Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ညောင်ပင်ကြီး ကျေးရွာကို လေကြောင်းပါသုံးပြီး စစ်ကောင်စီ တိုက်ခိုက် မီးရှို့နေ
======================

KMN (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာ ကို စစ်ကောင်စီတပ်တွေက ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းအသုံးပြုပြီး ပစ်ခတ်ခဲ့သလို ဒီကနေ့ မနက်ပိုင်းအထိ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ညောင်ပင်ကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အသေအဆုံးများခဲ့တာကြောင့် လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ညောင်ပင်ကြီးကျေးရွာ နဲ့ ထန်းတောကြီး ကျေးရွာတွေကို ဒီကနေ့ မနက်ပိုင်းအထိ မီးရှို့နေတာကြောင့် ကျေးရွာ ခုနစ်ရွာက ဒေသခံ ၅,၀၀၀ ခန့်ဟာ အရေပေါ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ပြန်ကြားရေးတာဝန်ခံနဲ့ နယ်မြေခံ National Revolution Army တာဝန်ခံတွေက မဇ္ဈိမကို ပြောပါတယ်။

https://youtu.be/PHtQBJWvxms

စာတည်း - သန့်ဇော်(သန်လျင်)

တင်ဆက်၊တည်းဖြတ် - KMN

#Mizzima
#ဆားလင်းကြီး
#ညောင်ပင်ကြီးရဲစခန်း
#လေကြောင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬12😢3❤2😁2👎1
​​ညောင်ပင်ကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ ဟု BPDF ထုတ်ပြန်
===================

MTO
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးရဲစခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Buffalo People Defense Force ( BPDF) က ယနေ့ ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်သည်။

ညောင်ပင်ကြီး ရဲစခန်းကို ဇွန်လ ၉ ရက် ညနေပိုင်းတွင် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲတွင် G-3 လေးလက်၊ MA-1 တစ်လက်၊ 79 တစ်လက် အပါအ၀င် လက်နက်ခဲယမ်း အ‌ေမြာက်အမြား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စခန်းသိမ်းတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို အသေအချာပြုလုပ်ခဲ့ပြီးနောက် Buffalo People Defense Force ( BPDF) နှင့် စစ်ကိုင်းပူးပေါင်းတပ် (ULF ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း BPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စခန်းသိမ်းပိုက်ဖို့အတွက် အချိန် နှစ်လကျော်လောက် ပူးပေါင်းတပ်တွေနဲ့ ကြိုတင်ပြင်ဆင်ခဲ့ရပါတယ်။ စခန်းတစ်ခုလုံး ကိုယ့်လက်အောက်ရောက်နေပြီးမှ ဝေဟင်ပစ်ကူလာတာကြောင့် စခန်းကို မီးရှို့ပြီးပြန်ဆုတ်ခဲ့ပါတယ်။ စကစ(စစ်ကောင်စီတပ်ဖွဲ့)ဘက်ကတော့ ၁၀ ယောက်ကျပါတယ်။ ဒီထက်လည်း ပိုကျဆုံးနိုင်ပါ သေးတယ် ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ဝေဟင်မှပစ်ခတ်မှုကြောင့် BODF အဖွဲ့ မှ ရဲဘော်ဒိုလာ ကျဆုံးခဲ့ပြီး စစ်ကိုင်း ပူးပေါင်းတပ်ဖွဲ့ ULF မှ ရဲဘော်တစ်ဦး ပေါင်ပြတ်ဒဏ်ရာ ရရှိကာ ရဲဘော် လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း BPDF ၏ တာဝန်ရှိသူက ဆိုသည်။

“စခန်းအတွင်းမှာက ရဲနဲ့ စစ်သားပဲရှိတယ် အရှင်ဖမ်းမိပေမယ့် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

ညောင်ပင်ကြီးစခန်း တိုက်ခိုက်ခံရပြီးနောက် အထိနားသွားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်ကြီးရွာအနီးနေရာများကို ယမန်နေ့ ညပိုင်းမှစ၍ ယနေ့ နေ့လယ်ပိုင်းအချိန်ထိ မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#ရဲစခန်း
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22👏3🔥1😁1😢1
​​မင်းတပ်မြို့နယ်ရှိ လူငယ်များကို ပြည်တွင်း၊ ပြည်ပသို့ စေလွှတ်ခြင်း မပြုကြရန် မြို့နယ် ပအဖ မေတ္တာရပ်ခံ
==================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ လူငယ်၊ လူရွယ်များကို ပြည်တွင်း၊ ပြည်ပသို့ ပညာသင်ကြားရန်အတွက်ဖြစ်စေ၊ အလုပ် လုပ်ကိုင်ရန်ဖြစ်စေ စေလွှတ်ခြင်း မပြုရန်ရန် မေတ္တာရပ်ခံသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

တော်လှန်‌ရေးကာလအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) အနေဖြင့် မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူလူထု၏ အသက်၊ အိုးအိမ် နှင့် စည်းစိမ်များ ကာကွယ်စောင့်ရှောက်ရန် လူငယ်များ ပိုမိုလိုအပ်လာခြင်းကြောင့် ထိုသို့ တိုက်တွန်းထားခြင်းဖြစ်ကြောင်းသိရသည်။

“ နိုင်ငံခြားကိုအလုပ်လုပ်ဖို့ ထွက်ခွာတာတွေများနေလို့ပါ” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

အာဏာသိမ်းကာလအတွင်း ဒေသခံလူငယ်များ၊ CDM လူငယ်များအပါအဝင် အရွယ်ကောင်းလူငယ်များသည် အလုပ်အကိုင်ရှားပါးမှုကြောင့် မြို့နယ်အတွင်းမှ နိုင်ငံခြားသို့ ထွက်ခွာမှုသည် အရင်အချိန်ထက် ပိုများနေသည်ဟု မင်းတပ်မြို့နယ် ဒေသခံများက ပြောသည်။
ယခုကာလအတွင်း ကလေးသူငယ်များ၏ ပညာရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ နေရာဒေသအလိုက် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းလည်း မြို့နယ် ပကဖ ကဆိုသည်။

“CDM တွေ၊ စေတနာ့ဝန်ထမ်းတွေအတွက် ထက်၊လယ် နည်းပြသင်တန်းကို မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်တွေမှာ ဧပြီလ၊မေလအတွင်းမှာ ပြုလုပ်ပြီးစီးပါတယ်” ဟု မင်းတပ်မြို့နယ်တွင် ကြားကာလ ပညာရေးကို ဉီးဆောင်နေသူ တစ်ဦးက ပြောသည်။
ထို့အပြင် မိဘပြည်သူများအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်များကို စစ်ကောင်စီက ဖွင့်လှစ်သည့် ကျောင်းများသို့ ကျောင်းအပ်နှံခြင်းမလုပ်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမေတ္တာရပ်ခံထားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်ကလည်း "အားယူထပျံ အောက်ချင်းအားမာန်" ကမ်ပိန်းတွင် မိဘပြည်သူများအနေဖြင့် အားတက်သရော ပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#Mizzima
#မြို့နယ် ပအဖ မေတ္တာရပ်ခံ
# ပြည်ပသို့ စေလွှတ်ခြင်း မပြုရန်
#လူငယ်များ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23😁2
ဆရာတော်ကို ကားဖြင့်တိုက်ပြီး အလောင်းစွန့်ပစ်ခဲ့သည့် ကား‌မောင်းသူကိုဖမ်းမိ၊ ဘုန်းကြီးကျောင်းပိုင် ကားမောင်းသူဖြစ်နေ
😁3👍2
ဆရာတော်ကို ကားဖြင့်တိုက်ပြီး အလောင်းစွန့်ပစ်ခဲ့သည့် ကား‌မောင်းသူကိုဖမ်းမိ၊ ဘုန်းကြီးကျောင်းပိုင် ကားမောင်းသူဖြစ်နေ
====================

007
(မဇ္ဈိမ) ။ ။ ဆရာတော်တစ်ပါးကို ကားဖြင့်ဝင်တိုက်မိရာမှ ပျံလွန်တော်မူ သွားသဖြင့် ရုပ်အလောင်းအား လမ်းဘေးစွန့်ပစ်ခဲ့သည့် ကားသမားကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ၏ မန္တလေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်

အဆိုပါ ကားသမားကို ဇွန်လ ၈ ရက်နေ့က ဘုန်းကြီးကျောင်းတိုက်တစ်ခုအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“တိုက်သွားတဲ့ကားက မျိုးချစ်ကျောင်းတိုက်ကကား၊ ကျောင်းတိုက်ပိုင်ကားပေါ့။ ကားသမားက အဲဒီကျောင်းမှာနေပြီး ဘုန်းကြီးကားမောင်းပေးရတဲ့ လူငယ်လေး တစ်ယောက်ပါ

ပျံလွန်တော်မူသွားတဲ့ဘုန်းကြီးမိသားစုက တည်နေရာပြောပြလို့ သွားဖမ်းပြီး အခုအမှုဖွင့် စစ်ဆေးနေတယ်” ဟု မန္တလေးရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

ကားတိုက်ခံရပြီး ပျံလွန်တော်မူသွားသော ဆရာတော်သည် အောင်မြေ သာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ ရွှေတောင်ကြားကျောင်းတိုက်မှဖြစ်ကြောင်း သိရသည်။

ဆရာတော်အား ဝင်တိုက်သွားသော ကားနှင့် ဒရိုင်ဘာသည် ၎င်းဘုန်းကြီး သီတင်းသုံး နေထိုင်ရာ ရွှေတောင်ကြားကျောင်းတိုက်အနီးရှိ မျိုးချစ်ကျောင်း တိုက်တွင် ယာဉ်မောင်းနေသော အသက် ၂၄ နှစ်အရွယ် ကိုနေမျိုးသူ ဖြစ်သည်။

“ကားတိုက်မှုဖြစ်တဲ့နေ့က အင်တာနက်ပေါ် ကားနံပါတ်တင်ပြီးစုံစမ်းတာကနေ အဲဒီကျောင်းကဆိုတာ သိသွားတယ်။ ဈာပနကိစ္စရှိနေတော့ ဈာပနကိစ္စပြီးတဲ့ နေ့ကျမှပဲ ဘုန်းကြီးရဲ့မိသားစုက ရဲစခန်း(ယာဉ်ထိန်းရဲ)အကြောင်းကြားခဲ့တာ၊ အခု ၃၀၄(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်” ဟု ဘုန်းကြီး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကားသမားကိုနေမျိုးသူကို အောင်မြေသာစံမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းတွင် ပေါ့လျော့ခြင်းဖြင့်သေစေမှုဖြစ်သော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က) ဖြင့်အမှုဖွင့်ထားကြောင်း မန္တလေးရဲတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ကားတိုက်မှုဖြစ်ပွားစဉ်အတွင်း ကားပေါ်အတူပါလာသူ သုံးဦးကိုလည်း စစ်ဆေးနေကြောင်း ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
မန္တလေးမြို့တွင် ဇွန်လ ၆ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်က၊ မန္တလေးတောင်ခြေအနောက်ဘက်၊ ရွှေမန်းတောင်ဂေါက်ကွင်းအနီးတွင် သက်တော် (၉၃) နှစ်၊ ဝါတော် ၂၁ ဝါရှိ ဆရာတော် ဘဒ္ဒန္တဦးသြဘာသ ကားတိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ဆရာတော်သည် ၎င်းသီတင်းသုံးနေထိုင်ရာ ရွှေတောင်ကြားကျောင်းတိုက်မှ ဒုလ္လဘရဟန်းတစ်ပါးနှင့်အတူ အရုဏ်ဆွမ်းအတွက် ထွက်လာစဉ် ကားသမားအပါအဝင် လူ လေးဦးလိုက်ပါလာသော အဖြူရောင် Light Truck ကား (ယာဉ်နံပါတ် MDY 8B-4277) က ဆရာတော်အားဝင်တိုက်မိခဲ့သည်။

ထို့နောက် ဆေးခန်းပို့ပေးမည်ဟုဆိုကာ ကားပေါ်တင်ဆောင်သွားပြီးနောက် အလောင်းအား အခင်းဖြစ်နေရာအနီးရှိ သစ်ပင်တစ်ပင်အောက်တွင် သွားရောက် စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။

ပျံလွန်တော်မူသွားသည့် ဘုန်းကြီး၏ ဈာပနကိုအခမ်းအနားကို ကျန်ရစ်သူမိသားစုမျာားက အေးရိမ်ငြိမ်သုဿန်တွင် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

#ဆရာတော်ကိုကားနဲ့တိုက်
#မန္တလေး
#မျိုးချစ်ကျောင်း
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😢6😁3❤2
Cele City - Episode 22
==========

ဒီအပတ်မှာဆိုရင်

👉အသက် ၂၂ နှစ်အရွယ် မော်ဒယ်မလေးနဲ့ တွဲနေတဲ့ မင်းသားလီယိုနာဒို ဒီကာပရီယို
👉၅ ခုမြောက်စတူဒီယိုအယ်လ်ဘမ်ထွက်ရှိလာတော့မဲ့ အဆိုတော် Nicki Minaj
👉ပရိသတ်တွေအင်အားသင့်ခဲ့ရတဲ့ “THE IDOL" Series မှ JENNIE ရဲ့သရုပ်ဆောင်မှု

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။


https://youtu.be/zpsfaAlpAMI

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥2👌1
​​မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်၍မရဟု ကိုမြအေးပြော
=====================

(မဇ္ဈိမ)
။ ။ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်၍မရကြောင်း ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထု အများစုကြီးက ယုံကြည်ထောက်ခံထားတယ်ဆိုတာကိုတော့ မျက်ကွယ်ပြုလို့ မရဘူး။ ပြည်သူလူထုရဲ့ဆန္ဒကိုတော့ လေးစားရလိမ့်မယ်။ ဒါကြောင့် ကိုယ်ကြိုက်တာ မကြိုက်တာ၊ သဘောတူတာ မတူတာက တစ်ပိုင်းဘဲ။ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့စဉ်းစားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုချန်လှပ်စဉ်းစားလို့ မရနိုင်ပါဘူး၊ ဒါပါဘဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ပါစေ" ဟု ကိုမြအေးက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

နိုင်ငံရေးသမားတစ်ယောက် ဆက်လက်တည်ရှိခြင်း၊ မရှိခြင်းမှာ ထောက်ခံအားပေးသူများနှင့် ကာယကံရှင်၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်ကြောင်း ကိုမြအေးက ဆိုသည်။

"လုပ်ရပ်မှန်ရင် တက်မယ်၊ မှားရင် ကျမယ်၊ ဒါပဲ။ သိပ်ကိုရိုးရှင်းတယ်။ ဝေဖန်ခွင့်ရှိတယ်။ အပုတ်ချခွင့်တော့ ကျင့်ဝတ်အရ မသင့်ဘူး။ နည်းလမ်းပေါင်းစုံသုံးပြီးဆွဲချလည်း လူထုထောက်ခံမှုရှိသရွေ့ သူကျမှာမဟုတ်ဘူး။သဘောမတူညီမှုတွေကို နိုင်ငံရေးအရ ဝေဖန်ထောက်ပြခွင့် ရှိတယ်။ပြန်လှန်ငြင်းပယ်ခွင့်လည်း ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သဘောထားကွဲပြားတာတွေ များစွာရှိနိုင်တယ်။ဒါ ပြဿနာမဟုတ်ဘူး" ဟု ကိုမြအေးက ရေးသားထားသည်။

သန်လျင်သဘာ၀တရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ နာယက ဦးတင်ဦးအား ဇွန်လ ၈ ရက် နေ့လယ် ၂ နာရီခန့်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ရွှေတောင်ကြားရပ်ကွက် ၊ ဗောဓိရိပ်သာလမ်း နေအိမ်၌ သွားရောက်တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးမှစွန့်လွှတ်၍ လက်ရှိမြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ငြိမ်းချမ်းရန် ငြိမ်းချမ်းရေးတွင် ဦးဆောင်သင့်ကြောင်း ပြောဆိုခဲ့သည်။

ဆရာတော်အရှင်ဥတ္တမသာရသည် ဦးတင်ဦးအား သွားရောက်တွေ့ဆုံပြီး နောက်တစ်နေ့ ဇွန်လ ၉ ရက်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်တို့နှင့် တွေ့ဆုံခဲ့သည်။

သဘာဝတရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရသည် ၂၀၀၂ ခုနှစ် အောက်တိုဘာ ၂၁ရက်က ရန်ကုန်မြို့ ၊ သိမ်ဖြူလမ်း ၊ ဒေဝသာဂရ ရဟန္တာ သိမ်ဖြူတော်တွင် ရဟန်းဘဝခံယူခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် ၄၅ လမ်း သဘာဝတရားရိပ်သာ၊၂၀၀၈ ခုနှစ်တွင် ဘုရားကုန်း သန်လျင်သဘာဝတရားရိပ်သာ တို့ကို တည်ထောင်ခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
#‌နိုင်ငံရေး
#သန်လျင်သဘာဝတရားရိပ်သာ
#ဒေါ်အောင်ဆန်းစုကြည်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24😁2
​​စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်းလိုက်သော်လည်း ကင်းပုန်းဝပ် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေ
====================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ဆေးရေး ဂိတ်များကိုဖြုတ်သိမ်းခဲ့သော်လည်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့များရှိနေသေးကြောင်း မြို့နယ်အသီးသီးရှိ တော်လှန်ရေး အင်အားစုများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့များက ၎င်းတို့အထိုင်ချစစ်ဆေးသည့် စစ်ဆေးရေးဂိတ်များကို ဖြုတ်သိမ်းလိုက်ခြင်းဖြစ်သည်။

ထိုသို့ဖြုတ်သိမ်းပြီးနောက် အဆိုပါဂိတ်များ၏ အနီးဝန်းကျင်နေရာများတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့များ ရှိလာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

"ဖြုတ်သိမ်းသွားတဲ့ ဂိတ်တွေရဲ့ တစ်ဖာလုံလောက်အကွာမှာ စစ်သားတွေကင်းပုန်းဝပ်နေကြတယ်။ မြို့နယ်တိုင်း၊ မြို့တိုင်းမှာ အဲ့ဒီလိုဖြစ်နေတာပါ။ ဂိတ်တွေဖြုတ်သိမ်းတယ်လို့ အယောင်ပြပြီး ထောင်ချောက်ဆင် ဖမ်းဆီးတာတွေလုပ်မယ်လို့ ယူဆရတယ်။ အကုန်လုံး သတိထားဖို့လိုတယ်"ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချစစ်ဆေးသည့် ယာယီဂိတ်များအား အပြီးဖြုတ်သိမ်းလိုက်ပြီး စစ်အာဏာမသိမ်းမီအချိန်ကတည်းက ရှိနေသည့် စစ်ဆေးရေးဂိတ်များတွင်မူ ရဲတပ်ဖွဲ့ဝင်များနှင့် လမ်းကြေးကောက်သူများ ရှိနေသေးကြောင်း ဆက်လက်ပြောသည်။

"မြို့နယ်အများစုမှာတော့ ဂိတ်တွေအကုန်ဖြုတ်ပြီး စစ်သားလည်းမရှိ၊ ရဲလည်းမရှိတော့ဘူး။ မြို့နယ်အနည်းစုလောက်က ဂိတ်တွေမှာပဲ ရဲတွေရှိတော့တယ်။ ပုသိမ်မြို့အဝင်ဂိတ်မှာဆိုရင် အရင်တုန်းက စစ်သားတွေစစ်တာ၊ အခုဆို ရဲလောက်ပဲ စစ်တော့တယ်"ဟု လွှတ်တော်ကိုယ်စားလှယ်ကပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့များ၏ ဂိတ်များဖြုတ်သိမ်းနေမှုနှင့်ပတ်သတ်၍ ၎င်းတို့အနေဖြင့် သတိထားစောင့်ကြည့်နေကြောင်း ဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ပုသိမ်နဲ့ ငပုတောကလွဲပြီး ကျန်တဲ့မြို့နယ်တွေမှာ ဂိတ်တွေ
မရှိသလောက်ဖြစ်သွားပြီ၊ ကင်းပုန်းဝပ်တာတွေတော့ အများကြီးရှိတယ်"ဟု ၎င်းကဆိုသည်။

ထိုသို့ စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်းနေသော်လည်း ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ လှည့်ကင်းများရှိနေသေးကြောင်း မြို့နယ်အသီးသီးရှိ ဒေသခံများက ပြောသည်။

လက်ရှိတွင် ဟင်္သာတခရိုင်နှင့် ငပုတောမြို့နယ်အတွင်း တောစပ်များ၌ စစ်ကောင်စီတပ်ဖွဲ့များ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေကြသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ဆေးရေးဂိတ်
#ဧရာဝတီတိုင်း
#မြို့နယ်များ
#ဟင်္သာတခရိုင်
ဓာတ်ပုံ - ပုသိမ်-ချောင်းသာ ကားလမ်းဘေးတစ်နေရာမှ စစ်ကောင်စီတပ်ဖွဲ့(ပုံအဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁12👍7👎1
Media is too big
VIEW IN TELEGRAM
Happiest Moment ကို ထုတ်ဖော်လိုက်ကြတဲ့ YA YA နဲ့ Nadech

Full Video Link - https://youtu.be/zpsfaAlpAMI

#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts
👍2🥰1😁1🤮1
​​ရိုဟင်ဂျာများအား ပြန်ပို့မည့် အစမ်းစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်က ရပ်ဆိုင်းသင့်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြော
======================

အသက်အိုးအိမ်နှင့် လွတ်လပ်ခွင့်အတွက် ဆိုးဆိုးဝါးဝါး ဘေးအန္တရာယ်များ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံဆီ ရိုဟင်ဂျာများအား ပြန်ပို့မည့် အစမ်းစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်အနေဖြင့် ချက်ချင်း ရပ်တန့်သင့်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောသည်။

မြန်မာနိုင်ငံဆီ မဖြစ်မနေ ပြန်ကြရန် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက လှည့်ဖျားခြင်း၊ အကျပ်ကိုင်ခြင်းများ ရှိနေသည်ဆိုသည့် သတင်းများလည်း ကြားသိနေရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးက ပြောသည်။

“မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ အမျိုးမျိုးပဲ၊ ဒါပေမဲ့ ရိုဟင်ဂျာတွေအနေနဲ့ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ဆန္ဒအလျောက် ပြန်တာမျိုးပဲ ဖြစ်ရမယ်”ဟု အင်ဒရူးက ပြောသည်။ “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုတာဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံး တိုက်ခိုက်ဖို့ တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးခဲ့သူပါ၊ အဲဒီလို လူက အရပ်သား ပြည်သူတွေကို တိုက်ခိုက်နေတဲ့ လူမဆန်တဲ့ စစ်ကောင်စီကို အခုလက်ရှိမှာ ဦးဆောင်နေတာပါ၊ ရိုဟင်ဂျာတွေကိုလည်း နိုင်ငံသားဖြစ်ခွင့်နဲ့ အခြား အခြေခံ အခွင့်အလမ်းတွေ ငြင်းပယ်ထားတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
👍13😁2❤1🔥1
မတ္တရာမြို့နယ်တွင် အစွန်းရောက်တို့ သွားရာလမ်း စာသားပါ အနီရောင်ကတ်ပြား ချိတ်ဆွဲထားသည့် ပိုင်ရှင်မဲ့အလောင်းတွေ့
❤7😁1
မတ္တရာမြို့နယ်တွင် အစွန်းရောက်တို့ သွားရာလမ်း စာသားပါ အနီရောင်ကတ်ပြား ချိတ်ဆွဲထားသည့် ပိုင်ရှင်မဲ့အလောင်းတွေ့
=================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၉ ရက် နံနက် ၈ နာရီခန့်က အစွန်းရောက်တို့ သွားရာလမ်း စာသားပါ အနီရောင်ကတ်ပြား ချိတ်ဆွဲခံထားရသည့် ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ပြုန်းကျေးရွာနှင့် သလွန်ဖြူကျေးရွာကြား မန္တလေး-မတ္တရာ မီးရထားလမ်းဘေးတွင် အသက် ၆၀ အရွယ်ခန့်ရှိ ထိုပိုင်ရှင်မဲ့အလောင်းကို တွေ့ရှိရခြင်းဖြစ်သည်။

"သလွန်ဖြူ(ကျေးရွာ)အရှေ့ဘက်ရထားလမ်းဘေးမှာ အလောင်းတွေ့တာ အလောင်းမှာ လည်ဆွဲကတ်ပါတယ်။ အနားကပ်လို့မရတော့ အသေအချာတော့မသိခဲ့ရဘူး။ အလောင်းတွေ့တာက ဘိုကုန်း(ကျေးရွာ)အုပ်ကြီး အသတ်ခံရပြီး နာရီပိုင်းလောက်ပဲခြားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ စစ်အုပ်စု၏ ဝါဒဖြန့်လော်ဘီချန်နယ်များတွင် သေနတ်ဖြင့် နားထင်တေ့ပစ်ခံရသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၊ မျက်လုံးကို လုံချည်ဖြင့် စည်းကာ ပါးစပ်ကို အင်္ကျီဖြင့်ပိတ်ထားပြီး လည်ပင်း၌ အစွန်းရောက်တို့ သွားရာလမ်း အနီရောင်စာသားပါ ကတ်ပြားနှင့် ချိန်ခွင်တံဆိပ်ပါ လည်ဆွဲချိတ်ဆွဲလျက် လမ်းဘေးစွန့်ပစ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းနေ့နံနက် ၇ နာရီခန့်က မတ္တရာမြို့နယ် ၊ လမိုင်းကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုး၀င်း(အသက် ၆၁ နှစ်)ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

"အုပ်ကြီးအသတ်ခံရပြီး နာရီပိုင်းလေးပဲ ခြားတယ်။ နောက်တစ်ခုက အုပ်ကြီးအသတ်ခံရတဲဲ့ သတင်းနဲ့ ရှေ့ဆင့် နောက်ဆင့် ဆိုသလိုပဲ။ စစ်တပ်လော်ဘီတွေက ဒီသတင်းတင်တာ သတိထားမိတယ်၊၊ သူတို့လူအသတ်ခံရလို့ ပြည်သူထဲကတစ်ယောက်ကို သတ်ပြလိုက်တဲ့ သဘောမျိုး ခြိမ်းခြောက်လိုက်တာလို့ပဲ သုံးသပ်မိတယ်" ဟု ဒေသတွင်း ဖြစ်ပေါ်သတင်းများ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

အလားတူ မန္တလေး အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀ နှင့် ၈ လမ်းထောင့်ရှ်ိ လက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီခန့် ရာအိမ်မှူးနှစ်ဦး ပစ်သတ်ခံရပြီးနောက် ရက်အနည်းငယ်အကြာတွင် ထိုဆိုင်အနီး သွေးသောက်အဖွဲ့ အနီရောင်ကတ်ပြား ချိတ်ဆွဲထားသော အမျိုးသားအလောင်းနှစ်လောင်းကို စစ်ကောင်စီက စွန့်ပစ်ထားခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အနီရောင်ကတ်ပြား
#ပိုင်ရှင်မဲ့အလောင်း
# တောင်ပြုန်းကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤1👏1😁1🤬1
Two Years After Coup (Episode-2)
===============

ဒီအပိုင်းမှာတော့ ရန်ကုန်ဘဝ၊ ရန်ကုန်ညများအကြောင်း ခံစားရမှာဖြစ်ပါတယ်။

https://youtu.be/5rIjiAktT2g
 
#two_years_after_coup #episode2 #ရုန်းကန်သံ #SOSMYANMAR
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2
ဂျုံကြာဇံသုတ် နဲ့ ဝက်နံရိုးမုန့်ညှင်းချဉ်စွပ်ပြုတ် | Chef Eve's Easy Thai Cooking Show | Ep - 18
====================

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့

ဂျုံကြာဇံသုတ် နဲ့ ဝက်နံရိုးမုန့်ညှင်းချဉ်စွပ်ပြုတ် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + HD Channel ကနေ ကြည့်ရှုနိုင်ပါပြီ။

တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/I4alurbVAGs

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤4👍1😁1🤮1
​​ရုရှား သမ္မတ ပူတင် သေဆုံးခြင်း သို့မဟုတ် ရာထူးမှဖြုတ်ချခံရခြင်း ဖြစ်ပါက အရန်အစီအစဉ်တစ်ခု လုပ်ဆောင်ရန် တရုတ်က ပြင်ဆင်နေ 
=======================

ရုရှား သမ္မတ ပူတင် သေဆုံးခြင်း သို့မဟုတ် ရာထူးမှဖြုတ်ချခံရခြင်း ဖြစ်ပါက အရန်အစီအစဉ်တစ်ခု လုပ်ဆောင်ရန် တရုတ်က ပြင်ဆင်နေ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁26👍4❤1🔥1👏1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ ဇွန် ၂၀၂၃) 
=========================

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံကို မတရားလုယူထားသော်လည်း ကိုယ်ပိုင်အုပ်ချုပ်နိုင်သည့် အရည်အချင်းမရှိဘဲ တစ်ရွာထုတ်ကုန်တစ်မျိုးတို့ကဲ့သို့ ယခင်စစ်အစိုးရ၏ နိုင်ငံရေး စီးပွားရေးတို့တွင် မအောင်မြင်ခဲ့သည့် နည်းလမ်းများကိုလည်းပြန်လည်း အသုံးပြုနေသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁5
ခင်ဦးမြို့နယ် ရေအေးကုန်းရွာ ပြည်သူပိုင်နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
🤬7😁4👍2🔥1