ရက်နေ့တို့တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်ဗုံးကြဲခဲခြင်းကြောင့် ကိုဇွဲမာန် လင်း(ခ)စနေ၊ ကိုထွန်းလင်းအောင်(ခ) ကိုမြကြီး၊ မခင်သန္တာဆွေ(ခ)မမြင့်တို့သုံးဦးကျဆုံးခဲ့ရကြောင်း သတင်းဌာနအသီးသီးတွင် ဖော်ပြခဲ့ကြသည်။
BBC Burmese လင့်-t.ly/uWOx- , Myanmar Pressphoto Agency လင့် t.ly/uaKL
မွန်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်သည့် Than Lwin Times မှ လည်း ကျားဖြူစစ်ကြောင်း မှ PDF ၄၀ ကျော် သေဆုံးမှုသည် သတင်းမှားသာဖြစ်ကြောင်း ဖော်ပြထားသည်။
လင့် t.ly/8lEI2
ထို့ကြောင့် လေယာဉ်ဖြင့်ဗုံးကြဲခံရမှုသဖြင့် ကျားဖြူစစ်ကြောင်းမှ တပ်သား ၃၀ ခန့် သေဆုံးကာ ၃၆ ဦး ဒဏ်ရာရရှိခဲ့သည်ဆိုခြင်းမှာ မဟုတ်မှန်ဘဲ အမှန်တကယ်သေဆုံးခဲ့သည်မှာ သုံးဦးသာဖြစ်ပြီး ဒဏ်ရာရရှိ သူမှာလည်း လေးဦးဖြစ်သည်
။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#ကျားဖြူစစ်ကြောင်း

👍8😁6❤2
ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဇိုတုန်ဒေသတွင် ဘုရားကျောင်း ၆ ကျောင်းအပါအဝင် အိမ်ခြေ ၂၆၀ ကျော်ပျက်စီး
🔥4😢2

==================
ကိုခင်မောင်
(မဇ္ဈိမ) ။ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဇိုတုန်ဒေသတွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ခရစ်ယာန်ဘုရားကျောင်း ခြောက်ကျောင်းအပါအဝင် အိမ်ခြေ ၂၆၄ လုံးသည် အိမ်ခေါင်မိုးလန်ကာ ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
မေလ ၁၄ ရက်တွင် အားအလွန်ကောင်းသော မိုခါ ( MOCHA )မုန်တိုင်း စတင်ဝင်ရောက်တိုက်ခိုက်မှုကြောင့် မတူပီမြို့နယ် ကျေးရွာခြောက်ရွာနှင့် ရေဇွာမြို့မှ လူနေအိမ်များနှင့် ဘုရားကျောင်း စုစုပေါင်း ၂၆၄ လုံး အမိုးအကာများ ပျက်စီးသွားခြင်းဖြစ်သည်ဟု ရွာဗား (B)ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
မတူပီမြို့နယ်တွင် ပျက်စီးသွားသော လူနေအိမ်နှင့် အဆောက်အဦစာရင်းများမှာ ဟုန်လေးကျေးရွာမှ အိမ်ခြေ ၆၁လုံး နှင့် ဘုရားကျောင်းတစ်ကျောင်း၊ တိန်ဆီးကျေးရွာမှ အိမ်ခြေ ၁၁၅လုံး နှင့် ဘုရားကျောင်း သုံး ကျောင်း၊ ထောင်လန်ကျေးရွာမှ အိမ်ခြေ ၅၂လုံး နှင့် ဘုရားကျောင်းတစ်ကျောင်း၊ ရွာဗား (A)ရွာမှ အိမ် ၁၁ လုံး၊ ရွာဗား (B)ရွာမှ အိမ် ၁၂ လုံးနှင့် ဘုရားကျောင်း တစ်ကျောင်း၊ တီလပ်ကျေးရွာမှ အိမ် ငါးလုံးနှင့် ရေဇွာမြို့ မှ အိမ် နှစ်လုံး၊ စုစုပေါင်း လူနေအိမ် ၂၅၈ လုံးနဲ့ ဘုရားကျောင်း ခြောက်ကျောင်းပျက်စီးသွားခဲ့သည်ဟု ရွာဗား (B)ရွာမှ ဒေသခံတစ်ဦးထံမှ သိရသည်။
“တိရစ္ဆာန်နဲ့ လူတွေအထိအခိုက်တော့ အခုချိန်ထိ မကြားရသေးဘူး။ ဘုရားကျောင်းတွေ ထိခိုက်တာတော့အများကြီး ရှိပါတယ်။ ကျွန်တော်တို့လည်း ပြင်ဆင်နိုင်သလောက်တော့ ကြိုတင်ပြင်ဆင်ထားပါတယ်။ မုန်တိုင်းလာမယ်လို့လည်း သတင်းအချက်အလက်ရပါတယ်။ ဒါပေမယ့်ကျတော်တို့မတူပီမြို့နယ် နေရာအများစုမှာ ဖုန်းလိုင်းလည်းမဖွင့်ဘူးဆိုတော့ သတင်းအချက်အလက်ရတာ နောက်ကျတယ်။ ပြင်ဆင်ချိန်သိပ်မရလိုက်ဘူး။”ဟု ရွာဗား (B)ရွာမှ ဒေသခံဦးမောင်ဝင်းက ပြောသည်။
မုန်တိုင်းကြောင့် အပျက်အစီး ဒီထက်များပြားနိုင်သော်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အခက်အခဲကြောင့် ပျက်ဆီးဆုံးရှုံးမှုစာရင်း အတိအကျကို သိရသေးကြောင်း စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ဆိုသည်။
လက်ရှိအချိန်တွင် အဆိုပါ နေအိမ်ပျက်စီးဆုံးမှုများတွက် ဒေသခံပြည်သူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဖြေရှင်းခဲ့ကြပြီး ကူညီကယ်ရေးလုပ်ပေးနေသူ မရှိဟု သိရသည်။
ထို့အပြင် မတူပီမြို့နယ်တွင် အိမ်ခြေ ၂၀၀ ခန့်ရှိသော ဖနိုင်ကျေးရွာ၌ ဘုရားကျောင်းသုံးကျောင်း၊ စာသင်ကျောင်း လေးကျောင်းနှင့် ဝန်ထမ်းအိမ်ယာများအပါအဝင် လူနေအိမ်များ အိမ်ခေါင်မိုးလန်ကာ တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မတူပီမြို့နယ်
#ဆိုင်ကလုန်း
#မုန်တိုင်း
#ခရစ်ယာန်ဘုရားကျောင်း

❤5👍2🥰1😁1
လောင်းလုံးမှာ လမ်းလျှောက်ဆန္ဒပြ
============
ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်၍ မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု လမ်းလျှောက်ဆန္ဒပြခြင်းကို ပြုလုပ် ခဲ့သည်။
အဆိုပါ သပိတ်လှုပ်ရှားမှုကို အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံ အလုပ်သမားများအပြင် လယ်သမား အများအပြား ပူးပေါင်းပါဝင်မှုနှင့် အတူ“ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားပါ ဘန်နာ ကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ကြွေးကြော် ချီတက်ခဲ့ကြသည်။
https://youtu.be/Tcym7jbBe3c
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#သပိတ်လှုပ်ရှားမှု
#အမျိုးသမီးများ
#လူငယ်များ
#လောင်းလုံးမြို့နယ်
#အလုပ်သမားများ
#လယ်သမား
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
============
ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်၍ မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု လမ်းလျှောက်ဆန္ဒပြခြင်းကို ပြုလုပ် ခဲ့သည်။
အဆိုပါ သပိတ်လှုပ်ရှားမှုကို အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံ အလုပ်သမားများအပြင် လယ်သမား အများအပြား ပူးပေါင်းပါဝင်မှုနှင့် အတူ“ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားပါ ဘန်နာ ကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ကြွေးကြော် ချီတက်ခဲ့ကြသည်။
https://youtu.be/Tcym7jbBe3c
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#သပိတ်လှုပ်ရှားမှု
#အမျိုးသမီးများ
#လူငယ်များ
#လောင်းလုံးမြို့နယ်
#အလုပ်သမားများ
#လယ်သမား
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
လောင်းလုံးမှာ လမ်းလျှောက်ဆန္ဒပြ
ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်၍ မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု လမ်းလျှောက်ဆန္ဒပြခြင်းကို…
🔥4😁2❤1👍1
Media is too big
VIEW IN TELEGRAM
ရိုဟင်ဂျာအရေး တာဝန်ဆက်မယူတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြော
Watch more detail - https://youtu.be/2gRxE_sb2Cs
#reels
#shorts
#BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/2gRxE_sb2Cs
#reels
#shorts
#BusinessRoundUp
#MizzimaTV
😁3😢3
ဆိုင်ကလုန်းမုန်တိုင်း'မိုခါ'ကြောင့် မရာနယ်မြေအတွင်း လူနေအိမ် ၆၀ ကျော်ပြိုလဲပြီး ၂၀၀ ကျော် အမိုးအကာပျက်စီး
👏3😁1