Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇီဝဂေဟ ကုလညီလာခံ သဘောတူညီမှု ၂၀၀ ရရှိ | VOA On Mizzima
=================

ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့ မှာကျင်းပခဲ့တဲ့ ဇီဝဂေဟစနစ်ဆိုင်ရာ ကုလသမဂ္ဂညီလာခံကနေ သမိုင်းဝင် သဘောတူညီမှုတရပ်ကို နိုင်ငံပေါင်း ၂၀၀ လောက်က လက်မှတ်ရေးထိုးလိုက်ကြပါပြီ။ သဘာဝပတ်ဝန်းကျင်၊ ကမ္ဘာ့ ရှားပါးတိရိစ္ဆာန်တွေနဲ့ ဂေဟစံနစ်အတွက်အရေးကြီးလှတဲ့ မြေနဲ့ရေပြင် နယ်နိမိတ် ၃၀ % ကို ၂၀၃၀ ပြည့်လွန်နှစ်မှာ ဖော်ဆောင်ဖို့ သဘောတူညီလိုက်ကြတာပါ။ AFP သတင်းကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

https://youtu.be/M6kzWq-nGLQ

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤4🔥1😁1🤮1
စစ်ကောင်စီလက်ထက် ပုဂ္ဂလိကပညာရေး
=-=================

ဒီနှစ်ဆန်းကကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က“ပညာရေးဝန်ကြီးဌာန နေနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွေမှာ အနောက် တိုင်း ဒီမိုကရေစီယဉ်ကျေးမှုကို ထည့်သွင်းသင်ကြား နေ မှုတွေကိုအပေါ် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းနဲ့ ပတ်သက်တဲ့စည်းမျဉ်း၊ စည်းကမ်းတွေ ထုတ်ပြန်ပြီး အရေးယူ ဆောင်ရွက်ဖို့ ၊ ပုဂ္ဂလိက ပညာရေးဥပဒေကိုရေးဆွဲထုတ်ပြန် ပြီးရင်တော့ အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှု ကို ထည့်သွင်း သင်ကြားမှုတွေနဲ့အခြားမလိုလားအပ်တဲ့ သင်ကြားမှုတွေကို ထိရောက်တဲ့ ဥပဒေပုဒ်မတွေနဲ့ ထိရောက်စွာ ဟန့်တားအရေးယူဆောင်ရွက်ရမယ်”လို့ ပြောကြားခဲ့တဲ့အကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေး မှူးရုံးတွေကိုဖြန့်ဝေတဲ့ ညွှန်ကြားချက်တစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

https://youtu.be/wQE6ezowSr4


#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁4🔥1👏1
ယူကရိန်းကလေး အမာရွတ်ခွဲစိတ်ကုသပေး | VOA On Mizzima
=====================

အမေရိကန် ပြည်ထောင်စု က စေတနာ့ဝန်ထမ်း ဆရာဝန်တွေနဲ့ ယူကရိန်း၊ ပိုလန်နိုင်ငံ က ဆရာဝန်တွေ ပူးပေါင်းပြီး ယူကရိန်း ကလေးငယ်တွေရဲ့ အမာရွတ်တွေကို ကုသပေးနေပါတယ်။ ရုရှားကျုးကျော်စစ် စအပြီး ယူကရိန်း နိုင်ငံမှာ လိုအပ်တဲ့ ခွဲစိတ်မှုတွေ မလုပ်နိုင်တာကြောင့် အခုလို ပိုလန်နိုင်ငံဘက်မှာ အခမဲ့ ခွဲစိတ်ကုသမှုခံယူနေရတာပါ။ ပိုလန်နိုင်ငံ Leczna မြို့ကနေ ဗွီအိုအေ သတင်းထောက် Lesia Bakalets သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

https://youtu.be/QEd8cEXuyM4

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤8🔥1😁1
မင်းသမီး မီရှဲလ်ယိုး Women in Motion ဆုရ “Pop Culture” | VOA On Mizzima
================

၂၀၂၃ အော်စကာ အနုပညာထူးချွန်ဆု ရရှိသွားတဲ့ မလေးရှားမင်းသမီး Michelle Yeo ဟာ ရုပ်ရှင်နယ်ပယ်က အမျိုးသမီးတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ Women in Motion ဆု ရရှိသွားပါတယ်။ ကိုရီးယားမင်းသမီး Roh Yoon-seo လည်း တက်ရောက်တာပါ။ ဒီလို ခေတ်ရေစီးသတင်းတွေကို Pop Culture အစီအစဥ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။

https://youtu.be/_NlLxsASe9c

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁1🤮1
"ဘာလိုလို့လဲ"ဇာတ်လမ်းတွဲမှ မလိုချင်တဲ့ပန်း - Unwanted Flower
===================

"ဘာလိုလို့လဲ"

ဇာတ်လမ်းတွဲမှ

မလိုချင်တဲ့ပန်း - Unwanted Flower
ဆိုတဲ့ တတိယမြောက် ဇာတ်လမ်းတို (Tariler)

ကလေးဖျက်ချရင်း အသက်ဆုံးရှုံးရာကနေ မကျွတ်မလွတ်ဖြစ်သွားတဲ့ မိန်းကလေးတစ်ယောက် အကြောင်းကို အခြေပြုပြီး သန္ဓေတားနည်းတွေနဲ့ ပတ်သက်တဲ့ ပညာပေး ဇာတ်လမ်းတို)

သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။

အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

အောက်ပါလင့်တွေမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/j_9GWkfjxwg
🔥5👍1
​​ဩစတြေးလျသို့ ဦးတည်သည်ဟု ယုံကြည်ရသည့် ခရစ္စတယ်မက် ၁ တန်ကျော်ကို ထိုင်းအာဏာပိုင်များ ဖမ်းမိ
======================

ဩစတြေးလျသို့ ပို့ဆောင်မည်ဟု ယုံကြည်ရသည့် ခရစ္စတယ် မက်သာဖက်တမင်း မူးယစ်ဆေးဝါး တစ်တန်ကျော်ကို ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်တစ်ခု၌ ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းနိုင်ငံ၏ ဥပဒေစိုးမိုးရေးအရာရှိများက မေလ ၂၉ ရက်တွင် ပြောသည်။
👍8🔥2❤1😁1
မေလ ၃၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5
This media is not supported in your browser
VIEW IN TELEGRAM
တူရကီသမ္မတအာဒိုဂန်ပြန်လည်ရွေးကောက်ခံရမှုအတွက် တရုတ်ဂုဏ်ပြု

https://www.facebook.com/reel/263868562797397/?s=single_unit

#International
#MizzimaTV
#Reels
#shorts
🔥2🖕2👍1
စစ်ကောင်စီတပ်က အီရန်လုပ် ဒုံးကျည်နဲ့ဒရုန်းတွေကို အသုံးပြုနေ
==================

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနဲ့ အီရန်တို့ဟာ လျှို့ဝှက်စစ်ရေး ပူးပေါင်းဆောင်ရွက်မှု များလုပ်ဆောင်နေပြီး မြန်မာစစ်အာဏာရှင်က ခုခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအပေါ် တိုက်ခိုက်ရာမှာ အီရန်နိုင်ငံလုပ် ဒုံးကျည်တွေ၊ ဒရုန်းတွေကို အသုံးပြုနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလနဲ့ဧပြီလကြား အီရန် ကုန်တင်လေယာဉ်များ ဆင်းသက်လာခဲ့ပြီး စစ်ကောင်စီကို ပဲ့ထိန်းဒုံးကျည်များ အပါအဝင် အင်အားပြင်းသောလက်နက်များ ထောက်ပံ့ခဲ့ပါတယ်။

Queshm Fars Air လေကြောင်းလိုင်းပိုင် ဘိုအင်း ၇၄၇ ကုန်တင် လေယာဉ်တစ်စင်းဟာ နေပြည်တော်နဲ့ ရန်ကုန်မှာ သုံးကြိမ် ဆင်းသက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒရုန်းများကို ပြန်လည်ပြင်ဆင်ရန် အီရန်မှ အစိတ်အပိုင်းများ ဒရုန်းအင်ဂျင်များနဲ့ ဒုံးကျည်များ ဝယ်ယူနေကြောင်း မြန်မာလေတပ်မှ ခုခံတော်လှန်ရေး အင်အားစုဘက်သို့ ပြောင်းလာတဲ့ အရာရှိအများအပြားကလည်း အတည်ပြု ပြောကြားထားပါတယ်။

https://youtu.be/aG1Z2DWVFzY

#politicalnews
#newsfeature
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥2❤1👏1🤮1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ်က အီရန်လုပ် ဒုံးကျည်နဲ့ဒရုန်းတွေကို အသုံးပြုနေ

Watch more detail - https://www.youtube.com/watch?v=aG1Z2DWVFzY

#politicalnews
#newsfeature
#Mizzima #Reels #shorts
🤬12❤2👍2🔥2👏1
တယ်လီဖုန်းခေါ်ဆိုမှု ဖြတ်တောက်နေခြင်းနှင့်ပတ်သက်ပြီး ATOM(တယ်လီနော)အား စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်း သတိပေး
👍13😁3
တယ်လီဖုန်းခေါ်ဆိုမှု ဖြတ်တောက်နေခြင်းနှင့်ပတ်သက်ပြီး ATOM(တယ်လီနော)အား စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်း သတိပေး
====================

007
(မဇ္စျိမ)။ ။ဆက်သွယ်ရေးအော်ပရေတာ ATOM အနေဖြင့် ဖုန်းခေါ်ဆိုမှုများအပေါ် အ၀င်/အထွက် ပိတ်ခြင်း၊ ဖြတ်တောက်ခြင်းတို့ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ၎င်းတို့၏တာဝါတိုင်များနှင့် နယ်ရုံးများအား အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်းက သတိပေးချက် ထုတ်ပြန်ထားသည်။

ယခင် တယ်လီနောမှ ယခု ATOM အဖြစ်ပြောင်းလဲသွားသော ဆက်သွယ်ရေးအော်ပရေတာသိစေရန်ဟု ဆိုကာ မေလ ၂၈ ရက် နေ့စွဲဖြင့် သတိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီအလိုကျ စစ်ကောင်စီထောက်တိုင်အဖြစ်ဆောင်ရွက်နေခြင်းသည် မြန်မာပြည်သူပြည်သား များနှင့်တော်လှန်ရေးကို ပျက်ရယ်ပြုစော်ကားရာရောက်ကြောင်း၊ မှတ်ပုံမတင်သည့်အတွက် ဖုန်းလိုင်း များဖြတ်တောက်မည်ဆိုပါက တာဝါတိုင်များအား မိုင်တဲတာဝါတိုင်များကဲ့သို့ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဆင်းကတ်တန်ဖိုးက ၁,၅၀၀ ကနေ ၅,၀၀၀ ကြားရှိတယ်၊ တာဝါတိုင်ရဲ့တန်ဖိုးက သိန်း ၅,၀၀၀ နဲ့ သိန်း ၁၀,၀၀၀ ကြားရှိတယ်၊ တန်ဖိုးချင့်ချိန်ပြီး ဆက်သွယ်ရေးမပြတ်တောက်စေဖို့ တာ၀န်ယူရမယ်။ ဆက်လုပ် လာရင် နယ်ရုံးတွေနဲ့တာဝါတိုင်တွေကို ထိုက်သင့်သလိုအရေးယူမယ်”ဟု စစ်ကိုင်းခရိုင် အမှတ်(၁) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်ယက္ခကပြောသည်။

မှတ်ပုံမတင်သည့်ဖုန်းဆင်းကတ်များအား စစ်ကောင်စီ၏အမိန့်ဖြင့် အ၀င်/အထွက် ပိတ်ခြင်း၊ ဖုန်းလိုင်း များဖြတ်တောက်ခြင်းတို့ကို ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများကပြုလုပ်နေ၍ ပြည်သူလူထု အခက်အခဲဖြစ်နေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း ဖုန်းတာဝါတိုင် ၄၀၉ တိုင် မိုင်းခွဲမီးရှို့ခံခဲ့ရပြီး ထိုအထဲတွင် စစ်တပ်ပိုင် မိုင်တဲတာဝါတိုင် ၃၆၀ ပါ၀င်ကြောင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးအနက်စစ်ကိုင်းတိုင်း အတွင်း ၁၇၁ တိုင် အများဆုံးဖျက်ဆီးခံခဲ့ရကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ထားပြီး ယင်းနောက် ပိုင်းတွင် သတင်းထုတ်ပြန်ခြင်းမရှိတော့ပေ။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဆက်သွယ်ရေး
#တာဝါတိုင်
#စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း
#တယ်လီဖုန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28😁4🔥1
This media is not supported in your browser
VIEW IN TELEGRAM
တူရကီရွေးကောက်ပွဲမှာ အာဒို၈န်သမိုင်း၀◌င် အနိုင်ရပြီးနောက် အီရတ်ကာ့ဒ်တွေကြား သဘောထားကွဲလွဲ

https://www.facebook.com/reel/644399220420499/?s=single_unit

#Internationalnews #Mizzima #Reels #shorts
🔥3👏2
အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုအတွက် အထူး စိုးရိမ်ရဟု ကုလသတိပေး
========================

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုအတွက် အထူး စိုးရိမ်ရဟု ကုလသတိပေး

အရေးပေါ်အကူအညီလိုအပ်တဲ့ အဆိုးရွားဆုံး နိုင်ငံ ၉ နိုင်ငံနဲ့အတူ စားနပ်ရိက္ခာ မလုံလောက်မှု အတွက် အထူး စိုးရိမ်ရတဲ့ နိုင်ငံ ၂၂ နှစ်နိုင်ငံထဲမှာ ဆူဒန်၊ ဟေတီ၊ ဘာကီနာဖာဆို နဲ့ မာလီ၊ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယားနဲ့ မြန်မာနိုင်ငံကို ထည့်သွင်းထားပါတယ်။

အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ အဆိုးရွားဆုံး နိုင်ငံတွေနဲ့ ကမ္ဘာပေါ်က အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေရဲ့ အခြေအနေ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ် သတိပေးချက် အစီရင်ခံစာကို ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ အဖွဲ့ FAO က ထုတ်ပြန်တာပါ။

ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၂၅၀ ကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရပြီး နိုင်ငံပေါင်း ၅၈ နိုင်ငံနဲ့ ကိုယ်ပိုင်နယ်မြေတွေမှာ ပြီးခဲ့တဲ့ နှစ်အတွင်း အကူအညီလိုအပ်ခဲ့တဲ့အကြောင်း မကြာသေးခင်က ထုတ်တဲ့ FAO ရဲ့ ၂၀၂၃ ခုနှစ် ကမ္ဘာတဝှမ်း စားနပ်ရိက္ခာ အကျပ်အတည်းဆိုင်ရာ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ အခြေအနေ ပိုပြီး ဆိုးရွားလာနိုင်တဲ့အကြောင်း ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ အဖွဲ့ FAO က သတိပေးထားပါတယ်။

https://youtu.be/rWxDMT7DtR0

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢9👍4🔥2❤1