အိန္ဒိယအခြေစိုက် တောင်အာရှ သတင်းထောက်အသင်းဥက္ကဋ္ဌ စစ်ကောင်စီနဲ့တွေ့ဆုံအပြီး အသင်းဝင်တွေနုတ်ထွက်
===================
အိန္ဒိယနိုင်ငံက နိုင်ငံခြားသတင်းထောက်များ အသင်း (FCC) ရဲ့ ဥက္ကဋ္ဌ ဗင်းကတ် နာရာယန် (Venkat Narayan) ဟာ အရင်အပတ်က မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး စစ်ကောင်စီ တာဝန်ရှိသူတချို့နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ အဲဒီအသင်းရဲ့ အဓိကအဖွဲ့ဝင် ၁၀ ယောက် အသင်းကနေနုတ်ထွက်ကြောင်းကြေညာခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံ အခြေစိုက် The Hindu သတင်းစာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယအခြေစိုက် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း (The Foreign Correspondents' Club of South Asia) ဥက္ကဋ္ဌ ဗင်းကတ် နာရာယန် S. Venkat Narayan ဟာ စစ်ကောင်စီလက်အောက်ခံ Global New Light of Myanmar သတင်းစာရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ သီတင်းပတ်က နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီ ဝန်ကြီးလေးဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီလို တွေ့ဆုံပြီးနောက် FCC South Asia အသင်းဝင် သတင်းထောက်ဆယ်ဦး နုတ်ထွက်လိုက်ကြတယ်လို့ အိန္ဒိယ The Wire သတင်းက ဇွန်လ ၁၂ ရက်နေ့က ဖော်ပြပါတယ်။
https://youtu.be/UB4OSM7EOOE
#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
အိန္ဒိယအခြေစိုက် တောင်အာရှ သတင်းထောက်အသင်းဥက္ကဋ္ဌ စစ်ကောင်စီနဲ့တွေ့ဆုံအပြီး အသင်းဝင်တွေနုတ်ထွက်
အိန္ဒိယနိုင်ငံက နိုင်ငံခြားသတင်းထောက်များ အသင်း (FCC) ရဲ့ ဥက္ကဋ္ဌ ဗင်းကတ် နာရာယန် (Venkat Narayan) ဟာ အရင်အပတ်က မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး စစ်ကောင်စီ တာဝန်ရှိသူတချို့နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ အဲဒီအသင်းရဲ့ အဓိကအဖွဲ့ဝင် ၁၀ ယောက်…
👏18👍2🔥2
Media is too big
VIEW IN TELEGRAM
အိန္ဒိယအခြေစိုက် တောင်အာရှ သတင်းထောက်အသင်းဥက္ကဋ္ဌ စစ်ကောင်စီနဲ့တွေ့ဆုံအပြီး အသင်းဝင်တွေနုတ်ထွက်
Watch more detail - https://www.youtube.com/watch?v=UB4OSM7EOOE
#politicalnews #reels #shorts

👍10😁3🥴1
ဇွန်လ (၁၃)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
==================
01:06 − ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ အခြားသောပြည်နယ်တွေရဲ့ စံနမူနာဖြစ်စေဖို့ မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြောကြားလိုက်တဲ့သတင်း
02:49 − နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို စစ်ဗိုလ်ချုပ်အချို့သွားတွေ့တဲ့သတင်း
04:29 − အိန္ဒိယအခြေစိုက် တောင်အာရှ သတင်းထောက်အသင်းဥက္ကဋ္ဌ စစ်ကောင်စီနဲ့ တွေ့ဆုံအပြီး အသင်းဝင်တွေနုတ်ထွက်ကြတဲ့သတင်းနဲ့
10:08 − CCTV ကြောင့် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေများလာတာကြောင့် မလိုအပ်ဘဲမတပ်ဆင်ကြဖို့အတွက် တော်လှန်ရေးအင်အားစုတွေ တောင်းဆိုလိုက်တဲ့သတင်းအပါအဝင် အခြားအရေးကြီးသတင်းတွေ၊ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/A1B4j_xTRdE
#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
01:06 − ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ အခြားသောပြည်နယ်တွေရဲ့ စံနမူနာဖြစ်စေဖို့ မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြောကြားလိုက်တဲ့သတင်း
02:49 − နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို စစ်ဗိုလ်ချုပ်အချို့သွားတွေ့တဲ့သတင်း
04:29 − အိန္ဒိယအခြေစိုက် တောင်အာရှ သတင်းထောက်အသင်းဥက္ကဋ္ဌ စစ်ကောင်စီနဲ့ တွေ့ဆုံအပြီး အသင်းဝင်တွေနုတ်ထွက်ကြတဲ့သတင်းနဲ့
10:08 − CCTV ကြောင့် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေများလာတာကြောင့် မလိုအပ်ဘဲမတပ်ဆင်ကြဖို့အတွက် တော်လှန်ရေးအင်အားစုတွေ တောင်းဆိုလိုက်တဲ့သတင်းအပါအဝင် အခြားအရေးကြီးသတင်းတွေ၊ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/A1B4j_xTRdE
#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၁၃)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:06 − ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ အခြားသောပြည်နယ်တွေရဲ့ စံနမူနာဖြစ်စေဖို့ မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြောကြားလိုက်တဲ့သတင်း
02:49 − နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို စစ်ဗိုလ်ချုပ်အချို့သွားတွေ့တဲ့သတင်း
04:29 −…

👍11❤1😁1🍌1
This media is not supported in your browser
VIEW IN TELEGRAM
အင်အားပြသမှုအဖြစ် နေတိုးရဲ့မကြုံစဖူးလေကြောင်းလေ့ကျင့်မှုကိုစတင်
https://www.facebook.com/reel/1626434047852700
#internationalnews #reels #shorts #Mizizma

👍12🔥2😁2🤣1
စစ်ကောင်စီထောက်ခံသူရဲ့ လုပ်ရပ်ကြောင့် ထိတ်လန့်နေရတဲ့ ဟင်္သာတမြို့ခံများ
======================
အယ်ဒီတာထံပေးစာ
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့က စီးပွားရေးလုပ်ငန်းရှင်တွေကို NUG ၊ PDF အဖွဲ့အစည်းတွေနဲ့ မပတ်သက်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲ တပ်ဖွဲ့ဝင်တွေက ခေါ်ယူသတိ ပေးခဲ့ပါတယ်။
ဟင်္သာတမြို့ပေါ်က ဆန်ပွဲစား၊ ပဲပွဲစားနဲ့ အခြားစီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဇွန်လ ၈ ရက်နေ့က ခေါ်ယူ သတိပေးခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို ခေါ်ယူစစ်ဆေးခံရတာဟာ ဟင်္သာတမြို့ပေါ်မှာနေတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ စစ်ကောင်စီထောက်ခံအားပေးသူ ဦးမြင့်သိန်းဦးရဲ့ လက်ချက်ဖြစ်တယ်လို့ သိထားရပါတယ်။
အဲ့ဒီလူက သူနဲ့မတည့်တဲ့သူတွေကို ဒီလို လိုက်လုပ်နေတာ ကြာပါပြီ၊ အရင်တုန်းက NLD ကို အားပေးထောက်ခံခဲ့တဲ့သူတွေ အဓိကခေါ်စစ်ခံရတယ်လို့သိရတယ်။ ဖမ်းတာမျိုးတော့မဟုတ်ဘူး ခေါ်ပြီးသတိပေးတဲ့ပုံစံပါ။
ဟင်္သာတမြို့မှာရှိတဲ့ သရဖူ ပဲမျိုးစုံနှင့်အထွေထွေရောင်းဝယ်ရေး၊ Emerald Silk & Fabric ပိုးထည်တိုက်များနဲ့ Happy Guesthouse ပိုင်ရှင်၊ Sakura Hospital Hinthada နှင့် Galaxy KTV နဲ့ စားသောက်ဆိုင်ရဲ့ ရှယ်ယာဝင်တစ်ဦးဖြစ်သူ ဦးမြင့်သိန်းဦးဟာ ဟင်္သာတမြို့မှာ စစ်ကောင်စီကို အများဆုံး ပံ့ပိုးနေတဲ့သူလည်း ဖြစ်ပါတယ်။
ဟင်္သာတမြို့မှာ စစ်တပ်ထောက်ခံပွဲလုပ်ရင်လည်း ကားစီစဥ်ပေးတာတွေကို ဦးမြင့်သိန်းဦးက ကူညီဆောင်ရွက်ပေးပါတယ်။ မနှစ်က ပြည်ထောင်စုနေ့ (၁၂. ၂. ၂၀၂၂) မှာလည်း အားကာတန်းမှာရှိတဲ့ သူ့ရဲ့ Emerald ပိုးထည်တိုက်အပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စနိုက်ပါသမားတွေက နေရာယူစောင့်ကြည့်ခဲ့တာတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်ပွဲ လူစည်ကားအောင်လည်း ဟင်္သာတသင်္ကြန် ဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကို ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။
ဦးမြင့်သိန်းဦးဟာ ငွေကြေးပြည့်စုံသူဖြစ်တာကြောင့် လူမိုက်တွေမွေးပြီး စစ်ကောင်စီအတွက် သတင်းထောက်လှမ်း ခိုင်းတာတွေကိုလည်း လုပ်ပါတယ်။ ပေါ်ပေါ်ထင်ထင် စစ်ကောင်စီကို ထောက်ပံ့နေတာမျိုးမဟုတ်ဘဲ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူလည်း ဖြစ်ပါတယ်။
သူ့တပည့်လူမိုက်တွေရဲ့လုပ်ရပ်တွေကြောင့် ဟင်္သာတမြို့မှာ အဖမ်းခံရတဲ့သူတွေ ရှိပါတယ်။ ဦးမြင့်သိန်းဦးဟာ ငွေကြေးချမ်းသာတဲ့အပြင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းနေတာကြောင့် ဘယ်သူကမှ သူ့မကောင်းကြောင်း မပြောရဲကြပါဘူး။
အဲ့ဒီအပြင် ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) က စစ်တပ်အရာရှိတွေ၊ ရဲအရာရှိတွေနဲ့ ဟင်္သာဂေါက်ကွင်းမှာ ဂေါက်ရိုက်တာတွေ ၊ Galaxy KTVမှာ စားသောက်တာတွေလည်း မကြာခဏပြုလုပ်ပါတယ်။
ဦးမြင့်သိန်းဦးဟာ ဟင်္သာတမြို့သား ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးဌေးဦးနဲ့အတူ စီးပွားရေးလုပ်တာတွေလည်းရှိပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ ဒေါက်တိုင်အကြီးစားဖြစ်နေလို့ ကျွန်တော်တို့မြို့ကလူတွေက သူ့ကိုရွံကြောက်ကြီးလို ဖြစ်နေပါတယ်။
အများပြည်သူ သိရှိနိုင်ဖို့ မဇ္စျိမရဲ့ အယ်ဒီတာထံပေးစာကတစ်ဆင့် ရေးသားဖော်ပြလိုက်ပါတယ်။
ဟင်္သာတမြို့ခံလူငယ်များ
#အယ်ဒီတာထံပေးစာ
#ဧရာဝတီတိုင်း
#ဟင်္သာတမြို့
#စစ်ကောင်စီ
ဓာတ်ပုံ- စစ်တပ်ထောက်ခံသူ ဦးမြင့်သိန်းဦး (ပေးပို့)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬12👍7🔥4😢2💩2
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားဆီက လျှော့ဈေးနဲ့ ရေနံတင်ပို့မှုကို ပထမဆုံးအကြိမ်အဖြစ် ပါကစ္စတန်ရရှိ
https://www.facebook.com/reel/642261471262680
#internationalnews #reels #shorts #Russia #Pakistan

❤4
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ စံနမူနာဖြစ်စေရန် မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြော
====================
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ ် အခြားသောပြည်နယ်များရဲ့ စံနမူနာဖြစ်စေရန်မျှော်လင့်ကြောင်းနဲ့ ကရင်နီပြည်သူလူထုရဲ့ လုံခြုံရေး၊ ဒေသတည်ငြိမ်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်လိမယ်လို့ မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
ကရင်နီပြည်ကြားကာလ ကောင်စီဖွဲ့စည်းခြင်း မိတ်ဆက်ပွဲမှာ ယာယီသမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီကို အထူးမျှော်လင့် အားကိုးပြီး လောလောဆယ်အားဖြင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီကချမှတ်ထားတဲ့ ရည်ရွယ်ချက် သုံးရပ်ကို စနစ်တကျ နဲ့ အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အစဉ်တစိုက်လိုလားကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပေါ် အခြေပြုပြီး တည်ဆောက်ကြဖို့ အလေးအနက်ထားပြီး တိုက်တွန်းကြောင်း ယာယီသမ္မတက ပြောပါတယ်။
https://youtu.be/rzDIRW8s-7Y
#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ ် အခြားသောပြည်နယ်များရဲ့ စံနမူနာဖြစ်စေရန်မျှော်လင့်ကြောင်းနဲ့ ကရင်နီပြည်သူလူထုရဲ့ လုံခြုံရေး၊ ဒေသတည်ငြိမ်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်လိမယ်လို့ မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
ကရင်နီပြည်ကြားကာလ ကောင်စီဖွဲ့စည်းခြင်း မိတ်ဆက်ပွဲမှာ ယာယီသမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီကို အထူးမျှော်လင့် အားကိုးပြီး လောလောဆယ်အားဖြင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီကချမှတ်ထားတဲ့ ရည်ရွယ်ချက် သုံးရပ်ကို စနစ်တကျ နဲ့ အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အစဉ်တစိုက်လိုလားကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပေါ် အခြေပြုပြီး တည်ဆောက်ကြဖို့ အလေးအနက်ထားပြီး တိုက်တွန်းကြောင်း ယာယီသမ္မတက ပြောပါတယ်။
https://youtu.be/rzDIRW8s-7Y
#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ စံနမူနာဖြစ်စေရန် မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြော
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ အခြားသောပြည်နယ်များရဲ့ စံနမူနာဖြစ်စေရန် မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြော
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ ် အခြားသောပြည်နယ်များရဲ့ စံနမူနာဖြစ်စေရန်မျှော်လင့်ကြောင်းနဲ့ ကရင်နီပြည်သူလူထုရဲ့ လုံခြုံရေး၊ ဒေသတည်ငြိမ်ရေးကို…

👍20❤3😁3
အမည်အလွဲသုံးစားလုပ် ငွေညှစ်နေသူများကို အရေးယူမည်ဟု CDF- Hakha နှင့် ဟားခါးကောင်စီ ပြော
==================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်အတွင်း ၎င်းတို့၏အမည်ကို အလွဲသုံးစားပြုလုပ်ပြီး ငွေညှစ်နေသူ များကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့CDF – Hakha နှင့် ဟားခါးကောင်စီ (Hakha Council) တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။
CDF – Hakha အမည်ကိုအလွဲသုံးစားလုပ်ကာ ငွေညှစ်နေသူများနှင့် CDF – Hakha Council ၏ ပြည်သူ့ အကျိုးပြု လုပ်ငန်းဆောင်ရွက်ချက်များကို ၎င်းတို့ လုပ်ကိုင်ဆောင်ရွက်သကဲ့သို့ ကြံဖန်အမြတ်ထုတ်သူ များကို အရေးယူရန်ဆောင်ရွက်နေကြောင်း ဆိုသည်။
“ကျနော်တို့နယ်မြေထဲမှာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ယန္တရားလည်ပတ်တာနဲ့ တင်ဒါလုပ်ငန်းတွေကို တားမြစ်ထားတယ်။ အဲဒါကို CDF ခေါင်းဆောင်တွေကို ငွေပေးထားတယ်ဆိုပြီးခိုးလုပ်နေကြတယ်။ အဲဒီ လူတွေဆီကိုလည်း ကျနော်တို့အဖွဲ့က မဟုတ်တဲ့သူတွေက ငွေတောင်းနေတာတွေရှိတယ်။ အဲဒါကြောင့် အရေးယူဖို့ အသိပေးရတာပါ” ဟု CDF – Hakha Council ဥက္ကဋ္ဌ Hran Lian က မဇ္စျိမကို ပြောသည်။
ပြည်သူများအနေဖြင့် ယုံကြည်မိ၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ အလိမ်ခံခဲ့ရသူများအားလုံးကို အနူး အညွတ်တောင်းပန်ကြောင်းလည်း CDF- Hakha နှင့် ဟားခါးကောင်စီက ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်အတွင်း စစ်ကောင်စီနှင့်ပတ်သက်သော တင်ဒါလုပ်ငန်းများကို ချင်းလဲန်း ပူးပေါင်းကာကွယ် ရေးကော်မတီ(CJDC)မှ တားမြစ်ပိတ်ပင်ထားပြီး ဟားခါးမြို့နယ်အတွင်း၌လည်း တင်ဒါလုပ်ငန်းသာမက စစ်ကောင်စီယန္တရားလည်ပတ်မှုအားလုံးကို ပိတ်ပင်ထားကြောင်း ဆိုသည်။
ယနေ့အထိ ပြည်သူများထံမှ တရားဝင်ပြေစာနှင့်တကွ အလှူခံခြင်းမှတပါး အခွန်အခများ ကောက်ခံခြင်း လုံးဝမရှိကြောင်းနှင့် အလှူပေးသည့်ပြေစာကိုလည်း အင်တာနက်မှတဆင့်ဆက်သွယ်ပြီး မှန်ကန် ကြောင်း အတည်ပြုနိုင်သည် ဟု CDF – Hakah Council ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလွဲသုံးစားလုပ်သူများသည် တင်ဒါလုပ်ငန်းများတွင်သာမက ပြည်သူများထံမှလည်း အဓမ္မ ငွေတောင်းခံ အလှူခံမှုများပြုလုပ်နေကြောင်း ဆိုသည်။
“ကျနော်တို့မှာ ဥပဒေနဲ့ တရားရေးဌာနတွေရှိတယ်ဦ သူတို့ကိုအရင်ဖမ်းပြီးမှ ကျူးလွန်တဲ့ပြစ်မှုနဲ့အညီ ထိုက်တန်တဲ့ အပြစ်တွေပေးသွားမှာပါ” ဟု ကောင်စီ ဥက္ကဋ္ဌက ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့၊ ကောင်စီနှင့်သက်ဆိုင်သောလုပ်ငန်းများကို အလွဲသုံးစားပြုလုပ်သူများကို အရေးယူ မည့်ကိစ္စတွင် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးကြရန် CDF – Hakha နှင့် ဟားခါးကောင်စီ တို့က တိုက်တွန်းထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ဟားခါး
#ဟားခါးကောင်စီ
#နာမည်အလွဲသုံးစားလုပ်
#အရေးယူမည်
#Mizzima

👍24❤2😁2👏1
Media is too big
VIEW IN TELEGRAM
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ အခြားသောပြည်နယ်များရဲ့ စံနမူနာဖြစ်စေရန် မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြော
Watch more detail - https://www.youtube.com/watch?v=rzDIRW8s-7Y
#politicalnews #reels #shorts #Mizzima

❤16👍4😁2
“စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက်ဆို ဘယ်အဖွဲ့နဲ့မဆို လက်တွဲမှာပါ”
========================
မိုးသောက်(မဇ္ဈိမ)။ ။စစ်ကိုင်းဖိုရမ်မှာ ပြောရေးဆိုခွင့်ရှိသူအဖြစ်ပါဝင်ခဲ့တဲ့ ကိုနွေဦးကို မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင်ဖြစ်မှ ယာယီရပ်စဲထားပါတယ်။
စစ်ကိုင်းဖိုရမ်ကို မေလ ၃၀ ရက်နဲ့ ၃၁ ရက်နေတို့မှာ ကျင်းပခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတော်လှန်နေကြတဲ့ သပိတ်ကော်မတီ၊ ဒေသကာကွယ်ရေးအဖွဲ့တွေ၊ CDM ဝန်ထမ်းတွေ ပါဝင် ခဲ့ကြတဲ့ ဖိုရမ်တခုဖြစ်ပါတယ်။
ဒီဖိုရမ်မှာပါဝင်တဲ့အတွက် ကိုနွေဦးကို အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက်တဲ့ အကြောင်းကြားစာကို ဖိုရမ်ပြုလုပ်ပြီး ၁၀ ရက်အကြာ ဇွန်လ ၁၀ ရက်နေ့မှာ ပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပကဖအဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းခံခဲ့ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ကိုနွေဦးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားပါတယ်။
https://youtu.be/m2CmOw5vh3k
#Mizzima
#စစ်ကိုင်းဖိုရမ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
မိုးသောက်(မဇ္ဈိမ)။ ။စစ်ကိုင်းဖိုရမ်မှာ ပြောရေးဆိုခွင့်ရှိသူအဖြစ်ပါဝင်ခဲ့တဲ့ ကိုနွေဦးကို မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင်ဖြစ်မှ ယာယီရပ်စဲထားပါတယ်။
စစ်ကိုင်းဖိုရမ်ကို မေလ ၃၀ ရက်နဲ့ ၃၁ ရက်နေတို့မှာ ကျင်းပခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတော်လှန်နေကြတဲ့ သပိတ်ကော်မတီ၊ ဒေသကာကွယ်ရေးအဖွဲ့တွေ၊ CDM ဝန်ထမ်းတွေ ပါဝင် ခဲ့ကြတဲ့ ဖိုရမ်တခုဖြစ်ပါတယ်။
ဒီဖိုရမ်မှာပါဝင်တဲ့အတွက် ကိုနွေဦးကို အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက်တဲ့ အကြောင်းကြားစာကို ဖိုရမ်ပြုလုပ်ပြီး ၁၀ ရက်အကြာ ဇွန်လ ၁၀ ရက်နေ့မှာ ပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပကဖအဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းခံခဲ့ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ကိုနွေဦးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားပါတယ်။
https://youtu.be/m2CmOw5vh3k
#Mizzima
#စစ်ကိုင်းဖိုရမ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
“စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက်ဆို ဘယ်အဖွဲ့နဲ့မဆို လက်တွဲမှာပါ”
မိုးသောက်(မဇ္ဈိမ)။ ။စစ်ကိုင်းဖိုရမ်မှာ ပြောရေးဆိုခွင့်ရှိသူအဖြစ်ပါဝင်ခဲ့တဲ့ ကိုနွေဦးကို မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင်ဖြစ်မှ ယာယီရပ်စဲထားပါတယ်။
စစ်ကိုင်းဖိုရမ်ကို မေလ ၃၀ ရက်နဲ့ ၃၁ ရက်နေတို့မှာ ကျင်းပခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ကော…

👍12😁3
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်မှာ မိုးသက်လေပြင်းများကျရောက်မှုကြောင့် အနည်းဆုံး လူ ၂၇ ဦးသေဆုံး
https://www.facebook.com/reel/958562692007300
#internationalnews #reels #shorts #Pakistan

👍8😢2🔥1
မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် ပထမလပေါင်း ၂၀ အတွင်း အရပ်သား ၆,၀၀၀ ခန့် သတ်ဖြတ်ခံရပြီး အစောပိုင်းခန့်မှန်းချက်များထက် ပိုများနေဟု အစီရင်ခံစာတွင် ဖော်ပြ
====================
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး လ ၂၀ အတွင်း အရပ်သားပြည်သူ ၆,၀၀၀ ထက်မနည်း သတ်ဖြတ်ခံရသည်ဟု အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီကျု(PRIO) က ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် တွေ့ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး လ ၂၀ အတွင်း အရပ်သားပြည်သူ ၆,၀၀၀ ထက်မနည်း သတ်ဖြတ်ခံရသည်ဟု အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီကျု(PRIO) က ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် တွေ့ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6😢6❤2🔥2
စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တွင် ဂိတ်စခန်း ၂ ခု တိုက်ခိုက်ခံရ
=================
001
(မဇ္စျိမ) ။ ။အာဏာသိမ်းစစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တွင် လုံခြုံရေးဂိတ်စခန်းနှစ်ခု ယမန် နေ့ ဇွန်လ ၁၂ ရက်က တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများနှင့် နေပြည်တော်သတင်းရင်းမြစ်အချို့က မဇ္ဈိမကို ပြောသည်။
နေပြည်တော် လယ်ဝေးမြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ လယ်ဝေးမြို့မရဲစခန်းဂိတ်နှင့် ဇမ္မူသီရိမြို့နယ် MICC-2 ထိပ်ရှိ ဂိတ်ကင်းတဲတို့ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ လယ်ဝေးမြို့မ ရဲစခန်းအဝင်ဂိတ်သည် ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ရဲအုပ်အပါအဝင် ရဲတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း နေပြည်တော် သတင်းရင်းမြစ်တဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းသိရပြီး မည်သည့် အဖွဲ့က လုပ်ဆောင်သည်ဆိုသည်ကိုမူ မသိရသေးပေ။
“ညက ၉ နာရီ မာရှယ်လောဆိုပြီး အဲဒီလိုမျိုး ကြားလိုက်တယ်၊ အဲဒီနောက်ပိုင်း ဆိုင်တွေဘာတွေတော့ အစောပိတ်သွားတာကြားမိတယ်၊ အခုလက်ရှိကတော့ လယ်ဝေးမြို့ထဲမှာ ပုံမှန်အတိုင်းပါပဲ ဘာမှတော့ ထူးထူးခြားခြားဖြစ်တာတော့ မရှိဘူး” ဟု လယ်ဝေးဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ရဲစခန်းအဝင်ဂိတ် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်သားတဦးသေဆုံးပြီး ရဲအုပ်အပါအဝင် နှစ်ဦးဒဏ်ရာရရှိ ကြောင်း သတင်းထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အလားတူ MICC-2 ထိပ်ရှိ စစ်ကောင်စီဂိတ်သည် ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် တိုက်ခိုက် ခံခဲ့ရခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအချို့ရှိနိုင်သော်လည်း တိတိကျကျမသိရသေးကြောင်း နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စစ်သား၊ ရဲများဖြင့် လုံခြုံရေးတင်းကျပ် ထားသော်လည်း စစ်ကောင်စီ၏ ဂိတ်ကင်းတဲများ၊ စစ်ကောင်စီနှင့်ဆက်စပ်သည့်နေရာများတွင် ဗုံးပေါက် ကွဲမှုများ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#နေပြည်တော်ဂိတ်
#တိုက်ခိုက်ခံရ
#စစ်ကောင်စီအခြေစိုက်
#Mizzima
ဓာတ်ပုံ- နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းမြင်ကွင်း

👍19❤6👏4😁2
ဇွန်လ (၁၃)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
01:00 - အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ဖို့ စစ်ကောင်စီကို အင်ဒိုနီးရှားနဲ့ မလေးရှား ထပ်မံတိုက်တွန်းလိုက်တဲ့ သတင်း
04:02 - မိုးဗြဲတိုက်ပွဲမှာ လက်နက်ကြီးကျည်အချို့ စစ်ကောင်စီတပ်သားတွေကိုပြန်မှန်ပြီး သေဆုံးတာတွေရှိနေတဲ့ သတင်း
05:51 - တာမွေမြို့နယ် လျှပ်စစ်ရုံး ဗုံးခွဲတိုက်ခိုက် ခံရတဲ့ သတင်းနဲ့
10:09 - အင်အားပြသမှုအဖြစ် နေတိုးရဲ့မကြုံစဖူးလေကြောင်းလေ့ကျင့်မှုကိုစတင်တဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/hOE4Yn5Z9fE
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
01:00 - အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ဖို့ စစ်ကောင်စီကို အင်ဒိုနီးရှားနဲ့ မလေးရှား ထပ်မံတိုက်တွန်းလိုက်တဲ့ သတင်း
04:02 - မိုးဗြဲတိုက်ပွဲမှာ လက်နက်ကြီးကျည်အချို့ စစ်ကောင်စီတပ်သားတွေကိုပြန်မှန်ပြီး သေဆုံးတာတွေရှိနေတဲ့ သတင်း
05:51 - တာမွေမြို့နယ် လျှပ်စစ်ရုံး ဗုံးခွဲတိုက်ခိုက် ခံရတဲ့ သတင်းနဲ့
10:09 - အင်အားပြသမှုအဖြစ် နေတိုးရဲ့မကြုံစဖူးလေကြောင်းလေ့ကျင့်မှုကိုစတင်တဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/hOE4Yn5Z9fE
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၁၃)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00 - အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ဖို့ စစ်ကောင်စီကို အင်ဒိုနီးရှားနဲ့ မလေးရှား ထပ်မံတိုက်တွန်းလိုက်တဲ့ သတင်း
04:02 - မိုးဗြဲတိုက်ပွဲမှာ လက်နက်ကြီးကျည်အချို့ စစ်ကောင်စီတပ်သားတွေကိုပြန်မှန်ပြီး သေဆုံးတာတွေရှိနေတဲ့ သတင်း
05:51 - တာမွေမြို့နယ်…

👍12❤3😁1🥱1
ဖမ်းဆီးခံ PDF ၂ ဦးအား စစ်ကောင်စီက စခန်းတည်နေရာလိုက်ပြခိုင်းစဉ် မိုင်းဆွဲတိုက်ခိုက်ပြီး ကယ်ထုတ်
================
ရွှေနွယ်
ကြို့ပင်ကောက်မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ပဲခူးရိုးမအတွင်းရှိ စခန်းတည်နေရာများကို လိုက်ပြခိုင်းစဉ် PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီး အဆိုပါ ဖမ်းဆီးခံတပ်ဖွဲ့ဝင်နှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်းသတင်းရရှိသည်။
ကြို့ပင်ကောက်ဟီးရိုးပြောက်ကျားတပ်ဖွဲ့မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ဇွန်လ ၁၁ရက်ညနေတွင် ကယ်ထုတ်နိုင်ခဲ့ခြင်းဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
၎င်းက "အဖမ်းခံရပြီးတဲ့နောက် ရဲစခန်းကိုခေါ်လာတာသတင်းရတယ်။ အဲ့နောက်သူတို့စစ်ကြောင်းထိုးရာမှာခေါ်လာတာကိုလည်း သတင်းထောက်လို့ရတယ်။ အဲ့တာကြောင့် ကိုယ့်လူတွေပြန်လွတ်ဖို့အတွက်စောင့်ကြိုမိုင်းဆွဲတာပါ"ဟု ပြောသည်။
ကြို့ပင်ကောက်ဟီးရိုးပြောက်ကျားတပ်ဖွဲ့မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးသည် ပြီးခဲ့သည့် ဇွန်လ၈ ရက်နေ့က တာဝန်ဖြင့် သွားလာနေစဉ် ရန်ကုန်-မန္တလေးအမြန်လမ်းတနေရာတွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ထို့နောက်တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်က ၎င်းတို့နှစ်ဦးအားခေါ်ဆောင်၍ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ်သို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး ပဲခူးရိုမထဲရှိ PDFစခန်းတည်နေရာများအား လိုက်လံပြသခိုင်းစဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကယ်ထုတ်ခြင်းဟု သိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကို ဇွန်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကြို့ပင်ကောက် ဟီးရိုးပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်အတွင်း တပ်ဖွဲ့ဝင်နှစ်ဦးမှာ ဒဏ်ရာများဖြင့်ထွက်ပြေးလွတ် မြောက်လာပြီး လက်ရှိတွင် သက်ဆိုင်ရာစခန်းသို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိသည်ဟု သတင်းရရှိသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
လက်ရှိတွင် ပဲခူးတိုင်းအနောက်ခြမ်း၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး စစ်ရေးအခြေအနေလည်း တင်းမာနေကြောင်း ပဲခူးတိုင်းအနောက်ခြမ်းမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စာတည်း - မောင်ကြီး
#mizzima
#ကြို့ပင်ကောက်မြို့
#ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး
#ကယ်ထုတ်

👍30❤5😁3