မုံရွာမြို့ပေါ် လူစည်ကားရာနေရာများတွင် ပြောက်ကျားသပိတ် ဖော်ဆောင်
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် လူစည်ကားရာနေရာများတွင် မေလ ၂၅ ရက်နေ့က ပြောက်ကျားသပိတ် ဖော်ဆောင်ခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ထုတ်ပြန်သည်။
"ကျောက္ကာလမ်း၊ နာရီစင်၊ ကန်သာယာစတဲ့နေရာတွေမှာဖော်ဆောင်ခဲ့ပါ" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
ပြောက်ကျားသပိတ်ဖော်ဆောင်မှုတွင် "ကျေးလက်မှာပေးဆပ် မြို့ပြမှာအပြုံးမပျက်"၊ "လုံးဝအုပ်ချုပ်ခွင့်မရစေရ"၊ "ဖက်ဆစ်စနစ်သပိတ်မှောက် ဖက်ဒရယ်လမ်းကိုရဲရဲလျှောက်" စသည့်စာသားများ ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အခြေစိုက်ပြီး စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ကျေးရွာများမှဒေသခံများကို ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

❤21👍5😁2
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့သည့်ကျေးရွာများအားလည်း သွားရောက်ပြီး စားသောက်ကုန်များလှူဒါန်းနေကြောင်း ယင်းအဖွဲ့ဝင်က မဇ္ဈိမကိုပြောသည်။
စာတည်း-သန့်ဇော်(သန်လျင်)
#mizzima
#အညာပစ်တိုင်းထောင်လေးများ
#ရေဘေးသင့်
#မိုခါ
#မုံရွာမြို့
#ပြောက်ကျားသပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12😁2❤1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ် | VOA On Mizzima)
https://youtu.be/BdOrdAzAPEg
https://youtu.be/BdOrdAzAPEg
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ် | VOA On Mizzima)
အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်ပြည်နယ်၊ ဒက်ထွိုက်မြို့မှာ IPEF အင်ဒိုပိစိဖိတ်ဒေသ စီးပွားရေးမူဘောင် ညှိနှိုင်းဆွေးနွေးပွဲကို အာရှဒေသကိုယ်စားလှယ်တွေနဲ့ ကျင်းပဖို့ စီစဥ်နေပါတယ်။ ထိုင်းနိုင်ငံမှာ မိုးရာသီအစပျိုးပြီး စပါးစိုက်ရာသီမှာ စပါးအထွက်တိုးဖို့ ထိုင်းဘုရင်ကို…
👍8😁1
စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကြောင့် ခင်ဦး မြေနီသျှိုရွာခံများ တိမ်းရှောင်နေရ
KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ဘက်မှ မေလ ၂၄ ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ခမရ(၃၆၈) ခြေလျင်စစ်ကြောင်းကြောင့် မြေနီသျှိုရွာနှင့်နီးစပ်ရာရွာခံများ အရေးပေါ်တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
၎င်းစစ်ကြောင်းသည် မေလ ၂၄ ရက်နေ့တွင် ခင်ဦးမြို့ပေါ် ရောက်ရှိခဲ့ပြီး ယမန်နေ့ မေလ ၂၅ ရက်နေ့တွင် မဒေါင်းလှ ပျူများနှင့်ပူးပေါင်းကာ မကျီးတုံပျူရွာ အနီးပတ်ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
ထိုစစ်ကြောင်းသည် မေလ ၂၅ ရက်နေ့၊ ညနေပိုင်းတွင် မြေနီသျှိုလမ်းဆုံ သို့ရောက်ရှိကာ ညပိုင်းတွင် အနီးအနားနေရာများအား မီးရှို့ခဲ့ကြောင်း သိရသည်။
"ဒေသခံမျက်မြင်ပြောတာတော့ နေအိမ်နှစ်လုံးလောက်ပဲ မီးရှို့သွားတယ်ပြောတယ်။ ရွာရဲ့အနောက်ဘက် ရွှေဘို-မြစ်ကြီးနားလမ်းဆုံ ဈေးလေးနားကိုရှို့သွားတယ် သိရတယ်။ စစ်ကြောင်းကင်းလှည့်နေတာမို့ ဝင်ရောက်လို့တော့မရသေးပါဘူး"ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

👍10😁3🔥2
မြေနီသျှိုလမ်းဆုံ နှင့် မြေနီသျှိုရွာကြားအထိ စစ်ကောင်စီတပ် ကင်းပုန်းများ တိုးလာခြင်းကြောင့် မြေနီသျှိုရွာနှင့်အတူ ကျွန်းပင်ကန်၊ ခြေမြစ်ရင်း စသည့်ကျေးရွာများမှ ဒေသခံများ မေလ ၂၅ ရက်နေ့၊ ညပိုင်းမှစတင်ကာ တိမ်းရှောင်နေကြရသည်။
မြေနီသျှိုလမ်းဆုံနီးနေအိမ် နှစ်လုံးကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ယနေ့ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘို-မြစ်ကြီးနားလမ်းမှတစ်ဆင့် တောတွင်းလမ်းဝင်ရောက်ကာ ခြေလျင်စစ်ကြောင်းဆက်ထိုးနေသည်။
ယင်းစစ်ကြောင်းသည် ဒေသကာကွယ်ရေးတပ်များထောင်ထားသည့် မိုင်းများနင်းမိခဲ့သောကြောင့် စစ်သားတချို့ထိခိုက်ဒဏ်ရာရခဲ့ပြီး ရွှေဘိုနယ်၊ ခုန်ကုန်းပျူရွာဘက်ကို ယနေ့ နံနက် ၁၀နာရီခွဲခန့်တွင် ဝင်ရောက်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။
ခင်ဦးမြို့နယ်တွင် မေလ၂၅ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၇၄ ရွာအထိ ရှိခဲ့ပြီး အိမ်ခြေ ၅,၀၀၀ ကျော် ပြာကျပျက်စီး၍ အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း ၃၀,၀၀၀ ဝန်းကျင်ရှိလာကာ အကူအညီများ လိုအပ်နေသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး (ပုံဟောင်း)
(စစ်ကောင်စီတပ်များ နှစ်ရက်ဆက်(မေလ ၉-၁၉၊၂၀) မီးရှို့ဖျက်ဆီးခဲ့သည့် ကံသစ်ကျေးရွာ)
#Mizzima
#ခင်ဦးမြို့နယ်
#ခြေလျင်စစ်ကြောင်း
#မြေနီသျှိုရွာ
#မီးရှို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
မြေနီသျှိုလမ်းဆုံနီးနေအိမ် နှစ်လုံးကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ယနေ့ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘို-မြစ်ကြီးနားလမ်းမှတစ်ဆင့် တောတွင်းလမ်းဝင်ရောက်ကာ ခြေလျင်စစ်ကြောင်းဆက်ထိုးနေသည်။
ယင်းစစ်ကြောင်းသည် ဒေသကာကွယ်ရေးတပ်များထောင်ထားသည့် မိုင်းများနင်းမိခဲ့သောကြောင့် စစ်သားတချို့ထိခိုက်ဒဏ်ရာရခဲ့ပြီး ရွှေဘိုနယ်၊ ခုန်ကုန်းပျူရွာဘက်ကို ယနေ့ နံနက် ၁၀နာရီခွဲခန့်တွင် ဝင်ရောက်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။
ခင်ဦးမြို့နယ်တွင် မေလ၂၅ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၇၄ ရွာအထိ ရှိခဲ့ပြီး အိမ်ခြေ ၅,၀၀၀ ကျော် ပြာကျပျက်စီး၍ အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း ၃၀,၀၀၀ ဝန်းကျင်ရှိလာကာ အကူအညီများ လိုအပ်နေသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး (ပုံဟောင်း)
(စစ်ကောင်စီတပ်များ နှစ်ရက်ဆက်(မေလ ၉-၁၉၊၂၀) မီးရှို့ဖျက်ဆီးခဲ့သည့် ကံသစ်ကျေးရွာ)
#Mizzima
#ခင်ဦးမြို့နယ်
#ခြေလျင်စစ်ကြောင်း
#မြေနီသျှိုရွာ
#မီးရှို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3❤2😁2
မေလ ၂၆ ရက် မနက် ၁၁ နာရီအထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2
မေလ ၂၆ရက်၊ မွန်းတည့် ၁၂ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00-မုန်တိုင်းဘေးသင့်ပြည်သူများအား ကူညီရေး ကယ်ဆယ်ရေးအတွက် လွတ်လပ်စွာ သွားလာ ခွင့်ပြုဖို့ ကုလသမဂ္ဂတောင်းဆိုတဲ့သတင်း
04:05-Non CDM များ အမြန်ဆုံး CDM လှုပ်ရှားမှုတွင်ပါဝင်ကြရန် CDF သတိပေးတဲ့သတင်း
05:36-ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးဖို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်တဲ့သတင်း
08:28-ရုရှားရဲ့ပင်မအကျိုးစီးပွားတွေအတွက် ခိုင်မာတဲ့ပံ့ပိုးကူညီမှုတွေပေးအပ်သွားမယ်လို့ ရှီကျင့်ဖျင် ပြောကြားတဲ့သတင်းတဲ့ သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/R8hMQDrgIBM

05:36-ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးဖို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့…

👍9😁2🤮2
ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ကုမာရာဘိဝံသ ပျံလွန်တော်မူ
007၊ မောင်ခက်နွေ
(မဇ္စျိမ)။ ။ နိုင်ငံတော်သံံဃမဟာနာယကအဖွဲ့(မဟန)ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ကုမာရာဘိဝံသသည် ယမန်နေ့ညက မန္တလေးမြို့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယမန်နေ့မေလ ၂၅ ရက် ည ၁၁ နာရီ ၁၁ မိနစ်အချိန်ခန့်တွင် ဆရာတော်သီတင်းသုံး နေထိုင်တော်မူသည့် မန္တလေး မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်ကွက် ဗန်းမော်ကျောင်းတိုက်၌ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း ကျောင်းတိုက်နေ ရဟန်းတော်များက အတည်ပြုသည်။
“ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အမှူးပြုသော ပါမောက္ခ၊ကထိကဆရာတော်များနှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် တက်ရောက်ပြီး၊ တက်ရောက်နေဆဲ (သံဃာတော်၊သီလရှင်၊လူပုဂ္ဂိုလ်) ကျောင်းတော်သူ ၊ကျောင်းတော်သားများအတွက် ကြီးစွာစိတ်နှလုံးထိခိုက်ရခြင်းနှင့်အတူ မိမိတို့တက္ကသိုလ်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ရပါသည်"ဟု ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ကြည့်မြင်တိုင်) မှ ဆရာတော်တစ်ပါးက မိန့်သည်။
ဆရာတော်သည်၊ ယခုနှစ် မတ်လနှင့်ဧပြီတို့တွင် အသည်းရောဂါကြောင့် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူခဲ့ရသေးသည်။
ထို့နောက် ဧပြီလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ပြန်လည်ကြွရောက်ခဲ့ပြီး ကျောင်းတိုက်အတွင်း ဆေးဝါးကုသမှု ခံယူရင်း ပျံလွန်တော်မူခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးတွင် တစ်ပါးတည်းသာ ရယူနိုင်ခဲ့သော ပါဠိသိရောမဏိဘွဲ့ရ အဋ္ဌကထာကျမ်းပြုအကျော် သာသနာ့အာဇာနည်တစ်ပါးဖြစ်တော်မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒမေဇာတိက၊ သက်သီဟ-၀ဋံသကာနှင့် ပြည်တွင်းပြည်ပ ဘွဲ့ထူးဂုဏ်ထူးရ ဗန်းမော်ဆရာတော်ကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၌ ခမည်းတော် ဦးဘိုးသစ် မယ်တော်ဒေါ်အေးသိုက်တို့က ၁၂၉၁ ခုနှစ် တော်သလင်းလဆန်း ၁၄ ရက်တွင် ဖွားမြင်တော်မူခဲ့သည်။
ဆရာတော်သည် ၂၀၁၀ ပြည့်နှစ်မှ ပျံလွန်တော်မူချိန်အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟိုသံဃာ့၀န်ဆောင်အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ် တာ၀န်ယူခဲ့ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၉၄ နှစ်၊ ဝါတော် ၇၄ ဝါ ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌဆရာတော် နဝမမြောက် ဗန်းမော်ဆရာတော်ဟု လူသိများသည့်အပြင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင်လည်း ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဆရာတော်၏ဈာပနအခမ်းအနားနှင့်ပတ်သက်၍ သီးခြားသတင်းထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မန္တလေးတိုင်း
#ဗန်းမော်ဆရာတော်
#ပျံလွန်တော်မူခြင်း

🙏18👍7
ဟားခါးမြို့သို့ နိုင်ငံကူးလက်မှတ် သက်တမ်းသွားတိုးသူ ၂ဦး သတ်ဖြတ်ခံရမှု PDF ပြင်းထန်စွာရှုတ်ချ
ပါခွီး
(မဇ္စျိမ) ။ ။ချင်းပြည်နယ် ၊ ဟားခါးမြို့သို့ နိုင်ငံကူးလက်မှတ်(Passport) သက်တမ်းသွားတိုးသူ နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်မီးရှို့ခဲ့သည့်အတွက် ပြင်းထန်စွာ ရှုတ်ချကြောင်း ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU) People Defence Force – Zoland က မေလ ၂၅ရက်တွင်ထုတ်ပြန်သည်။
တီးတိန်မြို့ ၊ လွယ်ဘွာလ်းရပ်ကွက်နေ အဘ ဦးနန်ခန့်ခိုင်၏ သမီး အသက် ၃၇နှစ်အရွယ် မကျင်ဟောက်ဝုန် နှင့် အဘ ဦးဇမ်းလမ့်ထန် ၏သား အသက် ၃၂အရွယ် ဦးလျန်းဇထောင်းမ် တို့သည် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။
မကျင်းဟောက်ဝုန်သည် ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး အင်္ဂလန်နိုင်ငံတွင် ပညာတော်သင်အဖြစ် လျောက်ထားရန် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးခါနီးသဖြင့် သက်တမ်းတိုးရန် မြန်မာပြည်သို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးလျန်းဇထောင်းမ်သည် ဟားခါးပြည်သူဆေးရုံ (ဓါတ်ခွဲ - ၂) အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး နွေဦးတော်လှန်ရေး၌ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်လာခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

😢13😁4👍2🔥1🤬1