Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်တွေတွင် “မိုခါ ” မုန်တိုင်းကြောင့် ရိုဟင်ဂျာ ၁၃၀ နီးပါး အသေအပျောက် ရှိကြောင်း စာရင်းအတည်ပြုထား ၊ စာရင်း ဆက်လက်ကောက်ယူနေဆဲ
========================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ကို မေလ ၁၄ ရက်က ကုန်းတွင်းဝင်ရောက်ဖြတ်ကျော်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းများနှင့် ကျေးရွာများမှ ရိုဟင်ဂျာ ဦးရေ ၁၃၀ နီးပါး အသေအပျောက်ရှိခဲ့သည်ဟု မြေပြင်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများ၏ ကွင်းဆင်းကောက်ယူထားသည့် စာရင်းအရ သိရသည်။

အဆိုပါ စာရင်းကို မေလ ၁၅ ရက်နှင့် မေလ ၁၆ ရက်တို့တွင် ကျောင်းသားလူငယ်အသင်းနှင့် အလင်းရောင် လူငယ်ပရဟိတအသင်း ကူညီကယ်ဆယ်ရေး အဖွဲ့၀င်များ ကောက်ယူထားခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် လက်ရှိတွင် စာရင်း ဆက်လက်ကောက်ယူနေဆဲဖြစ်သည်
😢4🔥2😁2
စာရင်းအရ သင်္ဂြိုဟ်ပြီးသော ရုပ်အလောင်း စုစုပေါင်း ၁၁၀ ရှိပြီး ကျန် ဦးရေ ၂၀ ကို ပျောက်ဆုံး( သေဆုံးနိုင်) စာရင်းထဲ ထည့်ထားခြင်းဖြစ်ကာ သေဆုံးသူအများစုမှာ ရှိ ဗေဒ ကျေးရွာမှဖြစ်သည်။ သင်္ဂြိုဟ်ပြီးသော ရုပ်အလောင်း စုစုပေါင်း ၁၁၀တွင် ရုပ်အလောင်း ၃၀ မှာ ဗေဒကျေးရွာမှ ဖြစ်သည်။ ကျန်ရုပ်အလောင်း ၈၀မှာ စံပြရွာ အမှတ် (၃) ၊ စံပြရွာ အမှတ် (၆) ၊ သဲချောင်းရွာ ၊ သဲချောင်း ကယ်ဆယ်ရေးစခန်း၊ သဲချောင်း sector 4 ကယ်ဆယ်ရေးစခန်း၊ ဒါးပိုင်နောက်ရွာ၊ ဒါးပိုင်ကယ်ဆယ်ရေးစခန်း၊ သက္ကေပြင်ကယ်ဆယ်ရေးစခန်း (သစ်) ၊ သက္ကေပြင်ကယ်ဆယ်ရေးစခန်း (ဟောင်း) နှင့် သက္ကေပြင်ကယ်ဆယ်ရေးစခန်း (သစ်)အနီး မှ တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

“အသေအပျောက်အများဆုံးက ဗေဒရွာပါ။ ထုတ်ပြန်နေကြတဲ့ ၄၀၀ ကျော်ဆိုတာက အလောင်းတွေ့ရှိ အတည်ပြုပြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့လည်းအလောင်းပြန်မတွေ့ပေမယ့် မိသားစုကသေဆုံးလက်ခံလိုက်ကြတာရှိတယ် ။ အဲ့တာ ဒီလိုစာရင်းတက်နေတာပါ။ သေဆုံးပျောက်ဆုံးကို ရှေ့အပတ်လောက်မှ အတည်ပြုလို့ရနိုင်ပါမယ်။ လက်ရှိမှာ ကျွန်တော်တို့ ထုတ်တဲ့စာရင်းကတော့ အလောင်းတွေ့ရှိ စာရင်းပါ" ဟု မြေပြင်ကယ်ဆယ်ရေးပရဟိတအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဗေဒကျေးရွာတွင် လူဦိးရေ ၂၀၀၀ ကျော် နေထိုင်ပြီး မေလ ၁၆ ရက် ညပိုင်းအထိ လူဦးရေ ၁၀၀ နီးပါးသာ မျက်မြင်ပြန်တွေ့ခဲ့ရကြောင်း ၊ သို့သော် ရေစီးနှင့် မျောပါသွားပြီး အသက်မသေဆုံးသူများမှာ လက်ရှိအချိန်အထိ လမ်းလျှောက်ကာ ရွာသို့ ပြန်လာနေကြဆဲဖြစ်သောကြောင့် စာရင်းပိတ်၍ မရသေးကြောင်း မြေပြင်ရှိ ကယ်ဆယ်ရေးပရဟိတအဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယနေ့ မေလ ၁၇ ရက် နံနက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ နေရာများတွင် မုန်တိုင်းဝင်ရောက်စဉ်က တက်လာသော ဒီရေအမြင့်မှာ ၁၀ ပေ မှ ပေ ၂၀ အထိ ရှိခဲ့ပြီး တာဝန်ရှိသူများအနေဖြင့်လည်း မုန်တိုင်း မဝင်ရောက်မီ ရွှေ့ပြောင်းပေးမှုများမပြုလုပ်ခဲ့ကြောင်း ပြောသည်။

"လက်ရှိမှာ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးဘာမှ လာမလုပ်ပေးသေးပါဘူး။ မနေ့ကတော့ သက္ကေပြင်မှာ မာမီးခေါက်ဆွဲ ငါးဖာနဲ့ ရေသန့်နှစ်လီတာဘူး ငါးဘူး ဘယ်အဖွဲ့က လာပေးသွားလဲမ သိဘူး အဲ့တာပဲရှိပါတယ်။ ပြီးတော့လည်း ခဗျားတို့ရွာက သိပ်မထိခိုက်ပါဘူးလို့ ပြောသွားလို့ ဘယ်သူလာပေးလဲဆိုတာ ကျွန်တော်လည်းသိချင်နေတာ" ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိနေပြီး ကျေးရွာများ၏ ပျက်စီးမှုမှာလည်း ၉၉.၅ ရာနှုန်းအထိ ရှိနေကြောင်း သိရသည်။
ဘူလ်ဟူဆန်ဆိုသူ ရိုဟင်ဂျာဒေသခံတစ်ဦးက ၎င်းတို့မိသားစုတွင် ၁၄ ဦးရှိသည်မှ ၉ ဦးမှာ လေပြင်းနှင့်လွင့်ပါသေဆုံးကာ ငါးဦးသာအသက်ရှင်ကျန်ရစ်ကြောင်း နှင့် နဘားဆိုသူရိုဟင်ဂျာအမျိုးသမီးကလည်း ၎င်း၏မိသားစုဝင် လေးဦး မုန်တိုင်းကြောင့် သေဆုံးသွားကြောင်း RFA သို့ ဖြေကြားထားသည်။

ယမန်နေ့ ညပိုင်းက မြေပြင်တွင် လူနာများအားကူညီပေးနေသူ Hardway (Education for Community Development) မှ ဆရာဦးသိဏ်းရွှေအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ထိခိုက်မှုများကြောင်းနှင့် သေဆုံးပျောက်ဆုံးမှုများအား ၎င်းတို့အနေဖြင့် အချက်အလက်ကောက်ယူနေဆဲဖြစ်ကြောင်း ဖြေကြားသည်။
အဆိုပါ ကျေးရွာများနှင့် စခန်းများတွင် လက်ရှိသောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေထိုင်ရေး အခက်အခဲကြီးစွာ ကြုံတွေ့နေရသောကြောင့် အကူအညီများ အရေးပေါ် လိုအပ်နေသည်။

စစ်ကောင်စီက”မိုခါ" မုန်တိုင်းသင့်ဒေသများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန် အလှူရှင်များ လှူဒါန်းထားသော ကျပ်သိန်းပေါင်း ၁၀၀,၀၀၀ ရရှိထားပြီး ထိုအနက်မှ သိန်း ၇၀,၀၀၀ အား ရခိုင်ဒေသသို့ ပို့ဆောင်ထားကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိမြေပြင်တွင် မုန်တိုင်းဒဏ်ကြီးမားစွာ ခံစားခဲ့ရသော ရိုဟင်ဂျာဒုက္ခသည် စခန်းများနှင့် စစ်တွေမြို့ပေါ်တွင် စစ်ကောင်စီက မည်သည့်အကူအညီမှ ထိထိရောက်ရောက်ပေးနေခြင်းမရှိသေးကြောင်းနှင့် လတ်တလော အရေးတကြီး လိုအပ်နေသော သောက်သုံးရေနှင့် စားနပ်ရိက္ခာများကိုပင် မျှဝေမှုမရှိသေးကြောင်း ဒေသခံများက မဇ္ဈိမကိုပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မိုခါမုန်တိုင်း
#ရိုဟင်ဂျာ
#ရိုဟင်ဂျာ ၁၃၀ နီးပါး အသေအပျောက် ရှိ
#ဗေဒ ကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2😁1😢1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညီလာခံအတွက် အပစ်ရပ် ၇ ဖွဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေး ပြုလုပ်ဖို့ရှိ

Watch more detail -
https://youtu.be/oF9Ts_HWWXE

#PoliticalNews #စစ်ကောင်စီ #ငြိမ်းချမ်းရေး #အပစ်ရပ် ၇ ဖွဲ့ #VideoNews #shorts #reels
😁9👏1🥴1
This media is not supported in your browser
VIEW IN TELEGRAM
ကမ္ဘာနဲ့တစ်ဝှမ်းသေဒဏ်ပေးကွက်မျက်မှုတွေ အမြင့်ဆုံးကိုရောက်လာကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဆို

https://www.facebook.com/reel/800614061155719/?s=single_unit

#internationalnews #Mizzima #Reels #shorts
😁4👍2
​​ရေဖြူမြို့ ၊ ကလိန်အောင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်က လုပ်ငန်းသုံးကား မောင်းသူများကို နေရပ်လိပ်စာ တောင်းယူနေ
==================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ တပ်သားများက ယခု ရက်ပိုင်း အတွင်း လုပ်ငန်းသုံး သဲ/ကျောက်တင် ကားသမားများထံမှ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာ အချက်အလက် အချို့ကို တောင်းယူ ကောက်ခံနေ၍ ယာဉ်မောင်းသူများ စိုးရိမ်နေကြောင်း သိရ သည်။

ကလိန်အောင်မြို့ အဝင်၊အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွင် လုံခြုံရေး ယူနေသည့် စစ်ကောင်စီ တပ်သားများက ယာဉ်မောင်းသမားများထံမှ နေရပ်လိပ်စာများကို တောင်းယူနေခြင်း ဖြစ်သည်ဟု ဒေသခံ ယာဉ်မောင်းများထံက သိရ သည်။

ကလိန်အောင်မြို့နေ အုတ်ကား ယာဉ်မောင်း တစ်ဦးက“အဓိကကတော့ အုတ်၊သဲနဲ့ ကျောက်တွေ တင်နေတဲ့ ကားတွေကို အချက်အလက်တွေ တောင်းယူတာပါ။ စစ်ကြောင်းထိုးတဲ့ အခါ ကားတွေကို အချောဆွဲဖို့ တောင်းတယ် လို့တော့ ထင်တယ်”ဟု ပြောသည်။

လက်ရှိတွင် အချက်အလက် တောင်းခံရသည့် ယာဉ်မောင်း ၁၀ ဦးခန့်ရှိနေပြီး ဖြစ်ကြောင်း လုပ်ငန်းသုံး ယာဉ်မောင်း အသိုင်းအဝိုင်းထံက သိရ သည်။

“ဖုန်းနံပါတ်နဲ့ နေရပ်လိပ်စာ တောင်းတဲ့ အချိန်မှာ ခြိမ်းခြောက် ခံရတာမျိုးတော့ ရှိတယ်။ အဲ့ဒါကတော့ သူတို့ ခေါ်တဲ့ အချိန်မှာ လာဖို့နဲ့ မလာရင် အိမ်တိုင်ရာရောက် လာဖမ်းမယ် ဆိုပြီး ပြောတာမျိုးတော့ ရှိတယ်”လို့ ယာဉ်မောင်းသူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ထိုယာဉ်မောင်း အချို့မှာ နေ့စဉ် သွားလာ လုပ်ကိုင်နေသည့် လုပ်ငန်းများကို ရပ်နားထားပြီး အလုပ် ဆက်လုပ်ရန် ကြောက်ရွံ့နေကြောင်း အဆိုပါ ယာဉ်မောင်းများထံက သိရသည်။

တနင်္သာရီတိုင်း အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ သည် မြေပြင် ထိတွေ့ တိုက်ပွဲ အချို့တွင် အထိနာ‌‌ေနသည့်အတွက် စစ်ကြောင်းထိုးရာတွင် စစ်တပ် ထုတ် ဖောကားများကို အသုံး မပြုတော့ဘဲ ဒေသခံများ၏ ကျောက်တင်ကားများကို ချောဆွဲ အသုံးပြုသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း ဒေသခံ သတင်း အရင်းမြစ်များထံက သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#mizzima
#ကလိန်အောင်မြို့
#စာရင်းကောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6❤1👏1
မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘေးသင့်ပြည်သူ ၁ သန်းခန့်နှင့် နေအိမ် ၅သိန်းစာအတွက် အရေးပေါ်အကူအညီများလိုအပ်နေဟု NUG ထုတ်ပြန်
===============

ဂျူချန်း
(မဇ္ဈိမ)။ ။ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘေးသင့်ပြည်သူ တစ်သန်းခန့်နှင့် နေအိမ် ငါးသိန်းစာအတွက် အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စိီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မုန်တိုင်းဒဏ်သင့် အိမ်ခြေ ငါးသိန်းစာအတွက် မိုးကာစ(တာပေါ်လင်) များနှင့် ဘေးသင့်ပြည်သူ တစ်သန်းခန့်အတွက် အစားအစာနှင့် သောက်သုံးရေများ အရေးပေါ်လိုအပ်နေသည်ဟု MOHADMက ယမန်နေ့ မေ ၁၆ရက် ညတွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
👍10😁2
ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ပုဏ္ဏာကျွန်း၊ ပေါက်တော၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့တို့တွင် အများဆုံး ပျက်စီးခဲ့ကာ မြို့နယ် ၁၁ မြို့နယ်၏ ၉၀ရာခိုင်နှုန်းကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု MOHADM က ဆိုသည်။

လက်ရှိအချိန်အထိ မည်သည့်နိုင်ငံတကာ အဖွဲ့အစည်းမှ ကူညီထောက်ပံ့မှုဆောင်ရွက်ခြင်းများ မရှိသေးကြောင်း သိရှိရသည်ဟု MOHADM က ထုတ်ပြန်ထားပြီး လတ်တလောတွင် နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အကူအညီများစွာ လိုအပ်လျက်ရှိသည်ဟု ဘေးသင့်ဒေသတွင် နေထိုင်သူများကပြောသည်။

“လောလောဆယ်တော့ (နိုင်ငံတကာကူညီထောက်ပံ့မှုများ) မကြားမိသေးဘူးခင်ဗျ။ လိုအပ်တာကတော့ ဘယ်ကနေစပြောရမှန်းတောင်မသိဘူး။ လိုတာကတော့ အကုန်လုံးလိုနေတယ်” ဟု စစ်တွေမြို့တွင်နေထိုင်သူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

နိုင်ငံတကာအဖွဲ့အစည်းအချ်ိို့သည် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းအချ်ို့တွင် စားနပ်ရိက္ခာများ ကူညီပေးနေသည်ဟု ကြားသိရသော်လည်း အခြား မုန်တိုင်းဒဏ်သင့် ကျေးရွာဒေသများတွင် မည်သည့် ကူညီထောက်ပံ့မှုမှ မရရှိသေးကြောင်း ရခိုင်ပြည်နယ်ဒေသခံများက ယနေ့ မေ ၁၇ရက်တွင် ပြောသည်။

“ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်လို့ ကျနော်တို့ ကြားသလောက်ဆိုရင် လူ ၄၀၀ လောက်ဆုံးသွားတယ်လို့ သတင်းထွက်တဲ့ သက္ကယ်ပြင်ကုန်းတို့၊ အဲ့ဘက်မှာတော့ UNOCHA နဲ့ WFP တို့ စားနပ်ရိက္ခာတွေ ထောက်ပံ့တယ်လို့တော့ ကြားတယ်။ ကျန်တာတော့ ထောက်ပံ့သံ မကြားမိသေးဘူးဗျ။ စစ်ကောင်စီကလည်း မတွေ့သေးဘူး။ မနေ့ကလည်း သတင်းမှာတွေ့လိုက်တယ်။ ဒါပေမယ့် ဘယ်နေရာမှာလဲ ကျနော်လည်း မသိဘူး။ ပုံမှန်မြို့ထဲမှာတော့ သူတို့ ထောက်ပံ့နေတာကို ကျနော်တို့ မတွေ့ဘူး” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

စစ်‌တွေမြို့မှ ဌာနဆိုင်ရာအရာရှိတစ်ဦးကလည်း မုန်တိုင်းဒဏ်ကြောင့် အပျက်အစီးအလွန်များခဲ့ပြီး ၎င်းတို့အနေဖြင့် အကူအညီမရပါက လာမည့်နှစ်ရက်အတွင်း သောက်သုံးရေပြတ်လပ်နိုင်ကြောင်း မေလ ၁၆ရက်တွင် လူမှုကွန်ရက်၌ ရေးသားထားသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ပျက်ဆီးဆုံးရှုံးမှု အများဆုံးရှိခဲ့ပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါး စသည့် အခြေခံလူသုံးကုန်ပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိပြီး မေလ ၁၆ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနှစ်ခုတွင် သေဆုံးသူစုစုပေါင်း ၄၃၅ ဦးရှိခဲ့သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ-NUGက အသိပေးထုတ်ပြန်ထားသည်။ ပျောက်ဆုံးနေသူများလည်းရှိနေပြီး ပျက်စီးဆုံးရှုံးမှုစာရင်းကို ကောက်ယူနေဆဲဟု NUG က ထုတ်ပြန်ထားသည်။

NUG အနေဖြင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁သန်း မတည်မည်ဟု အသိပေးထားပြီး လက်ရှိတွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါး၊ မိုးကာနှင့် စားနပ်ရိက္ခာအတွက် ကျပ် ၈၈၇ သိန်းကျော်ကို လူသားချင်း ကူညီထောက်ပံ့မှု အနေဖြင့် ကူညီထားကြောင်း ထုတ်ပြန်ထားသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံတဝှမ်းရှိ လေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်အတွက် ပြည်သူများအနေဖြင့်
ရခိုင်ပြည်ကူညီကယ်ဆယ်ရေး (arakanheritagefoundation@gmail.com / +66641936300)၊ချင်းအမျိုးသားတပ်ဦး (thtetni@gmail.com/ +918798565564)၊
မိုင်ခါဆိုင်ကလုန်း အရေးပေါ်တုံ့ပြန်ရေး(ချင်းပြည်နယ်)(icncc.mocha@gmail.com / +959954633936)နှင့်
လူသားချင်းစာနာထောက််ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန-NUG (mohadm@nugmyanmar.org / +66970890918) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း NUG က အသိပေးထားသည်။

စာတည်း - မောင်ကြီး

#mizzima
#မိုခါဆိုင်ကလုန်းမုန်တိုင်း
#ရခိုင်ပြည်နယ်မြောက်ပိုင်း
#အရေးပေါ်အကူအညီများ
#လိုအပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
မုန်တိုင်းကြောင့်ရခိုင်နှင့် စစ်ကိုင်းရှိ စစ်ဘေးဒုက္ခသည်စခန်းများ ပျက်စီး
==========================

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က စစ်ရှောင်ဒုက္ခ သည်ပေါင်း ၃၀၀၀ ကျော်နေထိုငတဲ့ တိန်ညိုစစ်ဘေးရှောင်စခန်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ၁၀၀ ရာခိုင်နှုန်းပြည့် ပျက်စီးသွားကြောင်း စစ်ရှောင် များကို ကူညီပေးနေသူများထံက သိရပါတယ်။
တိန်ညိုစစ်ရှောင်စခန်းဟာ ရခိုင်ပြည်နယ်မှာ အကြီးဆုံး စစ်ဘေးဒုက္ခ သည်စခန်းဖြစ်ပြီး ကျေး ရွာပေါင်း ၁၀ ရွာမှာ ဒုက္ခသည် ၃၀၀၀ ကျော်နေထိုင်တဲ့ စခန်းတစ်ခုဖြစ်ကာ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူအသေအပျောက် စာရင်းကိုတော့ မသိရှိရသေးပါဘူး။

https://youtu.be/NayH8AekeME

#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢8👍2😁2
​​ဘောလခဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ
================

001
(မဇ္စျိမ) ။ ။ကရင်နီပြည်နယ်၊ ဘောလခဲ-၁၂ မိုင်ကုန်းအကြား လမ်းတစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း KNDF ဗဟိုတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“စစ်ကောင်စီတပ်က ဘော်လခဲဘက်ကနေ ၁၂ မိုင်ဘက်ကို စစ်ကြောင်းချီလာတာပေါ့။ အဲဒီကနေ ထိတွေ့တိုက်ပွဲဖြစ်တယ်၊ စစ်ကောင်စီဘက်က အကျအဆုံးတွေရှိတယ်၊ လက်နက်သိမ်းဆည်းရမိတာတွေ လည်းရှိတယ်” ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ပြီးခဲ့သည့် မေလ ၉ ရက်နေ့ ညနေပိုင်းတွင် KNDF တပ်ရင်း(၂၁) နှင့် ကရင်နီတပ်မတော် (KA) တို့ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ နာရီဝက်နီးပါးဖြစ်ပွားခဲ့ပြီးနောက် MA – 1 အမျိုးအစား သေနတ်တစ်လက်၊ ကျည် ဆန်များနှင့် လက်ပစ်ဗုံးနှစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း KNDF တပ်ရင်း(၂၁)ကလည်း ထုတ်ပြန်ထား သည်။

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သတ်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပေ။

မေလ ၈ ရက်နေ့ကစပြီး ဘောလခဲမြို့မှ အင်အားအများအပြားဖြင့် ၁၂ မိုင်ကုန်း၊ ဝမ်မလန်းကျေးရွာများ သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် KNDF တပ်ရင်း (၂၁)၊ KA နှင့် ဘော်လခဲ PDF ပူးပေါင်း တပ်တို့ကြား ကြိုကြားတိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက် ခိုက်မှုလည်းရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း ဘောလခဲမြို့၊ ပွန်းချောင်းအရှေ့ဖက်ခြမ်း တံတားသစ်မှ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဘောလခဲ PDF တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဘောလခဲ PDF ထံမှ သိရသည်။

ယခုမေလအတွင်း ကရင်နီပြည်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

လက်ရှိတွင်လည်း ကရင်နီပြည်နယ် ဒီးမော့ဆိုအရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် နှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲများနေ့စဥ်ဖြစ်ပွားနေကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်း၌ လတ်တလော တိုက်ပွဲအခြေအနေ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း စစ်ရေးသတင်းရင်းမြစ်များ က ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဘောလခဲထိတွေ့တိုက်ပွဲ
#ကရင်နီ
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍7😁1🥱1
This media is not supported in your browser
VIEW IN TELEGRAM
အတိုက်အခံခေါင်းဆောင်ရဲ့ တရားခွင်မတိုင်မီ ဆီနီ‌ေ၈ါမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွား

https://www.facebook.com/reel/101948296241400/?s=single_unit

#Internationalnews #Mizzima #Reels #Shorts
🔥2👍1
မေလ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:01-စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညီလာခံအတွက် အပစ်ရပ် ၇ ဖွဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေး ပြုလုပ်ဖို့ရှိတဲ့သတင်း

04:51-မိုခါမုန်တိုင်းကြောင့် မတူပီမြို့နယ်နဲ့ မင်းတပ်မြို့နယ်မှာ ဘုရားကျောင်း ၈ ကျောင်းအပါအဝင် အိမ်ခြေ ၇၀၀ကျော်ပျက်စီးတဲ့သတင်း

06:40-မုန်တိုင်းအကြောင်းပြကာ တာမွေမြို့နယ်မှာ အလှူကောက်ခံမှုတွေ ရှိနေတဲ့သတင်း

07:32-ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင် ဦးရေ ၅၀,၀၀၀ ကျော်အထိ မြင့်တက်လာတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါခင်ဗျာ။

https://youtu.be/zxAS-dUgmag

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁2
Media is too big
VIEW IN TELEGRAM
မုန်တိုင်းကြောင့်ရခိုင်နှင့် စစ်ကိုင်းရှိ စစ်ဘေးဒုက္ခသည်စခန်းများ ပျက်စီး

Watch more detail -
https://youtu.be/NayH8AekeME

#PoliticalNews #မုန်တိုင်း #စစ်ဘေးဒုက္ခသည်စခန်း#ပျက်စီး#VideoNews #shorts #Reels
🔥2😢2
​​မုန်တိုင်းနောက်ဆက်တွဲအဖြစ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် ကလေးငယ် သန်းပေါင်းများစွာ ဘေးရှိနေ
===========================

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်မြေအချို့တွင် တနင်္ဂနွေနေ့က တိုက်ခတ်သွားသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ကျန်ရစ်သော အပျက်အစီး ဆုံးရှုံးမှုများသည် ခုခံအားနည်းသော ကလေးငယ်များနှင့် မိသားစုများ၏ နေထိုင်ရှင်သန်ရေးကို ဆိုးဆိုးဝါးဝါး သက်ရောက်နေပြီး ၎င်းတို့အနက် တော်တော်များများမှာ နဂိုကတည်းက ဆိုးဝါးသည့် အခြေအနေ၌ ရှင်သန်နေကြရသူများဖြစ်သည်ဟု ယူနီဆက်ဖ်က မေ ၁၆ ရက်တွင် ထုတ်ပြန်သည်။
👍6😢6👎3😁3
စစ်ကောင်စီတပ်က ကျေးရွာများအတွင်းပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ရှစ်ထောင်ကျော်ထွက်ပြေးရဟု KNU အသိပေး
================

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် မူးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်များက ကျေးရွာများအတွင်းသို့ ဝင်ရောက်ပစ်ခတ်မှု များကြောင့် ဒေသခံပြည်သူ ရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။
မေလ ၁၄ရက် နံနက်က မူးမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်များက ကျေးရွာများအတွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

https://youtu.be/igggM8hdjrA

#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬6😁4👍3
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ်က ကျေးရွာများအတွင်းပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ရှစ်ထောင်ကျော်ထွက်ပြေးရဟု KNU အသိပေး

Watch more detail -
https://youtu.be/igggM8hdjrA#PoliticalNews

#စစ်ကောင်စီ #ထွက်ပြေး #ပစ်ခတ်#VideoNews #shorts #reels
🤬6🔥2😁1
Business Round Up (17 May 2023)
===============

- ဆန်အိတ်(၁ဝဝဝ)နှင့် စပါးတင်း (၅ဝဝဝ)အထက် သိုလှောင်ထားပါက မှတ်ပုံတင်ရတော့မည်

- မှတ်ပုံပြန်မတင်သည့် ဆင်းကတ်များကို အပြီးပိတ်သိမ်းမည်ဟု ထပ်မံသတိပေး

- မုန်တိုင်းပြီးနောက် ပြည်တွင်း ရွှေဈေးမြင့်တတ်နေ

- ဘတ်ငွေ ၁၀.၄၆ ဘီလီယံကို အိမ်သုံးမီတာခများ ထောက်ပံ့ရန် သုံးစွဲခွင့် အတည်ပြု

- ကမ္ဘာ့ထိပ်တန်းကြက်သားတင်ပို့ရာ ဘရာဇီးလ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေး စတင်ကူးစက်ဖြစ်ပွားနေ

https://youtu.be/uYDSlcgM3fI

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4👏2❤1