Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်မှုများကြောင့် ဆယ်ကျော်သက် လူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ
👍3🤬2🔥1👏1
စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်မှုများကြောင့် ဆယ်ကျော်သက် လူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ
===================

YT
မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၁၈) မှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှ ဆယ်ကျော်သက်လူငယ် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒူးပလာယာခရိုင်က ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

" ဒီလိုပဲလေ နေ့တိုင်း၊ ညတိုင်း ကိုပစ်နေတာပါ၊ ဒီနေ့လည်း ပစ်နေတာပဲ ရွာတွေထဲ မကျတာပဲရှိတာ" ဟု ဒေသခံတစ်ဦးက ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့၊ ညနေပိုင်းမှ စတင်၍ မုဒုံမြို့၊ အဘစ်ကျေးရွာအခြေစိုက် အမတ (၃၁၈) မှ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းသို့ ၁၂၀ မမ အမျိုးအစား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကျည် ထိမှန်၍ တံခွန်တိုင်ကျေးရွာမှ ဆယ်ကျော်သက် ညီအစ်ကိုနှစ်ဦးနှင့် ပူးလိန်ကျေးရွာမှ ဆယ်ကျော်သက် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရသူများမှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ အမှတ် (၅) ရပ်ကွက်၊ ကုလားပိုင်းနေ အသက် ၁၆ နှစ်အရွယ် မောင်မိုးဒီ၊ ၎င်း​၏ အစ်ကိုဖြစ်သူ အသက် ၁၈ နှစ်အရွယ် မောင်လူပုနှင့် ပူးလိန်ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ဝင်းထွန်းပိုင်တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့၊ ညနေပိုင်းကလည်း အဘစ်အခြေစိုက် အမတ (၃၁၈) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ အမှတ် (၁) ရပ်ကွက်မှ ဒေသခံနေအိမ်တစ်လုံးနှင့် ကားတစ်စီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းတွင် ၂၀၂၃ ခုနှစ်၊ နှစ်အစပိုင်းမှစ၍ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့အထိ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်​၏ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံသုံးဦး သေဆုံးခဲ့ပြီး ဒေသခံနေအိမ် ငါးလုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်​များ​၏ တပ်ရင်းများ၊ ရဲစခန်းများ၊ ကင်းစခန်းများ၊ လုံခြုံရေးဂိတ်များအပြင် အုပ်ချုပ်ရေးရုံးများ၊ အဆောက်အအုံများအား တော်လှန်ရေးအင်အားစုများက ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏ တိုက်ခိုက်နေပြီး ထိုသို့ တိုက်ခိုက်ခံရတိုင်းလည်း စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လေ့ရှိကြောင်း သိရသည်။

အဘစ်အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၁၈) မှ စစ်ကောင်စီတပ်သားများသည် KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာ၊ ပူးလိန်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ နန်းသိုင်းထွန် ကျေးရွာများအတွင်းသို့ မကြာခဏလက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီ
#အမြောက်တပ်
#မုဒုံမြို့နယ်
#KNU
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3😁2🤬2❤1
ဇွန်လ ၂၂ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================

-သမ္မတကြီး ဦးဝင်းမြင့် ကျန်းမာရေးဆေးစစ်မှု အခြေအနေ " မဆိုး" လို့ ဒေါက်တာဝင်းမြတ်အေးပြောတဲ့သတင်း

-MFTBနှင့် MICB ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန် တရားဝင်ထုတ်ပြန်တဲ့အကြောင်း

-မြောက်ဥက္ကာလာပရွှေဆိုင် ဓါးပြတိုက်ခံရမှု ပတ်သက်ခြင်း မရှိကြောင်း တွံတေး PDF တုံ့ပြန်တဲ့သတင်း

-ဖရူဆိုအနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတဲ့အကြောင်း

-တနင်္သာရီမြို့ သမီးလှအရှေ့ကမ်း ၅ ရက်တာတိုက်ပွဲအတွင်း စစ်တပ်အရာရှိအပါဝင် ၆ ဦးသေဆုံးတဲ့ သတင်းနဲ့
ယူကရိန်းကို စီးပွားရေးအကူအညီ ဒေါ်လာ ၁.၃ ဘီလီယံပေးအပ်ဖို့ အမေရိကန်ကြေညာလိုက်တဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/POhQ7vYNRE4?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2👎1
​​မယ်ဟောင်ဆောင်ရှိ မြန်မာဒုက္ခသည်များကို အကူအညီများ ပေးထားဟု ထိုင်းအာဏာပိုင်တို့ ပြော
========================

မြန်မာအာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် ၄,၀၀၀ နီးပါးခန့်ကို အကူအညီများ ပေးအပ်ထားကြောင်း ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်မှ အာဏာပိုင်များက ပြောသည်။

ဆာရီယန်း ခရိုင် ဆောင်ဟင်း ခရိုင်ခွဲ ဘန်ဆောင်ဟင်အရပ်နှင့် ခွန်ယူအမ် ခရိုင် မယ်ခီ ခရိုင်ခွဲ ဘန်ဖာခယ် အရပ်ရှိ နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၃,၉၀၄ ဦးသည် နယ်စပ်ဖြတ်ကာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၏ နယ်စပ်ခရိုင်နှစ်ခု၌ လာရောက်ခိုလှုံနေကြရခြင်းဖြစ်သည်။

ဆောင်ဟင် ခရိုင်ခွဲရှိ ဘန်ဆောင်ဟင် စခန်းတွင် မြန်မာဒုက္ခသည် ၃,၂၁၁ ဦး ရောက်ရှိနေပြီး ကျန်ဒုက္ခသည်များကို ဘန်ဖာခယ် စခန်းသို့ ခေါ်ဆောင်ထားသည်။
👍11🔥3
ILO က မြန်မာစစ်အုပ်စုအပေါ် ဘာတွေအရေးယူဆောင်ရွက်နိုင်မှာလဲ | Human Rights Barometer - Episode 16
=====================

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာစစ်အုပ်စုအပေါ် နောက်ထပ် အရေးယူဆောင်ရွက်နိုင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုရေးတို့အတွက် ကြိုးပမ်းနေမှုများနှင့်ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို မေးမြန်းထားသည်။

https://youtu.be/ArSw6TUIXj0

#humanrightsbarometer Rights Barometer
#ILO
#ဦးအောင်မျိုးမင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁2🔥1
​​ဖုန်း ကြားဖြတ်ထောက်လှမ်းခြင်းအတွက် ထိုင်းအစိုးရကို တရားစွဲ
====================

၂၀၂၀ နှောင်းပိုင်းနှင့် ၂၀၂၁ အစောပိုင်းက ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများအတွင်း ၎င်းတို့၏ ဖုန်းများကို Pegasus spyware အသုံးပြုပြီး ကြားဖြတ်ထောက်လှမ်းခြင်းများ လုပ်ဆောင်ခဲ့သည်ဆို၍ ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦးက ထိုင်းအစိုးရကို တရားစွဲသည်။

၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ချိုးဖောက်သည်ဆိုလျက် ဝန်ကြီးချုပ်ရုံးအပါအဝင် အစိုးရဌာန ကိုးခုကို ယင်ချစ်ပ် အက်ချန်နွန်နှင့် အာနွန်နမ်းပါတို့နှစ်ဦးက အင်္ဂါနေ့တွင် တရားစွဲဆိုခြင်း ဖြစ်သည်။

Apple ထံမှ သတိပေးချက် ရပြီးနောက် အဆိုပါ spyware အကြောင်းကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း ယင်ချစ်ပ်က ဖေ့ဘုတ်ပေါ်တွင် ပြောဆိုသည်။
👍12👏2😁2❤1
​​NUG လှုံ့ဆော်မှုများကို လိုက်ပါဆောင်ရွက်သည်ဟုဆိုကာ လူ ၃၀ ဦး အမှုဖွင့်ခံရ
==================

001
(မဇ္စျိမ)။ ။ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ ပြည်​ထောင်စုလွှတ်​တော်ကိုယ်စားပြု​ကော်မတီ (CRPH)တို့၏ လှုံ့ဆော်မှုများကို လိုက်ပါဆောင်ရွက်သည်ဟု စစ်ကောင်စီက စွပ်စွဲပြီး နေပြည်တော်မှ အမျိုးသမီးတစ်ဦးအပါအဝင် လူ ၃၀ ဦးမှာ တစ်ရက်တည်း ဖမ်းဆီးအမှုဖွင့်ခံထားရကြောင်း စစ်ကောင်စီ၏ ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

၎င်းတို့မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ လူပုဂ္ဂိုလ်များသည် facebook အကောင့်၊ tiktok အကောင့်တို့မှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ပြီး လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် ဖမ်းဆီးအမှုဖွင့်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားပြီး အသေးစိတ်အခြေအနေကို ဖော်ပြထားခြင်းမရှိပေ။

အဆိုပါ လူ ၃၀ ဦးတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှ မကေစင်မိုးဝေ၊ ရန်ကုန်တိုင်းမှ မမြကေခိုင်၊ မပန်းအိနွယ်၊ မွန်ပြည်နယ်မှ မသီတာတို့မှာ ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် Facebook နှင့် tikok တွင် ပန်းသပိတ်ဆင်နွှဲခဲ့သည်ဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်အချို့တွင် ဖမ်းဆီးရန် လှုံ့ဆော်ခံထားရသူများထဲတွင် ပါဝင်ကြောင်း တွေ့ရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသူများ၊ သတင်းဌာနများအောက်တွင် မှတ်ချက်ပေးသူများကိုပင် စစ်ကောင်စီက ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် ဆိုရှယ်မီဒီယာ(facebook)ပေါ်မှာပင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားနိုင်ခွင့်မှာ ဆိုးဆိုးရွားရွားချိုးဖောက်ခံနေရပြီး တင်လိုက်သော ပိုစ့်တစ်ခု၊ ပုံတစ်ပုံကြောင့် အိမ်အထိလာရောက်ဖမ်းဆီးခြင်းများကို ပတ်ဝန်းကျင်တွင် တောက်လျှောက်ကြုံတွေ့နေရကြောင်း အသံအဖွဲ့က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည့် စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

“နိုင်ငံတကာတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် လူသားတိုင်းအတွက် အခြေခံရပိုင်ခွင့်တစ်ခုဖြစ်နေပြီး ဥပဒေများဖြင့်ပါ ထိုအခွင့်အရေးများကို အကာအကွယ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင်မူ အွန်လိုင်းပေါ်တွင်ရေးသား၊ ထုတ်ဖော်သည့်အခါတိုင်း ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေး၊ မိသားစုများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်တို့ကိုပါ ရင်း၍ ထုတ်ဖော်ပြောဆိုနေကြရသည်”ဟု အသံအဖွဲ့က ဆိုထားသည်။

လက်ရှိတွင် ဖမ်းဆီးထားသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အကြမ်းဖက်မှုတိုက်ဖျက်ရေး
#ဥပဒေ
#NUG
#လှုံ့ဆော်မှုများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬5🔥2😢2👏1
မြောင်ရဲစခန်း၊ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ယာကို ကာကွယ်ရေးမဟာမိတ်အဖွဲ့ တိုက်ခိုက်
👍10❤2🔥1😁1
မြောင်ရဲစခန်း၊ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ယာကို ကာကွယ်ရေးမဟာမိတ်အဖွဲ့ တိုက်ခိုက်
========================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့မှ ရဲစခန်း၊ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ယာကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက ဇွန်လ ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးထက်မနည်း သေဆုံးကြောင်း စစ်ကိုင်းခရိုင်အမှတ် (၄ )တပ်ရင်းက သတင်းထုတ်ပြန်သည်။

မြောင်မြို့ပေါ်မှ အထက်ပါ နေရာသုံးခုကို ဇွန်လ ၂၁ ရက် နံနက်၅နာရီ ၄၀မိနစ်မှစ၍ တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်တွင် ရဲနှင့်ပျူစောထီးအချို့အပါအဝင် လေးဦးသေ၊သုံးဦးဒဏ်ရာရပြီး ၁၂ဦး ဒဏ်ရာ အပြင်းအထန်ရသွားသည်ဟု စစ်ကိုင်းခရိုင်အမှတ် (၄ )တပ်ရင်းက ထုတ်ပြန်သည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို အသေးစိတ် အတည်မပြုနိုင်သေးပေ။
စစ်ကိုင်းခရိုင်အမှတ် (၄)တပ်ရင်းပြန်ကြားရေး တာဝန်ခံလွင်ဂူးက " သုံးနေရာတစ်ပြိုင်တည်း တိုက်တာကစစ်ကူမလာနိင်အောင်ကြိုတင်စီမံချက်စွဲပြီး လုပ်ရတဲ့ပွဲ ဖြစ်တဲ့အတွက်ကြောင့်ပါ" ဟုပြောသည်။

စခန်းသိမ်းနိုင်သည်အထိ ရည်ရွယ်တိုက်ခိုက်ခဲ့သော်လည်း တိုက်ပွဲအချိန်ကြာမြင့်လာပြီး လေကြောင်းရန်ကိုလည်း ရှောင်လိုသည့်အတွက် ပြန်လည်ဆုတ်ခွာလာခဲ့သည်ဟုဆိုသည်။တိုက်ပွဲသည် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁နာရီကျော်ကြာခဲ့ပြီး ဒရုန်းများ၊ ရော့ကက်များဖြင့်တိုက်ခိုက်ခဲ့သလို လက်နက်ငယ်ကျည်မျိုးစုံ ၃,၂၈၁ တောင့်အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များဘက်တွင် အထိအခိုက်မရှိခဲ့ဘဲ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူသူများကို မြောင်မြို့ ဆေးရုံတွင်ဆေးကုသမှု ပေးနေကြောင်း သတင်းရရှိသည်။
ထိုတိုက်ပွဲကိုစစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF / Myaung Special Drone Foece-MSDFနှင့် မိတ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း MHLG PDF ၊ မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း၊
မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း ၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Chaung U People's Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း - မောင်ကြီး

#mizzima
#မြောင်မြို့
#ရဲစခန်း
#ထွေအုပ်ရုံး
#ဝန်ထမ်းအိမ်ယာ
#တိုက်ခိုက်
ဓာတ်ပုံ - မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များ(ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤2🔥1👏1😁1
Media is too big
VIEW IN TELEGRAM
June - 22 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍2😁1🤮1
NUG တည်ထောင်တဲ့ဘဏ်၊ ငွေ ၄ မျိုး ဝန်ဆောင်မှုပေးမည် (ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် အင်တာဗျူး)
👍17😁3❤1👏1
NUG တည်ထောင်တဲ့ဘဏ်၊ ငွေ ၄ မျိုး ဝန်ဆောင်မှုပေးမည် (ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် အင်တာဗျူး)
=================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။နွေဦးဘဏ်မှာ ပထမအဆင့်အနေဖြင့် ငွေကြေးလေးမျိုးနှင့် ဝန်ဆောင်မှုပေးမယ့်အပြင် ရွှေပါ စုဆောင်းနိုင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မဇ္ဈိမနှင့် သီးသန့် အင်တာဗျူးတွင်ပြောသည်။

းတင်ထွန်းနိုင် (ဖြေ) - ပထမဆုံး အနေနဲ့ကတော့ ဒီဘဏ်က ပြောရမယ်ဆိုရင် Digital Bank ဖြစ်ပါတယ်။ ကျွန်တော်တို့ အများရင်းနှီးပြီးနေတဲ့ ဘဏ်ပုံစံမျိုး မဟုတ်ပါဘူး။ Block Chain Technology ပေါ်မှာတည်ဆောက်ထားတဲ့ ဘဏ်ဖြစ်တယ်။ ပေးမယ့် Service ကတော့ အွန်လိုင်း Service တွေ များပါလိမ့်မယ်။ အဲတော့ ဒီအပေါ်မှာပဲ ကျွန်တော်တို့အခြေခံပြီးတော့ ဒီတော်လှန်ရေးကာလအတွက် ပြည်တွင်း၊ ပြည်ပက ပြည်သူအားလုံးက လက်လှမ်းမီအောင်ဆိုပြီး ကျွန်တော်တို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ပထမဆုံးဝန်ဆောင်မှုအနေနဲ့ကတော့ ကျွန်တော်တို့ အဆင့်လိုက် အကောင်အထည်ဖော်သွားမှာဖြစ်တယ်။ ပထမဆုံး အဆင့်မှာတော့ ငွေရေးကြေးရေး Currency အနေနဲ့ ပြောမယ်ဆိုရင် လေးမျိုးရှိတယ်။ အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မြန်မာကျပ်ပါမယ်။ ဒီလေးမျိုးကို စပြီးဝန်ဆောင်မှုပေးသွားမယ်။ ဒီလိုဝန်ဆောင်မှု ပေးတဲ့ နေရာမှာလည်း ငွေအပ်နိုင်တယ်။ ငွေစုနိုင်တယ်၊ ငွေထုတ်နိုင်တယ်၊ ငွေလွှဲနိုင်တယ်၊ ငွေလက်ခံနိုင်တယ်။ နောက်တစ်ခုကကျတော့ ရွှေလည်းစုနိုင်ပါတယ်။ ရွှေဆိုရင် နိုင်ငံတကာမှာဘဏ်တွေနဲ့ ချိတ်ဆက်ပြီးတော့ ရွှေစုတဲ့ လုပ်ငန်းဆိုတာက တော်တော်လေး ထွန်းကားပြီးသားဖြစ်တယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ ဘဏ်နဲ့ ချိတ်ပြီးတော့လည်း ပြည်သူတွေအနေနဲ့ ရွှေစုနိုင်တယ်။ စုတဲ့နေရာမှာလည်း မြန်မာရဲ့ အချိန်အတွယ်တိုင်းကို စုနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဒါတွေက ပထမအဆင့် ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ Card အဆင့်ပေါ့နော်။ Digital Debit Card စနစ်နဲ့ ပြည်သူလူထု သုံးစွဲနိုင်အောင် စီစဉ်သွားဖို့လည်း ရှိပါတယ်။ ပြီးရင်တော့ တစ်ဆင့်ပြီး တစ်ဆင့်ပေါ့နော်။ NUG MOPF ပိုင်းက ဆောင်ရွက်နေတဲ့ Product တွေရှိမယ်။ မြေကွက်တွေ ရောင်းထားတာရှိမယ်။ Bonds တွေရောင်းထားတာရှိတယ်။ နောက်ထပ် ဆက်ပြီးဆောင်ရွက်မယ့် စီမံကိန်းတွေရှိမယ်။ ဒီစီမံကိန်းတွေကိုလည်း ဘဏ်အကောင့်ထဲကနေ တိုက်ရိုက်ပေါ့နော်။ ခုချေ၊ ခုဝယ်၊ ခုငွေလွှဲနဲ့ ခုပိုင်ဆိုင်မှုရဆိုပြီး ပုံစံမျိုးလောက်ထိ ကျွန်တော်တို့ စီစဉ်ထားတယ်။ အဲ့တော့ အဆင့်အလိုက်တော့ ကျွန်တော်တို့ အကောင်အထည်ဖော်သွားမယ်။ ပထမဆုံးစတဲ့ အဆင့်မှာကတော့ ကျွန်တော်တို့ တကယ်ကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဝန်ဆောင်မှု ပေးနိုင်သေးမှာမဟုတ်ဘူး။ သို့သော် တစ်ဆင့်ပြီးတစ်ဆင့် အချိန်တိုအတောအတွင်းမှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့အတိုင်း ဝန်ဆောင်မှု ပေးသွားနိုင်အောင်တော့ စီစဉ် ဆောင်ရွက်လျှက်ရှိပါတယ်။

မောင်ခက်နွေ (မေး) - ဒီနွေဦးဘဏ်နဲ့ ပတ်သက်ပြီးတော့ ပြည်တွင်း၊ ပြည်ပက ပြည်သူတွေအနေနဲ့ လက်ခံလာအောင် ရှေ့ဆက်ပြီး ဘယ်လို လုပ်ဆောင်သွားဖို့ရှိလဲ။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#အင်တာဗျူး
#ဦးတင်ထွန်းနိုင်
#နွေဦးဘဏ်
#မဇ္ဈိမ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
❤21👍7😁3
​​ကော့ကရိတ်မြို့ စစ်ကောင်စီတပ်စခန်းကုန်း အတိုက်ခံရပြီး ၁၀ဦးကျော်သေဆုံးကာ အများအပြားဒဏ်ရာရ
==================

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)ထိန်းချုပ်ရာနယ်မြေ ကော့ကရိတ်မြို့ တမိုင်းကုန်းကျေးရွာရှိ ရေကူးကန်စစ်ကောင်စီတပ်စခန်းကုန်းကို ဇွန်လ၂၁ရက်နေ့ နေ့လယ် ၁၁နာရီဝန်းကျင်တွင် နဂါးဖြူစစ်ကြောင်းနှင့်ကျားဖြူစစ်ကြောင်းတို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေကူးကန်စခန်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ယင်းနေရာကို ဝင်ရောက်အခြေစိုက်ခဲ့သည့် နေရာဖြစ်သည်။
”ကျနော်တို့က အဲ့နေ့မတိုင်ခင်ကတည်းက အဲ့စခန်းကို စနိုက်ပါနဲ့ချောင်းပစ်တယ်၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တယ်၊ ဒရုန်းတစွစီးဆုံးရှုံးခဲ့တယ်၊ ၂၁ရက်နေ့ကတော့ ကျနော်တို့ အချိန်ယူပြီး သေချာဝင်ရောက်တိုက်ခိုက်ခဲ့တာပါ၊ သူတို့ဘက်က ၁၀ ယောက်ကျော်သေတယ်၊ ကျနော်တို့ဘက် တစ်ဦးကျပါတယ်” ဟု နဂါးဖြူစစ်ကြောင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုမင်းမှပြောသည်။

ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အထိအခိုက်အကျအဆုံးများသဖြင့် တိုက်လေယာဉ်များအသုံးပြုကာ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ တစ်နေကုန် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနှစ်နှစ်ကျော်ကာလဖြစ်သည့် ၂၀၂၃ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များသည် ခုခံစစ်မှ ထိုးစစ်သို့ ပြောင်းလဲစစ်ဆင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းများသည် ယခုအခါ ခုခံစစ်ဖြင့်သာ ရင်ဆိုင်နေကြရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#နဂါးဖြူစစ်ကြောင်း
#ကျားဖြူစစ်ကြောင်း
#KNU
#ကော့ကရိတ်မြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22👏4😁2❤1🥰1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂ ဇွန် ၂၀၂၃)
===============

အမျိုးသားညီညွတ်ရေး အစိုးရ

•   ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဥ်တွင် သေဆုံးသူများ၏ ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကို စိတ်ခွန်အားပေးသည့်အစီအစဥ်ကို အမျိုးသားညီညွတ် ရေးအစိုးရက ပြုလုပ်ခဲ့ကြောင်း သိရသည်။

•   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့မှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၂၁ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

•   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ထုတ်ပယ်ထားသည့် ဒီပဲယင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ကို ဒီပဲယင်းမြို့နယ်အတွင်းရှိ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးထားကြောင်းသိရှိရသည်။
🥰9👍6🔥1😁1
Media is too big
VIEW IN TELEGRAM
ILO က မြန်မာစစ်အုပ်စုအပေါ် ဘာတွေအရေးယူဆောင်ရွက်နိုင်မှာလဲ | Human Rights Barometer - Episode 16

#Human Rights Barometer
#ILO
#ဦးအောင်မျိုးမင်း
#reels
👍9😁2🤮1
ဖားကန့်တွင် မိုးများ၍ ဥရုချောင်း ရေလျှံ ၊ ချောင်းရေ ၂ ပေအထိ မြင့်တက်
👍7🔥3