လူ ၁၀ ဦး သေဆုံးသွားသော ပုလဲမြို့နယ်က လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်းများ
😢16😁2🤬2❤1👍1
လူ ၁၀ ဦး သေဆုံးသွားသော ပုလဲမြို့နယ်က လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်းများ
=======================
မဇ္ဈိမ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ယနေ့ဇွန်လ၂၈ ရက် ညနေအထိ သေဆုံးသူ ၁၀ ဦးရှိပြီဟု ဒေသတွင်း သတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။
ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာကို ယမန်နေ့ ဇွန်လ ၂၇ ရက်၊ ညနေ ၃နာရီခွဲခန့် တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးကြဲချတိုက်ခိုက်သွားခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်ခံရမှုအပြီးတွင် သံဃာတော်တစ်ပါးအပါအဝင် ရှစ်ဦး သေဆုံးပြီး နာရီအနည်းငယ်အကြာတွင် ဒဏ်ရာပြင်းထန်သူ နှစ်ဦး ထပ်မံသေဆုံးသွားသည်ဟု ပုလဲမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က မဇ္စျိမကို ပြောသည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများမှာ သက်တော် (၅၃) နှစ် ဦးဇင်းဦးခေမာ၊ အသက် ၃၈နှစ်အရွယ် ဦးမင်းစိုး (ယင်းမာပင်ခရိုင်အမှတ် (၁၀) တပ်ရင်းမှ ရဲဘော်)၊ အသက် (၅၀)နှစ်အရွယ် ဦးကျော်မြင့်ဝင်း၊ အသက် (၆၀) အရွယ် ဦးစိုးကြီး၊ အသက် (၃၅) နှစ်အရွယ် ဦးဇော်လင်း၊ အသက် (၇၀) အရွယ် ဦးသန်းဆောင်၊ အသက် (၅၀) အရွယ် ဦးဝင်းအောင်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်တင်ညွှန့်၊ အသက် (၃၇) နှစ်အရွယ် မမြင့်မြင့်နွယ်နှင့် အသက် (၁၈) နှစ်အရွယ် မဟန်နီဇော်တို့ ဖြစ်သည်။
ထို့ပြင် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူ ၁၀ ဦးရှိရာ ယင်းအနက် တစ်ဦး စိုးရိမ်ရပြီး နေအိမ် ၁၄ လုံး မီးလောင်ပြာကျသွားကာ ဘုန်းကြီးကျောင်းဆောင် တစ်ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မြေပြင်တွင် တိုက်ပွဲမရှိဘဲ အရပ်သားပစ်မှတ်များကို လာရောက်ဗုံးကြဲခြင်းဟု ပုလဲမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။
ယင်းအပြင် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ်၊ ပဇီကြီး ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့သည်။
စာတည်း။ ။ နောင်နောင်
#ပုလဲ
#ညောင်ကုန်းရွာ
#လေကြောင်းတိုက်ခိုက်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍19🤬11😢8😁2❤1
ဇွန်လ (၂၉) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အနောက်တောင်တိုင်း စစ်ဌာနချုပ်အနီးမှာ ထောင်အသစ်တစ်ခုဆောက်လုပ်ဖို့ စစ်ကောင်စီကစီစဥ်နေတဲ့သတင်းနဲ့အတူ
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဒုတိယနှစ်ကျောင်းသား ကျောင်းဆောင်ပေါ်မှပြုတ်ကျသေဆုံးတဲ့ သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/vVJBPJiQGwI
#Mizzimaradio
#Morningradio
---------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ (၂၉) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အနောက်တောင်တိုင်း စစ်ဌာနချုပ်အနီးမှာ ထောင်အသစ်တစ်ခုဆောက်လုပ်ဖို့ စစ်ကောင်စီကစီစဥ်နေတဲ့သတင်းနဲ့အတူ
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဒုတိယနှစ်ကျောင်းသား ကျောင်းဆောင်ပေါ်မှပြုတ်ကျသေဆုံးတဲ့ သတင်းအပါအဝင်
နောက်ဆုံးရ…

👍6❤1🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်ထုတ်လွှင့်မှုများ
====================
https://youtu.be/atBEyBQXDXU
#PVTV
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
https://youtu.be/atBEyBQXDXU
#PVTV
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်ထုတ်လွှင့်မှုများ
#PVTV
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍8🍌2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇွန်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima
========================
ရုရှားကြေးစားတပ်ပုန်ကန်မှုနဲ့ ယူကရိန်းစစ်ပေါ် ရိုက်ခတ်နိုင်ခြေ၊ ရုရှားကျူးကျော်စစ်ကြောင့် လင်းပိုင် ၅သောင်းလောက် သေဆုံးရတဲ့ကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/CybunEbJPmg
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
ရုရှားကြေးစားတပ်ပုန်ကန်မှုနဲ့ ယူကရိန်းစစ်ပေါ် ရိုက်ခတ်နိုင်ခြေ၊ ရုရှားကျူးကျော်စစ်ကြောင့် လင်းပိုင် ၅သောင်းလောက် သေဆုံးရတဲ့ကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/CybunEbJPmg
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇွန်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima
ရုရှားကြေးစားတပ်ပုန်ကန်မှုနဲ့ ယူကရိန်းစစ်ပေါ် ရိုက်ခတ်နိုင်ခြေ၊ ရုရှားကျူးကျော်စစ်ကြောင့် လင်းပိုင် ၅သောင်းလောက် သေဆုံးရတဲ့ကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်၊…
👍10❤1👏1😁1🤬1
ရုရှားကြေးစားတပ်ပုန်ကန်မှုနဲ့ ယူကရိန်းစစ်ပေါ် ရိုက်ခတ်နိုင်ခြေ | VOA On Mizzima
=======================
ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ သူ့ရဲ့ လက်တွဲဖက် ဗက်ဂနာကြေးစားတပ်ခေါင်းဆောင်တို့ကြား ပဋိပက္ခတွေဖြစ်နေချိန်မှာ အမေရိကန်ပြည်ထောင်စုကတော့ ယူကရိန်းကို ဆက်လက်ကူညီသွားဖို့ အာရုံစိုက် လုပ်ဆောင်နေပါတယ်။ ရုရှား အတွင်းပိုင်း ပဋိပက္ခဟာ ယူကရိန်းစစ်အပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာနဲ့ ပတ်သတ်ပြီး ဗွီအိုအေသတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
https://youtu.be/dFD5_o-cvZ0
#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ သူ့ရဲ့ လက်တွဲဖက် ဗက်ဂနာကြေးစားတပ်ခေါင်းဆောင်တို့ကြား ပဋိပက္ခတွေဖြစ်နေချိန်မှာ အမေရိကန်ပြည်ထောင်စုကတော့ ယူကရိန်းကို ဆက်လက်ကူညီသွားဖို့ အာရုံစိုက် လုပ်ဆောင်နေပါတယ်။ ရုရှား အတွင်းပိုင်း ပဋိပက္ခဟာ ယူကရိန်းစစ်အပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာနဲ့ ပတ်သတ်ပြီး ဗွီအိုအေသတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
https://youtu.be/dFD5_o-cvZ0
#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ရုရှားကြေးစားတပ်ပုန်ကန်မှုနဲ့ ယူကရိန်းစစ်ပေါ် ရိုက်ခတ်နိုင်ခြေ | VOA On Mizzima
ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ သူ့ရဲ့ လက်တွဲဖက် ဗက်ဂနာကြေးစားတပ်ခေါင်းဆောင်တို့ကြား ပဋိပက္ခတွေဖြစ်နေချိန်မှာ အမေရိကန်ပြည်ထောင်စုကတော့ ယူကရိန်းကို ဆက်လက်ကူညီသွားဖို့ အာရုံစိုက် လုပ်ဆောင်နေပါတယ်။ ရုရှား အတွင်းပိုင်း ပဋိပက္ခဟာ ယူကရိန်းစစ်အပေါ် ဘယ်လို သက်ရောက်မှု…
👍8😁3
အဖက်ဖက်က ရှုံးနိမ့်လာတဲ့စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပိုလုပ်လာနိုင်မလား
======================
အကြမ်းဖက် စစ်ကောင်စီအနေနဲ့ မြန်မာပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တာ တွေဟာ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ဖြစ်လာပါပြီ။
ပဇီကြီးကျေးရွာက အခမ်းအနားတစ်ခုကို ဗုံးကျဲတိုက်ခိုက်ခဲ့လို့ လူပေါင်းရာချီပြီး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်၊ ကချင် ပြည်နယ်က ဂီတဖျော်ဖြေပွဲကို ဗုံးကျဲတိုက်ခိုက်လို့ ဂီတပညာရှင်တွေ အပါအဝင် လူပေါင်း ဆယ်ဂဏန်းများစွာ သေဆုံးရတဲ့ ဖြစ်ရပ်တွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီအတိုင်း လေကြောင်းကနေ အကြောင်းမဲ့ လာရောက် တိုက်ခိုက်ခဲ့တာတွေပါ။
ခုတစ်ခါ ဇွန် ၂၇ ရက် မနေ့က စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ညောင်ကုန်းကျေးရွာနဲ့ ချင်ပြစ်ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်လို့ သံဃာတော်တစ်ပါး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်းနဲ့ စေတီတွေပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
https://youtu.be/T5Rq4adqNPw
#politics
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
အကြမ်းဖက် စစ်ကောင်စီအနေနဲ့ မြန်မာပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တာ တွေဟာ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ဖြစ်လာပါပြီ။
ပဇီကြီးကျေးရွာက အခမ်းအနားတစ်ခုကို ဗုံးကျဲတိုက်ခိုက်ခဲ့လို့ လူပေါင်းရာချီပြီး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်၊ ကချင် ပြည်နယ်က ဂီတဖျော်ဖြေပွဲကို ဗုံးကျဲတိုက်ခိုက်လို့ ဂီတပညာရှင်တွေ အပါအဝင် လူပေါင်း ဆယ်ဂဏန်းများစွာ သေဆုံးရတဲ့ ဖြစ်ရပ်တွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီအတိုင်း လေကြောင်းကနေ အကြောင်းမဲ့ လာရောက် တိုက်ခိုက်ခဲ့တာတွေပါ။
ခုတစ်ခါ ဇွန် ၂၇ ရက် မနေ့က စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ညောင်ကုန်းကျေးရွာနဲ့ ချင်ပြစ်ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်လို့ သံဃာတော်တစ်ပါး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်းနဲ့ စေတီတွေပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
https://youtu.be/T5Rq4adqNPw
#politics
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အဖက်ဖက်က ရှုံးနိမ့်လာတဲ့စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပိုလုပ်လာနိုင်မလား
အကြမ်းဖက် စစ်ကောင်စီအနေနဲ့ မြန်မာပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တာ တွေဟာ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ဖြစ်လာပါပြီ။
ပဇီကြီးကျေးရွာက အခမ်းအနားတစ်ခုကို ဗုံးကျဲတိုက်ခိုက်ခဲ့လို့ လူပေါင်းရာချီပြီး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်၊ ကချင် ပြည်နယ်က…

🤬8👍4🔥3😁1
ယူကရိန်းစစ်ပွဲကြောင့် လင်းပိုင် ၅ သောင်းလောက် သေဆုံး | VOA On Mizzima
====================
ရုရှားရဲ့ ယူကရိန်းကျူးကျော် စစ်ပွဲ အတွင်း သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိနေတာကြောင့် လင်းပိုင် အကောင်ရေ ၅ သောင်းလောက်အထိ သေဆုံးခဲ့ကြောင်း ယူကရိန်းသိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Iryna Shynkarenko ရဲ့ သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက တင်ဆက်ထားပါတယ်။
https://youtu.be/lOsf7IYtUtc
#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ရုရှားရဲ့ ယူကရိန်းကျူးကျော် စစ်ပွဲ အတွင်း သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိနေတာကြောင့် လင်းပိုင် အကောင်ရေ ၅ သောင်းလောက်အထိ သေဆုံးခဲ့ကြောင်း ယူကရိန်းသိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Iryna Shynkarenko ရဲ့ သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက တင်ဆက်ထားပါတယ်။
https://youtu.be/lOsf7IYtUtc
#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ယူကရိန်းစစ်ပွဲကြောင့် လင်းပိုင် ၅ သောင်းလောက် သေဆုံး | VOA On Mizzima
ရုရှားရဲ့ ယူကရိန်းကျူးကျော် စစ်ပွဲ အတွင်း သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိနေတာကြောင့် လင်းပိုင် အကောင်ရေ ၅ သောင်းလောက်အထိ သေဆုံးခဲ့ကြောင်း ယူကရိန်းသိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Iryna Shynkarenko ရဲ့ သတင်းကို အခြေခံပြီး ကိ…
😢18👍5🔥1🤣1
အစာအိမ်ဖြတ်ထုတ်တဲ့ အဝလွန်ရောဂါ ခွဲစိတ်ကုထုံး | VOA On Mizzima
=======================
အမေရိကန်ပြည်ထောင်စုမှာ အဝလွန်တဲ့ ဆယ်ကျော်သက်တွေက ကိုယ်အလေ့ချိန်လျှော့ချနိုင်တဲ့ ဆေးတွေ သောက်တဲ့အပြင် ခွဲစိတ်မှုပါ လုပ်နေပါတယ်။ အဝလွန်တာကို ထိန်းဖို့ လေ့ကျင့်ခန်းတွေ လုပ်၊ သောက်ဆေးတွေ သောက်ပေမယ့်လည်း မထိရောက်တဲ့နောက် ဒီလို ခွဲစိတ်မှု လုပ်ဖို့ ကလေးတွေနဲ့ မိဘတွေ ရွေးချယ်လာတာလည်း ဖြစ်ပါတယ်။ အဝလွန်တဲ့အဆင့်ထိ မရောက်ခင် အစောပိုင်းကတည်းက ချင့်ချိန်စားသောက်ဖို့နဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ကလည်း အရေးကြီးကြောင်း ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
https://youtu.be/ugK81mgVKZU
#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
အမေရိကန်ပြည်ထောင်စုမှာ အဝလွန်တဲ့ ဆယ်ကျော်သက်တွေက ကိုယ်အလေ့ချိန်လျှော့ချနိုင်တဲ့ ဆေးတွေ သောက်တဲ့အပြင် ခွဲစိတ်မှုပါ လုပ်နေပါတယ်။ အဝလွန်တာကို ထိန်းဖို့ လေ့ကျင့်ခန်းတွေ လုပ်၊ သောက်ဆေးတွေ သောက်ပေမယ့်လည်း မထိရောက်တဲ့နောက် ဒီလို ခွဲစိတ်မှု လုပ်ဖို့ ကလေးတွေနဲ့ မိဘတွေ ရွေးချယ်လာတာလည်း ဖြစ်ပါတယ်။ အဝလွန်တဲ့အဆင့်ထိ မရောက်ခင် အစောပိုင်းကတည်းက ချင့်ချိန်စားသောက်ဖို့နဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ကလည်း အရေးကြီးကြောင်း ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
https://youtu.be/ugK81mgVKZU
#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အစာအိမ်ဖြတ်ထုတ်တဲ့ အဝလွန်ရောဂါ ခွဲစိတ်ကုထုံး | VOA On Mizzima
အမေရိကန်ပြည်ထောင်စုမှာ အဝလွန်တဲ့ ဆယ်ကျော်သက်တွေက ကိုယ်အလေ့ချိန်လျှော့ချနိုင်တဲ့ ဆေးတွေ သောက်တဲ့အပြင် ခွဲစိတ်မှုပါ လုပ်နေပါတယ်။ အဝလွန်တာကို ထိန်းဖို့ လေ့ကျင့်ခန်းတွေ လုပ်၊ သောက်ဆေးတွေ သောက်ပေမယ့်လည်း မထိရောက်တဲ့နောက် ဒီလို ခွဲစိတ်မှု လုပ်ဖို့ ကလေးတွေနဲ့ မိဘတွေ…
👍14🔥1
ဇွန်လ (၂၉)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
1:00-ပြည်တွင်းပုဂ္ဂလိကဘဏ်ထိပ်တန်းအရာရှိ ၄ဦး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ သတိပေးခံရတဲ့သတင်း
04:36-အနောက်တောင်တိုင်း စစ်ဌာနချုပ်အနီးမှာ ထောင်အသစ်တစ်ခုဆောက်လုပ်ဖို့ စစ်ကောင်စီကစီစဉ်နေတဲ့သတင်း
04:36-စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ အိန္ဒိယကို CRPH တိုက်တွန်းတဲ့သတင်း
08:25- တစ်နှစ်အတွင်း NUG Pay သုံးစွဲသူ ၃၀,၀၀၀ နီးပါးရှိတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/OVZmmg3iPK0
#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
1:00-ပြည်တွင်းပုဂ္ဂလိကဘဏ်ထိပ်တန်းအရာရှိ ၄ဦး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ သတိပေးခံရတဲ့သတင်း
04:36-အနောက်တောင်တိုင်း စစ်ဌာနချုပ်အနီးမှာ ထောင်အသစ်တစ်ခုဆောက်လုပ်ဖို့ စစ်ကောင်စီကစီစဉ်နေတဲ့သတင်း
04:36-စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ အိန္ဒိယကို CRPH တိုက်တွန်းတဲ့သတင်း
08:25- တစ်နှစ်အတွင်း NUG Pay သုံးစွဲသူ ၃၀,၀၀၀ နီးပါးရှိတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/OVZmmg3iPK0
#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၂၉)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
1:00-ပြည်တွင်းပုဂ္ဂလိကဘဏ်ထိပ်တန်းအရာရှိ ၄ဦး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ သတိပေးခံရတဲ့သတင်း
04:36-အနောက်တောင်တိုင်း စစ်ဌာနချုပ်အနီးမှာ ထောင်အသစ်တစ်ခုဆောက်လုပ်ဖို့ စစ်ကောင်စီကစီစဉ်နေတဲ့သတင်း
04:36-စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ …

👍15🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
June - 29 [12 Pm] Mizzima News Hour
Mizzima Headline News
#12pmnews #mizzimanewshour
#reels #shorts #mizzimatv
Mizzima Headline News
#12pmnews #mizzimanewshour
#reels #shorts #mizzimatv
👍5😁2
စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယကို CRPH တိုက်တွန်း
====================
တရားမဝင်စစ်ကောင်စီကို အမေရိကန်နဲ့အတူ အဖက်ဖက်မှ ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယအစိုးရကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့ အမေရိကန်ပြည်ထောင်စုမှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် မြန်မာပြည်တွင်းက ယိုယွင်းနေတဲ့အခြေအနေတွေကို စိုးရိမ်ကြောင်းပြောထားတဲ့နှစ်နိုင်ငံခေါင်းဆောင် တွေရဲ့ကြေညာချက်ကို ကြိုဆိုရင်း CRPH က အခုလို တိုက်တွန်းလိုက်တာပါ။
မြန်မာ့အိမ်နီးချင်း အိန္ဒိယဟာ ယခုလက်ရှိမှာ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူများရဲ့ ရုန်းကန်မှုကို စာနာကူညီသောအားဖြင့် အကြမ်းဖက်တရားမဝင် စစ်ကောင်စီနဲ့ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေတာတွေကို ရပ်တန့်ပြီး ပိတ်ဆို့အရေးယူတာတွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က အိန္ဒိယနိုင်ငံကို ဇွန် ၂၈ ရက်နေ့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။
https://youtu.be/2mtmtopWOCs
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
တရားမဝင်စစ်ကောင်စီကို အမေရိကန်နဲ့အတူ အဖက်ဖက်မှ ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယအစိုးရကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့ အမေရိကန်ပြည်ထောင်စုမှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် မြန်မာပြည်တွင်းက ယိုယွင်းနေတဲ့အခြေအနေတွေကို စိုးရိမ်ကြောင်းပြောထားတဲ့နှစ်နိုင်ငံခေါင်းဆောင် တွေရဲ့ကြေညာချက်ကို ကြိုဆိုရင်း CRPH က အခုလို တိုက်တွန်းလိုက်တာပါ။
မြန်မာ့အိမ်နီးချင်း အိန္ဒိယဟာ ယခုလက်ရှိမှာ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူများရဲ့ ရုန်းကန်မှုကို စာနာကူညီသောအားဖြင့် အကြမ်းဖက်တရားမဝင် စစ်ကောင်စီနဲ့ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေတာတွေကို ရပ်တန့်ပြီး ပိတ်ဆို့အရေးယူတာတွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က အိန္ဒိယနိုင်ငံကို ဇွန် ၂၈ ရက်နေ့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။
https://youtu.be/2mtmtopWOCs
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယကို CRPH တိုက်တွန်း
တရားမဝင်စစ်ကောင်စီကို အမေရိကန်နဲ့အတူ အဖက်ဖက်မှ ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယအစိုးရကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့ အမေရိကန်ပြည်ထောင်စုမှာ…

👍17🔥2
ဘီးလင်းမြို့နယ် ကျုံအိတ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံရ၊ လူ ၁ ဦးသေ
=================
စစ်ကောင်စီတပ်ထောက်ပို့လမ်းကြောင်းကိုဖြတ်တောက်ရန် ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးပေါ်ရှိ ဘီးလင်းမြိုံနယ်အတွင်းက တံတားကြီးတစ်စင်းကို မိုင်းခွဲဖျက်ဆီးလိိုက်ကြောင်း ဒေသတွင်းရှိတော်လှန်ရေးအင်အားစုများကပြောသည်။
မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စုရှိ ကျုံအိတ်တံတားကို ယနေ့ ဇွန်လ ၂၉ ရက်နေ့၊ နံနက် ၄ နာရီ ဝန်းကျင်အချိန်တွင် မိုင်းခွဲရာ တံတား၏ သုံးပုံနှစ်ပုံခန့် ပြိုကျပျက်စီးသွားသည်။

Media is too big
VIEW IN TELEGRAM
စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယကို CRPH တိုက်တွန်း
Watch more detail -
https://youtu.be/SXcymgqzh5I
#စစ်ကောင်စီ #အိန္ဒိယ #CRPH တိုက်တွန်း #VideoNews #shorts #reels

👍12👏2😁2
အာဏာသိမ်းပြီးနောက် မြန်မာမှာ လူကုန်ကူးမှု အဆိုးရွားဆုံးဖြစ်နေ
====================
ကမ္ဘာတဝန်း လူကုန်ကူးခံရမှုတွေဟာ မနှစ်ကထက် ပိုတိုးလာတာ တွေ့ရပြီး မြန်မာနိုင်ငံကတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရတဲ့အပြင် တိုက်ဖျက်ဖို့ သိသာထင်ရှားတဲ့ အားထုတ်မှုမရှိတဲ့ အဆိုးဆုံး နိုင်ငံတွေကို သတ်မှတ်တဲ့ အဆင့် ၃ (TIER 3) မှာ ဆက်ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံနဲ့နယ်မြေဒေသပေါင်း ၁၈၈ ခုက လူကုန်ကူးမှု အခြေအနေတွေကို ဆန်းစစ်လေ့လာထားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီနှစ် လူကုန်ကူးမှုဆိုင်ရာအစီရင်ခံစာမှာ ၂၄ နိုင်ငံက လူကုန်ကူးမှု တားဆီးရေးအဆင့် တက်လာခဲ့ပြီး နိုင်ငံ ၂၀ ကတော့ အဆင့်ကျသွားတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Dyer က ပြောပါတယ်။
လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးစံနှုန်းတွေကို လိုက်နာဖို့ပျက်ကွက်တဲ့ အဆင့် ၃ သတ်မှတ်ချက်ထဲ မြန်မာနဲ့အတူ ကမ္ဘောဒီးယား၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆီးရီးယား စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဒီနှစ် ၂၀၂၃ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနက လုပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ မြန်မာအပါအဝင် အာရှ ပစိဖိတ်ဒေသက လူကုန်ကူးမှု အခြေအနေတွေကို အဓိက ပြောသွားခဲ့တာပါ။
https://youtu.be/Ps3dh95dFTs
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ကမ္ဘာတဝန်း လူကုန်ကူးခံရမှုတွေဟာ မနှစ်ကထက် ပိုတိုးလာတာ တွေ့ရပြီး မြန်မာနိုင်ငံကတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရတဲ့အပြင် တိုက်ဖျက်ဖို့ သိသာထင်ရှားတဲ့ အားထုတ်မှုမရှိတဲ့ အဆိုးဆုံး နိုင်ငံတွေကို သတ်မှတ်တဲ့ အဆင့် ၃ (TIER 3) မှာ ဆက်ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံနဲ့နယ်မြေဒေသပေါင်း ၁၈၈ ခုက လူကုန်ကူးမှု အခြေအနေတွေကို ဆန်းစစ်လေ့လာထားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီနှစ် လူကုန်ကူးမှုဆိုင်ရာအစီရင်ခံစာမှာ ၂၄ နိုင်ငံက လူကုန်ကူးမှု တားဆီးရေးအဆင့် တက်လာခဲ့ပြီး နိုင်ငံ ၂၀ ကတော့ အဆင့်ကျသွားတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Dyer က ပြောပါတယ်။
လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးစံနှုန်းတွေကို လိုက်နာဖို့ပျက်ကွက်တဲ့ အဆင့် ၃ သတ်မှတ်ချက်ထဲ မြန်မာနဲ့အတူ ကမ္ဘောဒီးယား၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆီးရီးယား စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဒီနှစ် ၂၀၂၃ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနက လုပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ မြန်မာအပါအဝင် အာရှ ပစိဖိတ်ဒေသက လူကုန်ကူးမှု အခြေအနေတွေကို အဓိက ပြောသွားခဲ့တာပါ။
https://youtu.be/Ps3dh95dFTs
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အာဏာသိမ်းပြီးနောက် မြန်မာမှာ လူကုန်ကူးမှု အဆိုးရွားဆုံးဖြစ်နေ
ကမ္ဘာတဝန်း လူကုန်ကူးခံရမှုတွေဟာ မနှစ်ကထက် ပိုတိုးလာတာ တွေ့ရပြီး မြန်မာနိုင်ငံကတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရတဲ့အပြင် တိုက်ဖျက်ဖို့ သိသာထင်ရှားတဲ့ အားထုတ်မှုမရှိတဲ့ အဆိုးဆုံး နိုင်ငံတွေကို သတ်မှတ်တဲ့ အဆင့် ၃ (TIER 3) မှာ ဆက်ရှိနေပါတယ်။…
👍7😢6🔥3
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းပြီးနောက် မြန်မာမှာ လူကုန်ကူးမှု အဆိုးရွားဆုံးဖြစ်နေ
Watch more detail -
https://youtu.be/Ps3dh95dFTs
#မြန်မာ #လူကုန်ကူးမှု #ဆိုးရွား #VideoNews #shorts #Reels

👍8🔥3
ဇွန်လ (၂၉)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:01- အာဏာသိမ်းပြီးနောက် မြန်မာမှာ လူကုန်ကူးမှု အဆိုးရွားဆုံးဖြစ်နေတဲ့သတင်း
04:13-ပုလဲမြို့နယ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀ ဦးရှိလာပြီး ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေလည်းပါဝင်တဲ့သတင်း
06:24-ဘီးလင်းမြို့နယ်က ရွှေရောင်ပြတံတား မိုင်းခွဲဖျက်ဆီးခံရပြီး အိမ်စီးကား ၃ စီး ပျက်စီးလည်း တဲ့သတင်း
07:39-ဟင်္သာတမှာ ရဲအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်ရာမှ ၁ ဦးသေဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။
https://youtu.be/3N34pFUOA-4
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
01:01- အာဏာသိမ်းပြီးနောက် မြန်မာမှာ လူကုန်ကူးမှု အဆိုးရွားဆုံးဖြစ်နေတဲ့သတင်း
04:13-ပုလဲမြို့နယ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀ ဦးရှိလာပြီး ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေလည်းပါဝင်တဲ့သတင်း
06:24-ဘီးလင်းမြို့နယ်က ရွှေရောင်ပြတံတား မိုင်းခွဲဖျက်ဆီးခံရပြီး အိမ်စီးကား ၃ စီး ပျက်စီးလည်း တဲ့သတင်း
07:39-ဟင်္သာတမှာ ရဲအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်ရာမှ ၁ ဦးသေဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။
https://youtu.be/3N34pFUOA-4
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၂၉)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01- အာဏာသိမ်းပြီးနောက် မြန်မာမှာ လူကုန်ကူးမှု အဆိုးရွားဆုံးဖြစ်နေတဲ့သတင်း
04:13-ပုလဲမြို့နယ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀ ဦးရှိလာပြီး ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေလည်းပါဝင်တဲ့သတင်း
06:24-ဘီးလင်းမြို့နယ်က ရွှေရောင်ပြတံတား မိုင်းခွဲဖျက်ဆီးခံရပြီး…

👍9🔥2😁1
စကစနှင့်EAO(၅)ဖွဲ့ ဆွေးနွေးပွဲအတွင်းငြိမ်းချမ်းရေးညီလာခံကျင်းပရန်အပါအဝင်သဘောတူညီမှုများရရှိခဲ့ဟုဆို
=================
စစ်ကောင်စီ၏ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် EAO (၅)ဖွဲ့၏ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်းမှ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်အပါအဝင် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) စတဲ့ လက်နက်ကိုင်(၅)ဖွဲ့မှ ကိုယ်စားလှယ်များသည် စစ်ကောင်စီ၏ NSPNC မှ ကိုယ်စားလှယ်များနှင့် ဇွန်လ ၂၆ ရက်မှ စတင်ကာ (၃)ရက်ကြာ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
PPST အဖွဲ့တွင် ယခင်က NCA လက်မှတ်ထိုးထားသည့် EAO အဖွဲ့ ၁၀ဖွဲ့ ရှိခဲ့သော်လည်း ယခုအခါ ၇ဖွဲ့ သာကျန်ရှိသည်။ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် မွန်ပြည်သစ်ပါတီ NMSP တို့က ယခုကျင်းပခဲ့သည့် နေပြည်တော်ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိခဲ့ပေ။
(၃)ရက်ကြာဆွေးနွေးပွဲအတွင်း NSPNC နှင့် EAO (၅)ဖွဲ့အကြား၌ မူပိုင်းဆိုင်ရာသဘောတူချက်(၄)ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း နှင့် လုပ်ငန်းပိုင်းဆိုင်ရာသဘောတူညီချက်(၅)ချက်ကိုလည်း လက် မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊၎င်းဆွေးနွေးပွဲအတွင်း NSPNC ဘက်က ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသောအချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးကိစ္စများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း EAO များဘက်က ထုတ်ပြန်ထားသည်။
https://youtu.be/oxHnZYQBopo
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
စစ်ကောင်စီ၏ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် EAO (၅)ဖွဲ့၏ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်းမှ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်အပါအဝင် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) စတဲ့ လက်နက်ကိုင်(၅)ဖွဲ့မှ ကိုယ်စားလှယ်များသည် စစ်ကောင်စီ၏ NSPNC မှ ကိုယ်စားလှယ်များနှင့် ဇွန်လ ၂၆ ရက်မှ စတင်ကာ (၃)ရက်ကြာ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
PPST အဖွဲ့တွင် ယခင်က NCA လက်မှတ်ထိုးထားသည့် EAO အဖွဲ့ ၁၀ဖွဲ့ ရှိခဲ့သော်လည်း ယခုအခါ ၇ဖွဲ့ သာကျန်ရှိသည်။ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် မွန်ပြည်သစ်ပါတီ NMSP တို့က ယခုကျင်းပခဲ့သည့် နေပြည်တော်ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိခဲ့ပေ။
(၃)ရက်ကြာဆွေးနွေးပွဲအတွင်း NSPNC နှင့် EAO (၅)ဖွဲ့အကြား၌ မူပိုင်းဆိုင်ရာသဘောတူချက်(၄)ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း နှင့် လုပ်ငန်းပိုင်းဆိုင်ရာသဘောတူညီချက်(၅)ချက်ကိုလည်း လက် မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊၎င်းဆွေးနွေးပွဲအတွင်း NSPNC ဘက်က ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသောအချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးကိစ္စများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း EAO များဘက်က ထုတ်ပြန်ထားသည်။
https://youtu.be/oxHnZYQBopo
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စကစနှင့်EAO(၅)ဖွဲ့ ဆွေးနွေးပွဲအတွင်းငြိမ်းချမ်းရေးညီလာခံကျင်းပရန်အပါအဝင်သဘောတူညီမှုများရရှိခဲ့ဟုဆို
စစ်ကောင်စီ၏ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် EAO (၅)ဖွဲ့၏ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်းမှ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်အပါအဝင် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ…
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ…
❤6😁4💩4👍1🔥1
ဖိထာက ထိုင်းဝန်ကြီးချုပ်ဖြစ်ရန် မဲ ၅ မဲပင် ရရှိလိမ့်မည်မဟုတ်ဟု လွှတ်တော်အမတ် ပြော
=========================
ရှေ့သို့ချီပါတီ (MFP) ၏ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်နေရာအတွက် ကိုယ်စားလှယ်လောင်းဖြစ်သူ ဖိထာ လင်ဂျာရွန်ရတ်သည် ဝန်ကြီးချုပ်ဖြစ်ရန်အတွက် လွှတ်တော်ရွေးကောက်ပွဲအတွင်း အထက်လွှတ်တော်၌ ထောက်ခံမဲ ငါးမဲပြည့်အောင်ပင် မရရှိနိုင်ဖွယ်ရှိသည်ဟု လွှတ်တော်အမတ်တစ်ဦးက ပြောသည်။
မဲပေးရာတွင် လွှတ်တော်အမတ် ၂၅၀ ထံမှ မဲ ငါးမဲ သို့မဟုတ် ထိုထက်ပိုရရန် ဖိထာအနေဖြင့် ခက်ခံလိမ့်မည်ဟု နိုင်ငံရေး ဖွံ့ဖြိုးမှုနှင့် ပြည်သူများ ပါဝင်မှုဆိုင်ရာ အထက်လွှတ်တော် ကော်မတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကစ်တီဆတ် ရတ်တန်နာဝါရာဟာက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
စစ်အာဏာသိမ်းအစိုးရ ခန့်အပ်သော လွှတ်တော်အမတ် အများစုသည် ဖိထာအား ကန့်ကွက်မဲ သို့မဟုတ် မဲမပေးဘဲ နေရန် ဆုံးဖြတ်ကြလိမ့်ဖွယ်ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

👍10👎4🔥1