Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ပုန်ကန်မှုကြောင့် ပူတင်အကြောက်လွန်ပြီး ပုန်းနေလောက်ပြီဖြစ်ကြောင်း ဇီလန်စကီးပြော

https://www.facebook.com/reel/225642906954172

#InternationalNews #reels #shorts
👍24😁5
သတင်းထဲက အင်္ဂလိပ်စာ | VOA On Mizzima
================

ဒီတပတ်ရဲ့ သတင်းထဲကအင်္ဂလိပ်စာအစီအစဉ်မှာ သတင်းတွေထဲ ဖော်ပြပါရှိတဲ့ စကားလုံး၊ အသုံးအနှုန်းတွေကို ကောက်နှုတ်တင်ပြထားပါတယ်။ မမြသဇင်အောင်နဲ့ ကိုအောင်လွင်ဦးတို့က စီစဉ် တင်ဆက်ပေးထားပါတယ်။

https://youtu.be/cfBKAfC9ICs

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁2
ဘယ်သောင်၊ ဘယ်ကမ်းမှန်းမသိသော မြန်မာ့အရေးဒိုင်ယာလော့သစ် Track 1.5
=====================

အပြင်းအထန် ဝေဖန်ကန့်ကွက်မှုတွေကြားကနေ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ် ဝီနိုင်းက စီစဉ်ထားတဲ့အတိုင်း မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲ Track 1.5 ကို ဇွန် ၁၈ ရက်နဲ့ ၁၉ ရက်က ထိုင်းနိုင်ငံမှာ ပြုလုပ်သွားခဲ့ပါတယ်။ ဆွေးနွေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့အတူ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က ကိုယ်စားလှယ်တွေတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက အဓိကနိုင်ငံတွေဖြစ်တဲ့ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့ကတော့ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရရဲ့လုပ်ရပ်ကို အပြင်းအထန်ဝေဖန်ကန့်ကွက်ခဲ့ကြပြီး ဆွေးနွေးပွဲ ကိုမတက်ရောက်ခဲ့ပါဘူး။ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားအနေနဲ့ မြန်မာ့ အရေးကိုဖြေရှင်းဖို့ကြိုးစားနေရတဲ့အတွက် ထိုင်းအိမ်စောင့်အစိုးရကစီစဉ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကိုမတက်နိုင် ဘူးဆိုပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စမာဆူဒီကအကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။

https://youtu.be/0fuydfNbqPo

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁7👍5❤1👏1
This media is not supported in your browser
VIEW IN TELEGRAM
ဒီအချိန်က လက်နက်အင်အားပုံအောထောက်ပံ့ဖို့အချိန်ဖြစ်ကြောင်း ဇီလန်စကီးပြော

https://www.facebook.com/reel/287013543723147

#InternationalNews #Mizzima
#shorts
👍15😁2🤮1
အာရှတခွင် စီးပွားရေးအမြင် | VOA On Mizzima
================

ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ တရုတ်ရဲ့ TikTok နည်းပညာ ကုမ္ပဏီကြီးက အရှေ့တောင်အာရှဒေသမှာ ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံသွားမယ့်အကြောင်းနဲ့ အာရှနဲ့ ဥရောပကြား ကုန်ပစ္စည်းတွေ အမြန်တင်ပို့နိုင်မယ့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကြီးတခုကို အီရတ်နိုင်ငံမှာ စတင်တည်ဆောက်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

https://youtu.be/ZhWzignbGRk

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🔥3
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားကပုန်ကန်မှုတွေကို ကမ္ဘာတစ်ဝှမ်း စိုးရိမ်မှုတွေနဲ့စောင့်ကြည့်နေ

https://www.facebook.com/reel/3058365174472914

#InternationalNews #Russia #Mizzima #Reels #shorts
🔥9😁1
ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥3
This media is not supported in your browser
VIEW IN TELEGRAM
June - 26 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts #Mizzima
👍5😁1🍌1
ထောင်တွင်းအကျဉ်းချခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့ပွဲ အထိမ်းအမှတ်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ယမန်နေ့ (ဇွန်လ ၂၅ ရက်)က ကျင်းပရာ ယူကေရောက် မြန်မာ ၁၀၀၀ ဝန်းကျင်တက်ရောက်ခဲ့ကြသည်။

လန်ဒန်ရှိ တူဒေါပါ့ခ် အားကစားနှင့် အပန်းဖြေစင်တာတွင် ကျင်းပသော မွေးနေ့အထိမ်းအမှတ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း (Kim)က စစ်ကောင်စီကဖမ်းဆီးထားသော သူ၏မိခင်ဖြစ်သူနှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသွားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကိုတို့လည်း အမှာစကားပြောသွားခဲ့ကြသည်။
👍19❤10🥰3🤮1
ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ အမေရိကန်နဲ့အိန္ဒိယရဲ့တောင်းဆိုချက် စစ်ကောင်စီကန့်ကွက်
===============

အာဏာသိမ်း စစ်ကောင်စီက ဝေဖန်ကန့်ကွက်လိုက်ပါတယ်။
ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံတကာ အသိုင်းအဝိုင်းက အပြုသဘော ပူးပေါင်းပေးကြဖို့လိုပြီး အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချသွားဖို့လိုတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုန့်ပြန်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဇွန်လ ၂၅ ရက်နေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့  မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းသို့ ကြိုးစားနေမှုကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နားလည်မှု၊ အားပေးမှုနဲ့ အပြုသဘောပူးပေါင်း ဆောင်ရွက်မှုများ ပေးအပ်ရန်လိုအပ်ကြောင်း ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်ပြားစေတဲ့ မည်သည့်အကြမ်းဖက်မှု လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ရှုတ်ချသွားရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားထားပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ ထည့်သွင်းတောင်းဆိုသွားတဲ့ မြန်မာနိုင်ငံအတွင်း ဥပဒေမဲ့ ဖမ်းဆီးခံထားရသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုမှုနဲ့ ပတ်သက်ပြီးတော့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းချက်ထုတ်ထားပါတယ်။
စစ်ကောင်စီက ဘယ်သူ့ကိုမှ ဥပဒေမဲ့ ဖမ်းဆီးထားတာမရှိဘူးလို့ ထုတ်ပြန်ချက်ထဲမှာ တုံ့ပြန်ပြောဆိုထားပါတယ်။

https://youtu.be/G-50Nx6DiJY

#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁16👍8🤮2👏1
ဇွန်လ (၂၆)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

00:55 - မန္တလေးရွှေဆိုင်တွေ အရောင်းပိတ်ပြီး အ၀ယ်သာရှိတော့တဲ့ သတင်း

02:40 - ဖမ်းဆီးသတ်ဖြတ်ခံနေရလို့ ပုပ္ပါးမျောက်မြီးရှည် တွေမျိုးတုန်းတော့မယ် အကြောင်း

08:42 - မယ်စဲ့မြို့ပေါ်မှာ လုံးဝနေလို့မရတော့ဘဲ ပြည်သူအကုန်လုံးစစ်ရှောင်နေကြပြီး မယ်စဲ့မြို့ရဲ့ နောက်ဆုံးရအခြေအနေနဲ့

11:59 - ပုန်ကန်မှုပြေလည်သွားပေမဲ့ ဝဂ္ဂနာရဲ့ကျေအေးခွင့်ကို ပူတင်မဖြစ်မနေလိုက်လျောခဲ့ရ တဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/NqfX0n1zO4A

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁1🍌1
This media is not supported in your browser
VIEW IN TELEGRAM
ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ အမေရိကန်နဲ့အိန္ဒိယရဲ့တောင်းဆိုချက် စစ်ကောင်စီကန့်ကွက်

Watch more detail -https://youtu.be/G-50Nx6DiJY

#PoliticalNews #reels #shorts #MizzimaTV
😁13👍7🔥1🥰1
အပစ်ရပ် ၅ ဖွဲ့နှင့် စစ်ကောင်စီတို့ ဇွန်လ(၂၆)ရက်မှစကာ (၃)ရက်ကြာ တွေ့ဆုံဆွေးနွေးမည်
=======================

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ ဇွန်လ (၂၆)ရက်မှစကာ  (၃)ရက်ကြာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့  ဖိတ်ခေါ်ချက်အရ NCA လက်မှတ်ရေးထိုးထားတဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ -PPST အဖွဲ့ဝင် အပစ်ရပ် ငါးဖွဲ့တို့ နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ် ၅ ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ အတူတူတက်ရောက်ဖို့ ရှိနေတာပါ။
ဒီဆွေးနွေးပွဲမှာ  အပစ်ရပ် ၅ ဖွဲ့က အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်း တစ်ရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရေး၊ ဖက်ဒရယ်အခြေခံမူကိစ္စတွေ၊ အရပ် သားတွေကာကွယ်ပေးရေးဆိုင်ရာကိစ္စတွေကို တင်ပြဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

https://youtu.be/0AOwBTBCohU

#PoliticalNews
#Mizzima

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤮8👍7❤1
​​သဲကုန်းမြို့တွင် နယ်ထိန်းရဲအရာရှိနှင့်ရဲအငြိမ်းစားပစ်ခတ်ခံရ၊ ရဲအငြိမ်းစားသေဆုံး
=====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအနောက်ခြမ်း၊သဲကုန်းမြို့နယ်၊ ဆီမြီးဆွဲမြို့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲအရာရှ်ိနှင့်အငြိမ်းစားရဲအရာရှိကို သဲကုန်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(Thaegon_PDF)ကသေနတ်ဖြင့် ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

ဆင်မြီးဆွဲမြို့မရဲစခန်းမှ နယ်ထိန်းရဲအရာရှိကျော်ကျော်နှင့် အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်သည် ယနေ့ဇွန်လ၂၆ရက် နံနက် ၇ နာရီခန့်တွင် ဆိုင်ကယ်စီးလာစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဟု သိရသည်။

" စျေးနားမှာပစ်သွားတာပါ။ ရဲအငြိမ်းစားစိုးသက်အောင်ကရှေ့ကမောင်းတယ်။ နယ်ထိန်းကနောက်က။ အဲ့တာကိုနောက်ကနေပစ်သွားတာပါ” ဟု ဆီမြီးဆွဲမြို့ ဒေသခံတစ်ဦးက ပြောသည်။
ထိုပစ်ခတ်မှုတွင် အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်သည် နေရာတွင်ပင်သေဆုံးပြီး နယ်ထိန်းကျော်ကျော်မှာ ဒဏ်ရာအပြင်းအထန်ရကာ ပြည်ဆေးရုံတွင် ကုသနေရကြောင်း သိရသည်။

" နယ်ထိန်းကျော်ကျော်က စစ်ကောင်စီလက်အောက်ခံဖြစ်တယ်။ ခရီးသွားပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုဖမ်းဆီး၊ မတရားငွေညှစ်လုပ်နေတာတွေလည်း ပြည်သူတွေ တိုင်တန်းတာတွေရှိနေလို့ အခုလိုလုပ်ရတာပါ" ဟု Thaegon_PDF မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ (၄) Thaegon_PDFနှင့် PDF တပ်ရင်း ၃၆၀၁ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ရက်ကလည်း သဲကုန်းမြို့နယ်မှ နယ်ထိန်းရဲအရာရှ်ိတစ်ဦးကို Thaegon_PDFက ဖမ်းဆီးစဉ် ခုခံထွက်ပြေး၍ ပစ်ခတ်ခဲ့ရာ အဆိုပါရဲ အရာရှိ သေဆုံးသွားခဲ့သည်။

စာတည်း - မောင်ကြီး

#mizzima
#ဆီမြီးဆွဲမြို့
#နယ်ထိန်းရဲအရာရှ်ိ
#အငြိမ်းစားရဲအရာရှိ
#သေနတ်ဖြင့်ပစ်ခတ်
Photo - ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄၊ Thaegon-PDF တပ်ဖွဲ့ဝင်များ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤10👏2🔥1🥴1