Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် ရေပြန်ကျ
👍9🔥3
အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် ရေပြန်ကျ
==============

အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ချောင်းရေများ ဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော်လည်း ညနေပိုင်းတွင် ရေပြန်ကျသွားပြီဖြစ်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

နန့်မွန်းမြို့တွင် ဇွန်လ ၁၁ ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့တွင်း ရပ်ကွက်များသို့ အင်းတော်ကြီး ကပ်ကျော်တောင်မှ စီးဆင်းလာသည့်ရေများ ချောင်းအတွင်း ပြည့်လျှံရာမှ ရေဝင်ရောက်မှုနှင့် အင်ကြင်းတောမှ စီးလာသည့် ရေဝင်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"မနက်တုန်းကပါ့၊ ခါတိုင်းလိုတော့ မများဘူး၊ ညတုန်းက မိုးရွာတယ်လေ၊ အင်း တော်ကြီး ကပ်ကျော်တောင်ကနေ စီးလာတဲ့‌ ရေတွေက ချောင်းထဲပြည့်ပြီး ရပ်ကွက်တွေထဲ ဝင်လာတော့တာပဲ၊ ကားလမ်းပေါ် တွေလည်း ရောက်တယ်၊ တစ်ရွာလုံးပဲပေါ့၊ ငါတို့ချောင်းအတိုင်းပါ့လေ၊ ဒီနှစ်ရေကြီးတာက ဇွန်လလယ်တောင် မရှိသေးဘူးဆိုတော့ စောတယ်လို့ပြောလို့ရတယ်၊ ခုတော့ ရေတွေက ငြိမ်နေပြီ၊ ကျသွားပြီ" ဟု ဒေသခံတစ်ဦးက ပြောသည်။

နန့်မွန်းမြို့၏ လူနေရပ်ကွက်ထဲကို ချောင်းရေဝင်ရောက်မှုသည် ယမန်နှစ်ကစတင်၍ ဖြစ်ပေါ်ကြုံတွေ့လာရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း နန့်မွန်းမြို့၌ ရေကြီးမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ဇူလိုင်လတွင် တစ်ကြိမ်နှင့် ဩဂုတ်လတွင် တစ်ကြိမ် ရေကြီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုရေကြီးမှုအတွင်း တံတားတစ်စင်း အပါအဝင် ဒေသခံများ၏ လယ်ယာထွက်ကုန်များနှင့် ပစ္စည်းအချို့လည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသတွင် စည်းကမ်းမဲ့ ရွှေအလွန်အကျွံ့ တူးဖော်မှုများကြောင့် ဒေသတွင်း ချောင်းရေလျှံကာ လမ်းမပေါ်နှင့် လူနေရပ်ကွက်များတွင် ရေကြီးပြီး စိုက်ပျိုးခင်းများလည်း ထိခိုက်ပျက်စီးမှု ရှိလာနေခြင်းဖြစ်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ - ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရသည့် နန့်မွန်းမြို့၌ ချောင်းရေ ဝင်ရောက်နေမှု မြင်ကွင်းများ (ပေးပို့)

#အင်းတော်ကြီး
#နန့်မွန်းမြို့
#ချောင်းရေဝင်ရောက်
#Mizzima
👍15🔥4
တတိုင်းမွှေးပင်ရဲ့အကျိုးကျေးဇူးများ
============

-တတိုင်းမွှေးပင်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-တတိုင်းမွှေးပင်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-တတိုင်းမွှေးပင်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/2jrFkOAgF1Y

#naturearticle
#videonews
#တတိုင်းမွှေးပင်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5❤1🔥1🌭1
Media is too big
VIEW IN TELEGRAM
တတိုင်းမွှေးပင်ရဲ့အကျိုးကျေးဇူးများ | Nature Article

Watch more detail - https://www.youtube.com/watch?v=2jrFkOAgF1Y

#naturearticle
#reels
#shorts
#တတိုင်းမွှေးပင်
👍4🔥1🌭1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၁၃ ရက်၊ ၂၀၂၃ | VOA On Mizzima
==================

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်တဲ့ အတွက် အနောက်နိုင်ငံတွေကချမှတ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အီရန်လုပ်နည်းနဲ့ ရုရှားရှောင်ရှား၊ လိင်မူကွဲသူများအခွင့်အရေး ဆင်နွှဲကြချိန် လိင်မူကွဲမြန်မာတွေရဲ့ အခွင့်အရေး ဘယ်လို ရှိပါလဲ၊ စတဲ့ နိုင်ငံတကာသတင်းဆောင်းပါးတွေ အပြင်၊ နောက် တရားရုံးတက် အမှုအတွက် ထွက်ဆိုတဲ့ ဗြိတိသျှတော်ဝင်မင်းသား ဟယ်ရီ သတင်း “pop Culture” အစီအစဥ်၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁၃ ရက်၊ အင်္ဂါမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/VSGULNV7Qnc

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁2
LGBTQ အထိမ်းအမှတ်လ မြန်မာလိမ်မူကွဲအခွင့်အရေး | VOA On Mizzima
==================

အခု ဇွန်လဟာ LGBTQ လိင်တမူကွဲပြားသူတွေကို အားပေးထောက်ခံတဲ့လ ဖြစ်တာနဲ့အတူ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတွေမှာ LGBTQ ပွဲတော်တွေကို လွတ်လွတ်လပ်လပ် ဆင်နွှဲကြပါတယ်။ မြန်မာနိုင်ငံမှာတော့ သူတို့ရဲ့ အခွင့်အရေး အပြည့်အဝရရှိဖို့နဲ့ နေ့စဉ်လူနေမှုဘဝတွေမှာ လွတ်လွတ်လပ်လပ် သွားလာနေထိုင်နိုင်ဖို့ လိုနေသေးတယ်လို့ ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ LGBT တွေက ပြောပါတယ်။ ဒီအကြောင်း မညိုညိုလွင်က ဘန်ကောက်မြို့ကနေ တင်ပြထားပါတယ်။

https://youtu.be/58W182pUeMg

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2
ဇွန်လ( ၁၃ )ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့ 

ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တပ်ကနေထွက်ခွင့်မပေးဘဲ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီး ပို့ဆောင်တယ်ဆိုတဲ့သတင်းနဲ့အတူ မင်းတပ်မြို့နယ်မှာခိုလှုံနေတဲ့ မတူပီစစ်ဘေးရှောင်တွေဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်ဆိုတဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးတသငင်းတွေနဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို တင်ဆက်သွားဖို့ရှိပါတယ်။

https://youtu.be/3aLUYA3MKuU
 
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2
Media is too big
VIEW IN TELEGRAM
LGBTQ အထိမ်းအမှတ်လ မြန်မာလိမ်မူကွဲအခွင့်အရေး | VOA On Mizzima

Watch more detail - https://youtu.be/58W182pUeMg

#VOA #VideoNews #LGBTQ အထိမ်းအမှတ်လ မြန်မာလိမ်မူကွဲအခွင့်အရေး#shorts #Reels
😁3
တရားရုံးမှာ ထွက်ဆိုတဲ့ မင်းသားဟယ်ရီ “ခေတ်ရေစီး” | VOA On Mizzima
====================

ဗြိတိသျှတော်ဝင်မင်းသား ဟယ်ရီနဲ့ ​ဗြိတိသျှသတင်းအုပ်စုကြီးတခုနဲ့ အမှုကို ကမ္ဘာတဝန်းက အာရုံစိုက် စောင့်ကြည့်နေကြပါတယ်။ စင်မြင့်ဖျော်ဖြေပွဲတွေ တင်ဆက်နေတဲ့ တေလာဆွိဖ်ကတော့ စင်ပေါ်မှာ ဖျော်ဖြေရင်း ပိုးကောင်ပါးစပ်ထဲ ဝင်သွားတာပါ။ ဒီလို ခေတ်ရေစီးသတင်းတွေကို Pop Culture အစီအစဥ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။

https://youtu.be/PqwU60ir_b0

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁2
စစ်ကောင်စီလက်ထက် ဆယ်တန်းအောင်သူတွေရဲ့ အနာဂတ်
===================

ဒီနေ့ ဇွန်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ဆယ်တန်းအောင်စာရင်းတွေ ထုတ်ပြန် ကြေညာရာမှာ တပြည်လုံး အတိုင်းအတာအရ ၇၀ ရာခိုင်နှုန်းနီးပါး အောင်မြင်ကြပြီး ဂုဏ်ထူးထွက်သူ တွေလည်း များတာ တွေ့ရပါတယ်။

စစ်ကောင်စီလက်ထက် ဆယ်တန်းစာမေးပွဲကို ၂၀၂၂ - ၂၀၂၃ ခုနှစ်မှာ ဖြေဆိုသူ ၁၆၁၈၅ ရှိတဲ့အထဲက ၁၀၉၈၅၁ ဦး အောင်မြင်တာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်ထက် ပထမဆုံး ကျင်းပတဲ့ ၂၀၂၂ ခုနှစ် ဆယ်တန်းစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူပေါင်း ၃ သိန်းနီးပါး ရှိခဲ့တဲ့အတွက် ဒီနှစ်နဲ့ နှိုင်းယှဉ်ရင် ၁ သိန်းကျော် လျော့နည်းနေတာ တွေ့ရပါတယ်။

စစ်ကောင်စီ မတိုင်ခင် အရပ်သားအစိုးရ လက်ထက်မှာတော့ ဆယ်တန်းဖြေသူ ၉ သိန်းနီးပါးရှိပါတယ်။

https://youtu.be/UkgxPIUl3qM

#politics
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6❤2😱2🔥1
Media is too big
VIEW IN TELEGRAM
တရားရုံးမှာ ထွက်ဆိုတဲ့ မင်းသားဟယ်ရီ “ခေတ်ရေစီး” | VOA On Mizzima

Watch more detail - https://youtu.be/PqwU60ir_b0

#VOA #VideoNews #တရားရုံးမှာ ထွက်ဆိုတဲ့ မင်းသားဟယ်ရီ “ခေတ်ရေစီး” #shorts #Reels
😁1
ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အီရန်လိုပဲ ရုရှားရှောင်ရှား | VOA On Mizzima
=====================

အနောက်နိုင်ငံက ပိတ်ဆို့မှု ဆန်ရှင်တွေကို ရှောင်ရှားဖို့အတွက် ရုရှားအနေနဲ့ အီရန်ကို အတုယူပြီး လိုက်လုပ်နေတယ်လို့ ဗြိတိန်အခြေစိုက် Royal United Services Institute သုတေသနအဖွဲ့က အစီရင်ခံစာ ‌ထုတ်ပြန်ပါတယ်။ Henry Ridgwell လန်ဒန်ကနေ သတင်း ပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

https://youtu.be/EAMsVVESl7Y

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2
​​ရူပီးငွေကြေးဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ရန် မြန်မာအား အိန္ဒိယ တိုက်တွန်း
======================

လွယ်လင့်တကူ သဘောတူညီနိုင်မည်ဖြစ်သော လုပ်ထုံးလုပ်နည်းတစ်ရပ်အဖြစ် နှစ်နိုင်ငံ ငွေကြေးဖြင့် ကုန်သွယ်မှုကို ပေးချေဆောင်ရွက်ရေး၌ အရှိန်မြှင့်ဖော်ဆောင်ရန် မြန်မာအား အိန္ဒိယက တိုက်တွန်းထားကြောင်း ပို့ကုန်လုပ်ငန်းရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောသည်။

အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များမှ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသို့ ရောက်ရှိနေသော မြန်မာစစ်ကောင်စီ ကုန်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကိုလ်ကတ္တားမြို့တွင် တွေ့ဆုံပြီး ကုန်သွယ်ရေး၌ နှစ်နိုင်ငံငွေကြေးကို အသုံးပြုရေးအား ဆွေးနွေးသည်။

“မြန်မာဝန်ကြီးက နှစ်နိုင်ငံငွေကြေးနဲ့ ကုန်သွယ်ရေး ဆောင်ရွက်မယ့် လုပ်ထုံးလုပ်နည်း မကြာခင် အကောင်အထည် ပေါ်စေရမယ်လို့ အာမခံပေးပါတယ်”ဟု Engineering Exoprt Promotion Council (EEPC)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ပီကေရှားက တွေ့ဆုံမှုအပြီး ရိုက်တာသို့ ပြောသည်။
😁10🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အီရန်လိုပဲ ရုရှားရှောင်ရှား | VOA On Mizzima

Watch more detail - https://youtu.be/EAMsVVESl7Y

#VOA #VideoNews #ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အီရန်လိုပဲ ရုရှားရှောင်ရှား #shorts #Reels
👍6🔥3
ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2