Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇွန်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ် | VOA On Mizzima)
======================

ဓာတ်ပုံတွေ လှလှ ရိုက်နိုင်မယ့် ဆွီဒင်က Youseum ဆယ်လ်ဖီပြတိုက်ကို သွားတဲ့ ကမ္ဘာတလွှား ခရီးသွား အစီအစဥ်၊ မက္ကာအိုကျွန်းမှာ ကိုဗစ်အလွန် ကာဆီနိုလုပ်ငန်းကရတဲ့ ဝင်ငွေက အဆပေါင်းများစွာ တိုးလာနေ၊ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ ပါကစ္စတန်မှာ ငွေကြေးဖေါင်းပွမှုက ကြောက်စရာ ကောင်းလောက်အောင် မြင့်တက်၊ စသည် အာရှစီးပွားရေးသတင်းများ၊ သတင်းမှားတွေ၊ သတင်းတုတွေကို ရည်ညွှန်းတဲ့ အင်္ဂလိပ်စာလုံးတွေအကြောင်း သတင်းထဲက အင်္ဂလိပ်စာတို့ကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁၂ ရက်၊ တနင်္လာမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/UhQl2_mKP0o

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤2🔥2😁1
ဇွန်လ (၁၂) ရက်၊ တနင်္လာနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ကျောက်တံတားမြို့နယ်က အခွန်ရုံးဖောက်ခွဲမှုပြုလုပ်သူ ၅ဦးကို စစ်ကောင်စီဖမ်းဆီးလိုက်တဲ့သတင်းနဲ့အတူ

မန္တလေးမှာ စစ်ကောင်စီ နေရာနှစ်ခု ဗုံးပစ်ခံရတဲ့အကြောင်း အပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Vox Pop အစီအစဉ်ကိုတင်ဆက်သွားမှာပါ။

ဒီတစ်ပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ စွန့်ခွာဖို့ ပြောဆိုမှုအပေါ် အသံနဲ့ အမြင်တွေကိုတင်ဆက်ပေးထားပါတယ်။

https://youtu.be/CXPVert3Vn4

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14😁2
This media is not supported in your browser
VIEW IN TELEGRAM
ပုံလှလှရိုက်နိုင်မယ့် ဆွီဒင်က Youseum “ကမ္ဘာတလွှား ခရီးသွား” | VOA on Mizzima

Watch more detail - https://youtu.be/g5sEYjrricA

#VOA #Sweden #Youseum #Mizzima #shorts #reels
👍3😁2🔥1
​​Bitcoinသည်မြန်မာနိုင်ငံတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအတွက် အသက်သွေးကြောတစ်ခုဖြစ်လာခြင်း
===================

(Bitcoin Magazine တွင် ဖော်ပြထားသော "Bitcoin is becoming a lifeline for political dissidents in Myanmar" ကို ဆီလျှော်အောင် ဘာသာပြန်သည်။)

2024 ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှု များ စတင်ချိန်တွင် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ Robert F. Kennedy Jr. သည် ၎င်း၏ Bitcoin အပေါ်အားပေးထောက်ခံမှုကို ဖော်ပြရန် Twitter သို့ ရောက်ရှိလာသည်။ “Bitcoin က တစ်ကမ္ဘာလုံးက လူထုလှုပ်ရှားမှုတွေရဲ့ အဓိက ကယ်တင်ရှင်ပါ အထူးသဖြင့် မြန်မာမှာပါ " ဟု ၄င်း၏ တွစ်တာ” တစ်ခုတွင် ရေးသားဖော်ပြထားသည်။

အနောက်နိုင်ငံများတွင် Burma ဟု လူသိများသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင်တည်ရှိပြီးတရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနှင့်ဘင်္ဂလားဒေ့ရ်ှတို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည်။ မြန်မာသည် ရင်သပ်ရှုမောဖွယ်ရာ သဘာဝအလှတရားများတည် ရှိ ပြီး သဘာဝကမ်းခြေများ၊ ကျယ်ပြန့်သောသစ်တောများနှင့် ဗုဒ္ဓဘာသာ ဆိုင်ရာ ယဉ်ကျေးမှုများ ကြွယ်ဝ ထွန်းကားသော နိုင်ငံတစ်ခုဖြစ်ပါတယ်။ ယခုကဲ့သို့ လှပဆွဲဆောင်မှု များရှိနေသော်လည်း၁၉၄၅ခုနှစ်တွင်လွတ်လပ်ရေးရရှိခဲ့ပြီးကတည်းကအနှစ်၇၀ဆက်လက်ဖြစ်ပွါးနေသော ကမ္ဘာ့အရှည်ဆုံးပြည်တွင်းစစ် က မြန်မာနိုင်ငံအား ညှင်းပန်းနှိပ်ဆက်ခဲ့ပါတယ်။

တိုင်းပြည်သည်၎င်း၏သမိုင်းတစ်လျှောက်စစ်တပ်အာဏာသိမ်းမှုများစွာကြုံတွေ့ခဲ့ရပြီး နိုင်ငံရေးမတည်ငြိမ်မှုနှင့်စီးပွါးရေးမငြိမ်မသက်မှုများမကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့အပြင်အစိုးရအနေဖြင့် ပြည်တွင်းသုံးငွေကြေးများကို တရားဝင်ငွေ အဖြစ်မှ ရပ်စဲခြင်းကဲ့သို့သောအဖြစ်အပျက် သမိုင်း များ ရှိခဲ့ပြီးဘဏ်လုပ်ငန်းအကျပ်အတည်းများမကြာခဏ ဖြစ်ပွါးလေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ၏အထင်ရှားဆုံး မှတ်မှတ်ရရရှိတဲ့ ဖြစ်ရပ်တစ်ခုကတော့ ၁၉၈၇ ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီးသမိုင်းဝင် "၈၈၈၈ လူထုအုံကြွမှု" သို့ ဦး တည်စေခဲ့ပါတယ်။ ၁၉၈၇၊ စက်တင်ဘာ ၅ ရက်နေ့ တွင်စစ်တပ်အာဏာရှင် နေဝင်း ကမြန်မာနိုင်ငံ၏ ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန်များကို ကြိုတင်အသိပေးအစားထိုးပေးခြင်းမရှိဘဲ တရားဝင် ငွေကြေးမှ ရပ်ဆိုင်းလိုက်ကြောင်းကြေငြာခဲ့ပါတယ် ။ ထိုအချိန်တွင် ဖျက်သိမ်းခံရသောငွေကြေးများ ဟာ ထို အချိန် က နိုင်ငံ့စီးပွါးရေး လည်ပတ်မှုရဲ့ ၈၀% လောက်ရှိပါတယ်။ ယခင် ၁၉၆၄ နှင့် ၁၉၈၅ များတွင်ငွေစက္ကူအချို့ဖျက်သိမ်းမှုများ ရှိခဲ့သော်လည်း ပြည်သူများအားလျော်ကြေးပေးခဲ့ပေမယ့် ၁၉၈၇ ခုနှစ် အဖြစ်အပျက် ကတော့ မြန်မာပြည်သူများအတွက်မမျှော်လင့်ဘဲအကြီးအကျယ် ဒုက္ခရောက် ပျက်စီးစေခဲ့ပါတယ်။
👍28🤮2😁1
ပုံလှလှရိုက်နိုင်မယ့် ဆွီဒင်က Youseum “ကမ္ဘာတလွှား ခရီးသွား” | VOA on Mizzima
========================

လူမှုကွန်ရက်ပေါ်မှာ လူအများစိတ်ဝင်စားမှုရအောင် ဖမ်းစားနိုင်တဲ့ဓါတ်ပုံ၊ ဗီဒီယို ရိုက်နိုင်အောင် သီးသန့်လုပ်ပေးထားတဲ့ ပြတိုက်တခု ဆွီဒင်နိုင်ငံမှာ ရှိပါတယ်။ စွဲဆောင်မှုရှိတဲ့နောက်ခံတွေ အရောင်တွေနဲ့ ပြခန်းတိုင်းကို Youseum က ဖန်တီးထားတာပါ။ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်မှာ မစုမြတ်မွန် တင်ဆက်ထားပါတယ်။

https://youtu.be/76juDy2wOx0

#VOA
#MizzimaTv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁2🔥1
ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းရဲ့ ကာလရှည်ကြာမျှော်လင့်ထားတဲ့ ထိုးစစ်ကျရှုံးနေပြီဖြစ်ကြောင်း ပူတင်ပြော

https://www.facebook.com/reel/1588864634857289

#InternationalNews #Mizzima #Ukraine #Putin #Reels #shorts
😁18👍4❤3🤮3
ပါကစ္စတန် ငွေကြေးဖောင်းပွဲနှုန်း ကြောက်စရာမြင့်တက် “အာရှစီးပွားရေး” | VOA on Mizzima
==========================

ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ လောင်းကစားဒေသဖြစ်ရဲ့ မက္ကာအိုကျွန်းမှာ ကိုဗစ်အလွန် ကာဆီနိုလုပ်ငန်းကရတဲ့ ဝင်ငွေက အရင်နှစ်ကထက်စာရင် အဆပေါင်းများစွာ တိုးလာနေ၊ နိုင်ငံရေး စီးပွားရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ ပါကစ္စတန်နိုင်ငံမှာတော့ ငွေကြေးဖေါင်းပွမှုက ကြောက်စရာ ကောင်းလောက်အောင် မြင့်တက်၊ ဆိုတာတွေကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

https://youtu.be/81-yE0_5Uzk

#voa
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥2❤1👏1
This media is not supported in your browser
VIEW IN TELEGRAM
ထိုးစစ်ရဲ့ပထမဆုံးအဖြစ် အရှေ့တောင်ပိုင်းရှိ ရွာတစ်ရွာကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း ယူကရိန်းကြေညာ

https://www.facebook.com/reel/949781029475440

#InternationalNews #Mizzima #Ukraine #Reels #shots
👍20❤4😁3
ဇွန်လ (၁၂)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=========================

- ယူကရိန်နှင့် မြန်မာနိုင်ငံသည် ကျန်းမာရေး အဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်ခံရမှု အဆိုးဆုံး နိုင်ငံများအဖြစ် ရပ်တည်နေတဲ့သတင်း

- တော်လှန်အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို မြင်တွေ့ရဖို့ Artists' Shelter ကိုစတင်မိတ်ဆက်လိုက်တဲ့ သတင်း

- ခင်ဦးနယ်မှာ စစ်ကောင်စီတပ်က ၁၀ ရက် အတွင်း ရွာ ၄ ရွာက အိမ်ခြေ ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးတဲ့သတင်း နဲ့

- အီကွေတာဂီနီသမ္မတနိုင်ငံမှာ အီဘိုလာမျိုးကွဲဗိုင်းရပ်ပျံ့နှံ့မှု အဆုံးသတ်ပြီဖြစ်ကြောင်း WHO ကြေညာတဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/1G-xiCy31Oc

#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤3😁2
This media is not supported in your browser
VIEW IN TELEGRAM
ပင်လယ်ဓားပြတွေလက်မှ တူရကီကုန်တင်သင်္ဘောကို အီတလီအထူးတပ်ဖွဲ့တွေကယ်တင်

https://www.facebook.com/reel/558407559705320

#InternationalNews #Mizzima #Reels #shorts
👍8🔥4
Media is too big
VIEW IN TELEGRAM
ပါကစ္စတန် ငွေကြေးဖောင်းပွဲနှုန်း ကြောက်စရာမြင့်တက် “အာရှစီးပွားရေး” | VOA on Mizzima

Watch more detail - https://youtu.be/g5sEYjrricA

#VOA #Pakistan #AsiaBusiness #Mizzima #shorts #reels
👍3🔥3
​​ကြက်ဥ၊ ဘဲဥများအား ဈေးတင်ရောင်းချနေမှုကို စိစစ်ရန် စစ်ခေါင်းဆောင် ညွှန်ကြား
========================

001
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်းအတွင်း ကြက်ဥ၊ ဘဲဥများအား ကျသင့်သည့်အဖိုးခထက် ဈေးတင်ရောင်းချနေမှု များတွေ့ရှိရသည်ဟုဆိုကာ ယင်းအပေါ်စိစစ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားလိုက်သည်။

ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်ချောင်းကြားရှိ သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်သို့ သွားရောက်ရာတွင် စစ်ခေါင်းဆောင်က ထိုသို့ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့သို့ ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမှ ကြက်ဥများ၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ဘဲဥ များကို များစွာတင်ပို့ရောင်းချနေပြီး ထိုသို့ရောင်းချရာတွင် ကျသင့်နိုင်သည့် သယ်ယူပို့ဆောင်ခများထက် ပိုမိုဈေးတင်ရောင်းချထားသည်ကို တွေ့ရှိရကြောင်း ၎င်းကဆိုသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်မခံရစေရန် ဒေသအတွင်းရှိ ကုန်ထုတ်လုပ်စွမ်းအားဖြင့် ဆောင်ရွက်ကြရန်နှင့် ပြင်ပမှတင်သွင်းမှုများကို သက်သာသောဈေးနှုန်းများဖြင့်ရရှိရန် ဆောင်ရွက်ကြရမည်ဟု ဆိုသည်။

“အဓိကအားဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်မခံရစေရေး၊ ဒေသတွင်း ရှိ ကုန်ထုတ်လုပ်စွမ်းအားဖြင့် ဆောင်ရွက်ကြရန်လိုအပ်သည် ” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ရန်ကုန်မြို့၏ နေ့စဉ်စားရေးလိုအပ်ချက်ကို ရန်ကုန်တိုင်းအတွင်းမှာပင် ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါ က မြို့နေပြည်သူများအနေဖြင့် အသား၊ ငါးများကို ဈေးနှုန်းသက်သာစွာ ဝယ်စားနိုင်မည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမူ ရန်ကုန်မြို့သည် ကုန်သွယ်မှုလုပ်နေသော စီးပွားရေးမြို့တော်တစ်ခု ဖြစ်သည့်အတွက် မွေးမြူရေးနှင့်စိုက်ပျိုးရေးထုတ်ကုန်ကို ဒေသတွင်းမှ လုံလောက်စွာထုတ်လုပ်နိုင်ရန် မဖြစ်နိုင်သေးကြောင်း သုံးသပ်သည်။

“တိုင်းတတိုင်းစီက ဆန်စိုက်ရမယ်၊ လုံလောက်စွာလုပ်ရမယ်ဆိုတာက အရင် မဆလတို့ နဝတတို့ခေတ် ကလည်းလုပ်ခဲ့တာပဲလေ ဖြစ်မှမဖြစ်တာ။ သူရဲ့ စီးပွားရေးအရဆိုရင် သူ့တိုင်းရဲ့ အားသာချက်အပေါ်မှာပဲ မူတည်ပြီး ရန်ကုန်တို့ဘာတို့ဆိုတာ စီးပွားရေးမြို့တော်လေ၊ အဓိကက ကုန်သွယ်မှုလုပ်တဲ့ဟာတွေပေါ့၊ ဘယ်လိုမှကို မလုံလောက်နိုင်ပါဘူး၊ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မွေးမြူရေးတို့၊ စိုက်ပျိုးရေးတို့ဆိုတာ ဧရာဝတီတို့ ဘာတို့နဲယှဉ်ရင် ဘာမှမဟုတ်တာ၊ သွင်းရဦးမှာပဲ” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ပြော သည်။

အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ ဒီဇယ်၊ ဓာတ်မြေဩဇာစသည့်သွင်းအားစုများ ဈေး နှုန်းမြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်များနှင့် စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် လာဘ်ငွေ ပေးဆောင်နေရခြင်းတို့ကြောင့် ကုန်ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သော ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကမူ ပြည်တွင်း ကုန်ဈေးနှုန်း မြင့်တက်မှုများကြောင့် ပြည်သူများအနေဖြင့် စားသောက်ကုန်များကို ယခင်ကထက် ပမာဏလျှော့ချပြီး ဝယ်ယူလာကြကြောင်း မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် ကြက်ဥတလုံးပင်လျှင် ကျပ် ၃၀၀ အထိ ဈေး နှုန်းမြင့်တက်နေကြောင်း သိရသည်။

စစ်တပ်က အာဏသိမ်းပြီးနောက် ဒေသတွင်းပဋိပက္ခများ ပိုမိုပြင်းထန်လာမှုနှင့်အတူ မြန်မာ့စီးပွားရေး သည်လည်း ကသောင်းကနင်းဖြစ်နေပြီး ၂၀၂၂ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှုမှာ သုံးရာခိုင်နှုန်း သာရှိပြီး ၂၀၂၃ ခုနှစ်တွင်လည်း ထို့ထက်တိုးတက်လာနိုင်ဖွယ်မရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထား သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ကြက်ဥ၊ဘဲဥဈေးတက်
#မြန်မာ့စီးပွားရေးကသောင်းကနင်း
#စစ်ကောင်စီ
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁17🤮7👏3❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းနှင့် မြန်မာနိုင်ငံသည် ကျန်းမာရေး အဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်ခံရမှု အဆိုးဆုံး နိုင်ငံများအဖြစ် ရပ်တည်
=================

https://www.facebook.com/reel/807689487682146

#Ukraine #Reels #Shorts #Mizzima #Myanmar
😢13👍3🔥3
ကရင်နီပြည်နယ်တွင် Starlink အင်တာနက် စတင်အသုံးပြု
==================

ကရင်နီ(ကယား)ပြည်နယ်ထဲက နေရာတချို့မှာ Starlink အင်တာနက် စတင်အသုံးပြုနိုင်ပြီလို့ Free Burma Ranger အဖွဲ့က တရားဝင်ထုတ်ပြန်လာပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နေရာတစ်ခု ဖြစ်တဲ့ ကရင်နီထဲက နေရာတချို့မှာ ကမ္ဘာကျော် သန်းကြွယ်သူဌေး အီလွန်မက်ရဲ့ ကုမ္ပဏီက ကူညီပေးတဲ့ Starlink အင်တာနက်ကို စတင်သုံးစွဲလို့ ရနေပြီလို့Free Burma Ranger အဖွဲ့က ၎င်းတို့ရဲ့ တွစ်တာစာမျက်နှာကနေ ကျေးဇူးတင်ကြောင်းပြောထားတာလည်း ဖြစ်ပါတယ်။

အခုတော့ ဒီအင်တာနက်လိုင်းအသုံးပြုလို့ရတဲ့နေရာတွေမှာ လူထုလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်အောင် ဒေသန္တရ ခေါင်းဆောင်ပိုင်းနဲ့ လုပ်ဆောင်နေတယ်လို့လည်း FBR အဖွဲ့ခေါင်းဆောင် ပြောပါတယ်။

ဒါပေမဲ့ အခုအင်တာနက်လိုင်းကို ဘယ်နေရာတွေမှာ ဘယ်လောက်မြန်နှုန်းနဲ့ အသုံးပြုနိုင်ပြီဆိုတာနဲ့ ဂြိုလ်တုဆက်သွယ်ရေးအတွက် ဝန်ဆောင်ခနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Free Burma Rangers အဖွဲ့ဟာ ဆီးရီးယားမှာရော၊ လက်ရှိ မြန်မာပြည်တွင်းမှာပါ ဒုက္ခသည်တွေအရေး ဆယ်စုနှစ် သုံးခုနီးပါးကြာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

အီလွန်မာ့စ်ခ်ဟာ သူ့ရဲ့ Starlink ဂြိုဟ်တုအင်တာနက်လိုင်းကို ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေမှာ အသုံးပြုခွင့်ရအောင် လုပ်ဆောင်တာတွေရှိပြီး ရုရှားနဲ့စစ်ပွဲဖြစ်နေတဲ့ ယူကရိန်းလိုနိုင်ငံမှာဆိုရင် ပဋိပက္ခဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ အသုံးပြုနိုင်အောင် စီစဉ်တာလည်း ရှိခဲ့ပါတယ်။

https://youtu.be/XyTY7g3Y_mo

#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤17👍8😁3🔥1
​​မြဝတီတွင် တက်တူးဆိုင်များပိတ်ရန် စစ်ကောင်စီ သတိပေး
==================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဖွင့်လှစ်ထားသော တက်တူး(tattoo)ဆိုင်များပိတ်သိမ်းရန် ဇွန်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ် စည် ပင်သာယာရေးအဖွဲ့က သတိပေးစာများပေးပို့ထားသည်ဟု တက်တူးဆိုင်ပိုင်ရှင်များထံမှ သိရသည်။

“ကျွန်တော်တို့ကို ၈ ရက်နေ့က စည်ပင်ရော၊ ရဲရော၊ အုပ်ချုပ်ရေးမှူးတချို့ရော လာပြောသွားတယ်။ ဆိုင်း ဘုတ်လည်း ဖြုတ်ခိုင်းတယ်”ဟု အမည်မဖော်လိုသည့် မြဝတီမြို့ပေါ်မှ တက်တူးဆိုင်ရှင်တဦးက ဆိုသည်။

ပိတ်ခိုင်းရသည့် အကြောင်းအရင်းကိုမူ လက်ရှိအချိန်ထိ မသိရသေးကြောင်း တက်တူးဆိုင်ပိုင်ရှင်အများ စုက မှတ်ချက်ပြုသည်။
“ကျွန်တော်တို့ မြဝတီမြို့ပေါ်က ဆိုင်တိုင်းကို ဆိုင်ရှင်နာမည်နဲ့ စာရွက်တွေလိုက်ပေးတယ်”ဟု အမည်မဖော်လိုသည့် မြဝတီမြို့ဒေသခံတဦးကလည်း ဆိုသည်။

ထို့ပြင် သတိပေးစာပါ အကြောင်းအရာများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကရင်ပြည်နယ် စည်ပင် သာယာရေးအဖွဲ့များက ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး စစ်ကောင်စီလက်အောက်ခံ မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် အုပ် ချုပ်ရေးအဖွဲ့အား မဇ္ဈိမက ဖုန်းဆက်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#မြဝတီမြို့
#တက်တူးဆိုင်
ပုံ - မြဝတီမြို့ပေါ်ရှိ တက်တူးဆိုင်များကို ပိတ်သိမ်းရန် လိုက်လံ ပြောနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥4😱3❤1