Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဝက်လက်မြို့နယ် ငါးပါတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့
🤬10😢7❤1🔥1😁1
ဝက်လက်မြို့နယ် ငါးပါတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့
========================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ ငါးပါတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဝင်ရောက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ငါးပါတ်ချောင်းကျေးရွာကို ကျောက်မြောင်းတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်က အင်အား ၆၀ ခန့်ဖြင့် မြစ်ကြောင်းအတိုင်းစုန်ဆင်းလာပြီး ဝင်ရောက်မီးရှို့ခဲ့ခြင်းဟု ဒေသခံကပြောသည်။

“ အင်အား ၆၀ လောက်နဲ့ ရွာထဲကိုဝင်ပြီး သုံးနာရီလောက်ကြာအောင် မီးရှို့သွားတာ ဖြစ်ပါတယ်။ အိမ်ခြေ ၁၅၀ လောက် မီးလောင် ပြာကျသွားတယ်။ အခုမှ ရွာထဲဝင်ပြီး သန့်ရှင်းရေးလုပ်နေရတာ” ဟု လုံခြုံရေး အရ အမည်မဖော်လိုသည့် ဒေသခံတဦးက ဆိုသည်။

ဇွန်လ ၂၇ ရက်နေ့တွင် စစ်ကြောင်းဝင်လာ၍ စစ်ဘေးပြီးရွာသို့ပြန်ရောက်ချိန်တွင် တရွာလုံးနီးပါး မီးလောင်ပြင်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရခြင်းဟုလည်း စစ်ဘေး၊ မီးဘေးသင့် ဒေသခံတဦးက ပြောသည်။

“ အိမ်ထောင်သက် အနှစ် ၃၀ လုံးလုံး မစားရက်မသောက်ရက်စုဆောင်းပြီး အိမ်လေးတလုံးဖြစ်ဖို့တည် ဆောက်ခဲ့ရတာ။ ပြတင်းပေါက်ကလေးတောင် မတတ်နိုင်သေးဘူး။ အခုတောင် တခြားရွာက ထောက်ပံ့ တာလေးတွေနဲ့ ထမင်းချက်ကျွေးနေလို့စားနေရတာပါ။ ရှေ့ဆက် ဘယ်လိုအသက်ရှင်ရမှန်းတောင် မသိ တော့ဘူး” ဟု ၎င်းကဆိုသည်။

ဝက်လက်မြို့နယ် ငါးပါတ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများမှာ တောင်ယာလုပ်ငန်း အဓိကလုပ်ကိုင် အသက်မွေးဝမ်းကြောင်းပြုကြသူများဖြစ်ပြီး အိမ်ထောင်စု ၂၀၀ ဝန်းကျင် နေထိုင်ကြသည်။
ယခုအခါ ရွာလုံးကျွတ်နီးပါးမီးရှို့ခံရသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း လည်း ဒေသခံများကဆိုကြသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ဝက်လက်မြို့နယ်
#ရွာလုံးကျွတ်မီးရှို့
#ငါးပါတ်ချောင်းရွာ
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍4❤2🔥1😁1
ဇွန်လ (၂၈)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:05 - စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် ငွေချေးလုပ်ငန်း Pact Myanmar က ကြွေးမြီဒေါ်လာသန်း ၁၅၀ ကျော်ကိုလျှော်ပစ်ပြီး လုပ်ငန်းပိတ်သိမ်းတဲ့သတင်း

03:01 - ပဋိပက္ခဒဏ်ကို ခံစားရတဲ့ ကလေးသူငယ်အရေအတွက် ပိုများလာနေကြောင်း ကုလပြောတဲ့သတင်း

06:43 - ရေးမြောက်ပိုင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး စစ်ကောင်စီအထိနာနေလို့ လေကြောင်းသုံးတိုက်ခိုက်တဲ့သတင်း

08:10 - မုံရွာ ကညနရုံး တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးတယ်လို့ CAF ပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/94NzwoE3Nds

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15😁2🔥1
ပဋိပက္ခဒဏ်ကို ခံစားရတဲ့ ကလေးသူငယ်အရေအတွက် ပိုများလာနေကြောင်း ကုလထုတ်ပြန်
=========================

၂၀၂၂ ခုနှစ်ထဲမှာ ပဋိပက္ခတွေ‌ရဲ့ ဒဏ်ကို ဝမ်းနည်းဖွယ် ခံစားရတဲ့ ကလေးသူငယ်အရေအတွက်က ပိုများလာတယ်လို့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ ထွေထွေအတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာထုတ်ပြန်ချက်အရသိရပါတယ်။

ရှည်လျားတဲ့ လက်နက်ကိုင် ပဋိပက္ခအသစ်တွေဟာ ၂၀၂၂ ခုနှစ်ထဲမှာလည်း ဆက်လက်ပြင်းထန်လာခဲ့လို့ ဖြစ်ရပ် ၂၄ ခုနဲ့ စောင့်ကြည့်ရေးအစီအစဉ်တစ်ခုမှာ ရန်လိုမှုတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ကလေး ဦးရေက ၁၉,၀၀၀ နီးပါး အရေအတွက်နဲ့ တုန်လှုပ်ချောက်ချား ဖွယ် မြင့်မားနေဆဲဖြစ်တယ်လို့ ကုလ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ ကလေးသူငယ် သတ်ဖြတ်ခံရတဲ့၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရေအတွက်က ၈,၆၃၀ ကျော် ရှိကြောင်း ကုလသမဂ္ဂက စိစစ်နိုင်ခဲ့ပြီး ဒါဟာ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။

အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးသူငယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းကျော်ဟာ မြေမြှုပ်မိုင်းတွေ အပါအဝင် ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။

ကလေးသူငယ်တွေ ထိခိုက်ခဲ့ရတဲ့ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံရမှု ဖြစ်ရပ် ၁၁၀ % အထိ တိုးလာပြီး ဒီလို အဓိက ဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။
မြန်မာ အပါအဝင် ယူကရိန်း၊ အစ္စရေး၊ ပါလက်စတိုင်း၊ အာဖဂန်နစ္စတန်၊ ဘူကီနာဖာဆိုနဲ့ မာလီနိုင်ငံတွေမှာ ကျောင်းနဲ့ ဆေးရုံ တိုက်ခိုက်ခံရမှု ၁,၈၄၃ အထိ ဖြစ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

https://youtu.be/W3-rk_QCGUM

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥6👍4💩1
တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဟု NUG ပြည်ထဲရေးဝန်ကြီး ပြော
👍20😁2❤1
တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဟု NUG ပြည်ထဲရေးဝန်ကြီး ပြော
========================

002
(မဇ္ဈိမ)။ ။တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဖြစ်ကြောင်း NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

“ NUG ၊ မဟာမိတ်စစ်ရေးဦးဆောင်အဖွဲ့တွေနဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးဝန်ကြီးဌာနတွေကလည်း တန် ပြန်ထိုးစစ်အကြိုကာလ စစ်ရေးစီမံချက်‌တွေကို တာလွှတ်လိုက်ပါပြီ။ မကြာခင်မှာ စစ်ရေးနည်းနဲ့ လူထု တိုက်ပွဲနည်းတွေ ဟန်ချက်ညီပေါင်းစပ်ပြီး အဆုံးသက်တိုက်ပွဲကြီးတွေဆီ စဦးတည်ကြပါမယ်” ဟု ဦးလွင်ကိုလတ်က ပြောသည်။

တော်လှန်ရေးအစပိုင်းတွင် လမ်းပေါ်ဆန္ဒပြခဲ့သည့် လူငယ်များမှာ မဟာမိတ်တပ်ဖွဲ့များ၏ သင်ကြားပြသ မှုကြောင့် စစ်ရေးအတွေ့အကြုံများလည်း ရရှိလာပြီဖြစ်ကြောင်း၊ လက်ရှိကာလမှာ တော်လှန်ရေး၏ ပြည်သူ့စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလသို့ ရောက်ရှိနေပြီဟု ၎င်းကပြောသည်။

“တောတောင်တွေထဲက ရဲဘော်တွေဟာ အခုဆို မြေပြန့်ကိုတပ်ဖြန့်‌ရောက်ရှိနေပြီး စစ်တောင်းလွင်ပြင် မှာတိုက်ပွဲဖော်နေကြပါပြီ။ အိမ်အပြန်လမ်းကိုမြင်နေရလို့ တက်ကြွနေကြတဲ့ ရဲဘော်တွေရဲ့မျှော်လင့်ချက် တွေက ပြည်ထောင်စုရဲ့ တပ်ဦးရောင်ခြည်ဖြစ်ပါတယ်။ ကျနော်တို့တော်လှန်ရေးဟာ ဒုတိယနဲ့ တတိယ အဆင့်ကြားကို ရောက်နေပါပြီ။ နောက်ဆုံးအဆင့်ကို အရှိန်အဟုန်နဲ့ အဆုံးသတ်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ မီးကုန်ယမ်းကုန် ရေကုန်ရေခမ်း ပြည်သူအားလုံးတိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အာဏာရှင်အောက်မှာနေခဲ့ရပြီး ဘက်စုံဆုံးရှုံးနစ်နာခဲ့မှုတွေရဲ့အကြွေးကိုပြန်ယူဖို့ တော်လှန်ရေးအဓွန့် ရှည်ပြီး အာဏာရှင်သက်ဆိုးရှည်နေလို့ ဘက်စုံဆုံးရှုံးနစ်နာမှုရှိလာမှာတွေကို တားဆီးဖို့ ရှိသမျအားကုန် ညှစ်ပြီး အဆုံးအဖြတ်ရလဒ်အတွက် အမြင့်ဆုံးအရှိန်နဲ့ တိုက်ပွဲဝင်ကြရပါတော့မယ်” ဟု ပြည်ထဲရေးဝန် ကြီးက ဆိုသည်။

တော်လှန်ရေးရဲဘော်များမှာ လက်ဝယ်သေနတ်ရှိပါက ဗျူဟာဆွဲ တိုက်ခိုက်နိုင်နေပြီဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်တွင် မနေချင်သူများအနေဖြင့် စနစ်သစ်နိုင်ငံတော်တွင် စိတ်ဝမ်းမကွဲဘဲ အားလုံးအတူတူ နေချင်ကြသည်ကို ယုံကြည်ကြောင်း ဦးလွင်ကိုလတ်က ပြောသည်။

“ကျနော်တို့ပြည်သူတစ်ရပ်လုံး အခုအချိန်မှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ရုန်းကန်ကြဖို့ အချိန်တန်ပါ ပြီ။ တော်လှန်ရေးက ‌နောက်တလှမ်းဆုတ်ပြီး သုံးသပ်ပြင်ဆင်တွေးခေါ်ချိန်ဆနေချိန်က အချိန်စေ့သွား ပြီ” ဟုလည်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။
ပြန့်ကျဲနေသည့် အင်အားစုများကိုစုစည်းပြီး ဖယ်ဒရယ်နိုင်ငံတော်သစ်ဆီ လျှောက်လှမ်းရတော့မည်ဖြစ် ကြောင်း၊ တော်လှန်ရေးရဲဘော်ရဲဘက်များ အိမ်ပြန်ချိန်တွင် ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ရောက်ရှိ အောင် ကြိုးစားရမည်ဟု ဝန်ကြီးကဆိုသည်။

“အားလုံးကအိမ်ပြန်ချင်ကြတယ်၊ ပြည်သူ့အာဏာကလည်း ပြည်သူ့ဆီကိုပြန်ချင်တယ်။ အကျဉ်းထောင် ထဲရောက်နေတဲ့ တော်လှန်ရေးသမားတွေကလည်း ဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့ အိမ်ပြန်ချင်ကြပါလိမ့် မယ်။ ပြည်ပရောက် ပြည်ထောင်စုဖွားတွေကလည်း သူတို့ကိုယ်တိုင်ပါဝင်ပြီးတော်လှန်နေတဲ့ တော်လှန်‌ ရေးအသီးအပွင့်ဖြစ်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ဆီကို ခေါင်းမော့ရင်ကော့ပြီး အိမ် ပြန်ချင်ကြတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြော ကြားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
#ပြည်ထဲရေးဝန်ကြီး
#တန်ပြန်ထိုးစစ်
#အဆုံးသတ်တိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤9😁3
Media is too big
VIEW IN TELEGRAM
June - 28 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍4😁1🍌1
Media is too big
VIEW IN TELEGRAM
ပဋိပက္ခဒဏ်ကို ခံစားရတဲ့ ကလေးသူငယ်အရေအတွက် ပိုများလာနေကြောင်း ကုလထုတ်ပြန်

Watch more detail -
https://youtu.be/W3-rk_QCGUM

#ကလေးသူငယ် #ကုလ #ပဋိပက္ခဒဏ် #VideoNews #shorts #Reels
🔥4❤2👍1😢1
​​သူ့အား ပြန်ပေးဆွဲရန် လျှို့ဝှက်ကြံစည်နေကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြော
========================

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အတိုက်အခံအုပ်စုတစ်ရပ်သည် သူ့အား ပြန်ပေးဆွဲရန် ကြံစည်နေကြောင်း စွပ်စွဲပြောဆိုကာ လာမည့်လ၌ နိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် ရှိချိန် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် လူ ၂၀၀ ခန့်ကို ရှင်းပစ်ရန် ဝန်မလေးကြောင်း သတိပေးပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁17🤮2🔥1
​​လူကုန်ကူးမှု နှိမ်နင်းရေး စီးနင်းမှုအတွင်း လူ ၂,၇၀၀ ကျော်ကို ဖိလစ်ပိုင်အာဏာပိုင်တို့ ထိန်းသိမ်းစစ်ဆေး
=======================

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ လူကုန်ကူးခံရသူများကို အွန်လိုင်းဂိမ်းများအတွက် ကစားမည့်သူများအား စည်းရုံးစုဆောင်းစေရန် အလုပ်ခိုင်းစေမှုများ ရှိခဲ့သည် ဆိုသည့် အဆောက်အအုံတချို့ကို ဝင်ရောက်စီးနင်းမှုအတွင်း လူ ၂,၇၀၀ ကျော်ကို အာဏာပိုင်တို့ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင် ပြောသည်။
ဇွန်လ ၂၆ ရက်ညပိုင်းက မြို့တော်ရှိ ခြံဝင်းတစ်ခုအတွင်း၌ တွေ့ရှိခဲ့သူများထဲတွင် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်္ကာပူ၊ မလေးရှား၊ ပါကစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3❤1👍1
ကော့သောင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ရာမှ အရပ်သား ၃၀ နီးပါး ဖမ်းဆီးခံရ
🤬12👍2😁2
ကော့သောင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ရာမှ အရပ်သား ၃၀ နီးပါး ဖမ်းဆီးခံရ
==================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ယခုရက်ပိုင်းအတွင်း မြို့ပေါ်ရပ်ကွက်များ၌ စစ်ကောင်စီ တပ်က စစ်ဆေးမှုများပြုလုပ်ရာမှ အမျိုးသမီးများအပါဝင် ဒေသခံ ၃၀ နီးပါး ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံများထံမှ သိရသည်။

ကော့သောင်းမြို့နယ်တွင် ဇွန်လ ၂၂ ရက်နေ့က ဘန်းကချွန်ကျေးရွာအုပ်စု၊ ရေငန်ချိုင်ကျေးရွာမှ ပျူစော ထီးအဖွဲ့ဝင်သုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ရှင်းလင်းပြီးနောက် ဇွန်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ လမ်းများနှင့်နေအိမ်များတွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဆက်တိုက် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကော့သောင်းမြို့ခံတဦးက “အခု ဖမ်းဆီးခံရတာက အယောက် ၃၀ ကျော်လောက် ရှိနိုင်တယ်။ မြို့ပေါ် ရပ်ကွက်တွေက အများစုဖမ်းဆီးခံရတယ်”ဟု ပြောသည်။

ဇွန်လ ၂၄ ရက်နေ့က ရွှေပြည်သာရပ်ကွက်နေ အသက် ၁၈ နှစ် အရွယ် လူငယ်တဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးပြီး နှစ်ရက်အကြာတွင် လူမှားဖမ်းဆီးခဲ့သည်ဟုဆိုကာ ပြန်လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ညက ကော့သောင်းမြို့ပေါ်၌ ဖမ်းဆီးမှုများပြုလုပ်စဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံအချို့ကဆိုသည်။

ကော့သောင်းမြို့တွင် ပြီးခဲ့သည့် မေလအတွင်းက ၁၆ နှစ် အရွယ်လူငယ်တဦး အပါဝင် လူငယ်ရှစ်ဦးကို စစ်ကြောရေး၌ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီသတင်းရင်းမြစ်နှင့် နီးစပ်သည့်အသိုင်းမှ သိရ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ကော့သောင်းမြို့
#စစ်ကောင်စီတပ်
#အရပ်သားဖမ်းဆီးခံရမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬16👍3🔥3
Business Round Up (28 June 2023)
===================

- မြန်မာ့စီးပွားရေး စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဆဲဖြစ်ပြီး ပြန်လည်ဦးမော့ရန် နှစ်အတန်ကြာဦးမည်ဟု ကမ္ဘာ့ဘဏ်ပြော

- ဒေါ်လာဈေးနှင့်အပြိုင် ထိုင်းဘတ်ငွေဈေး တစ်ပတ်အတွင်း စံချိန်တင်မြင့်တက်လာ

- စစ်ကောင်စီနှင့်ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ လုပ်ငန်းရှင်တွေကို NUG သတိပေး

- တရားမဝင်ကုန်သွယ်မှုကြောင့် ရော်ဘာလုပ်ငန်းကဏ္ဍတွင် ထိခိုက်နစ်နာမှုရှိနေ

- ကရင်ပြည်နယ် ရွှေကုက္ကိုလ်ကို ထိုင်းက အင်တာနက်ဖြတ်တောက်မှုကြောင့် လုပ်ငန်းတချို့ရပ်နား

https://youtu.be/m0QM9Qj_2LA

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2😁1
This media is not supported in your browser
VIEW IN TELEGRAM
June - 28 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels
#shorts
😁1🍌1😘1