Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တရားဥပဒေကင်းမဲ့နေတဲ့ ဒီကာလမှာ အမျိုးသမီးတွေ ဘယ်လို အကြမ်းဖက်ခံနေရသလဲ | Two Years After Coup (Ep-5)
====================

"အရမ်းလည်းရှက်တယ်၊ Suicide လုပ်ချင်တယ်၊ မိဘတွေကိုလည်း မျက်နှာမပြရဲတော့ဘူး၊ အိမ်ထဲကအိမ်ပြင်လည်း မထွက်ရဲတော့ဘူး"
 
တရားဥပဒေအကာအကွယ်ကင်းမဲ့နေတဲ့ ဒီကာလမှာ အမျိုးသမီးတွေ ဘယ်လို အကြမ်းဖက်ခံနေရသလဲဆိုတာကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။
Two Years After Coup အစီအစဉ်ရဲ့ အပိုင်း (၅) ဖြစ်ပါတယ်။

https://youtu.be/Z-ZMdLhLna4
 
#two_years_after_coup #episode5 #ရုန်းကန်သံ #SOSMYANMAR
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥2
ဖားကန့်တွင် စစ်ကောင်စီတပ်က KIO အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်း၊ သေဆုံးနှင့် ဖမ်းဆီးခံရသူများရှိ
👍4🤬4🔥2👏1
ဖားကန့်တွင် စစ်ကောင်စီတပ်က KIO အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်း၊ သေဆုံးနှင့် ဖမ်းဆီးခံရသူများရှိ
=================

အဂမ်
(မဇ္ဈိမ) ။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့၍ သေဆုံးနှင့် ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက်(၃)ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အုပ်ချုပ်ရေးတိုက်နယ်ရုံးကို ဇွန်လ ၂၀ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ဝင်ရောက်စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ရုံးအစောင့်အပြင် အနီးပတ်ဝန်း ကျင်ရှိ ပြည်သူများကိုပါ ဖမ်းဆီးသွားခဲ့ကြောင်း ဖားကန့်မြို့မှ KIA အရာရှိတဦးက ဆိုသည်။

“ ဒီမနက်မှ ရုံးကိုမီးရှို့လိုက်တာ။ စစ်သားတွေဝင်စီးတဲ့အချိန်မှာ ပစ်ခတ်မှုတွေဖြစ်ပြီးတော့ ရုံးအတွင်းမှာ ရှိတဲ့သူတွေအပြင် အနီးတဝိုက်မှာနေတဲ့ ပြည်သူတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်။ ဒီမနက်မှ လူမှုကူညီရေးအသင်းတွေက ထိခိုက်ထားတဲ့သူတွေကို လာသယ်သွားတာ” ဟု ၎င်းကပြောသည်။

တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သူနှင့် သေဆုံးသူ ၁၂ ဦးခန့်ရှိခဲ့ကာ ၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရ ကြောင်း မဇ္ဈိမ၏မြေပြင်သတင်းအဖွဲ့မှ ကနဦးစုံစမ်းသိရှိထားပြီး အတိအကျကို အတည်ပြုဖော်ပြနိုင် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စီးနင်းမှုအပြီးတွင် KIA ကဖမ်းဆီးထားသည့် အကျဉ်းသားများကိုလည်း စစ်ကောင်စီတပ်က ခေါ်ဆောင် သွားကြောင်း KIA သတင်းရင်းမြစ်က ပြောကြားသည်။

“KIA ကဖြေရှင်းရမယ့် အကျဉ်းသား တွေရှိတယ်လေ။ သူတို့ခေါ်ထားတာ။ သတင်းက အကုန်မရသေးဘူး။ သေတဲ့သူလည်းရှိတယ်လို့ပြောတယ်။ သေချာတော့ မသိသေးဘူး။ အဲဒီမှာစစ်သားတွေရှိနေသေးတော့ သတင်းသေချာယူဖို့က ခက်နေသေးတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးအတွင်း အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ကဝင်ရောက်စီးနင်ခဲ့၍ KIA အရာရှိများအပါအဝင် အရပ် သား ၃၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသေးသည်။

Photo - ဝင်ရောက်စီးနင်းခံရသည့် KIO တိုက်နယ်ရုံး မီးရှို့ဖျက်ဆီးခံထားရပုံ။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#KIO
#အုပ်ချုပ်ရေးရုံး
#မီးရှို့
#ဖမ်းဆီး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍3🔥2👏1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁ ဇွန် ၂၀၂၃)
==============================

အမျိုးသားညီညွတ်ရေး အစိုးရ

•   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အရာရှိ သင်တန်းဆင်းပွဲသို့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလမှ ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံခဲ့ပြီး သင်တန်းကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့ကာ တစ်နိုင်ငံလုံးရှိ ပြည်သူ့ကာကွယ်ရေး သင်တန်းသားများတက်ရောက်ခဲ့ကြသည်ဟု NUG က ယမန်နေ့က သတင်းထုတ်ပြန်သည်။

•   ယနေ့ ဇွန် ၂၁ ရက်တွင် ကျရောက်သည့် (၁၄၈)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အဖွဲ့အစည်း ရှစ်ခုမှ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ ခဲ့ကြောင်း သိရသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1😁1
ဇွန်လ (၂၁) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့...

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဧရာ၀တီမြစ်အတွင်း မောင်းနှင်လာတဲ့ စစ်ကောင်စီ ရေယာဥ်ကို တိုက်ခိုက်တာမှာ အထိအခိုက်ရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃) က ထုတ်ပြန်တဲ့သတင်းနဲ့အတူ မော်လမြိုင်- ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ပေါ်မှာ ပုံမှန်စစ်ဆေးရေးလုပ်သွားမယ်လို့NUG ကာကွယ်ရေးဝန်ကြီး ဌာန PDF စစ်ရုံးချုပ်က ကြေညာလိုက်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဏကို လည်း နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/d56v_7QqZ84

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁4❤1
နယ်စပ် အနီးက တပ်စခန်းများ ဆုတ်ခွာပေးရန် ထိုင်းနိုင်ငံ၏ တောင်းဆိုချက် လက်မခံဟု UWSA တုံ့ပြန်
🔥5👍3
နယ်စပ် အနီးက တပ်စခန်းများ ဆုတ်ခွာပေးရန် ထိုင်းနိုင်ငံ၏ တောင်းဆိုချက် လက်မခံဟု UWSA တုံ့ပြန်
================

နယ်စပ် အနီးက တပ်စခန်းများ ဆုတ်ခွာပေးရန် ထိုင်းနိုင်ငံ၏ တောင်းဆိုချက် လက်မခံဟု "ဝ"ပြည်သွေးစည်းညီညွတ်ရေး တပ်(UWSA) က တုံ့ပြန်သည်ဟု Wa Channel က ထုတ်ပြန်သည်။

မြန်မာ-ထိုင်း နယ်စပ်စည်းမျဉ်းပေါ်က တပ်စခန်းငါးခုကို ဆုတ်ခွာ ပေးရန် စစ် ကောင်စီနှင့် တွေ့ဆုံစဉ် ထိုင်းဘက်က တောင်းဆိုမှုအ ပေါ် UWSA က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

တပ်စခန်းများ ဆုတ်ခွာပေးရန် ထိုင်းနိုင်ငံအနေနှင့် ဖိအားပေး စရာမဟုတ်သလို စစ်ကောင်စီဘက်ကလည်း တောင်းဆိုစရာမရှိ ကြောင်း UWSA တောင်ပိုင်းဆက်ဆံရေး ရုံးတာဝန်ခံ၏ ပြောကြားချက်ကို ကိုးကားပြီး Wa Channel က ဖော်ပြသည်။

အဆိုပါတပ်စခန်းများသည် ထိုင်းဘက်ခြမ်းတွင် တည်ရှိနေခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာသာ ရှိကာ မိမိဒေသကို မိမိကာကွယ်ခြင်းဟု UWSA က ဆိုသည်။

ထိုင်းဘက်က ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည့် UWSA ၏ တပ်စခန်းငါးခုမှာ ဘန်မယ်ဆိုင်ခရိုင်ခွဲ၊ ဝီယန်းဖန်ခမ်းခရိုင်ခွဲ၊ မယ်ဆိုင်ခရိုင်နှင့် ချင်းမိုင်ခရိုင်များအတွင်းရှိ တပ်စခန်းများ ဖြစ်ကြောင်း ထိုင်းနယ်စပ်မီဒီယာများတွင် ဖော်ပြသည်။

ဇွန် ၁၉ ရက်က ပြုလုပ်သည့် ထိုင်း- မြန်မာ နယ်ခြားကော် မတီအစည်းအဝေးတွင် ထိုင်းဘက်က ယင်းသို့တောင်းဆိုခဲ့သကဲ့သို့ စစ်ကောင်စီဘက်ကလည်း လက်နက်ခဲယမ်းသယ်ဆောင်မှု၊ ထိုင်း ဘက်သို့ တိမ်းရှောင်နေသူများကို ဖမ်းဆီးပေးရန် တောင်းဆိုခဲ့သည်ဟု ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။
👍12🔥4
ဇွန်လ (၂၁) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================

-နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းနည်းကို ပြန်ပြီးအကဲဖြတ်ရလိမ့်မည်ဟု ကုလ ကျွမ်းကျင်သူ ပြောလိုက်တဲ့အကြောင်း

- ထိုင်း - မြန်မာ နယ်စပ်က UWSA တပ်စခန်း (၅) ခုကို ဖယ်ရှားပေးရန် ထိုင်း တောင်းဆိုချက် UWSA လက်မခံတဲ့သတင်း

-အမျိုးသားစာပေဆုရှင် စာရေးဆရာညီပုလေး နှလုံးရောဂါဖြင့် ကွယ်လွန်သွားတဲ့သတင်း

-NUG က ဒစ်ဂျစ်တယ်ဘဏ် ဖွင့်လှစ်မယ့်အကြောင်း

-တိုက်တန်းနစ်သင်္ဘောနစ်မြုပ်တဲ့ နေရာအနီးမှာ ပျောက်ဆုံးသွားတဲ့ရေငုပ်သင်္ဘောကို အပူတပြင်းရှာဖွေနေကြတဲ့သတင်း

-KIA ဌာနချုပ် လိုင်ဇာအနီးရှိ နေရပ်ပြန် နမ့်ဆန်ယန်ကျေးရွာမှာ စစ်ရေးတင်းမာနေသတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/oRsYY-66DhI?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9❤1🍌1
This media is not supported in your browser
VIEW IN TELEGRAM
ခက်ခဲတဲ့ဟန်ချက်ညီရေးကြိုးပမ်းမှုအတွက် တရုတ်နဲ့ဂျာမန်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး

https://www.facebook.com/reel/1689215631580738

#Internationalnews #Mizzima #Reels #shorts
🔥2
သိထားသင့်သော မြန်မာပြည်က တရုတ်ခြေရာများ | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၅၈)
==========================

တရုတ်အစိုးရရဲ့ မူမမှန်တဲ့ ခြေလှမ်းတွေကို NUG နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက တည့်မတ်ပေးရမယ်... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/zs9DvW1CT7k

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤8👍4🔥1😁1🤮1
​​မော်လမြိုင်-ရေးလမ်းပိုင်းတွင် KNLA ၊ PDF များက ဆက်ကြေးကောက်ပြီး ကားသမားများအား ရိုက်နှက် သည်ဟု သတင်းမှားဖြန့်
=====================

JC
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ မော်လမြိုင်-ရေးလမ်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ခရီးသွားများထံမှဆက်ကြေးကောက်ပြီး ကားသမား အချို့ကို ရိုက်နှက်ခဲ့ကြောင်း ဖြန့်ဝေလျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။

Ba Nyut တယ်လီဂရမ်ချန်နယ်တွင် ဇွန်လ ၁၈ ရက်နေ့က “မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းမှာ ယာဥ်ငယ် ၅ သောင်း၊ ယာဉ်ကြီး ၁ သိန်း၊ ဆိုင်ကယ် ၃ သောင်းနှုန်းထားဖြင့် ဆက်ကြေးကောက်နေကြတဲ့ KNLA နဲ့ PDF များရဲ့ လှုပ်ရှားမှုများဖြစ်ပါတယ်” (မူရင်းအရေးအသားအတိုင်း) ဟုဆိုကာ ကားသမား အချို့ကိုလည်း ရိုက်နှက်မှုများပြုလုပ်ခဲ့ကြောင်းရေးသားပြီး ဓာတ်ပုံငါးပုံနှင့်အတူ ဖော်ပြထားသည်။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီတပ်ကို ထောက်ခံသည့် တယ်လီဂရမ်ချန်နယ် ရှစ်ခုတွင်လည်း ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၃၈,၀၀၀ ကျော်ရှိနေသလို ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။
အဆိုပါဓာတ်ပုံများသည် ဇွန်လ ၁၈ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ PDF များ ပူးပေါင်းဖွဲ့စည်းထားသည့် တောင်ပိုင်းတိုင်း J.O.C ၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ “ KNLA၊ PDF ပူးပေါင်းစစ်ကြောင်းက ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားရှိ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ် လုံခြုံရေးရယူစစ်ဆေး”ဟု ဖော်ပြမှုမှပုံများဖြစ်သည်။ လင့် - t.ly/f_Tr
မူရင်းဖော်ပြမှုတွင် ဓာတ်ပုံကိုးပုံပါရှိပြီး ဘညွှန့်၏ ဖော်ပြမှုတွင်မူ ပြည်သူများနှင့်ကာကွယ်ရေးတပ်ဖွဲ့များ ပြုံးရယ်နေသည့် ပုံများနှင့် အမိန့်ထုတ်ပြန်ချက် စာရွက်ပုံများကို ဖော်ပြခြင်းမရှိဘဲ KNLA ၊ SOF နှင့် PDF ပူးပေါင်းစစ်ကြောင်းမှ လမ်းသွားလမ်းလာယာဉ်များကို တားဆီးစစ်ဆေးနေသည့် ပုံငါးပုံကိုသာ ဖော်ပြ ထားခြင်းဖြစ်သည်။


စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#KNLA
#PDF
😁13👍3🔥1
“မမအားနဲ့မိစ္ဆာရှင်းဖို့ ပဲခူးမြေကိုထောက်ကူစို့” ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်း ပြုလုပ်
👍8🔥2😁1
“မမအားနဲ့မိစ္ဆာရှင်းဖို့ ပဲခူးမြေကိုထောက်ကူစို့” ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်း ပြုလုပ်
=======================

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေသည့် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က “မမအားနဲ့မိစ္ဆာရှင်းဖို့ ပဲခူးမြေကိုထောက်ကူစို့” ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်းကို ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ခံစစ်မှ ထိုးစစ်အသွင် ကူးပြောင်းနိုင်ရန်အတွက် လိုအပ် သော လက်နက်တပ်ဆင်ရေး၊ ကျည်ဖြည့်တင်းနိင်ရေး၊ ရိက္ခာဖြည့်တင်းနိုင်ရေး၊ အထွေထွေသယ်ယူပို့ ဆောင်ရေး၊ စစ်ဆင်ရေးကို မဟာဗျူဟာကျကျ ဆောင်ရွက်နေသော တိုင်းအတွင်းရှိ တပ်ခွဲနှင့် စစ်ကြောင်း များကို တိုက်ရိုက်ထောက်ပံ့နိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ ညီအကိုသွေးချင်းများအား ပူးပေါင်းကူညီ လှူဒါန်းပေးကြရန် နှိုးဆော်ထားသည်။

“ပဲခူးတိုင်းထဲမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို လက်နက်ကြီးထောက်ပံ့ပေးဖို့ စလုပ်တာ။ မဲရောင်းတာ တော့ အခုပထမအကြိမ်စလုပ်တာပေါ့။ အဓိကတော့ ကျနော်က မဲလည်းရောင်းသလို အလှူငွေလည်း လက်ခံမယ်ပေါ့နော်။ ပဲခူးတိုင်းထဲမှ လက်နက်ကြီးနဲ့ စစ်ဆင်ရေးလုပ်နိုင်ဖို့ အခုလို ကမ်ပိန်းပြုလုပ်ရတာ ပါ”ဟု ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူ ကိုမျိုးကိုကို ပြောသည်။

“ပဲခူးတိုင်းရဲ့ စစ်ရေးလှုပ်ရှားမှုကတော့ ကျနော်တို့တောက်လျှောက် ရိုးမဘက်ရော၊ မဟာမိတ်တွေနဲ့ပါ ပူးပေါင်းပြီးတော့ စစ်ကောင်စီကို တိုက်ခိုက်နေတာရှိတယ်။ ဥပမာဆိုရင် ကျနော်တို့ နတ်သံကွင်း စစ်ဆင် ရေးဆိုရင် အောင်အောင်မြင်မြင်နဲ့ ကျနော်တို့လုပ်နိုင်ခဲ့တယ်။ အဲဒီထပ်ပိုပြီးတော့ စစ်ဆင်ရေးဖော်ဆောင် နိုင်ဖို့အတွက် လိုအပ်တဲ့လက်နက်ကြီးတွေ ဖြည့်တင်းဖို့အတွက်ပါ”ဟု ၎င်းက ပြောသည်။

နိုင်ငံအလိုက် ကံစမ်းမဲလက်မှတ် ဈေးနှုန်းများသတ်မှတ်ထားပြီး ဆုအသီးသီး မဲဖောက်သွားမည်ဖြစ် ကြောင်းသိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#လက်နက်ကြီးထောက်ပံ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤7🔥2🥰2😁2
“လမ်းအားလုံး နေပြည်တော်သို့” စစ်ရေးစီမံချက်ကို အကောင်အထည်ဖော်နေကြောင်း NUG ကာကွယ် ရေး၀န်ကြီး ပြောကြား
❤24😁4😍1