Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇွန်လ (၂၉)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

1:00-ပြည်တွင်းပုဂ္ဂလိကဘဏ်ထိပ်တန်းအရာရှိ ၄ဦး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ သတိပေးခံရတဲ့သတင်း

04:36-အနောက်တောင်တိုင်း စစ်ဌာနချုပ်အနီးမှာ ထောင်အသစ်တစ်ခုဆောက်လုပ်ဖို့ စစ်ကောင်စီကစီစဉ်နေတဲ့သတင်း

04:36-စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ အိန္ဒိယကို CRPH တိုက်တွန်းတဲ့သတင်း

08:25- တစ်နှစ်အတွင်း NUG Pay သုံးစွဲသူ ၃၀,၀၀၀ နီးပါးရှိတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/OVZmmg3iPK0

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🔥1😁1
စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယကို CRPH တိုက်တွန်း
====================

တရားမဝင်စစ်ကောင်စီကို အမေရိကန်နဲ့အတူ အဖက်ဖက်မှ ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယအစိုးရကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့ အမေရိကန်ပြည်ထောင်စုမှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် မြန်မာပြည်တွင်းက ယိုယွင်းနေတဲ့အခြေအနေတွေကို စိုးရိမ်ကြောင်းပြောထားတဲ့နှစ်နိုင်ငံခေါင်းဆောင် တွေရဲ့ကြေညာချက်ကို ကြိုဆိုရင်း CRPH က အခုလို တိုက်တွန်းလိုက်တာပါ။
မြန်မာ့အိမ်နီးချင်း အိန္ဒိယဟာ ယခုလက်ရှိမှာ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူများရဲ့ ရုန်းကန်မှုကို စာနာကူညီသောအားဖြင့် အကြမ်းဖက်တရားမဝင် စစ်ကောင်စီနဲ့ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေတာတွေကို ရပ်တန့်ပြီး ပိတ်ဆို့အရေးယူတာတွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က အိန္ဒိယနိုင်ငံကို ဇွန် ၂၈ ရက်နေ့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

https://youtu.be/2mtmtopWOCs

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17🔥2
​​ဘီးလင်းမြို့နယ် ကျုံအိတ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံရ၊ လူ ၁ ဦးသေ
=================

စစ်ကောင်စီတပ်ထောက်ပို့လမ်းကြောင်းကိုဖြတ်တောက်ရန် ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးပေါ်ရှိ ဘီးလင်းမြိုံနယ်အတွင်းက တံတားကြီးတစ်စင်းကို မိုင်းခွဲဖျက်ဆီးလိိုက်ကြောင်း ဒေသတွင်းရှိတော်လှန်ရေးအင်အားစုများကပြောသည်။

မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စုရှိ ကျုံအိတ်တံတားကို ယနေ့ ဇွန်လ ၂၉ ရက်နေ့၊ နံနက် ၄ နာရီ ဝန်းကျင်အချိန်တွင် မိုင်းခွဲရာ တံတား၏ သုံးပုံနှစ်ပုံခန့် ပြိုကျပျက်စီးသွားသည်။
👍14🔥1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယကို CRPH တိုက်တွန်း

Watch more detail -
https://youtu.be/SXcymgqzh5I

#စစ်ကောင်စီ #အိန္ဒိယ #CRPH တိုက်တွန်း #VideoNews #shorts #reels
👍12👏2😁2
အာဏာသိမ်းပြီးနောက် မြန်မာမှာ လူကုန်ကူးမှု အဆိုးရွားဆုံးဖြစ်နေ
====================

ကမ္ဘာတဝန်း လူကုန်ကူးခံရမှုတွေဟာ မနှစ်ကထက် ပိုတိုးလာတာ တွေ့ရပြီး မြန်မာနိုင်ငံကတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရတဲ့အပြင် တိုက်ဖျက်ဖို့ သိသာထင်ရှားတဲ့ အားထုတ်မှုမရှိတဲ့ အဆိုးဆုံး နိုင်ငံတွေကို သတ်မှတ်တဲ့ အဆင့် ၃ (TIER 3) မှာ ဆက်ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံနဲ့နယ်မြေဒေသပေါင်း ၁၈၈ ခုက လူကုန်ကူးမှု အခြေအနေတွေကို ဆန်းစစ်လေ့လာထားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီနှစ် လူကုန်ကူးမှုဆိုင်ရာအစီရင်ခံစာမှာ ၂၄ နိုင်ငံက လူကုန်ကူးမှု တားဆီးရေးအဆင့် တက်လာခဲ့ပြီး နိုင်ငံ ၂၀ ကတော့ အဆင့်ကျသွားတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Dyer က ပြောပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးစံနှုန်းတွေကို လိုက်နာဖို့ပျက်ကွက်တဲ့ အဆင့် ၃ သတ်မှတ်ချက်ထဲ မြန်မာနဲ့အတူ ကမ္ဘောဒီးယား၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆီးရီးယား စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဒီနှစ် ၂၀၂၃ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနက လုပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ မြန်မာအပါအဝင် အာရှ ပစိဖိတ်ဒေသက လူကုန်ကူးမှု အခြေအနေတွေကို အဓိက ပြောသွားခဲ့တာပါ။

https://youtu.be/Ps3dh95dFTs

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😢6🔥3
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းပြီးနောက် မြန်မာမှာ လူကုန်ကူးမှု အဆိုးရွားဆုံးဖြစ်နေ

Watch more detail -
https://youtu.be/Ps3dh95dFTs

#မြန်မာ #လူကုန်ကူးမှု #ဆိုးရွား #VideoNews #shorts #Reels
👍8🔥3
This media is not supported in your browser
VIEW IN TELEGRAM
June - 29 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour
#reels #shorts
👍8😁1🍌1
ဇွန်လ (၂၉)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:01- အာဏာသိမ်းပြီးနောက် မြန်မာမှာ လူကုန်ကူးမှု အဆိုးရွားဆုံးဖြစ်နေတဲ့သတင်း

04:13-ပုလဲမြို့နယ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀ ဦးရှိလာပြီး ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေလည်းပါဝင်တဲ့သတင်း

06:24-ဘီးလင်းမြို့နယ်က ရွှေရောင်ပြတံတား မိုင်းခွဲဖျက်ဆီးခံရပြီး အိမ်စီးကား ၃ စီး ပျက်စီးလည်း တဲ့သတင်း

07:39-ဟင်္သာတမှာ ရဲအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်ရာမှ ၁ ဦးသေဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/3N34pFUOA-4

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥2😁1
စကစနှင့်EAO(၅)ဖွဲ့ ဆွေးနွေးပွဲအတွင်းငြိမ်းချမ်းရေးညီလာခံကျင်းပရန်အပါအဝင်သဘောတူညီမှုများရရှိခဲ့ဟုဆို
=================

စစ်ကောင်စီ၏ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် EAO (၅)ဖွဲ့၏ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်းမှ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်အပါအဝင် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) စတဲ့ လက်နက်ကိုင်(၅)ဖွဲ့မှ ကိုယ်စားလှယ်များသည် စစ်ကောင်စီ၏ NSPNC မှ ကိုယ်စားလှယ်များနှင့် ဇွန်လ ၂၆ ရက်မှ စတင်ကာ (၃)ရက်ကြာ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
PPST အဖွဲ့တွင် ယခင်က NCA လက်မှတ်ထိုးထားသည့် EAO အဖွဲ့ ၁၀ဖွဲ့ ရှိခဲ့သော်လည်း ယခုအခါ ၇ဖွဲ့ သာကျန်ရှိသည်။ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် မွန်ပြည်သစ်ပါတီ NMSP တို့က ယခုကျင်းပခဲ့သည့် နေပြည်တော်ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိခဲ့ပေ။
(၃)ရက်ကြာဆွေးနွေးပွဲအတွင်း NSPNC နှင့် EAO (၅)ဖွဲ့အကြား၌ မူပိုင်းဆိုင်ရာသဘောတူချက်(၄)ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း နှင့် လုပ်ငန်းပိုင်းဆိုင်ရာသဘောတူညီချက်(၅)ချက်ကိုလည်း လက် မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊၎င်းဆွေးနွေးပွဲအတွင်း NSPNC ဘက်က ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသောအချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးကိစ္စများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း EAO များဘက်က ထုတ်ပြန်ထားသည်။

https://youtu.be/oxHnZYQBopo

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤6😁4💩4👍1🔥1
​​ဖိထာက ထိုင်းဝန်ကြီးချုပ်ဖြစ်ရန် မဲ ၅ မဲပင် ရရှိလိမ့်မည်မဟုတ်ဟု လွှတ်တော်အမတ် ပြော
=========================

ရှေ့သို့ချီပါတီ (MFP) ၏ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်နေရာအတွက် ကိုယ်စားလှယ်လောင်းဖြစ်သူ ဖိထာ လင်ဂျာရွန်ရတ်သည် ဝန်ကြီးချုပ်ဖြစ်ရန်အတွက် လွှတ်တော်ရွေးကောက်ပွဲအတွင်း အထက်လွှတ်တော်၌ ထောက်ခံမဲ ငါးမဲပြည့်အောင်ပင် မရရှိနိုင်ဖွယ်ရှိသည်ဟု လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

မဲပေးရာတွင် လွှတ်တော်အမတ် ၂၅၀ ထံမှ မဲ ငါးမဲ သို့မဟုတ် ထိုထက်ပိုရရန် ဖိထာအနေဖြင့် ခက်ခံလိမ့်မည်ဟု နိုင်ငံရေး ဖွံ့ဖြိုးမှုနှင့် ပြည်သူများ ပါဝင်မှုဆိုင်ရာ အထက်လွှတ်တော် ကော်မတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကစ်တီဆတ် ရတ်တန်နာဝါရာဟာက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

စစ်အာဏာသိမ်းအစိုးရ ခန့်အပ်သော လွှတ်တော်အမတ် အများစုသည် ဖိထာအား ကန့်ကွက်မဲ သို့မဟုတ် မဲမပေးဘဲ နေရန် ဆုံးဖြတ်ကြလိမ့်ဖွယ်ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။
👍10👎4🔥1
​​မိုင်းခွဲခံရသည့် ကျုံအိတ်တံတားအား စစ်ဆေးသည့် ဌာနဆိုင်ရာအဖွဲ့ တိုက်ခိုက်ခံရ၊ သထုံခရိုင်လမ်းဦးစီးမှူးအပါအဝင်၂ ဦးသေဆုံး
====================

YT
(မဇ္ဈိမ)။ ။ မိုင်းခွဲဖျက်ဆီးခံလိုက်ရသည့် ရန်ကုန်- မော်လမြိုင် ကားလမ်းမပေါ်မှ ကျုံအိတ်တံတားပျက်စီးမှုအား လာရောက်စစ်ဆေးသည့် စစ်ကောင်စီ​၏ ဌာနဆိုင်ရာဝန်ထမ်းများသည် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ ငါးဦးထက်မနည်းဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ်မှ ကျုံအိတ်တံတားသည် ယနေ့ ဇွန်လ ၂၉ရက် နံနက်အစောပိုင်းက မိုင်းဆွဲဖျက်ဆီးခံရပြီး ယင်းတံတားကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများက လာရောက်စစ်ဆေးစဉ် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းဟု KNU သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီဥက္ကဌ ဗိုလ်မှူး စောကျော်မြင့်က မဇ္ဈိမကိုပြောသည်။

" ခရိုင်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီအဖွဲ့တွေ၊ လမ်းအင်ဂျင်နီယာအဖွဲ့တွေ လာစစ်ဆေးတယ်။ အဲ့ခါကျတော့ ဒီဘက်က အဖွဲ့တွေက ဒရုန်းနဲ့ သွားပြီး ဆွဲချလိုက်တယ်။ အဲ့ဒီမှာ ငါးယောက် ဒဏ်ရာရတယ်။ သေဆုံးတာက နှစ်ယောက်ရှိတယ်။ ကျန်တာတော့ မသိရသေးဘူး" ဟု ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် သထုံခရိုင်လမ်းဦးစီးမှူးဦး‌ ဇော်မင်းနှင့် လမ်းအင်ဂျင်နီယာတစ်ဦး သေဆုံးပြီး သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းသည် ဦးခေါင်းနှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု ဘီးလင်းမြို့နယ်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ထို့အပြင် လုံခြုံရေးယူထားသော စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ၊၊ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူစုစုပေါင်း ၂၀ဦးကျော်ကြောင်း သတင်းများထွက်ပေါ်နေသည်။

မိုင်းခွဲဖျက်ဆီးခံရသောကြောင့်ကျုံအိတ်တံတား၏ သုံးပုံနှစ်ပုံခန့် ပြိုကျပျက်စီးသွားခဲ့သည်။မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင်အိမ်စီးကားသုံးစီး ထိခိုက်ပျက်စီးခဲ့ပြီးကားတစ်စီးပေါ်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရသူအချို့လည်းရှိကြောင်း သိရသည်။ကျုံအိတ်တံတားသည် အရှေ့တောင်တိုင်းစစ်ဌာနချူပ် (မော်လမြိုင်)၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် (မြိတ်) တို့အား ရိက္ခာ၊ စစ်အင်အား ဖြည့်တင်းရာတွင် စစ်ကောင်စီက မဖြစ်မနေ အသုံးပြုရသည့် ရန်ကုန်- မော်လမြိုင်၊ ရန်ကုန်- ဘားအံ ကားလမ်းမပေါ်တွင် တည်ရှိသည်။
စာတည်း - မောင်ကြီး

#mizzima
#ရန်ကုန်- မော်လမြိုင်ကားလမ်း
#စစ်ကောင်စီ​ဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့
#ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်
#KNLA၊PDFပူးပေါင်းတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥2👏2❤1
​​အကူအညီပစ္စည်းများ နိုင်ငံသို့ ရောက်ရှိသော်လည်း မုန်တိုင်းသင့် IDPs များ အမိုးအကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေဆဲဖြစ်
======================

စစ်ကောင်စီ၏ ခွင့်ပြုချက်မရဘဲ အကူအညီအထောက်အပံ့များကို ပေးပို့နိုင်ခြင်း မရှိသည့်အတွက် မိုခါ ဆိုင်ကလုန်း မုန်တိုင်းအလွန် လူသားချင်းစာနာမှု အကူအညီ တုံ့ပြန်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး မရေရာမှုတို့က ဆက်ရှိနေသည်။

ယင်းအတွက်ကြောင့် မုတ်သုံရာသီ စချိန် အမိုးအကာများ မရှိဘဲ ဖြစ်နေသည့် ပြည်တွင်းနေရပ်စွန့်ခွာရသူများ (IDPs) များနှင့် ခုခံနိုင်စွမ်းအားအနည်းဆုံး မုန်တိုင်းသင့် ပြည်သူများထံ အကူအညီများ ပေးပို့ရာတွင် ဖင့်နှေးမှုကို ဖြစ်စေသည်။

အကူအညီ လိုအပ်နေသူများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဘေးသင့်ပြည်သူများထံ အကူအညီ ပေးပို့ခြင်းက ကြိုးနီစနစ်ကြောင့် ကြန့်ကြာစေလျက် ရှိကြောင်း ကုလသမဂ္ဂ OCHA အဖွဲ့က ညည်းညူစောဒကတက်သည်။ တစ်ချိန်တည်းမှာပင် မေလလယ်က ဆိုင်ကလုန်း မိုခါဒဏ်ကြောင့် ထိခိုက်ခံစားနေသူများထံ အကူအညီများ ပေးပို့ရန် နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများအနေဖြင့် ခွင့်ပြုချက်တောင်းခံရန် လိုကြောင်း စစ်ကောင်စီက ပြောသည်။
😢11🔥1🤬1
​​အိန္ဒိယက ဗီယက်နမ်ကို စစ်သင်္ဘော လက်ဆောင်ပေးအပ်
====================

အိန္ဒိယသည် ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့ရေတပ်၌ အသုံးပြုနေသည့် ဒုံးကျည်တပ် ကော်ဗက် စစ်သင်္ဘောတစ်စင်းကို ဗီယက်နမ်သို့ လက်ဆောင်အဖြစ် ပေးအပ်ကြောင်း သိရသည်။ အိန္ဒိယ၏ အဆိုပါ လက်ဆောင်ပေးအပ်သော စစ်သင်္ဘောသည် ဇွန်လ ၂၈ ရက်တွင် ဗီယက်နမ်သို့ ဦးတည်ထွက်ခွာခဲ့သည်။
ပြည်တွင်း၌ပင် တည်ဆောက်သည့် ကော်ဗက် INS Kirpan စစ်သင်္ဘောသည် ဇွန်လ ၂၈ ရက်က အိန္ဒိယ၏ အရှေ့ဘက်ကမ်းရိုးတန်းမှ ထွက်ခွာသွားကြောင်း အိန္ဒိယရေတပ်က ပြောသည်။
👍11😁3
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက် ဆန္ဒပြ
========================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ ဒေသခံများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဇွန်လ ၂၉ရက်တွင် ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြကြောင်းသိရသည်။

ယနေ့ ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့် ရက်ပေါင်း ၈၃၀ မြောက်နေ့ဖြစ်သည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရွာပေါင်းစုံသပိတ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဆားလင်းကြီးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤7😁2