PDF အရာရှိ သင်တန်းဆင်းပွဲ NUG ယာယီသမ္မတ သွားရောက်အားပေး
======================
PDF အရာရှိ သင်တန်းဆင်းပွဲ NUG ယာယီသမ္မတ သွားရောက်အားပေးစကား ပြောကြားခဲ့သည်ဟု NUG က သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အရာရှိ သင်တန်းဆင်းပွဲသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံခဲ့ပြီး သင်တန်းကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့ကာ တစ်နိုင်ငံလုံးရှိိ ပြည်သူ့ကာကွယ်ရေးသင်တန်းသားများတက်ရောက်ခဲ့ကြသည်ဟု NUG ကဆိုသည်။

👍21❤4😁4
မင်းတပ်တွင် ဒေသခံများပိုင် ဆိုလာပြားများကို စစ်တပ်က လိုက်ဖြုတ်ပြီး အတင်းအဓမ္မယူဆောင်ဟုဆို
=================
ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ နေအိမ်အချို့တွင် တပ်ဆင်ထားသော ဆိုလာပြားများကို စစ်ကောင်စီတပ်သားများက ဖြုတ်ယူသွားကြောင်း မြို့ခံများက ပြောသည်။
မင်းတပ်မြို့၊ စံမင်းသီရိကုန်းအနီးရှ်ိ နေအိမ်များမှ ဆိုလာပြားများကို စစ်ကောင်စီတပ်သားများက ဇွန်လ ၁၈ရက်ညတွင် ဖြုတ်ယူသွားပြီး ၎င်းတို့ တပ်စွဲထားသည့်နေရာသို့ ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးက မဇ္စျိမသို့ ပြောသည်။
“လေး၊ ငါးချပ်လောက်တက်ဖြုတ်တယ်လို့ပြောတယ်။ ကြည့်နေတဲ့သူ အိမ်အပစ်ခံရလို့ ဆက်မကြည့်ဘဲပုန်းနေလိုက်တာ။ သူတို့စခန်းချတဲ့နေရာတွေဆီ ယူဆောင်သွားတယ်” ဟု အဆိုပါဒေသခံက ဆိုသည်။
စံမင်းသီရိကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးရဲဘော်များ ဇွန်လ ၁၈ရက်နေ့ ညပိုင်းတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီက ဒေသခံအရပ်သားများ၏ နေအိမ်များမှ ဆိုလာပြားများကို တက်ဖြုတ်ကာ ယူဆောင်သွားခြင်းဟု မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF Mindat မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၎င်းက " ဟိုတုန်းကဆို ဒေသခံတွေပိုင်ဆိုင်တဲ့ တီဗီစလောင်းတွေရော၊ ထမင်းပေါင်းအိုးတွေပါ ခိုးယူတာပါ။အခုလည်း ဆိုလာပြားတွေ ယူသွားပါတယ်"ဟု ပြောသည်။
မင်းတပ်သို့ လျှပ်စစ်မီးပို့လွှတ်နေသော မဟာဓာတ်အားလိုင်းတာဝါတိုင်သည် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးထိမှန်ထားသောကြောင့် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ လအနည်းငယ်ကြာပြီဟု ဒေသခံများကပြောသည်။ လျှပ်စစ်မီးရရေးအတွက် ဆိုလာပြားများ တပ်ဆင်ထားစဉ် စစ်ကောင်စီ၏ လုယက်ခိုးယူမှုကို ခံနေရကြောင်း မြို့ခံများက ညည်းတွားကြသည်။
စာတည်း - မောင်ကြီး
#mizzima
#ချင်းပြည်နယ်
#မင်းတပ်မြို့
#ဆိုလာပြားများ
#စစ်ကောင်စီတပ်သားများဖြုတ်ယူ
ဓါတ်ပုံ - မင်းတပ်မြို့ပေါ် တနေရာ(ပုံဟောင်း)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬20👍5❤2🔥1😁1
ဇွန်လ (၂၀) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ပဋိပက္ခတွေကြောင့် အာရှ၊ ပစိဖိတ်ဒေသတွင်း မြန်မာနိုင်ငံမှာ ဒုက္ခသည်အများဆုံးရှိနေတယ်လို့ UNHCR က ပြောတဲ့သတင်းနဲ့အတူ စစ်တပ်လက်အောက်ခံ မြန်မာဘဏ် ၂ ခုကို အမေရိကန်က ဒဏ်ခတ်အရေးယူမယ့် သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်း၊ စီးပွာရေးသတင်းနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” အစီအစဉ်နဲ့ “သဘာဝရဲ့လက်ဆောင်” အစီအစဉ်တွေကို နားဆင်ကြရမှာပါ။
နောက်ဆုံးမှာတော့ BNI က စီစဉ်တင်ဆက်တဲ့ တိုင်းရင်းသားဒေသတွေထဲက သတင်းတွေ၊ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ထားတဲ့ အစီအစဉ်ကို နားဆင်ရမှာပါ။
https://youtu.be/nNQE9XW8-Vo
#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ (၂၀) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ပဋိပက္ခတွေကြောင့် အာရှ၊ ပစိဖိတ်ဒေသတွင်း မြန်မာနိုင်ငံမှာ ဒုက္ခသည်အများဆုံးရှိနေတယ်လို့ UNHCR က ပြောတဲ့သတင်းနဲ့အတူ စစ်တပ်လက်အောက်ခံ မြန်မာဘဏ် ၂ ခုကို အမေရိကန်က ဒဏ်ခတ်အရေးယူမယ့် သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်း၊…
နောက်ဆုံးရ ပြည်တွင်းသတင်း၊…
👍7😁2
ကန့်ဘလူမြို့နယ်၌ ပျူစောထီးများက ဒေသခံများကို အတင်းအကြပ်ခေါ်ဆောင်ပြီး စစ်ကြောင်းများတွင် မိုင်းရှင်းခိုင်း
🤬10🔥4😁1
ကန့်ဘလူမြို့နယ်၌ ပျူစောထီးများက ဒေသခံများကို အတင်းအကြပ်ခေါ်ဆောင်ပြီး စစ်ကြောင်းများတွင် မိုင်းရှင်းခိုင်း
===================
KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အနောက်ဖက်ခြမ်းကျေးရွာများတွင် ပျူစောထီးအဖွဲ့များက ရွာသားများအား အတင်းအကြပ်ခေါ်ဆောင်ကာ စစ်ကြောင်းထိုးရာတွင် မိုင်းရှင်းခိုင်းခြင်းနှင့် ရှေ့ပြေးလုပ် ခိုင်းမှုများပြုလုပ်နေကြောင်း ဒေသခံများကမဇ္ဈိမကို ပြောသည်။
ကန့်ဘလူမြို့နယ် အနောက်ဖက်ခြမ်းကျေးရွာများတွင် တရပ်ကွက်လျှင်နှစ်ယောက်နှုန်းဖြင့် ပျူစောထီး အဖွဲ့များက စစ်ကြောင်းအတွက် အလှည့်ကျခေါ်ယူနေခြင်းဖြစ်သည်။
လိုက်ပါသွားသည့် ရွာခံများအတွက်လည်း တဦးလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ပျူစောထီးအဖွဲ့မှ ကောက်ခံ သည့်အတွက် ကျေးရွာက ငွေပေးနေရကြောင်း ကျေးရွာဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
“ရွာက ပျူစောထီးခေါင်းဆောင်က တရက်ကွက်ကိုနှစ်ယောက်နှုန်းနဲ့ မဖြစ်မနေ အတင်းအကြပ်ခေါ်နေ တာ။ ရွာသားတော်တော်များများက စိတ်ညစ်နေကြတယ် ရွာပြင်လည်းထွက်လို့ မရကြဘူး။
အခြေအနေ က ခုရက်ပိုင်းမှာ ဒီလိုမျိုးတွေ ဖြစ်နေတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကန့်ဘလူမြို့နယ်အနောက်ဖက်ခြမ်း ကျေးရွာတရွာတွင် ပျူစောထီးခေါင်း ဆောင်တဦး အသတ်ခံရပြီးနောက် ယခုကဲ့သို့ ကျန်ကျေးရွာပျူစောထီးခေါင်းဆောင်များက ရွာသားများ အား အတင်းအကြပ် ခေါ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။
ပျူစောထီးစစ်ကြောင်းနှင့် လိုက်ပါသွားသူများသည် ရွှေဘိုမြို့နယ်အထိ စစ်ကြောင်းထိုး သွားလာရပြီး ပျူစောထီးအယောင်ဆောင်ကာ လူသားဒိုင်းအဖြစ် ရှေ့ပြေးသွားလာရခြင်း၊ မိုင်းရှင်းခြင်းများတွင် ပါဝင် နေရခြင်း ဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီတပ်များနှင့် ဦးဝါဿဝဦးဆောင်သည့် ပျူစောထီးအဖွဲ့များသည် ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်အတွင်း ပျူစောထီးအခြေစိုက်သည့် ကျေးရွာများ၌ ရွာခံများအား ပျူစောထီးသင်တန်း တက်ရောက်ရန် အတင်းအကြပ်ဖိအားပေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ထိုသို့ အတင်းအကြပ်ဖိအားပေးမှုများ ရှိနေသည့်အတွက် ရွာခံအချို့တိမ်းရှောင် နေရကြောင်း ဒေသခံ များက ပြောသည်။
ဦးဝါဿဝဦးဆောင်သည့် ပျူစောထီးအဖွဲ့သည် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ထန်းကုန်းစံပြကျေးရွာတွင် ပျူစောထီးသင်တန်းတက်ရန်ကိစ္စနှင့် ပက်သက်၍ ကျေးရွာ ရာအိမ်မှူးများကို ဆင့်ခေါ်ပြီး အစည်းအဝေးကျင်းပခဲ့သည်။
ကျေးရွာ ရာအိမ်မှူးများမှ မိမိရပ်ကွက်အတွင်းရှိ ပြည်သူများကို မဲနှိုက်စေပြီး မဲပေါက်သည့် ရွာသားများကို မဖြစ်မနေ ပျူစောထီးသင်တန်း တက်ခိုင်းရမည်ဖြစ်ကြောင်းနှင့် မဲပေါက်သည့် အိမ်ထောင်စုတွင် အမျိုး သားမရှိပါက တစ်လလျှင် ငွေကျပ် ၁၅၀,၀၀၀ ပေးဆောင်ရမည်ဟု ပြောဆိုခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ၏ ပြောဆိုချက်အားကိုးကားပြီး ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မဇ္ဈိမကို ပြောသည်။
ယင်းအပြင် မေလ ၂၀ ရက်နေ့ကလည်း ကျွန်းလှမြို့နယ် လယ်လှကျေးရွာအတွင်းရှိ ဒေသခံများကို မဲနှိုက် စေပြီး မဲပေါက်သည့် ရွာသူရွာသား ၃၀ ဦးကို ပျူစောထီးသင်တန်း မဖြစ်မနေတက်ရမည်ဟု ဖိအားပေး စေခိုင်းခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ (၃၆၁)၊ (၃၆၈) နှင့် ပျူစောထီးစစ် ကြောင်းများသည် ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းခွဲ၍ မီးရှို့ဖျက်ဆီးမှုများ မကြာခဏ ပြုလုပ်နေ သည်။
ယင်းကြောင့် ကျွန်းလှမြို့နယ်ရှိ ကြာတကန်၊ ထန်းပင်ကုန်းရွာနှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ရှမ်းကုန်း၊ ပင့်သာ၊ ချောင်းကြား၊ ဖလားရ၊ အင်းမ၊ နဂါးပေါ်၊ အုတ်ခင်း၊ ဟင်းဖြူတော၊ ပင်းတဲ၊ အင်ကြင်းစု၊ အင်ကြင်း မြိုင်စသည့် ကျေးရွာ ၁၃ ရွာမှ ဒေသခံထောင်နှင့်ချီပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ကန့်ဘလူ
#ပျူစောထီး
#ရှေ့ပြေးမိုင်းရှင်း
#Mizzima
ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
(ဇွန်လ ၁၀ ရက်နေ့တွင် စစ်ဘေးရှောင်နေကြသည့် ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်အတွင်းရှိ ပြည်သူများ)

🤬11👍6🔥2❤1😁1
လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားကို လက်ခံကျင်းပဖို့ ရှားပါး အခွင့်အရေးကို ငြင်းပယ်လိုက်ရတဲ့ အိန္ဒိယ
================
အိန္ဒိယဟာ ကမ္ဘာ့ချန်ပီယံများကို လက်ခံကျင်းပဖို့ ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် အခုလရဲ့ နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားအသင်းကို ကြိုဆိုနိုင်မယ့် အခွင့်အရေးကို ပယ်ဖျက်လိုက်ရပါတယ်။
အာဂျင်တီးနားအသင်းဟာ ဒီလ ဇွန် ၁၂ ရက်ကနေ ဇွန် ၂၀ ရက်အထိ ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ပြီး ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ချန်ပီယံအသင်းများကို တောင်အာရှရဲ့ အားပေးကူညီမှုကြောင့် အဲဒီနေရာမှာ ဒီပွဲတွေကို ကစားဖို့ စိတ်အားထက်သန်ခဲ့တာပါ။
"အာဂျင်တီးနား FA က ချစ်ကြည်ရေးပွဲအတွက် ကျနော်တို့ထံ ဆက်သွယ်ခဲ့ပေမယ့်လည်း ဒီလိုများပြားတဲ့ ငွေကြးပမာဏကို စီစဉ်ဖို့ မဖြစ်နိုင်သေးပါဘူး"လို့ AIFF အထွေထွေအတွင်းရေးမှူး ရှာဂျီး ပရာဟာကာရမ်က တနင်္လာနေ့မှာ The Times of India ကို ပြောကြားခဲ့ပါတယ်။ “ဒီလိုပွဲမျိုး ဒီမှာဖြစ်လာဖို့ ခိုင်မာတဲ့ ပါတနာတွေရဲ့ ကျောထောက်နောက်ခံကို ကျနော်တို့တွေ လိုအပ်တယ်။ အာဂျင်တီးနားက တောင်းဆိုတဲ့ငွေကြေးမျိုးက ကြီးမားပြီး ဘောလုံးလောကမှာ ကျနော်တို့ရဲ့ စီးပွားရေးအခြေအနေအရ ကန့်သတ်ချက်တွေရှိပါတယ်။”

👍5😁4🔥1
ဇွန်လ (၂၀) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
====================
- စစ်တပ်လက်အောက်ခံ မြန်မာဘဏ် ၂ ခုကို အမေရိကန်က စီးပွားရေး ပိတ်ဆို့ လိုက်တဲ့သတင်း
− အာဏာသိမ်းကာလ ၃ နှစ်အတွင်း အလုပ်လက်မဲ့နှုန်း ၂သန်းခန့် ရှိလာပြီလို့ စစ်ကောင်စီ ထုတ်ပြန်တဲ့သတင်း
− ကရင်နီပြည်နယ် မယ်စဲ့မြို့တွင် 4 K တပ်ပေါင်းစုအဖြစ်စုပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်တဲ့သတင်း
− ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီက အင်အားသုံးပြီး နေအိမ်မှာဝင်ရောက်ဖမ်းဆီးသွားတဲ့သတင်း
− ရွှေဈေးထိန်းဖို့ မန္တလေးမှာ တစ်ကျပ်သား ရွှေအတုံး ၇၃၀ ခန့် ကျပ်သိန်း ၃၀ ကျော်ဖြင့် မန္တလေးရွှေအသင်း ထုတ်ရောင်းလိုက်တဲ့သတင်းနဲ့
− ဘလင်ကင်ရဲ့ခရီးစဉ်အတွင်း တရုတ်နဲ့အမေရိကန်ဆက်ဆံရေး တိုးတက်မှုရှိကြောင်း ရှီကျင့်ဖျင်ပြောကြားလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/KfswpO9QSuA?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
- စစ်တပ်လက်အောက်ခံ မြန်မာဘဏ် ၂ ခုကို အမေရိကန်က စီးပွားရေး ပိတ်ဆို့ လိုက်တဲ့သတင်း
− အာဏာသိမ်းကာလ ၃ နှစ်အတွင်း အလုပ်လက်မဲ့နှုန်း ၂သန်းခန့် ရှိလာပြီလို့ စစ်ကောင်စီ ထုတ်ပြန်တဲ့သတင်း
− ကရင်နီပြည်နယ် မယ်စဲ့မြို့တွင် 4 K တပ်ပေါင်းစုအဖြစ်စုပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်တဲ့သတင်း
− ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီက အင်အားသုံးပြီး နေအိမ်မှာဝင်ရောက်ဖမ်းဆီးသွားတဲ့သတင်း
− ရွှေဈေးထိန်းဖို့ မန္တလေးမှာ တစ်ကျပ်သား ရွှေအတုံး ၇၃၀ ခန့် ကျပ်သိန်း ၃၀ ကျော်ဖြင့် မန္တလေးရွှေအသင်း ထုတ်ရောင်းလိုက်တဲ့သတင်းနဲ့
− ဘလင်ကင်ရဲ့ခရီးစဉ်အတွင်း တရုတ်နဲ့အမေရိကန်ဆက်ဆံရေး တိုးတက်မှုရှိကြောင်း ရှီကျင့်ဖျင်ပြောကြားလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/KfswpO9QSuA?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၂၀) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
- စစ်တပ်လက်အောက်ခံ မြန်မာဘဏ် ၂ ခုကို အမေရိကန်က စီးပွားရေး ပိတ်ဆို့ လိုက်တဲ့သတင်း
− အာဏာသိမ်းကာလ ၃ နှစ်အတွင်း အလုပ်လက်မဲ့နှုန်း ၂သန်းခန့် ရှိလာပြီလို့ စစ်ကောင်စီ ထုတ်ပြန်တဲ့သတင်း
− ကရင်နီပြည်နယ် မယ်စဲ့မြို့တွင် 4 K တပ်ပေါင်းစုအဖြစ်စုပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ကို…

👍5😁1🍌1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ ဇွန် ၂၀၂၃)
=======================
စစ်ကောင်စီ၏ အဓိက ဘဏ်နှစ်ခုကို အမေရိကန်နိုင်ငံအစိုးရက ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် စီစဉ်နေသည့်အတွက် စစ်ကောင်စီ ဝင်ငွေလည်ပတ်မှုကျပ်တည်း လာနိုင်ဖွယ် ရှိနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
စစ်ကောင်စီ၏ အဓိက ဘဏ်နှစ်ခုကို အမေရိကန်နိုင်ငံအစိုးရက ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် စီစဉ်နေသည့်အတွက် စစ်ကောင်စီ ဝင်ငွေလည်ပတ်မှုကျပ်တည်း လာနိုင်ဖွယ် ရှိနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁3🔥1
Media is too big
VIEW IN TELEGRAM
Jun - 20 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍3🍌2
နယူးဒေလီတွင် မြန်မာဒုက္ခသည်များ UNHCR ရုံးရှေ့၌ ဆန္ဒပြတောင်းဆို
=====================
ပါခွီး၊ ရောင်နီ
(မဇ္စျိမ) ။ ။အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် မြန်မာဒုက္ခသည်များက “ကမ္ဘာ့ဒုက္ခသည်နေ့” အဖြစ် ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)ရှေ့၌ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကဆန္ဒပြခဲ့ကြ သည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ခိုလှုံလာသောမြန်မာနိုင်ငံသားများကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် UNHCR မှ ယနေ့အချိန်ထိ လုပ်ဆောင်မပေးသည့်အပေါ် အမြန်ဆုံး အသိအမှတ်ပြုပေး ရန်တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။
“ ကျနော်တို့ကို UNHCR က အခုအချိန်အထိ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်တဲ့ အင်တာဗျူးကိုတောင် မလုပ်သေးဘူး။ ကျနော်တို့အတွက် သူတို့ဘက်က ဖြည့်ဆည်းလုပ်ဆောင်ပေးရမယ့်ဟာတွေကို ပျက် ကွက်နေတဲ့အတွက် အခုလို လာရောက်တောင်းဆိုရတာပါ” ဟု ဆန္ဒပြပွဲသို့ လာရောက်သူတဦးကပြော သည်။
ဆန္ဒပြသူများက အိန္ဒိယနိုင်ငံတွင် ကြာမြင့်စွာခိုလှုံနေသောဒုက္ခသည်များကို တတိယနိုင်ငံသို့ အခြေချ နေထိုင်နိုင်ရေးနှင့် ယင်းသို့နေထိုင်ရန် ဗီဇာရရှိပြီးသူများကို အမြန်ဆုံးထွက်ခွာခွင့်ပြုရန် တောင်းဆိုခဲ့ကြ သည်။
“ အခု UNHCR လုပ်ဆောင်ချက်တွေက အကြမ်းဖက်စစ်ကောင်စီနဲ့ အိန္ဒိယနိုင်ငံအကြား နားလည်မှုတည် ဆောက်ထားတဲ့အပေါ် အကောင်အထည်ဖော်ပေးသလို ဖြစ်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံကဒုက္ခ သည်တွေအတွက် အကူအညီပေးမှုတွေက လောလောဆယ်မရှိသလောက် ဖြစ်နေတယ်” ဟု India For Myanmar မှ ဆလိုင်းဒိုခါရ်က မဇ္စျိမသို့ပြောသည်။
ဆန္ဒပြသူများထဲမှ ဦးဆောင်သူအချို့သည် ၎င်းတို့၏ တောင်းဆိုချက်များရေးသားထားသော အိတ်ဖွင့် ပေးစာကို UNHCR တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
၎င်းတို့တောင်းဆိုသည့် အချက်များကိုမရမချင်းဆက်လက်၍ နည်းမျိုးစုံဖြင့် တောင်းဆိုသွားမည်ဖြစ် ကြောင်း ဆန္ဒပြပွဲဦးဆောင်သူများက ပြောသည်။
မြန်မာဒုက္ခသည်များဆန္ဒပြတောင်းဆိုမှုအပေါ် UNHCR ရုံးဘက်မှ အခြားနည်းလမ်းများဖြစ်သော အခမဲ့ ပြောဆိုနိုင်သည့် ဖုန်းလိုင်းများ၊ အင်တာနက်မှစာရေးသားပေးပို့ခြင်း၊ ကွန်မြူနတီအဖွဲ့အစည်းများမှ တဆင့်သာ ဆက်သွယ်ရန် ထုတ်ပြန်အသိပေးခဲ့သည်။
အခြားဆန္ဒပြသည့်နေရာများတွင်သာ ဆန္ဒထုတ်ဖော်ရန်ဖြစ်ပြီး အကယ်၍ ရုံးချုပ်သို့လာရောက်စုဝေး တောင်းဆိုမည်ဆိုပါက ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသာ ထိခိုက်နစ်နာမည်ဖြစ်ကြောင်း လည်း UNHCR မှဆိုသည်။
ဆန္ဒပြပွဲကို နယူးဒေလီမြို့အနောက်ပိုင်းတွင် နေထိုင်လျက်ရှိသောမြန်မာဒုက္ခသည်များက ဘတ်စ်ကား ဖြင့် လာရောက်စုဝေးခဲ့ကြပြီး စုစုပေါင်း မြန်မာနိုင်ငံသား ၁၀၀ ဝန်းကျင်နှင့် အိန္ဒိယနိုင်ငံမှ ပညာရှင်အချို့ အပြင် ဒေသခံသတင်းမီဒီယာများပါ လာရောက်ခဲ့ကြသည်။
ယခုပြုလုပ်ခဲ့သည့် ဆန္ဒပြတောင်းဆိုပွဲကို Myanmar Refugees Demand Committee နှင့် India For Myanmar တို့မှဦးဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဟုသိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဆန္ဒပြတောင်းဆို
#ဒုက္ခသည်
#UNHCR
#အိတ်ဖွင့်ပေးစာ

Facebook
#ဆန္ဒပြတောင်းဆို – Explore
explore #ဆန္ဒပြတောင်းဆို at Facebook
👍15🔥2😁1
မန္တလေးတွင် စကစ၏ရဲစခန်းတခုကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ဟု NMD-PDF ဆို
======================
007
(မဇ္စျိမ) ။ ။မန္တလေးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတခုကို ဇွန်လ ၁၉ ရက်နေ့ ညပိုင်းက ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော No More Dictatorship People Defense Force-NMD PDF က သတင်းထုတ်ပြန်ထားသည်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀ နှင့် ၉ လမ်းထောင့်ရှိ အမှတ်(၄)နယ်မြေရဲစခန်းကို ဇွန်လ ၁၉ ရက်နေ့ ည ၈ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
“တင်းကြပ်သည့်အစစ်အဆေးများ၊ ကင်းပုန်းများအထပ်ထပ်ချထားသည့်ကြားမှ လူထုခေါင်းဆောင်အမေ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး “အထိ အခိုက်အသေအဆုံးရှိနိုင်တယ်၊ အသေးစိတ်ကို အတည်ပြုပြီးမှ ပြန်ပြောနိုင်မယ်” ဟု NMD PDF ပြန်ကြားရေးတာ၀န်ခံက ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ဇွန်လ ၂၀ ရက် ညနေပိုင်းအထိ မသိရသေး သော်လည်း စစ်အုပ်စုက ရဲစခန်းနှင့်အနီး၀န်းကျင်ရပ်ကွက်များအား ယမန်နေ့က တညလုံး ဧည့်စာရင်း စစ်ခဲ့ကြောင်း၊ ယနေ့တွင်လည်း တစ်နေကုန် တင်းကြပ်သည့်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများ ကပြောသည်။
NMD PDF သည် လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် ပန်းသပိတ်လှုပ်ရှားမှုတွင်လည်း ပါ၀င်ဆင်နွှဲခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးမြို့
#NMD_PDF
#ဗုံးဖြင့်တိုက်ခိုက်
#ပန်းသပိတ်

👍15😁2❤1👏1