Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Business Round Up (18 May 2023)

- မုန်တိုင်းကြောင့် အလယ်ပိုင်းဒေသ ပဲ၊နှမ်းစိုက်ခင်းများပျက်စီးခဲ့ပြီး ဈေးများမြင့်တက်လာ
- မုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း အိမ်ဆောက်ပစ္စည်းများ ဈေးအဆမတန် မြင့်တက်နေ
- လာမည့်ဘဏ္ဍာနှစ်အတွင်း အိန္ဒိယက မြန်မာနိုင်ငံအတွင်း စက်သုံးဆီလက်လီဆိုင်များလာရောက် ဖွင့်လှစ်မည်
- လာမယ့်နှစ်များအတွင်း စံချိန်တင် အပူဆုံး ကာလများ ဖြစ်လာနိုင်
- ဂျပန်က အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် G7 ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေး တင်းကြပ်ထား

https://youtu.be/YNDfR2L6wLI
👍7🔥2👏1
​​ကရင်နီပြည် ဒီးမော့ဆို အရှေ့ခြမ်းတွင် ၁ ပတ်တာနီးပါးတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

001
(မဇ္စျိမ)။ ။ ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ခြမ်း ၊ တနီးလာလဲတောင်ကြောပေါ်တွင် စစ်ကောင်စီနှင့် ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF )ပူးပေါင်းအဖွဲ့များ အကြားတိုက်ပွဲများပြင်းထန်နေသည်မှာ ငါးရက်ရှိပြီဖြစ်ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်းရှိကြောင်း သိရသည်။
တိုက်ပွဲများသည် မေလ ၁၄ ရက်နေ့မှစကာ ယနေ့ မေလ ၁၈ ရက်နေ့အထိ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း KNDF၏ ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ဒီးမော့ဆို အရှေ့ခြမ်းဆိုတာ ကန်ခုနှစ်ဆင့်ဘက်လေ။ တနီးလာလဲတို့၊ ဒေါ့ကလော်ဒူအုပ်စုပေါ့။ အဲ့ဒီမှာ တောင်ပေါ်မှာက သူတို့တပ်ရှိတယ်လေ။ အဲ့ဒီမှာ ကျွန်တော်တို့တပ်ကို သူတို့က လာပြီးတော့မှ စီးဖို့ထင်တယ်။ အဲ့တာ တိုက်ပွဲတော့ ဖြစ်နေတုန်းပဲ"ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်ကပြောသည်။
တိုက်ပွဲကာလအတွင်း KAမှ ရဲဘော်တစ်ဦး၊ KNDFမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ စစ်ကောင်စီဘက်တွင်လည်း ထိခိုက်သေဆုံးမှုများရှိပြီး ဦးရေအတိအကျကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခြင်း၊ ဗုံးသီး ကြဲချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းတို့ ပြုလုပ်နေသည့်အပြင် အရပ်သားများနေထိုင်သည့် ကျေးရွာများကိုလည်း ဗုံးကြဲမှုပြုလုပ်နေကြောင်း သိရသည်။
"သူတို့ကလေယာဥ်နဲ့ လာကြဲတယ်။ ဒေါ့လျာခူဆိုတာ အဲ့ဒီကန်ခုနှစ်ဆင့်ဘေးနားရွာတွေပဲ။ အဲ့ဒီမှာ အသက် ၅၀ အရွယ်တစ်ယောက် ၊ နောက်ကလေးမ တစ်ယောက်ထိတယ်။ အိမ်ကတော့ လေး၊ ငါး၊ ခြောက်လုံးလောက် ပျက်တယ်။ နောက်ပြီး မနေ့က ညနေမှာ ကန်ခုနှစ်ဆင့်ရဲ့တောင်ဖက် ဘိုးလျားဆိုတဲ့နေရာကို ဗုံးလာကြဲတယ်။ စစ်ရှောင်တွေနေတဲ့နေရာပေါ့။ ဒါပေမဲ့ စစ်ရှောင်တော့ မထိဘူး။ အဲ့ဒီလမ်းပေါ်မှာရှိတဲ့ ထော်လာဂျီတစ်စီးပျက်တယ်။ နောက်အဲ့ဒီ ထော်လာဂျီမောင်းတဲ့ လူတစ်ယောက်ဒဏ်ရာရသွားတယ်ပြောတယ်"ဟု ခူးညေးရယ်ကပြောသည်။
ယခုရက်ပိုင်းအတွင်း ဒီးမော့ဆို အနောက်ခြမ်းတွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် မေလ ၁၄ရက်နေ့နှင့် ၁၆ရက်နေ့တို့တွင် ဒီးမော့ဆို အနောက်ခြမ်း သေးဆူလဲကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို KNDF တပ်ရင်း အမှတ်( ၅ )က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ထိခိုက်မှုများလည်း ရှိခဲ့ကြောင်း KNDFက ထုတ်ပြန်ထားသည်။
စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ကရင်နီပြည်တွင် တိုက်ပွဲပေါင်း ၆၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး KNDF ၊ PDF၊ KAဘက်မှ ကျဆုံးသူ ၂၅၉ ဦး၊ စစ်ကောင်စီဘက်မှ သေဆုံးသူ ဦးရေ၂၀၀၀ နီးပါးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က မေလ ၁ရက်နေ့က ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကရင်နီပြည် ဒီးမော့ဆို အရှေ့ခြမ်း
#တိုက်ပွဲပြင်းထန်
#နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥2👏1
တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာ အကြားတွင် မေလ ၁၇ ရက်နေ့ နံနက် ၈ နာရီ အချိန်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ တနင်္သာရီမြို့နယ် ဇဝဲဘက်မှ ဘန်းလမွတ်ရွာသို့ စစ်ကြောင်း ထိုးလာစဉ် တောဗုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံမှ သိရ သည်။
“သူတို့က ကင်းပုန်းဝတ်နေတဲ့အဖွဲ့တွေပါ စစ်ကြောင်းထွက်လာတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ် တယ်”ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
👍9🔥2😁1
ယင်းသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းပေးပို့ ချက်အရသိရသည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးစဉ် မကြာခဏ တိုက်ခိုက်ခံ ရသည့်နေရာလည်းဖြစ်သည်။
“ဒီရွာနားမှာက စစ်ကောင်စီတပ်နဲ့ PDF တွေအကြား တိုက်ပွဲအမြဲဖြစ်နေတော့ ဒေသခံတွေ ရွာထဲမှာ မရှိပါ ဘူး”ဟု ဘန်းလမွတ်ရွာခံ စစ်ရှောင်တဦးကပြောသည်။
တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်ဖြစ်သလို နှစ်ဖက် ထိတွေ့တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေသည့် ဒေသဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီမြို့နယ်
#ဘန်းလမွတ်ကျေးရွာ
#စစ်အုပ်ချုပ်ရေး
#မိုင်းဆွဲတိုက်ခိုက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2😁2❤1
မေလ ၁၈ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:03-အာဏာသိမ်းပြီးနောက် ရုရှားနဲ့တရုတ်ထံမှအပါအဝင် စစ်လက်နက်ပစ္စည်း တစ်ဘီလီယံဖိုး စစ်ကောင်စီဝယ်ယူတဲ့သတင်း

03:54-ဝင်ရောက်ဖမ်းဆီးစဉ် ခုခံတဲ့ ပျူစောထီးခေါင်းဆောင်နဲ့မိသားစုကို ပစ်ခတ်ရှင်းလင်း ၊ လက်နက် ၃ လက် သိမ်းဆည်းရမိတဲ့သတင်း

04:53-မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၃ ရုံကို စစ်ကောင်စီက လုပ်ငန်းလိုင်စင်ပယ်ဖျက်လိုက်တဲ့သတင်း

06:40-မတ္တရာမှာ စစ်ကြောင်းထိုးပြီး မီးရှို့လူသတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDFပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်တဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/G7QOsV_FD8U
👍3😁1🤮1
Media is too big
VIEW IN TELEGRAM
ကန့်ဘလူနယ်တွင်မုန်တိုင်းအပြီးစစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ပြည်သူ ၃၀၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ

Watch more detail -
https://youtu.be/AlSbWnlI-sw

#Mizzima #Political #ကန့်ဘလူနယ် #စစ်ကြောင်းထိုး #ပြည်သူ #ထွက်ပြေး တိမ်းရှောင် #VideoNews #shorts #reels
👍5😢2🔥1🥰1😁1
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းပြီးနောက် ရုရှားနဲ့တရုတ်ထံမှအပါအဝင် စစ်လက်နက်ပစ္စည်း တစ်ဘီလီယံဖိုး စစ်ကောင်စီဝယ်ယူ

Watch more detail -
https://youtu.be/19uR__-eCaA

#Mizzima #Political #ရုရှား #တရုတ် #စစ်လက်နက်ပစ္စည်း #VideoNews #shorts #reels
❤2🔥1🥰1👏1
ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းရေးက မြန်မာ့အရေးနဲ့ ပတ်သက်နေလား

https://youtu.be/wE6ujcdCRGk
😁3👍1👎1
မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုကို နှစ်နိုင်ငံဥပဒေများဖြင့် အရေးယူနိုင်ရန် NUGဆောင်ရွက်နေ

မဇ္ဈိမ ။ ။ ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုကို နှစ်နိုင်ငံ ဥပဒေများဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ( NUG )၏ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမင်းနောင်ခိုင်က ပြောသည်။

အသက် ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအလုပ်အမှုဆောင်၊ အတွင်းရေးမှူး ဦးအောင်မင်းက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကျူးလွန်ခဲ့သည်ဟု ကလေးငယ်၏ မိခင်ဖြစ်သူက အမျိုးသား ညီညွတ်ရေး အစိုးရ( NUG )သို့ မေလ၂ရက်နေ့တွင် တိုင်ကြားစာပေးပို့ခဲ့သည်။

တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်က “ ထိုင်းရဲ့တရားစီရင် ရေးစနစ်အတိုင်းသွားဖို့တော့ ကာယံကံရှင်ကို ကျနော်တို့တွေ ဆက်သွယ်ပြီးတော့မှပဲလိုအပ်တဲ့ ဥပဒေအကြံဉာဏ်တွေ အထောက်အကူတွေပေးသွားဖို့ ရှိပါတယ် “ ဟု မဇ္ဈိမသို့ပြောသည်။

တိုင်ကြားစာပေးပို့ပြီး ယနေ့ ၁၆ အကြာ အမှုအခြေအနေနှင့် ပတ်သက်ပြီးမေးမြန်ရာတွင် ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကျူးလွန်ခံရသူသည် CDM ပြုလုပ်ထားသည့် တွဲဖက်ပါမောက္ခတစ်ဦး၏ သမီးဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ပါဝင်သည့် တိုင်းကြားစာကို NUG ၏ အမျိုးသမီး၊လူငယ်နှင့်ကလေး သူငယ်ရေးရာဝန်ကြီးဌာနသို့လိပ်မူပြီး ပေးပို့ခဲ့သည့်အပြင် မိတ္တူကိုသမ္မတရုံး၊ ဝန်ကြီးချုပ်ရုံး ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးဝန်ကြီးဌာန၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနာနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD )ဗဟိုအလုပ်ကော်မတီသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ တရာစီရင်ရေးကိစ္စများနှင့်ပတ်သက်ပြီး ရဲအရေးပိုင်သည့်ကိစ္စများကို NUGဘက်မှ ဆောင်ရွက်နေသော်လည်း ထိုင်းနိုင်ငံတွင်တရားစွဲနိုင်ရန်အတွက် မိသားစုများကို အကြံပြုချက် သဘောထားတောင်းခံရဦးမည်ဖြစ်ကြောင်း NUGတရားရေးဌာနကသိရသည်။

မြန်မာနိုင်ငံ၏ဥပဒေအရ ပြည်ပနိုင်ငံတွင်ရောက်ရှိနေသော နိုင်ငံသားများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ အရ ကျူးလွန်သောအမှုအတွက် နိုင်ငံတွင်းစစ်ဆေးစီရင်သကဲ့သို့ စစ်ဆေးနိုင်ကြောင်း ပြဌာန်းထားသည်။အဆိုပါလုပ်ပိုင်ခွင့်အရ တိုင်ကြားခံရသူကို မြန်မာနိုင်ငံတွင်းရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လွတ်မြောက်နယ်မြေအတွင်းရှိ တရားရေးမဏ္ဍိုင်မှတစ်ဆင့် တရားစွဲဆိုသွားနိုင်ရန်ဆောင်ရွက်မည်ဟု NUGတရားရေးဝန်ကြီးဌာနထံက သိရသည်။

“နစ်နာသူမိသားစုကရော စွပ်စွဲခြင်းခံရသူကရောပေါ့လေ။ တရားမျှတမှုကိုရဖို့ အစိုးရကို အပြည့်အဝပူးပေါင်း ဆောင်ရွက်မှုရှိမှသာလျှင် အမှန်တရားကိုရှာဖွေနိုင်လိမ့်ပါမယ်”ဟု ဦးမင်းနောင်ခိုင်က ပြောသည်။

ပြစ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသူနှင့် တိုင်ကြားသူနှစ်ဦးစလုံးသည် စစ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်တိမ်းရှောင် နေရသူများဖြစ်သည်ဟုသိရှိရသည်။ လက်ရှိထိုင်းနိုင်ငံထဲတွင် မည်သည့်အထောက်အထားဖြင့် နေထိုင်သည်ကိုမူ မဇ္ဈိမအနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

သို့သော်မည်သို့နေထိုင်သည်ဖြစ်စေ ထိုင်းနိုင်ငံအတွင်းဖြစ်သော အမှုများအတွက် ထိုင်းအာဏာပိုင်များကိုတိုင်ကြားနိုင်ပြီး အရေးယူဆောင်ရွက်ပေးမှုများလည်းရှိသည်ဟု ထိုင်းရောက်ရွှေမြန်မာများအတွက် လက်တွဲကူညီ ACCမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

“တရားဝင်တာ၊ မဝင်တာထက်စာရင် သူကထိုင်းမှာလည်းအမျိုးသမီးရေးရာအဖွဲ့တွေရှိပါတယ်။ နစ်နာတဲ့သူဘက်က ဥပဒေအရ ကာကွယ်ပေးသွားပါတယ်။ သက်ငယ်မုဒိန်းဆိုရင်တော့ ကလေးဆိုရင်ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာကိုပို့ပေးထားတယ်” ဟု ၎င်းကဆိုသည်။

တရားမဝင်နေထိုင်သူများဖြစ်ပါက တရားလိုနှင့် စွပ်စွဲခံရသူနှစ်ဦးစလုံးသည် ဒဏ်ကြေးဆောင်ရမည်ဖြစ်ပြီး ကျန်သည့်တရားရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သည်ဟု ၎င်းကပြောသည်။

ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသူကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း NUG၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန(MOWYCA)၏ ဒုတိယဝန်ကြီး က မေလ၁၁ရက်နေ့တွင် မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

ထိုဖြစ်စဉ်အပေါ် NUG၏ ဖြေရှင်းဆောင်ရွက်မှုများအား တော်လှန်ရေးအဖွဲ့များက စောင့်ကြည့်နေလျက်ရှိနေသည်။ ထို့ပြင် ကျောင်းသားသမဂ္ဂများနှင့် ဖွဲ့စည်းထားသည့် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီက ထိရောက်သော ပြစ်ဒဏ်ချမှတ်မှုများပြုလုပ်သင့်ကြောင်း မေလ ၁၁ရက်နေ့တွင် NUG၏ဝန်ကြီးဌာနများသို့အကြံပြုစာ ပို့ထားသည်။
👍13😁3
​​ထိုအတူ မြန်မာနွေဦးတက္ကသိုလ်အပါအဝင် တက္ကသိုလ်၂၂ခု၏ ကြားကာလအုပ်ချုပ်ရေးကောင်စီများက အလားတူပြစ်မှု ဖြစ်စဉ်များထပ်မံမဖြစ်ပွားစေရေး၊ လူ့အခွင့်ရေးချိုး‌ဖောက်ခံရမှုများမဖြစ်ပွားစေ‌ရေး၊ လူမှုအသိုင်းအဝိုင်းကို ကာကွယ်လုံခြုံမှုပေးနိုင်ပြီး တရားစီရင်ရေးမဏ္ဍိုင်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် အစီအမံများကို ဆောင်ရွက် ကာလက်တွေ့အသုံးချနိုင်ရန် ကြိုးပမ်းသင့်ကြောင်း အပါအဝင် အချက်၉ကို မနေ့ မေလ ၁၇ ရက်က ထုတ်ပြန် ကြေညာခဲ့သည် ကိုတွေ့ရသည်။

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ဦးအောင်မင်းကို လက်ထိတ်ခတ်ဖမ်းဆီးထားသည့် ဓါတ်ပုံတစ်ပုံကို မေလဆန်းပိုင်းက တွေ့ခဲ့ရသော်လည်း လက်ရှိအချိန်တွင် ၎င်းသည် မည်သည့်နေရာ၌ ရှိနေသည် ကိုမသိရသေးပေ။

NLDအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့်အတွက် ၎င်း၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

မေလ ၇ရက်နေ့က အမှုနှင့်ပတ်သက်ပြီးမေးမြန်းချက်အပေါ်တွင် NLDဗဟိုအလုပ်ကော်မတီ ဦးထွန်းမြင့်က “ဒီကိစ္စနဲ့ပတ်သက်ပြီးကျနော်တို့ ပါတီကတော့ ဖြစ်ချင်တဲ့ ဆန္ဒကတော့ အမှုမှန်ပေါ့ဗျာ။ အဖြစ်မှန်ပေါ်ပေါက်ရေး တရားမျှတမှုရှိရေးကို တရားဥပဒေအတိုင်းပဲ ဆောင်ရွက်တာပဲ လိုချင်ပါတယ်ဗျ” ဟု မဇ္ဈိမကိုပြောခဲ့သည်။

NUG သည် ၎င်းတို့၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင် ပြည်သူလူထုကို အကြမ်းဖက်စစ်အုပ်စုဘေးကနေ ကာကွယ်ရန် ကြိုးစားနေသကဲ့သို့ အုပ်ချုပ်ရေးဖော်ဆောင်ရန်၊ ပြည်သူလူထုကို ဝန်ဆောင်မှုပေးအပ်နိင်ရန်၊ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်နိင်ရန်ကြိုးစားနေသည်ဟု သိရသည်။

သို့သော်လည်း စိုးမိုးထိန်းချုပ်နယ်မြေများတွင် တရားစီရင်ရေးမဏ္ဍိုင်ကို ရာနှုန်းပြည့်ဖြည့်ဆည်းရန်အတွက် အခက်အခဲများကြောင့် ကြန့်ကြာမှုအချို့ ရှိနေခြင်းကို လျှော့နိုင်ရန်ကြိုးစားနေသည်ဟု NUGဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#သက်ငယ်မုဒိန်းမှု
#မဲဆောက်မြို့
#ဦးအောင်မင်း

Photo- CJ (ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်မြို့တစ်နေရာ)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁3
👍2🔥1
မေလ ၁၈ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး၊ စားအုန်းဆီဈေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
​​၂၀၃၀ နောက်ပိုင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံအသစ်များ မတည်ဆောက်ဟု ဗီယက်နမ် ကတိပြု

ဗီယက်နမ်သည် ၂၀၃၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်တော့မည် မဟုတ်ဟု မေလ ၁၆ ရက်တွင် ထုတ်ပြန်သည့် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော နိုင်ငံတော် ဓာတ်အား အစီအစဉ်တစ်ရပ်အရ သိရသည်။ သို့သော် ထိုအစီအစဉ်နှင့်ပတ်သက်၍ နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များထံ ကူးပြောင်းမှုက အင်မတန် နှေးကွေးလွန်းနေသည် ဆိုပြီး ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

http://www.mizzimaburmese.com/article/128463
👍5😁2