စစ်ကောင်စီဘဏ် ၂ခုကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှု တော်လှန်အင်အားစုများကြိုဆို၊ လူထုအပေါ် အကြမ်းဖက်မှုသက်ဆိုးရှည်စေမည့် ငွေကြေးစီးဆင်းမှု ဖြတ်တောက်လိုက်ခြင်းဟုဆို
======================
001
(မဇ္စျိမ)။ ။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB)တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူလိုက်ခြင်းသည် စစ်ကောင်စီက ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို သက်ဆိုးရှည်စေမည့် ငွေကြေးစီးဆင်းမှုအား ဖြတ်တောက်လိုက်ခြင်းဖြစ်သောကြောင့် ထောက်ခံကြိုဆိုကြောင်းတော်လှန်ရေးအင်အားစုများက ကြေညာချက်ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ကောင်စီထိန်းချုပ်ထားသော အထက်ပါ ဘဏ် နှစ်ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း
အမေရိကန်အစိုးရက ဇွန်လ ၂၁ရက်တွင် ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က ဇွန် ၂၁ရက်တွင် ထုတ်ပြန်သော အဆိုပါ ကြေညာချက်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ MFTB နှင့် MICB ဘဏ်တို့သည် စစ်အာဏာရှင်အဖွဲ့အစည်း၏ နိုင်ငံရေးနည်းလမ်းအရသတ်မှတ်ထားသည့် အုပ်ချုပ်ရေးအပိုင်းအခြားများ၊ အေဂျင်စီများ (သို့မဟုတ်) စစ်အာဏာရှင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့်အတွက် သမ္မတ၏အမိန့်အမှတ် ၁၄၀၁၄ အရ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ထိုကြေညာချက်ကို ထောက်ခံကြိုဆိုကြောင်း တော်လှန်ရေးအင်အားစုများဖြစ်သည့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး (GMSR) နှင့် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု (BMC) တို့က ဇွန်လ ၂၁ရက်တွင် ချက်ချင်း ထုတ်ပြန်ခဲ့သည်။
" အမေရိကန်အစိုးရမှ အကြမ်းဖက်စစ်အုပ်စု ဦးစီးနေသည့် နိုင်ငံပိုင်ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူလိုက်ခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို သက်ဆိုးရှည်စေမည့် ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်" ဟု တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဖိနှိပ်အကြမ်းဖက်မှုများကို ရပ်တန့်စေရန်မှာ အကြမ်းဖက်စစ်အုပ်စု၏ သက်ဆိုးရှည်စေမည့် ငွေကြေး စီးဆင်းမှုများ၊ တရားဝင်မှုပြုရေးများကို ဖြတ်တောက်မှသာလျှင် ရပ်တန့်စေနိုင်မည်ဖြစ်သောကြောင့် အမေရိကန်အစိုးရနည်းတူ အရေးယူခြင်းများကို ဉပရောပအဖွဲ့အစည်းများ၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများကပါ လုပ်ဆောင်ကြရန် တော်လှန်ရေးအင်အားစုများက ဆက်လက် တိုက်တွန်းထားသည်။
MFTB ဘဏ်နှင့် MICB ဘဏ်တို့ ဒဏ်ခတ်ပိတ်ဆို့ခံရမှုမှာ ပုဂ္ဂလိကကုန်သွယ်ရေးကဏ္ဍကို ထူးထူးခြားခြား သက်ရောက်မှုမရှိနိုင်ဘဲ စစ်ကောင်စီ၏ နိုင်ငံချင်းပူးပေါင်းလုပ်ဆောင်မှုများကို ထိခိုက်နိုင်ကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
“လက်ရှိလုပ်နေတဲ့ ပို့ကုန်၊သွင်းကုန် ပုံစံက ဒီဘဏ်တွေကို မလိုဘူး။
အဲ့ဒီဘဏ်တွေမရှိလည်း လုပ်လို့ရနေတယ်။ အရင် Trade(ကုန်သွယ်မှု) လုပ်လည်း MFTB ၊ MICB ဘဏ်မှာ အကောင့်မရှိလည်း ပုဂ္ဂလိကဘဏ်တွေမှာ ရှိမယ်ဆိုရင်လည်းလုပ်လို့ရတယ်။ ဒါပေမဲ့ G to G (အစိုးရအချင်းချင်း) လုပ်တဲ့အခါမျိုးကျရင်တော့ ဒီပိတ်ဆို့မှုက အကျိုးသက်ရောက်မှုရှိနိုင်တယ်”ဟု ဆိုသည်။
အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုသည် စစ်ကောင်စီကို အထိနာစေကြောင်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ လေ့လာသူများက သုံးသပ်ထားသော်လည်း
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိုဘဏ်နှစ်ခုမှာ အမေရိကန် အခြေစိုက်သည့် ဘဏ်များ၊ ဘဏ်ခွဲများတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ဆောင်ရွက်နေခြင်းမရှိသည့်အတွက် ငွေကြေးဆုံးရှုံးမှုမရှိကြောင်းနှင့် ပူပန်စရာမလိုကြောင်း ပြောဆိုထားသည်။ သို့သော်အမေရိကန် ပြည်ထောင်စုအနေဖြင့် စီးပွားရေးအရ၊ နိုင်ငံရေးအရ အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီက ညည်းတွားထားသည်။
အမေရိကန်အစိုးရ၏ ယခုအရေးယူပိတ်ဆို့မှုသည် တော်လှန်ရေးခရီးအတွက် အထောက်အပံ့များဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ကြံ့ကြံ့ခံကာ အတူရင်ဆိုင်ကြပြီး အကြမ်းဖက်စစ်အုပ်စု၏ သက်ဆိုးရှည်စေမှုမှန်သမျှ ဖြတ်တောက်၍ လိုချင် သောပန်းတိုင်အထိ အတူတကွလျှောက်လှမ်း တိုက်ပွဲဝင်ကြရန်လည်း တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
စာတည်း - မောင်ကြီး
#mizzima
#MFTB
#MICB
#အမေရိကန်အစိုးရ
#ပိတ်ဆို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍18❤4😁2
ဇွန်လ ၂၂ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2👍1
This media is not supported in your browser
VIEW IN TELEGRAM
ဟွန်ဒူးရပ်စ် အမျိုးသမီး အကျဥ◌်းထောင် မီးလောင်မှုအတွင်း လူ ၄၀ ကျော် သေဆုံး
https://www.facebook.com/reel/1033309387656418
#Internationalnews #Mizzima #Reels #shorts

🔥4👍2😢1
ပန်းသာရွာတိုက်ပွဲ ၈ ရက်မြောက်နေ့ ဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်
======================
ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ပန်းသာရွာတွင် စစ်ကောင်စီတပ် လက်အောက်ခံများနှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား ရှစ်ရက်မြောက်နေ့အဖြစ် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
ပန်းသာရွာအတွင်း အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်၎င်း၏ လက်အောက်ခံတပ်များကို တမူးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့များမှ ဇွန်လ ၁၅ရက် နေ့မှ စတင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
“စကစတွေ အထိနာနေလို့ လေကြောင်းကနေ နေ့စဉ်လိုလို လာပစ်နေတယ် ၊ ထောက်ပို့လေယာဉ်နဲ့လည်း ရိက္ခာ နဲ့ကျည်တွေလာချပေးတယ်လို့သိရတယ်၊ မြေပြင်က အင်အားဖြည့်ဘို့မလွယ်တော့ လေကြောင်းအားကိုး ပစ်နေတာ” ဟု တမူးမြို့နယ် စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက မဇ္စျိမ ကိုပြောသည်။
ရှစ်ရက်မြောက်အဖြစ် ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားသဖြင့် တမူးမြို့နှင့် ကလေးမြို့များဖက်မှလည်း အင်အားဖြည့်တင်းရန် ခက်ခဲနေသဖြင့် စစ်ကောင်စီတပ် လေကြောင်းမှ နေ့စဉ်လာရောက်တိုက်ခိုက်လျက်ရှိကြောင်းဆိုသည်။
၎င်းအပြင် ထောက်ပို့ယာဉ်မှလည်း လေထီးဖြင့် နှစ်ကြိမ် လက်နက်ကြီးကျည်၊ ၊လက်နက်ငယ်ကျည် ၊ ရိက္ခာနှင့် ဆေးဝါးသေတ္တာအချို့ကို ကာကွယ်ရေးတပ်ဖွဲ့မှ သိမ်းပိုက်ရရှိခဲ့ကြောင်း ဆိုသည်။
အဆိုပါရွာအတွင်း ပိတ်မိသူများမှာ စစ်ကောင်စီတပ်သာမက ရဲ ၊ ပျူစောထီး ၊ ကသည်း ၊ ရှမ်းနီတပ်များပါဝင်လျက်ရှိပြီး အထိအခိုက်အကျအဆုံးများပြား လျက်ရှိနေကြောင်း သိရသည်။
တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံများ၏ အလောင်းများကို ကျေးရွာအတွင်းရှိ နေအိမ်အချို့အတွင်းသို့ထည့်သွင်း၍ နေအိမ်ကိုမီးရှို့ပြီး သင်္ဂြိုဟ်နေကြောင်း ဆိုသည်။
အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး မဇ္စျိမက ရုပ်သံအချို့ကို လက်ခံရရှိခဲ့ပြီး ယင်းတို့ အထဲတွင် စစ်ကောင်စီရဟတ်ယာဉ်မှ ဝဲပျံသန်းလျက်ရှိနေပြီး ကာကွယ်ရေးတပ်ဖွဲ့ များ ချီတက်သွားကြပုံနှင့် ဒဏ်ရာရရှိသည့် ရဲဘော်များ သယ်ဆောင်လာသည်များကို မြင်တွေ့ရသည်။
စစ်ကောင်စီတပ်တပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရခဲ့မှုများရှိနေသော်လည်း အရေအတွက်ကိုမူ မသိရှိရသေးကြောင်း စောင့်ကြည့်လေ့လာသူဆက်ပြောသည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှလည်း ရဲဘော် ၂၀ကျော် ကျည်ဆန်အပိုင်းအစများ ထိမှန်ဒဏ်ရာရရှိထားပြီး ကျဆုံးသူမရှိသေးကြောင်း သိရသည်။
အဆိုပါတိုက်ပွဲကို တမူးခရိုင် အတွင်းအခြေစိုက်လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းမဟာမိတ်များမှ တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာဖွယ်ရှိကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူက ပြောဆိုသည်။
https://youtu.be/lmlkrUcoHjs
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပန်းသာရွာတိုက်ပွဲ
#စစ်ကောင်စီတပ်
#လေကြောင်း
#ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့

YouTube
ပန်းသာရွာတိုက်ပွဲ ၈ ရက်မြောက်နေ့ ဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်
ပါခွီး(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ပန်းသာရွာတွင် စစ်ကောင်စီတပ် လက်အောက်ခံများနှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား ရှစ်ရက်မြောက်နေ့အဖြစ် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
ပန်းသာရွာအတွင်း အခိုင်အမာတပ်စွဲထားသည့်…
ပန်းသာရွာအတွင်း အခိုင်အမာတပ်စွဲထားသည့်…
👍19👏6❤3🤬1
Pakistan village grieves 24 feared missing in Greece migrant tragedy
====================
https://youtu.be/alALMHXv1f0

Last week, a trawler carrying migrants sank near Greece's Peloponnese peninsula, killing at least 78. There are reports that hundreds of Pakistanis were aboard and that the number of victims could rise sharply.
-----------------------------------------
@MizzimaTV…

🔥1😁1
ယူကရိန်းကို စီးပွားရေးအကူအညီ ဒေါ်လာ ၁.၃ ဘီလီယံပေးအပ်ဖို့ အမေရိကန် ကြေညာ
==================
https://youtu.be/YWCYzTumENo

@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Subscribe now and join the…

👍11🔥2
ဇွန်လ (၂၂)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
==================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... မြန်မာကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ်လုပ်ငန်းနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အမေရိကန်ပြည်ထောင်စုက ဇွန်လ ၂၁ ရက်နေ့မှာထုတ်ပြန်ကြေညာတဲ့သတင်းနဲ့အတူ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးအရေးယူဖို့ အာဆီယံကို ကုလသမဂ္ဂကတိုက်တွန်းလိုက်တဲ့ သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://youtu.be/IGjmkOIIIh0
#Mizzimaradio
#Eveningradio

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... မြန်မာကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ်လုပ်ငန်းနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အမေရိကန်ပြည်ထောင်စုက ဇွန်လ ၂၁ ရက်နေ့မှာထုတ်ပြန်ကြေညာတဲ့သတင်းနဲ့အတူ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးအရေးယူဖို့…
👍9😁2
This media is not supported in your browser
VIEW IN TELEGRAM
တိုက်တန်းနစ်အနီး ပျောက်ဆုံးသွားတဲ့ ရေငုပ်သဘော်ကို ရှာဖွေဖို့ လက်တွေ့မှာ မဖြစ်နိုင်ကြောင်း သူတေသီတွေ ပြောကြား
https://www.facebook.com/reel/626164276122020
#Internationalnews #Mizzima #Reels #shorts
https://www.facebook.com/reel/626164276122020
#Internationalnews #Mizzima #Reels #shorts
👍6🔥1😁1
တရုတ်က ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေးဟောင်း ပြောကြား
=====================
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် ကမ္ဘာ့ခေါင်းဆောင်ကြီးဖြစ်ကြောင်းနှင့် အိန္ဒိယနှင့် အမေရိကန်အတွက် အဓိက စိန်ခေါ်မှုမှာ တရုတ်ကို ကိုင်တွယ်ရမည့်ကိစ္စရပ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံတော်လုံခြုံရေး အကြံပေး ဟောင်း ဂျွန်ဘော်လ်တန်က ပြောကြားလိုက်သည်။
ဝန်ကြီးချုပ်မိုဒီ၏ အမေရိကန်သို့ ပထမဆုံးနိုင်ငံတော်ခရီးစဉ်နှင့် ပတ်သက်ပြီး ANI နှင့် သီးသန့်တွေ့ဆုံခန်းတွင် အမေရိကန်နှင့် အခြားနိုင်ငံမှ ကုမ္ပဏီအများအပြားသည် တရုတ်တွင် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း စဉ်များကို လျှော့ချလာသည့်အတွက် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ခေါင်းဆောင်နှစ်ဦးက ဆွေးနွေး မည်ဟု ယုံကြည်ကြောင်း ဘောလ်တန်က ပြောကြားခဲ့သည်။

👍10😁2
စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်မှုများကြောင့် ဆယ်ကျော်သက် လူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ
👍3🤬2🔥1👏1
စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်မှုများကြောင့် ဆယ်ကျော်သက် လူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ
===================
YT
မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၁၈) မှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှ ဆယ်ကျော်သက်လူငယ် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒူးပလာယာခရိုင်က ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
" ဒီလိုပဲလေ နေ့တိုင်း၊ ညတိုင်း ကိုပစ်နေတာပါ၊ ဒီနေ့လည်း ပစ်နေတာပဲ ရွာတွေထဲ မကျတာပဲရှိတာ" ဟု ဒေသခံတစ်ဦးက ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့၊ ညနေပိုင်းမှ စတင်၍ မုဒုံမြို့၊ အဘစ်ကျေးရွာအခြေစိုက် အမတ (၃၁၈) မှ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းသို့ ၁၂၀ မမ အမျိုးအစား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကျည် ထိမှန်၍ တံခွန်တိုင်ကျေးရွာမှ ဆယ်ကျော်သက် ညီအစ်ကိုနှစ်ဦးနှင့် ပူးလိန်ကျေးရွာမှ ဆယ်ကျော်သက် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရသူများမှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ အမှတ် (၅) ရပ်ကွက်၊ ကုလားပိုင်းနေ အသက် ၁၆ နှစ်အရွယ် မောင်မိုးဒီ၊ ၎င်း၏ အစ်ကိုဖြစ်သူ အသက် ၁၈ နှစ်အရွယ် မောင်လူပုနှင့် ပူးလိန်ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ဝင်းထွန်းပိုင်တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့၊ ညနေပိုင်းကလည်း အဘစ်အခြေစိုက် အမတ (၃၁၈) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ အမှတ် (၁) ရပ်ကွက်မှ ဒေသခံနေအိမ်တစ်လုံးနှင့် ကားတစ်စီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းတွင် ၂၀၂၃ ခုနှစ်၊ နှစ်အစပိုင်းမှစ၍ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့အထိ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံသုံးဦး သေဆုံးခဲ့ပြီး ဒေသခံနေအိမ် ငါးလုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်များ၏ တပ်ရင်းများ၊ ရဲစခန်းများ၊ ကင်းစခန်းများ၊ လုံခြုံရေးဂိတ်များအပြင် အုပ်ချုပ်ရေးရုံးများ၊ အဆောက်အအုံများအား တော်လှန်ရေးအင်အားစုများက ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏ တိုက်ခိုက်နေပြီး ထိုသို့ တိုက်ခိုက်ခံရတိုင်းလည်း စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လေ့ရှိကြောင်း သိရသည်။
အဘစ်အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၁၈) မှ စစ်ကောင်စီတပ်သားများသည် KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာ၊ ပူးလိန်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ နန်းသိုင်းထွန် ကျေးရွာများအတွင်းသို့ မကြာခဏလက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီ
#အမြောက်တပ်
#မုဒုံမြို့နယ်
#KNU

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍8🔥3😁2🤬2❤1
ဇွန်လ ၂၂ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================
-သမ္မတကြီး ဦးဝင်းမြင့် ကျန်းမာရေးဆေးစစ်မှု အခြေအနေ " မဆိုး" လို့ ဒေါက်တာဝင်းမြတ်အေးပြောတဲ့သတင်း
-MFTBနှင့် MICB ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန် တရားဝင်ထုတ်ပြန်တဲ့အကြောင်း
-မြောက်ဥက္ကာလာပရွှေဆိုင် ဓါးပြတိုက်ခံရမှု ပတ်သက်ခြင်း မရှိကြောင်း တွံတေး PDF တုံ့ပြန်တဲ့သတင်း
-ဖရူဆိုအနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတဲ့အကြောင်း
-တနင်္သာရီမြို့ သမီးလှအရှေ့ကမ်း ၅ ရက်တာတိုက်ပွဲအတွင်း စစ်တပ်အရာရှိအပါဝင် ၆ ဦးသေဆုံးတဲ့ သတင်းနဲ့
ယူကရိန်းကို စီးပွားရေးအကူအညီ ဒေါ်လာ ၁.၃ ဘီလီယံပေးအပ်ဖို့ အမေရိကန်ကြေညာလိုက်တဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/POhQ7vYNRE4?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
-သမ္မတကြီး ဦးဝင်းမြင့် ကျန်းမာရေးဆေးစစ်မှု အခြေအနေ " မဆိုး" လို့ ဒေါက်တာဝင်းမြတ်အေးပြောတဲ့သတင်း
-MFTBနှင့် MICB ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန် တရားဝင်ထုတ်ပြန်တဲ့အကြောင်း
-မြောက်ဥက္ကာလာပရွှေဆိုင် ဓါးပြတိုက်ခံရမှု ပတ်သက်ခြင်း မရှိကြောင်း တွံတေး PDF တုံ့ပြန်တဲ့သတင်း
-ဖရူဆိုအနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတဲ့အကြောင်း
-တနင်္သာရီမြို့ သမီးလှအရှေ့ကမ်း ၅ ရက်တာတိုက်ပွဲအတွင်း စစ်တပ်အရာရှိအပါဝင် ၆ ဦးသေဆုံးတဲ့ သတင်းနဲ့
ယူကရိန်းကို စီးပွားရေးအကူအညီ ဒေါ်လာ ၁.၃ ဘီလီယံပေးအပ်ဖို့ အမေရိကန်ကြေညာလိုက်တဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/POhQ7vYNRE4?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ ၂၂ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
-သမ္မတကြီး ဦးဝင်းမြင့် ကျန်းမာရေးဆေးစစ်မှု အခြေအနေ " မဆိုး" လို့ ဒေါက်တာဝင်းမြတ်အေးပြောတဲ့သတင်း
-MFTBနှင့် MICB ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန် တရားဝင်ထုတ်ပြန်တဲ့အကြောင်း
-မြောက်ဥက္ကာလာပရွှေဆိုင် ဓါးပြတိုက်ခံရမှု ပတ်သက်ခြင်း မရှိကြောင်း တွံတေး…

👍10😁2👎1
မယ်ဟောင်ဆောင်ရှိ မြန်မာဒုက္ခသည်များကို အကူအညီများ ပေးထားဟု ထိုင်းအာဏာပိုင်တို့ ပြော
========================
မြန်မာအာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် ၄,၀၀၀ နီးပါးခန့်ကို အကူအညီများ ပေးအပ်ထားကြောင်း ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်မှ အာဏာပိုင်များက ပြောသည်။
ဆာရီယန်း ခရိုင် ဆောင်ဟင်း ခရိုင်ခွဲ ဘန်ဆောင်ဟင်အရပ်နှင့် ခွန်ယူအမ် ခရိုင် မယ်ခီ ခရိုင်ခွဲ ဘန်ဖာခယ် အရပ်ရှိ နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၃,၉၀၄ ဦးသည် နယ်စပ်ဖြတ်ကာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၏ နယ်စပ်ခရိုင်နှစ်ခု၌ လာရောက်ခိုလှုံနေကြရခြင်းဖြစ်သည်။
ဆောင်ဟင် ခရိုင်ခွဲရှိ ဘန်ဆောင်ဟင် စခန်းတွင် မြန်မာဒုက္ခသည် ၃,၂၁၁ ဦး ရောက်ရှိနေပြီး ကျန်ဒုက္ခသည်များကို ဘန်ဖာခယ် စခန်းသို့ ခေါ်ဆောင်ထားသည်။

👍11🔥3