Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုံရွာ ကညနရုံး တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးဟု CAF ပြော
=======================

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ တောင်ဘက်အထွက်ရှိ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော် (Chindwin Attack Force) က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သား အင်အား ၂၀ ခန့် တပ်စွဲထားသော အဆိုပါ ရုံးကို ဇွန်လ ၂၄ ရက် ညနေ ၆ နာရီအချိန်တွင် မိနစ် ၃၀ ကြာ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ သတင်းရတာ ရှစ်ယောက်လောက်ပဲ ရှိတယ်လို့သိရတာ၊ တကယ် တိုက်မှ ၂၀ လောက်ဖြစ်နေတာ၊ မျက်မြင်အရ ပွဲချင်းပြီး သေတာတွေရောဆို နှစ်ယောက်လောက်ပဲရှင်မယ်၊ ၁၅ ယောက် သေတယ်ဆိုတာတော့ အတည်ပြုလို့ရတယ်၊ သေတာ အဲဒီထက်ပိုနိုင်တယ်” ဟု Chindwin Attack Force ပြန်ကြားရေး တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

တိုက်ခိုက်မှုအတွင်း ကညန ရုံးကို သိမ်းပိုက်လုနီး ဖြစ်နေချိန်တွင် ရေဦးဆန်ဆိုင် ဂိတ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတပ်များ စစ်ကူရောက် လာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။

ဒေသကာကွယ်ရေး တပ်ဖွဲ့က ပြောဆိုသော စစ်ကောင်စီတပ်သားများ သေဆုံးမှု အရေအတွက်နှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။

ယနေ့ ဇွန်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်သော နှစ်မိနစ်ခွဲကြာ တိုက်ပွဲမှတ်တမ်းဖိုင်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ကညနရုံးကို ပိတ်ဆို့ပြီး ဝိုင်းဝန်း တိုက်ခိုက်နေကြသည်ကို တွေ့မြင်ရသည်။

အဆိုပါ တိုက်ပွဲကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attcak Force) တပ်ရင်း(၄) အထူးကွန်မန်ဒို (Monywa The Boys) နှင့် မုံရွာခရိုင် တပ်ရင်း(၅) ၊ မုံရွာခရိုင်တပ်ရင်း (၇) ၊ မုံရွာခရိုင်တပ်ရင်း(၁၂) ၊ မုံရွာခရိုင်တပ်ရင်း (၂၂) ၊ မုံရွာခရိုင်တပ်ရင်း(၂၅) ၊ မုံရွာခရိုင်တပ်ရင်း (၂၈) ၊ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) နှင့် မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်များသည် ကားကြီးကွင်းအနောက်ဘက် အုတ်စက်တောင်ဘက်ရှိ ပြည်သူ့တဲအိမ်နှစ်လုံးနှင့် ကွမ်းခြံတို့ကို မီးရှိုဖျက်ဆီးခဲ့ ကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ကလည်း အဆိုပါ ကညန ရုံးကို ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်းစု (DLC) က ဒရုန်းဖြင့် ဗုံးသုံးလုံးချ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။

https://youtu.be/bxSXHpS4ERs

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#Mizzima
#မုံရွာကညနရုံး
#စစ်ကိုင်း

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19👏6❤1😁1🤣1
This media is not supported in your browser
VIEW IN TELEGRAM
ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ မြန်မာကို FATF တိုက်တွန်း

Watch more detail - https://youtu.be/_nm6zWMKu0w

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍6🔥1😁1
​​ပုလဲ၊ ညောင်ကုန်းရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၊ သံဃာတော် ၁ ပါး အပါအဝင် ၈ ဦး သေဆုံးပြီး ‌၆ ဦး ဒဏ်ရာရဟု ပုလဲပအဖပြော
======================

(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တစ်ပါးအပါအဝင် ရှစ်ဦး သေဆုံးပြီး ‌ခြောက်ဦး ဒဏ်ရာရရှိထားကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က မဇ္ဈိမကို ပြောသည်။

ညောင်ကုန်းရွာကို ယနေ့ ဇွန်လ ၂၇ရက် ညနေ ၃နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားခြင်းဟု သိရသည်။

" လောလောဆယ် အလောင်းရှစ်လောင်းတွေ့ပါတယ်။ ရှစ်လောင်းထဲမှာ ဘုန်းကြီးတစ်ပါးပါတယ်။

ဒလန်‌တွေက သတင်းအမှားပေးလို့ လာပစ်တဲ့သဘောပါ။ ဒီရွာမှာ ဘာစစ်ရေးလှုပ်ရှားမှုမှ မရှိပါဘူး" ဦးဇော်ထက်ကပြောသည်။
‌စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ကို ထိမှန်ပျက်စီးကာ သံဃာတော်တစ်ပါးပျံလွန်တော်မူပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသား ငါးဦး မီးလောင်သေဆုံးသည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုသည်။ ဒဏ်ရာရသူ ခြောက်ဦးကိုလည်း အရေးပေါ်ဆေးကုသပေးနေရသည်ဟု ဆိုသည်။

" ကျနော်တို့ရွာပေါ်ကနေ ပတ်ပတ်ပြီး ပစ်တာ။ အရမ်းပြင်းတယ်"ဟု ယင်းမာပင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

ယခုအခါ စစ်ကောင်စီက လေကြောင်းမှ နောက်ထပ် လာရောက်တိုက်ခိုက်မည်ကိုစိုးရိမ်သောကြောင့် ညောင်ကုန်းရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများသည် ဘေးလွှတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။

စာတည်း - မောင်ကြီး

#mizzima
#ပုလဲမြို့နယ်
#ညောင်ကုန်းကျေးရွာ
#ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ
ဓာတ်ပုံ- ပုံဟောင်း
🤬14👍5😢2😁1🤣1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာ့သံသတ္တုရိုင်း တန် ၁၀၀၀ ကျော် တရုတ်သို့ ရထားဖြင့် ပို့ဆောင်

Watch more detail - https://youtu.be/_nm6zWMKu0w

#reels
#shorts
#BusinessRoundUp
#MizzimaTV
❤4🤮4👍2😱1🥴1
လမိုင်းမြို့က နယ်မြေရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးအများစုကို ပိတ်ထား
======================

ဂျူချန်း(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့မှာ ရဲစခန်းနဲ့ ရုံးတွေ အားလုံးနီးပါးကို စစ်ကောင်စီက ပိတ်ထားရပြီး ဌာနဆိုင်ရာလုပ်ငန်းတွေကိုတော့ ရေးမြို့မှာရှိတဲ့ ရုံးတွေနဲ့ ပူးတွဲလုပ်ဆောင်နေကြရတယ် လို့ မြို့ခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက မဇ္ဈိမကို ပြောပါတယ်။

လက်ရှိမှာ မြို့မ(၂) ရပ်ကွက်မှာရှိတဲ့ ကျန်းမာရေးဦးစီးဌာနရုံးနဲ့ စည်ပင်သာယာရုံးတွေကိုပဲ ဖွင့်ထားပြီး ကျန်တဲ့ ဌာနဆိုင်ရာရုံးတွေအားလုံးကိုတော့ စစ်ကောင်စီကပိတ်ထားတယ်လို့ မြို့ခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က လမိုင်းမြို့လယ်ခေါင်၊ နာရီစင်အနီးမှာ စစ်ကောင်စီနဲ့နီးစပ်တဲ့ မှတ်ပုံတင် ပွဲစား မစန်းမြင့်ကြွယ်ပစ်သတ်ခံရပြီးတဲ့နောက် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကြားမှာ ထိတ် လန့် နေကြတယ်လို့ သိရပါတယ်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကတော့ စစ်ကောင်စီထောက်တိုင်တွေကို ဘယ်နေရာမှာပဲဖြစ်ဖြစ် အဆုံးထိ တိုက်ခိုက်သွားမှာဖြစ်တယ်လို့ မဇ္ဈိမကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ရေးမြို့နယ်ကို စစ်ကောင်စီကစစ်အုပ်ချုပ်ရေး ကြေညာထား ပြီး အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုစားနေပါတယ်။

ရေးမြို့က နယ်မြေရဲစခန်းတွေမှာလည်း ရဲတပ်သားတွေမရှိကြတော့ဘဲ ရေးမြို့မရဲစခန်းမှာပဲ ရဲတွေစုနေ ကြတာကြောင့် ဒေသခံတွေအနေနဲ့ အမှုကိစ္စတွေကို အုပ်ချုပ်ရေးမှူးတွေကနေတဆင့်ပဲတိုင်ကြား ဖြေ ရှင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

https://youtu.be/2fRWf_yvDQQ

တင်ဆက်/တည်းဖြတ် ဂျူချန်း

#မွန်ပြည်နယ်
#ရေးမြို့နယ်
#လမိုင်းမြို့
#စစ်ကောင်စီ

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥4👏4
Media is too big
VIEW IN TELEGRAM
Pact Myanmar အသေးစားချေးငွေလုပ်ငန်းများ ရပ်ဆိုင်းကာ မြန်မာပြည်မှထွက်ခွာ

Watch more detail - https://youtu.be/_nm6zWMKu0w

#reels
#shorts
#BusinessRoundUp
#MizzimaTV
❤6😢6👍1🔥1
​​လွတ်မြောက်နယ်မြေရောက် အစ္စလာမ်ဘာသာဝင်တော်လှန်ရေးရဲဘော်များ ကုရ်ဘာနီအီးဒ်နေ့ ပြုလုပ် မည်
===================

မောင်ခက်နွေ
(မဇ္ဈိမ) ။ ။ဇွန်လ ၂၉ ရက်နေ့တွင် ကျရောက်မည့် ကုရ်ဘာနီအီးဒ်နေ့ကို လွတ်မြောက်နယ်မြေရောက်ရှိနေ သည့် အစ္စလာမ်ဘာသာဝင် တော်လှန်ရေးရဲဘော်များက ပြုလုပ်သွားမည်ဟု ဆိုသည်။
ကုရ်ဘာနီအီးဒ်နေ့ကို ယခုနှစ်မှသာ ပြန်လည်ပြုလုပ်ကြခြင်းဖြစ်သည်ဟု မန္တလေး PDF တပ်ရင်းတခုမှ အစ္စလာမ်ဘာသာဝင်တော်လှန်ရေးရဲဘော်က မဇ္ဈိမကို ပြောသည်။

“မနှစ်ကတော့ ရှေ့တန်းရောက်နေလို့ မလုပ်ဖြစ်တာ။ ဒီနှစ်က ဘာသာရေးထုံးတမ်း အစဉ်လာအတိုင်း လုပ်သွားမယ်” ဟု ၎င်းကပြောသည်။

ယခုနှစ်ပြုလုပ်မည့် ကုရ်ဘာနီအီးဒ်နေ့အတွက် အစ္စလာမ်ဘာသာဝင် တော်လှန်ရေးရဲဘော်များအား ကုရ် ဘာနီ(သားကောင်)များ လှူဒါန်းပေးထားသည်ဟု မြန်မာမွတ်စလင်မ်တော်လှန်ရေးအင်အားစု (MMRF) က မဇ္ဈိမကို ပြောသည်။

“တောတောင်လျှိုမြောင်တွေကြားမှာ အနေဆင်းရဲ အစားဆင်းရဲနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်နေ ကြရတဲ့ ရဲဘော်ရဲဘက် ညီအစ်ကိုမောင်နှမတွေကို တတ်နိုင်သမျှ ပေးပို့လှူဒါန်းသွားမှာဖြစ်ပါတယ်”ဟု မြန်မာမွတ်စလင်မ်တော်လှန်ရေးအင်အားစု တာဝန်ရှိသူ မရိုသင်းသင်းလှိုင်က ပြောသည်။

တော်လှန်ရေးစခန်း ၁၁ ခုတွင် ကုရ်ဘာနီအီးဒ်နေ့ကို ပြုလုပ်သွားမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

“အီးဒ်နေ့က ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်အတွတ်တော့ ပွဲတော်တစ်ခုပါပဲ။ တော်လှန်ရေးလုပ်ရင်း ရဲဘော်တွေနဲ့အတူ ဖြတ်သန်းရတာပါ။ အားလုံးမိသားစုလိုပဲ အတူကျော်ဖြတ်ရတာပေါ့။ ဒါပေမဲ့ဗျာ မိသားစုနဲ့အဝေးမှာနေပြီး လုပ်ရတဲ့အတွက်တော့ တခုခုလိုနေသလိုပါပဲ နေက်နှစ်တွေမှာ မိသားစုနဲ့အတူ အီးဒ်နေ့ကို ဖြတ်သန်းချင်ပြီ။ တော်လှန်ရေးရဲဘော်အားလုံးက အိုးစားဖက်စိတ် ရှိကြတော့ ဒါဟာ ဒုတိယ မိသားစုလိုပါပဲ” ဟု တောင်ပိုင်းတိုင်းစစ်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် အစ္စလာမ်ဘာသာဝင် PDF ရဲဘော်တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အစ္စလာမ်ဘာသာဝင် တော်လှန်ရေးရဲဘော်များအပါအဝင် တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသူများမှာ အစားအသောက်အခက်အခဲကြုံနှင့် တွေ့နေကြရသည်ဟု ၎င်းကဆိုသည်။

ကုရ်ဘာနီအီးဒ်နေ့အတွက် သားကောင်များ လှူဒါန်းခြင်းများရှိနေပြီး ယခုကဲ့သို့ ကုရ်ဘာနီသားကောင် လှူဒါန်းခြင်းသည် အစ္စလာမ်ဘာသာဝင်တော်လှန်ရေးရဲဘော်များအတွက်သာမက အခြားတော်လှန်ရေး ရဲဘော်များ၏ ရိက္ခာအတွက်ပါ ရည်ရွယ်ပြီးလှူဒါန်းရခြင်းဖြစ်သည်ဟု မြန်မာမွတ်စလင်မ် တော်လှန်ရေး အင်အားစု (MMRF) ကဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#နွေဦးတော်လှန်ရေး
#အီးဒ်နေ့
#အစ္စလာမ်ဘာသာ
👍23❤3🥰2😁2👏1
​​Miceron ရင်းနှီးမြုပ်နှံမှု အစီအစဉ် ကြေညာပြီးနောက် အိန္ဒိယသည် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သူများအတွက် အဓိကဦးတည်ရာနေရာဖြစ်လာ 
=======================

အိန္ဒိယ၏ လက်ရှိ BJP ပါတီအစိုးရသည် ထွန်းသစ်စနည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သူများအတွက် နောက်ထပ်အချက်အခြာကျ သော နေရာဖြစ်လာကြောင်း သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး အက်ရှ်ဝီနီ ဗစ်ရှ်နော က ပြောကြသည်။ ကွန်ဂရက်သည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက အဆိုပါ ကိစ္စရပ်ကို ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1
​​မူးယစ်ဆေးဝါး ကုန်ကူးမှု မြင့်တက်နေခြင်းအား ရပ်တန့်အောင် မလုပ်နိုင်ဟု စစ်ကောင်စီ ပြော
========================

မြန်မာစစ်ကောင်စီက ၎င်းတို့သည် တရားမဝင် မူးယစ်ဆေးဝါး ဒေါ်လာ တစ်ဘီလီယံ၏ ထက်ဝက်နီးပါးကို မီးရှို့ခဲ့ကြောင်း တနင်္လာနေ့က ပြောပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ကုန်ကူးမှုများ မြင့်တက်နေခြင်းကို ရပ်တန့်အောင် မလုပ်ဆောင်နိုင်ဘဲရှိသည်ဟု သတိပေးသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9❤5👍2🔥1😱1
Media is too big
VIEW IN TELEGRAM
မုန်တိုင်းသင့်ပြည်သူတွေအတွက် အင်ဒိုနီးရှားက ဒေါ်လာငါးသိန်းကျော် ကူညီထောက်ပံ့

Watch more detail - https://youtu.be/_nm6zWMKu0w

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍7🔥5❤3
This media is not supported in your browser
VIEW IN TELEGRAM
Jun - 27 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels
#shorts
👍5😁1🍌1
ဒေါနတောင်တန်းတွင် သစ်ပင် ၂၀,၀၀၀ စိုက်ပျိုးမည့် “တော်လှန်သစ်ပင်” ကမ်ပိန်းပြုလုပ်
👍22😁2
ဒေါနတောင်တန်းတွင် သစ်ပင် ၂၀,၀၀၀ စိုက်ပျိုးမည့် “တော်လှန်သစ်ပင်” ကမ်ပိန်းပြုလုပ်
=========================

YT
(မဇ္ဈိမ) ။ ။ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဒေါနတောင်တန်းတလျှောက်တွင် သစ်ပင် ၂၀,၀၀၀ ခန့် စိုက်ပျိုးသွားမည့် “တော်လှန်သစ်ပင်” ကမ်ပိန်းပြုလုပ်နေကြောင်း သစ်တော CDM ရဲဘော် ကိုနေရဲထံမှ သိရသည်။

“ကမ်ပိန်းရဲ့ အဓိကရည်ရွယ်ချက်က တော်လှန်ရေးကာလအတွင်း နေထိုင်ခွင့်ပေးထားတဲ့ ဒီဒေသအတွက် တော်လှန်ရေးလုပ်နေဆဲကာလမှာ အခွင့်သာတုန်း ပြန်လည်ကျေးဇူးဆပ်တဲ့အနေနဲ့ရယ်၊ အာဏာရှင်ကို တွန်းလှန်ရင်း ခေတ်အဆက်ဆက်က ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကို ကိုယ်စားပြုတဲ့ Revolution Forest အနေနဲ့ ကျန်နေခဲ့ဖို့ဆိုတဲ့ အတွေးနဲ့ အကောင်အထည်ဖော်ခဲ့တာပါ” ဟု သစ်တော CDM ရဲဘော် ကိုနေရဲက မဇ္ဈိမကိုပြောသည်။

အဆိုပါကမ်ပိန်းမှ စိုက်ပျိုးမည့် သစ်ပင် ၂၀,၀၀၀ ခန့်တွင် ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ တမလန်းအစရှိသည့်သစ်အမျိုးအစားများပါဝင်ပြီး ကော်သူးလေသစ်တောဌာန(KFD)က ခွင့်ပြုထားသည့် မြေ ဧက၂၀ ၊ ဒေသခံပြည်သူများ၏ တောင်ယာများနှင့် ပြည်သူပိုင်အဆောက်အဦး မြေနေရာ ဧက၂၀ စုစုပေါင်း ဧက ၄၀ ပေါ်တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“တော်လှန်သစ်ပင်” ကမ်ပိန်းမှ ရရှိလာမည့်ရန်ပုံငွေများအား ဒေါနစစ်ကြောင်းအတွက် ၄၀ ရာခိုင်နှုန်း၊ အလယ်ပိုင်းစစ်ဒေသ(စစ်ကိုင်းနှင့်မကွေး) အတွက် ၃၀ ရာခိုင်နှုန်းအပြင် CDM များနှင့် စစ်ဘေးရှောင်များ အတွက် ၁၀ ရာခိုင်နှုန်းစီခွဲဝေရန် ရည်ရွယ်ထားကြောင်း သိရသည်။

“ရရှိလာမယ့်ရန်ပုံငွေတွေကို အလယ်ပိုင်းစစ်ဒေသအတွက် ၃၀ ရာခိုင်နှုန်းပေးဖို့ ဆုံးဖြတ် ထားပါတယ် ခင်ဗျ။ ဘာလို့လဲဆိုရင် စစ်ရေးကို အများဆုံးရင်ဆိုင်နေရတဲ့ အညာဒေသ၊ မကွေးဒေသက တော်လှန်ရေး အင်အားစုတွေကို အကူအညီပေးချင်လို့ပါ။ မြေပြန့်မှာ ထိခိုက်မှုရှိရင်လည်း တောင်တန်းကလူတွေလည်း ထပ်တူခံစားရပါတယ်ဆိုတဲ့ ပုံရိပ်လေးကိုပြချင်တာပါ” ဟု သစ်တော CDM ရဲဘော်ကိုနေရဲက ပြောသည်။

ကမ်ပိန်းကာလအား ဇွန်လ ၅ ရက်မှ ဇူလိုင်လ ၅ ရက်နေ့အထိ၊ တစ်လတာသတ်မှတ်ထားပြီး ကမ်ပိန်း ကာလကုန်ဆုံးရန် ခုနစ်ရက်သာကျန်ရှိသော်လည်း ပျိုးပင် ၂၅၀၀ ဝန်းကျင်သာရောင်းချရသေးကြောင်း ဆိုသည်။

“တော်လှန်သစ်ပင်” ကမ်ပိန်းမှ ပျိုးပင်များအား မြန်မာကျပ်ငွေ၊ ထိုင်းဘတ်ငွေ၊ USD ဒေါ်လာ၊ ကိုရီးယား ဝမ်၊ စင်ကာပူဒေါ်လာ၊ ဂျပန်ယန်းငွေများဖြင့် Htout Phoet- ထောက်ပို့ ပေ့ချ်မှတဆင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#ဒေါနတောင်တန်း
#တော်လှန်သစ်ပင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤4😁2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ ဇွန် ၂၀၂၃) 
===================

ယုဇနဥယာဉ်မြို့တော်တွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များ ပစ်ခံရပြီးနောက် လမ်းဘေးဆိုင်ခန်းများကို ကျူးကျော်ဟုဆိုကာ အင်အားသုံးဖျက်ဆီးခဲ့သည်။ယင်းနောက် ဆိုင်းခန်း များပြန်ဆောက်ကာ တစ်ဆိုင်၃၅ သိန်းဖြင့် ပြန်လည်ရောင်းချနေသည်ဟု ကြည့်ပါက စစ်အုပ်စု ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှအောက်ခြေထိ အကျင့်ပျက်ချစားမှုနှင့် ခိုးဝှက်လုယူမှုများ ကို ကျူးလွန် နေသည့်အဖွဲ့အစည်းများဟု ဆိုရမည်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🤮3😁2
ဇွန်လ (၂၇) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================

ဒီကနေ့ညမှာတော့ အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုတိုးလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု မြင့်တတ်နေတဲ့သတင်း
နဲ့အတူ ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား လေးဦး သေဆုံးရတဲ့ သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ် နဲ့ “သဘာဝရဲ့လက်ဆောင်”ဆိုတဲ့ အစီအစဉ်တွေကိုနားဆင်ရဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/PoygoyNswwo

#Eveningradio
#mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3😢1
ဇွန်လ (၂၇) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================

- နိုင်ငံတကာ အဝတ်အထည်လုပ်ငန်း Zara အမှတ်တံဆိပ်ပိုင်ရှင် Inditex မြန်မာပြည်မှ ထွက်ခွာတဲ့သတင်း

- ယုဇနဥယျာဉ်မြို့တော်ရှိ ဆိုင်ခန်းများကို အင်အားသုံးဖယ်ရှားပြီးအသစ်‌ဆောက်လုပ်ကာ ပြန်လည်ရောင်းချတဲ့ သတင်း

- ဖားဆောင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံး

- Pact Myanmar အသေးစားချေးငွေလုပ်ငန်းများ ရပ်ဆိုင်းကာ မြန်မာပြည်မှထွက်ခွာတဲ့သတင်း

- မြန်မာ့သံသတ္တုရိုင်း တန် ၁၀၀၀ ကျော် တရုတ်ကို ရထားနဲ့ ပို့ဆောင်တဲ့အကြောင်းနဲ့

- ဝဂ္ဂနာရဲ့ပုန်ကန်မှုက ယူကရိန်းကျူးကျော်မှုဟာ ရုရှားရဲ့ဗျူဟာမြောက်အမှားဖြစ်ကြောင်း ပြသနေတယ်လို့ နေတိုးအကြီးအကဲပြောတဲ့ သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/r5MZrV33Yv0?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁1🍌1
စစ်အာဏာရှင်ဆန့်ကျင်ရေး ကလေးမြို့ ပင်မသပိတ်ချီတက်
====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းမှ ဇွန်လ ၂၇ ရက် ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

“ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” ဆိုသည့်စာတန်းနှင့်အတူ ချင်းအမျိုးသားအလံ၊ ခွပ်ဒေါင်းအလံများ ကိုင်ဆွဲပြီး ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပြီး ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းအပေါင်းကိုလည်း အလေးပြုခဲ့ကြသည်။

စစ်အာဏာရှင်စနစ်ကို “ကျေးလက်ပုန်ကန်၊ မြို့ပြဖီဆန်” လျက် တော်လှန်ရေးမီးစာ အမြင့်ဆုံးသို့မြှင့်တင်ကာ နိုင်ရာကဏ္ဍအသီးသီးမှ ပါဝင်ကြရန်သပိတ်ကော်မတီမှ တိုက်တွန်းထားသည်။

စာတည်း ။။ Alden

#ကလေးမြို့ပင်မသပိတ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဆန္ဒပြ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤19👍5😁1