Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကြံ့ခိုင်ရေးပါတီနှင့် အပြန်အလှန်အမှုဖွင့်ပြီးနောက် မိုက်ကယ်ကျော်မြင့် လူမြင်ကွင်းမှ ပျောက်ကွယ်
====================

ကီရာ
(မဇ္ဈိမ)။ ။ အာဏာသိမ်းစစ်ကောင်စီ၏ မဟာမိတ်များဖြစ်ကြသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လကျာ်စွန်းဝါဒီ မိုက်ကယ်ကျော်မြင့်တို့သည် အချင်းချင်းအပြန်အလှန် အမှုဖွင့်တိုင်ကြားထားမှုများသည် ပြီးခဲ့သည့် ဧပြီလမှ စတင်ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံသို့ လုပ်သားပို့ဆောင်မှုလုပ်သော Star High နှင့် 7 Star High ကုမ္ပဏီတို့တွင် ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီ၏ တူမနှင့် မြေးကိုယ်တိုင်ပါဝင်နေကြောင်း မိုက်ကယ်ကျော်မြင့်က ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲလုပ်ခြင်းနှင့် " ဥက္ကဋ္ဌကြီး လောင်ကြီး" ဟု ၎င်း၏ လူမှုကွန်ရက်မှ တစ်ဆင့် ပြောဆိုမှုများကြောင့် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် နေရာ သုံးနေရာတွင် မိုက်ကယ်ကျော်မြင့်အား အမှုဖွင့်ထားခြင်း ဖြစ်သည်။

ထို့အပြင် မိုက်ကယ်ကျော်မြင့်မှလည်း ပါတီမှတ်ပုံတင်ထားသောအဆင့်တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ် လိမ်လည်ပြောဆိုသည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌဦးခင်ရီနှင့် ဗဟိုကော်မတီအဖွဲ့ဝင်များအား အမှုဖွင့်ဆောင်ရွက်ပေးရန် နေပြည်တော် ဒဏ္ခိဏသီရိမြို့မရဲစခန်းသို့ ပေးပို့တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့သော် မေလ ပထမပတ်ကျော်မှ စတင်၍ မိုက်ကယ်ကျော်မြင့်သည် လူမှုကွန်ရက်မှ ပျောက်ကွယ်သွားခဲ့ပြီး လက်ရှိ ၎င်း၏ ပြည်သူအကျိုးပြုကျောင်းသားများပါတီတွင် တွဲဘက်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ငါးမင်းဆွေမှ “ ပြည်ခိုင်ဖြိုးပါတီက သူ့(မိုက်ကယ်ကျော်မြင့်)ကို ၆၆ (ဃ) နဲ့ ရဲစခန်းသုံးခုမှာ တရားစွဲထားပါတယ် ၊ ရဲလုပ်ငန်းတွေပြီးရင် တရားရုံးမှာ အမှုရင်ဆိုင်ရမယ်လို့ သူပြောပါတယ်၊ တစ်မှုကို နှစ်နှစ် ကျနိုင်တာမို့ သုံးမှုဆိုတော့ ခြောက်နှစ် ကျနိုင်ပါတယ်၊ မြန်မာနိုင်ငံရေးလောကမှာ မေတ္တာတွေ ခန်းခြောက်ကုန်ပြီလား ၊ ရင်လေးစရာပါ”ဟု ၎င်း၏ လူမှုကွန်ရက်တွင် မေလ ၁၉ရက်က ရေးသားထားခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

အဆိုပါ အစောပိုင်းကာလများတွင် မိုက်ကယ်ကျော်မြင့်၏ ဒုတိယဇနီးတစ်ဖြစ်လဲ ၎င်းပါတီ၏ တွဲဖက်အတွင်းရေးမှူးတာဝန်ယူထားသူ ဒေါ်မိုးမိုးခိုင်သည် ၎င်း၏ လူမှုကွန်ရက်တွင် အလှပုံများ ဆက်လက်တင်ခြင်းများနှင့် မင်္ဂလာနံနက်ခင်းပါ ဟူသော စာသားများနှင့် စစ်အာဏာရှင်အား အမွှန်းတင်စာများ ရေးသားခြင်းများကို နေ့စဉ်ပြုလုပ်လျက်ရှိသော်လည်း လတ်တလောတွင် သူ၏ အကောင့်များဖြစ်သည့် July Moe ၊ မိုးမိုးခိုင် ၊ တော်ဝင်ဘုရင်မ အစရှိသည့် ၎င်း၏ လူမှုကွန်ရက် အကောင့်များကို ဆက်လက်အသုံးပြုခြင်းမရှိတော့ဘဲ ၎င်းကိုယ်တိုင်လည်း လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်ကို တွေ့ရသည်။

ထို့အပြင် မိုက်ကယ်ကျော်မြင့်သည် တရားရုံး ရမန်ဖြင့် နေပြည်တော် အချုပ်ထောင်ထဲ ရောက်နေကြောင်း လွန်ခဲ့သည့် တစ်ပတ်က အမျိုးသားရေးလော်ဘီတစ်ဦးက ပြောဆိုထားသည်ကို တွေ့ရှိရထားသော်လည်း မဇျွီမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အရပ်သားအစိုးရလက်ထက်တွင် မိုက်ကယ်ကျော်မြင့်သည် အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထား၍ ဘာသာရေးအကြောင်းပြ ဆူပူမှုကြောင့် ထောင်ဒဏ်ကျခံဖူးသူတစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် တိုင်းပြုပြည်ပြုကျောက်တိုင် တည်ထောင်ပေးအပ်မည်ဟု ကြွေးကြော်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

စစ်ဗိုလ်ဟောင်းများဦးဆောင်သော ကြံ့ခိုင်ရေးပါတီမှာလည်း စစ်အာဏာသိမ်းမှုကို ထောက်ခံသောပါတီဖြစ်ပြီး စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညွှန်ကြားမှုဖြင့် ဦးဆောင်သူများ အပြောင်းအလဲလုပ်ခဲ့သော ပါတီဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- မိုက်ကယ်ကျော်မြင့် သတင်းစာရှင်းလင်းပွဲလုပ်စဉ်

#mizzima
#စစ်အာဏာရှင်
#မိုက်ကယ်ကျော်မြင့်
#ကြံ့ခိုင်ရေးပါတီ
#အမှုဖွင့်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁9❤2👏2🔥1
​​ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဗဟိုအလုပ်မှုဆောင် မဝတ်ရည်အောင် ထောင်ဒဏ် ၄နှစ်ထပ်မံချမှတ်ခံရ
===================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင် မဝတ်ရည်အောင်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂ (က) ဖြင့်ထောင်ဒဏ် လေးနှစ်ထပ်မံချမှတ်လိုက်ကြောင်း သတင်းရရှ်ိသည်။

အသက် ၂၃နှစ်အရွယ် မဝတ်ရည်အောင်ကို ဇွန်လ ၂၇ရက်နေ့တွင် အင်းစိန်ထောင်တွင်းအထူးတရားရုံးက အမိန့်ထပ်မံချလိုက်ခြင်းဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအထွေထွေအတွင်းရေးမှူး မအက်စတာကမဇ္ဈိမကိုပြောသည်။

မဝတ်ရည်အောင်ကို စစ်ကောင်စီက ထောင်ဒဏ်ထပ်မံချမှတ်ခြင်းနှင့်ပတ်သက်၍ မအက်စတာက“သူတို့ကတော့ ကျွန်မတို့ကျောင်းသားပြည်သူတွေအပေါ်နည်းအမျိုးမျိုးနဲ့ဖိနှိပ်နေဦးမှာပါပဲ။ ကျမတို့ကလည်း အကျဥ်းထောင်ထဲမှာ ထောင်နှစ်ရှည် ချခံနေရတဲ့ကျမတို့ကျောင်းသားတွေ၊ သေဒဏ်ချခံထားရတဲ့ ကျမတို့ကျောင်းသားတွေ ရှိနေသေးဆိုတာကိုမမေ့ဘဲလုပ်စရာရှိတာတွေကို ဆက်လုပ်နေဖို့လိုပါတယ်"ဟု ပြောသည်။

မဝတ်ရည်အောင်သည် ယခင်ကလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ၅၀၅(က)ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရသောကြောင့် လက်ရှိအချိန်တွင် စုစုပေါင်းထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခံထားရပြီးဖြစ်သည်။သူမသည် ၂၀၂၁ခုနှစ်စက်တင်ဘာလအတွင်းက ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားကျောင်းသူ ငါးဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ဖမ်းဆီးခံရသူများအနက်နှစ်ဦးပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်သုံးဦးဖြစ်သည် ကိုစည်သူအောင်တင် ၊ ကိုရဲလင်းဦးနှင့် မသဉ္ဇာဇော်တို့မှာလည်း နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံထားရသည်။

မဝတ်ရည်အောင်သည် ဖမ်းဆီးခံရပြီးနောက်တွင် စစ်ကောင်စီ စစ်ကြောရေးက နှိပ်စက်သည့်ဒဏ်များကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည်ဟု သိရသည်။ ယခင်က ဒိုက်ဦးထောင်တွင် ချုပ်နှောင်ခံခဲ့ရပြီး ကျန်းမာရေးအခြေအနေကြောင့် အင်းစိန်ထောင်သို့ပြန်လည်ပြောင်းရွှေ့ထားရခြင်းဖြစ်သည်။

“အခုအခြေအနေကတော့ ထွေထွေထူးထူးထပ်ကြားရတာမျိုးမရှိဘူး။ သူ(မဝတ်ရည်အောင်)က ရုတ်တရက်မှထထဖြစ်တာဆိုတော့ ဖြစ်တဲ့အချိန်မှာ ပြည့်ဝတဲ့ ဆေးကုသမှုရဖို့တော့လိုတယ်။ အချိန်မရွေးရောဂါအခြေအနေကဆိုးရွားလာနိုင်လို့ အချိန်ပြည့်စောင့်ကြည့်ပြီး လိုအပ်တဲ့ဆေးကုသမှု အပြည့်အဝရဖို့တော့လိုပါတယ်။ အခုချိန်ထိလည်း ဆေးကုသမှု ပြည့်ပြည့် ဝဝမရရှိနေသေးပါဘူး”ဟု ဆိုသည်။လက်ရှိအချိန်တွင် ရုံးချိန်းများမရှိတော့သည့်အတွက် မဝတ်ရည်အောင်၏ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန် ခက်ခဲနေသည်ဟုမအက်စတာက ယနေ့ဇွန်လ ၂၉ရက်တွင် အသိပေးသည်။

မဝတ်ရည်အောင်သည် ဖမ်းဆီးခံရပြီး သုံးလကျော်အကြာတွင် လေဖြန်းသဖြင့် ထောင်တွင်းဆေးရုံတွင်ကုသခဲ့ရသည်။ ထို့နောက်တွင် ကျန်းမာရေး စစ်ဆေးမှုများအရ ဦးနှောက်၌အကျိတ်တွေ့ရှိသဖြင့် မိသားစုဝင်များက ထောင်ပြင်ပဆေးရုံတွင်ပြသရန်တောင်းဆိုသော်လည်း ထောင်အာဏာပိုင်များက ခွင့်ပြုခြင်းမရှိကြောင်းသိရသည်။

စာတည်း - မောင်ကြီး

#mizzima
#ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
#မဝတ်ရည်အောင်
#ထောင်ဒဏ်ထပ်မံချမှတ်ခံရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢13🤬7👍6😁2❤1
"ထိကပါးရိကပါး" - Trailer
==========

ဘာလိုလို့လဲ "ထိကပါးရိကပါး" - Trailer
လိင်ဆိုင်ရာ စော်ကားမှုတွေ ခံနေရပါသလား
ဘယ်လို တားဆီးကာကွယ်ကြမလဲ

"ဘာလိုလို့လဲ"
ဇာတ်လမ်းတွဲမှ

"ထိကပါးရိကပါး"
ဆိုတဲ့ နောက်ထပ် ဇာတ်လမ်းတိုတပုဒ်

ကုမ္ပဏီမှာ ဩဇာရှိတဲ့ မန်နေဂျာရဲ့ လိင် ဆိုင်ရာ စော်ကားမှုတွေကို
တုန့်ပြန်ကာကွယ်ဖို့ ကြိုးစားတဲ့ ဇာတ်လမ်းလေး.....

ကုမ္ပဏီတွေမှာ လိင် အမြတ်ထုတ်မှု၊ လိင်ဆိုင်ရာ စော်ကားမှုတွေကို
ကာကွယ်တားဆီးတဲ့ မူဝါဒတွေ ရှိရုံနဲ့ လုံလောက်ပါပြီလား ...

ဆိုတာကို တင်ဆက်ထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။

အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

https://youtu.be/ExA8lZ5UUNM
👍11😢1🌭1🍌1
​​ပရိဘောဂရောင်းသည်ဟုဆိုကာ အွန်လိုင်းမှငွေကြေးလိမ်လည်
====================

JC
(မဇ္ဈိမ)။ ။ “Golden House Furniture” အမည်ဖြင့် ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ပရိဘောဂပစ္စည်းများ ရောင်းချသည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုများ ရှိနေသည်။

ထို့ပေ့ချ်တွင် မှန်တင်ခုံ၊ အဝတ်ဘီဒို၊ ကုတင်၊ ထိုင်ခုံ၊ TV တင်သည့်စင် စသည့်အိမ်သုံးပရိဘောဂများ၏ ပုံများကိုဖော်ပြထားကာ အွန်လိုင်းမှတဆင့် ရောင်းချလျက်ရှိပြီး နယ်မြို့များသို့ပို့ပေးကြောင်း ဖော်ပြထား သည်။

မှတ်ချက်များတွင်လည်း ပစ္စည်းဈေးတန်ကြောင်း၊ ပရိဘောဂပစ္စည်းများ၏ အမျိုးအစား၊ ဈေးနှုန်း၊ အတိုင်း အတာများနှင့် နယ်ဝေးသို့ပို့ပေး၍ ရ/မရ မေးမြန်းထားကြသည်။

ထိုပေ့ချ်ကို ကြိုက်နှစ်သက်သူ ၄၀,၀၀၀ ကျော်ရှိနေပြီး စောင့်ကြည့်သူ ၄၂,၀၀၀ ကျော်ရှိသည်။ ပေ့ချ်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် "လိုတရ အွန်လိုင်း" အမည်ဖြင့် စတင်ဖွဲ့စည်းထားပြီး ယခုအချိန် ထိ အမည် ၁၀ ကြိမ် ပြောင်းခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် Golden House Furniture အမည်ကို နောက်ဆုံးပြောင်းခဲ့သည်။

ထိုပရိဘောဂပေ့ချ်မှ ဖော်ပြထားသောပုံများသည် ပြောင်းလဲလိုက်သော ပေ့ချ်အမည်အလိုက် ပရိဘောဂပုံ များပေါ်တွင် အမည်အမျိုးမျိုး စာတန်းထိုးဖော်ပြထားသည်။ ထိုပုံများတွင် ထိုင်းဘာသာဖြင့် အမည်၊ Line နံပါတ်များ ဖော်ပြထားသည့် ပုံများပါဝင်နေသည်။
အဆိုပါ ထိုင်းဘာသာဖြင့်ပေ့ချ်ကိုရှာဖွေခဲ့ရာ ပရိဘောဂရောင်းဝယ်နေသည့် ပေ့ချ်တခုကိုတွေ့ရှိရပြီး ၎င်းမှ ပုံများကိုယူသုံးကာ ထိုင်းစာများကို ဖျောက်ရန်အတွက် အမည်အမျိုးမျိုးဖြင့် စာတန်းထိုးကာ ဖျက်ထား ကြောင်း တွေ့ရသည်။ ထို့ပြင် နောက်ခံအဆောက်အဦးနှင့် ပရိဘောဂပစ္စည်းများမှာလည်း တူညီနေသည်။ ထိုင်းပေ့ချ်လင့် - https://shorturl.at/jLS57

သို့ရာတွင် ပေ့ချ်လင့်ကိုရည်ညွှန်း(mentions)ပြောဆိုမှုများ၌ လိမ်လည်နေခြင်းဖြစ်ကြောင်း နောက်လူ များမခံရအောင် သတိပေးရခြင်းဖြစ်ကြောင်း ရေးသားထားကြသည်။

ထိုသူများထဲတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ဖော်ပြထားသည့်ပိုစ့်မှ မှန်တင်ခုံဝယ်ယူခဲ့ပြီး ငွေကြိုလွှဲ ပြီးနောက် ထိုပေ့ချ်ကို ဆက်သွယ်၍မရတော့သည့် အမျိုးသမီးတဦးလည်း ရှိနေသည်။
“အမလည်း မဝယ်ခင်စုံစမ်းကြည့်ပါသေးတယ်။ like ရော follower တွေရောများတော့ အမှန်ထင်နေတာ ပေါ့။ ငွေလွှဲပြီးတာနဲ့ ဖုန်းလည်းမကိုင်ဘူး။ စာလည်းမပြန်တော့ဘူး။ comment သွားဝင်ရေးတော့ block သွားတယ်” ဟု ငွေလိမ်ခံလိုက်ရအမျိုးသမီးက မဇ္ဈိမကို ပြောသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Fake_Page
#Financial_fraud
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😱2😁1
တိုက်ခိုက်ခံရတဲ့ ညောင်ပင်ကြီး ရဲစခန်းကို ပြန်တည်ဆောက်ရာမှာ အရပ်သားတွေကို ဖမ်းဆီးစေခိုင်းမှုရှိနေ
======================

( MTO )ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့တဲ့ ညောင်ပင်ကြီးရဲစခန်းကို စစ်ကောင်စီတပ်က အခိုင်အမာ ပြန်လည်တည်ဆောက်နေပြီး တည်ဆောက်ရေး လုပ်ငန်းတွေမှာ ဒေသခံပြည်သူတွေကို ဖမ်းဆီးစေခိုင်းနေတယ်လို့ ဒေသခံတွေဆီ ကနေသိရပါတယ်။

ညောင်ပင်ကြီး ရဲစခန်းဟာ ဇွန် ၉ ရက်နေ့မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေရဲ့ စီးနင်းတိုက်ခိုက်မှုကို ခံခဲ့ရတာပါ။

အဲဒီနောက် ရဲစခန်းကို အခိုင်အမာ ပြန်တည်ဆောက်ရာမှ အရပ်သား ၄၀ ထက်မနည်းကို ဖမ်းဆီးပြီး အလုပ်ကြမ်းတွေ ခိုင်းစေနေတာလို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

https://youtu.be/Plg58E0Mydg

တည်းဖြတ်/တင်ဆက် = MTO

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬7😁3
​​၃ လအတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၀၀ ကျော် သေဆုံးပြီး ၇၀ နီးပါး ဖမ်းဆီးခံရ
=========================

001
မဇ္စျိမ။ ။၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လ ၂၅ ရက်နေ့အထိ သုံးလအတွင်း တိုင်းနှင့် ပြည်နယ်များတွင် စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၁၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၆၇ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က ဇွန်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသမီးများမှာ စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် ၆၂ ဦး၊ လက်နက်ကြီးပေါက်ကွဲမှု ကြောင့် ၂၂ ဦး၊ ဖမ်းဆီးထိန်းသိမ်း၍ သတ်ဖြတ်ခံရမှုကြောင့် ငါးဦး၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရမှု ကြောင့် ၁၆ ဦးနှင့် ပစ်သတ်ခံရမှုကြောင့် ၁၀ ဦး သေဆုံးခဲ့ရကြောင်း BWU ကဖော်ပြသည်။

ထိုဖြစ်စဉ်များမှာ မကွေးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး စစ်ကိုင်းတိုင်းတွင် အများဆုံး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းတွင်လည်း စစ်ကောင်စီတပ်က နှစ်လကျော်ကြာ စစ်ကြောင်း ထိုးနေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးများအနေဖြင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ခင်ဦးဒေသခံအမျိုးသမီးတဦးကပြောသည်။

“စစ်ကြောင်းထိုးတဲ့အခါကျတော့ လုံခြုံမှုတော့မရှိဘူးပေါ့။ အခက်အခဲမျိုးစုံတော့ ကြုံခဲ့ရတာပဲ။ ဒါပေမဲ့ အခြေအနေပေါ်မူတည်ပြီး ကြည့်ပြီးတော့နေရတာပဲ။ သူတို့လာမယ့် လမ်းကြောင်းပေါ်ကို မနေမိအောင်၊ သူတို့နဲ့တည့်မတိုးမိအောင် ရှောင်ကွင်းပြီးတော့ နေရတာပေါ့။ တကယ်လို့ မိန်းကလေးတွေဆိုရင် သူတို့နဲ့ တွေ့ခဲ့ရင် အများဆုံးက နှိပ်စက်ပြီးစော်ကားခံရတာကများတယ်။ အဲဒီလိုဆိုတော့ သူတို့နဲ့မတွေ့အောင် ရှောင်ပုန်းနေရတာပေါ့”ဟု ပြောသည်။

၎င်းအနေဖြင့် စစ်ဘေးရှောင်နေရသည်မှာ တနှစ်နီးပါး ကြာမြင့်လာပြီဖြစ်ကာ စားဝတ်နေရေးနှင့် ဆေးဝါး အခက်အခဲများလည်း ကြုံတွေ့နေရကြောင်းလည်း ဆိုသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်း ခံထားရသည့်အမျိုးသမီးပေါင်း ၃၆၀၀ ကျော်ရှိပြီး၊ ၇၇၄ ဦးပြစ်ဒဏ်ချမှတ်ခံထားရကာ သေဆုံးသူ ၅၆၉ ဦး ရှိကြောင်း BWU ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တိုင်ကြားချက် ၁၁၇ ခု လက်ခံရရှိခဲ့ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့က ဇွန်လ ၁၉ ရက်နေ့တွင် ပူးတွဲထုတ် ပြန်ထားသည်။

Photo - ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)
#စစ်ကောင်စီတပ်
#စစ်ကြောင်းထိုး
#လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
👍10🤬6😁2❤1🔥1
​​မင်းတပ်မြို့တွင်း စစ်ကောင်စီအခြေစိုက်ရာနေရာ ၃ ခုကို CDF တိုက်ခိုက်
====================

ပါခွီး
မဇ္စျိမ ။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်အခြေစိုက်နေရာ သုံးခုကိုသွားရောက်တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat ထံက သိရသည်။
မင်းတပ်မြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ခလရ (၂၇၄) တပ်ကုန်း၊ အရှေ့ပြင်မီးသတ်ကုန်းနှင့် အထွေထွေဦးစီးဌာနရုံးများကို ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းသည်။

“ ကျနော်တို့ တပ်တွေက စစ်ကောင်စီအခြေစိုက်တဲ့နေရာတွေကို သွားပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်သေဆုံးတဲ့စာရင်းကိုတော့ အတိအကျမသိရသေးပါဘူး” ဟု CDF – Mindat ရဲဘော်တစ်ဦးက မဇ္စျိမသို့ပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှထိခိုက်မှုများရှိနိုင်ပြီး သေဆုံးဒဏ်ရာရရှိသည့် အသေးစိတ်အခြေအနေကို မသိရှိရကြောင်းဆိုသည်။

ယင်းသို့တိုက်ခိုက်ခံရပြီးနောက် ဇွန်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီ၏တပ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် မင်းတပ်မြို့နယ် တိုက်နယ် (၃) လုံခေးရွာရှိ ဘုန်းကြီးကျောင်းတစ်ဆောင်နှင့် လူနေအိမ် နှစ်လုံးပျက်စီးခဲ့ကြောင်းသိရသည်။

ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် ကျောက်ထုမှ မင်းတပ်မြို့နယ်သို့ ထွက်ခွာလာသော ယာဉ်ကိုးစီးပါ စစ်ကောင်စီတပ်နှင့် ရွှေအောင်သာကျေးရွာ နှောစေတီကုန်းအနီးတွင် တိုက်ဖြစ်ပွားခဲ့ကြောင်း CDF – Mindat က ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
တစ်နာရီနီးပါးကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်းဆိုသည်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၉ နာရီ ၄၀ မိနစ်အချိန်မှ ၁၀နာရီအတွင်း ခုနစ်ကြိမ် ဗုံးချတိုက်ခိုက်သော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်းသိရသည်။

ယနေ့ ဇွန်လ ၂၉ ရက်အထိသိရသော သတင်းများအရ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ရွှေအောင်သာဘက်မှတဆင့် ကျောက်ထုမြို့ နယ်၊ ကြီးရွာတွင် စခန်းချနေကြောင်းသိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မင်းတပ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်
#CDF
👍22❤4😁2👏1
​​အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ ၁၀ ဦးကို ဆူပူမှုပုဒ်မဖြင့် စစ်ကောင်စီဖမ်းဆီး
========================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။အလုပ်သမားအခွင့်အရေးလှုပ်ရှားသည့် အစည်းတစ်ခု၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အလုပ် သမားများအပါအဝင် ၁၀ ဦးကို ဆူပူဆန္ဒပြရန်သွေးထိုးလှုံ့ဆော်သည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ က ဖမ်းဆီးလိုက်ကြောင်း အလုပ်သမားအဖွဲ့တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

အလုပ်သမားအရေးကူညီဆောင်ပေးနေသည့် Action Labor Rights အလုပ်သမားအဖွဲ့ ခေါင်းဆောင် များနှင့် အလုပ်သမားအခွင့်အရေး တောင်းဆိုသည့်အလုပ်သမားများကို ဆူပူဆန္ဒပြရန် သွေးထိုးလှုံ့ဆော် မှုပုဒ်မဖြင့် ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဇွန်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

Action Labor Rights အလုပ်သမားအဖွဲ့သည် ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံမှ အလုပ်သမားများနှင့် Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားများကို ဆူပူဆန္ဒပြရန် သွေးထိုးလှုံ့ဆော် သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူ ၁၀ ဦးမှာ Action Labor Rights အလုပ်သမားအဖွဲ့မှ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား တဦး၊ ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံမှ အမျိုးသမီးလေးဦးနှင့် အမျိုးသားတဦး၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အမျိုးသမီးတဦးနှင့် အမျိုးသားတဦး စုစုပေါင်း ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က နာမည်ကျော် ZARA ၊ Pull& Bear အမှတ်တံဆိပ် အဝတ်အထည်များ ချုပ်ပေးနေသည့် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့်မြန်မာအထည်ချုပ်စက်ရုံ မှ အလုပ်သမား ၆၀၀ ကျော်သည် အခြေခံလုပ်ခလစာ ၄,၈၀၀ ကျပ်မှ ၅,၆၀၀ ကျပ်သို့ တိုးမြှင့်သတ်မှတ် ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ယင်းနောက် အထည်ချုပ်စက်ရုံဘက်က အလုပ်သမားခေါင်းဆောင်များကို ဇွန်လ ၁၆ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် ထွေအုပ်ရုံးတွင် ခေါ်ယူညှိနှိုင်းခဲ့ပြီးနောက် အပြန်လမ်းမှာတွင် စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။

အလားတူ Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှ အလုပ်သမားအရေး တောင်းဆိုဆန္ဒပြသည့် အလုပ်သမားခေါင်းဆောင် နှစ်ဦးကိုလည်း စစ်ကောင်စီက ပြီးခဲ့သည့် ဇွန် ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
Sun Apparel ( Myanmar) အထည်ချုပ်စက်ရုံသည် ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ် (၁၇) ရပ်ကွက်၊ စက်မှုဇုန် (၅) အမှတ် (၈၇) မလိခလမ်း၌ တည်ရှိသည့် ထိုင်းနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံဖြစ်သည်။

စစ်ကောင်စီသည် ထိုစက်ရုံနှစ်ခုမှ အလုပ်သမားခေါင်းဆောင်များကိုဖမ်းဆီးပြီးနောက် အလုပ်သမားများ အရေး ဝင်ရောက်ညှိနှိုင်းကူညီပေးခဲ့သည့် Action Labor Rights အလုပ်သမားအဖွဲ့ ထိပ်တန်းတာဝန်ရှိသူ များကိုလည်း ဆူပူဆန္ဒပြရန် သွေးထိုးလှုံ့ဆော်သည်ဟုဆိုကာ ထပ်မံဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ယင်းအပြင် စက်ရုံ၊ အလုပ်ရုံများ၌ ဆူပူမှုဖြစ်ပေါ်လာအောင် နောက်ကွယ်ကသွေးထိုးလှုံ့ဆော် ဝါဒဖြန့် သူများကို ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ပြီး ဖမ်းဆီးထားသူများကိုလည်း ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဟု စစ်ကောင်စီကခြိမ်းခြောက်ထားကြောင်း အလုပ်သမားများက ပြောသည်။

ဟိုစိမ့်မြန်မာ အထည်ချုပ်စက်ရုံနှင့် Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှ အလုပ်သမားခေါင်း ဆောင်များ ဖမ်းခံရပြီးနောက် ဇွန်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံး(EU)က လုပ်ခ လစာတိုးတောင်း၍ ဖမ်းဆီးခံထားရသည့် စက်ရုံအလုပ်သမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။

“လုပ်ခလစာတိုးတောင်းတဲ့ အလုပ်သမားတွေနဲ့ အလုပ်သမားခေါင်းဆောင်တချို့ ဖမ်းဆီးခံထားရတာနဲ့ ဆက်လက်ဖမ်းဆီးနေတာတွေကို စိုးရိမ်တယ်”ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် လုပ်ငန်းခွင်ဆိုင်ရာ အခြေခံစည်းမျဉ်းများကို အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ချုပ် (ILO) ၏ ကြေညာစာတမ်းနှင့်အညီ ဆောင်ရွက်ရန်လည်း EU က တောင်းဆိုထားသည်။

အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် အလုပ်သမားရေးတက် ကြွလှုပ်ရှားသူ ၃၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA) က ယခုနှစ်ဧပြီလ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#အလုပ်သမားအခွင့်အရေး
#SunApparel(Myanmar)
#ActionLaborRights
#လုပ်ခလစာ
#Mizzima
ပုံစာ - အထည်ချုပ်စက်ရုံရှိ အလုပ်သမားတစ်ဦး အလုပ်လုပ်နေစဉ်(AFP)
👍10🤬10🔥3❤1
ဇွန်လ ၂၉ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================

-မြင်းခြံထောင်မှာ ရိုက်နှက်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၄ ယောက် ကျန်းမာရေး စိုးရိမ်ရပြီး ဆေးကုသခွင့်မရတဲ့အကြောင်း
-စစ်ကောင်စီနှင့် EAO (၅)ဖွဲ့ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ အပါအဝင် သဘောတူညီမှုတွေရရှိခဲ့တယ်ဆိုတဲ့သတင်း
-အလုပ်သမားအခွင့်အရေးတောင်းဆိုတဲ့ အလုပ်သမားတွေအပါအဝင် ကူညီပေးသည့် အဖွဲ့အစည်းက ၁၀ယောက်ကို စစ်ကောင်စီဖမ်းဆီးထားတဲ့သတင်း
-တိုက်ခိုက်ခံရတဲ့ ညောင်ပင်ကြီး ရဲစခန်းကို ပြန်တည်ဆောက်ရာမှာအရပ်သားတွေကို ဖမ်းဆီးစေခိုင်းမှု ရှိနေတဲ့သတင်း
-ဘီးလင်းမြို့နယ်က ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီး တံတားကိုလာစစ်ဆေးတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခံရတဲ့သတင်း
-အပယ်ခံ ရုရှားသမ္မတ ပူတင်ဟာ လုံးဝရှုံးနိမ့်သွားပြီလို့ ဂျိုးဘိုင်ဒင် ပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားပါမယ်။

https://www.youtube.com/live/sBRQOdet0GA?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🍌2🔥1
တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဖြစ်လည်း အညာသားကျူရှင်ဆရာကြီးရဲ့ နောက်ဆုံးခရီး (ရုပ်သံ)
=======================

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊မြောင််မြို့နယ်မှာ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစု ရဲဘော်ရဲဘက်တွေ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ကြုံခဲ့ပါပြီ။

စစ်အာဏာရှင်တော်လှန်ရေးမှာ အားကျိုးမာန်တက်ရှိလှတဲ့ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFအဖွဲ့ခေါင်းဆောင် ကိုသက်ခိုင်ဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရပြီး သူ့ကို ကယ်ထုတ်ဖို့ ကြိုးစားတဲ့သားဖြစ်သူနဲ့အတူကာကွယ်ရေးရဲဘော်နှစ်ဦးပါ စစ်ကောင်စီရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတာကြောင့်ပါ။ ဒီဖြစ်ရပ်က ‌ စစ်‌ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာအနီးတနေရာမှာ ဇွန်လ ၂၆ရက်နေ့ က ဖြစ်ခဲ့တာပါ။

ဇွန်လ ၂၇ ရက်နေ့မှာတော့ MSPDFအဖွဲ့ခေါင်းဆောင်ကိုသက်ခိုင်၊ သူ့ရဲ့ သားဖြစ်သူနဲ့ ကျဆုံးရဲဘော်နှစ်ဦးရဲ့ နာရေးအခမ်းအနားကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေက ပြုလုပ်ပေးခဲ့ကြပါတယ်။

ကိုသက်ခိုင်ဟာ တော်လှန်ရေးကာလမတိုင်ခင်က ရူပဗေဒဘာသာသင်ကြားတဲ့ ပြင်ပ ကျူရှင်ဆရာတစ်ဦးပါ။ စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက် ကျေးရွာကာကွယ်ရေးအတွက်လုပ်ရင်းကနေ MSPDF လို့ အမည်တပ်ထားတဲ့ ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းတဲ့အခါ ဦးဆောင်ကော်မတီ၀င်အဖြစ် တာ၀န်ယူခဲ့ပါတယ်။

ကျူရှင်ဆရာက စစ်အာဏာရှင်တော်လှန်ရေးကို ခြေစုံပစ်ဝင်တဲ့အခါ သူ စာသင်ခဲ့ဖူးတဲ့ သူ့တပည့်တွေကလည်း ဆရာနဲ့အတူတူ တော်လှန်ရေးခရီးကြမ်းကို လျှောက်ခဲ့ကြပါတယ်။ဆရာနဲ့ တပည့်တွေပူးပေါင်းပြီး စစ်အာဏာရှင်တော်လှန်ရေးမှာ တိုက်ပွဲအလီလီ၀င်ခဲ့ကြပါတာပါ။

အခုတော့ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဖြစ်လဲ ကျူရှင်ဆရာကိုသက်ခိုင်ကတော့ တော်လှန်ရေးကာလ လမ်းခုလတ်မှာ ကျဆုံးသွားခဲ့ရပါပြီ။ သူတို့ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေနဲ့ တပည့်တွေကတော့ နိုင်ငံတော်လွတ်လပ်ရေးရသည်အထိ စစ်အာဏာရှင်ကို တိုက်ထုတ်သွားမယ်လို့ ကိုယ်စီကိုယ်စီ ‌သစ္စာပြုနေကြပါတယ်။

မေးမြန်း/တင်ဆက် - ရောင်နီ

https://youtu.be/VAtXWJGhAsg

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢25👍4😁2😭2🔥1
Media is too big
VIEW IN TELEGRAM
June - 29 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍3🍌2
ဇွန်လ (၂၉)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
=========================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးပေါ်ရှိ ဘီးလင်းမြိုံနယ်အတွင်းက တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးလိိုက်ရတဲ့ သတင်းနဲ့အတူ အခက်အခဲတွေရှိပေမယ့် တစ်နှစ်အတွင်း NUG Pay သုံးစွဲသူ ၃၀,၀၀၀ နီးပါးရှိလာတဲ့သတင်းလွှာ အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းတွေ၊ စီးပွားရေးသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/pAunmhSeg0s

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🤮2
ချောင်းဦး ကံကြီးကုန်းပျူရွာသို့ ရိက္ခာလာပို့သည့်ရေယာဉ်တန်းတိုက်ခိုက်ခံရပြီး မော်တော်နစ်မြုပ်၊ စစ်ကောင်စီတပ်သား ၅ ဦးသေ
=====================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကံကြီးကုန်း ပျူစောထီးကျေးရွာသို့ ရိက္ခာနှင့် ခဲယမ်းပို့ဆောင် မည့် စစ်ကောင်စီမော်တော်သုံးစီးကို တိုက်ခိုက်ခဲ့ရာ မော်တော်(ရေယာဉ်)တစီးနစ်မြှုပ်ပြီး တပ်သားငါးဦး သေဆုံးကြောင်း မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲမှ ဇွန်လ ၂၉ ရက်နေ့တွင် ထုတ် ပြန်သည်။

မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရိက္ခာနှင့်ခဲယမ်းများတင်ဆောင်ပြီး ချောင်းဦးမြို့နယ်၊ ကံကြီး ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများထံ ထွက်ခွာလာသည့်မော်တော်များကို ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့က ရှေ့ထွက်မိုင်းရယ်၊ လက်နက်လက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာ။ ငါးယောက်ကတော့ လဲကျ ပြီး သေတာတွေ့ရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ နစ်သွားတဲ့မော်တော်ကတော့ အခုထိ ပြန် မဆယ်နိုင်သေးဘူး” ဟု တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲမှ ဗိုလ်မိုးကြိုးက မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ပွဲတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရှေ့ထွက်မိုင်းကိုးလုံးဖြင့်စတင်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့် လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

စစ်ကောင်စီတပ်မှလည်း ၆၀ မမ၊ စက်လတ်၊ လက်နက်ငယ်များဖြစ် ပြန်လည်ပစ်ခတ်ရာ အနီးနားရှိ ကျေးရွာများသို့ကျရောက်ပေါက်ကွဲပြီး သိုးနှင့် ဆိတ် ခုနစ်ကောင်သေဆုံးခဲ့ရကြောင်း သိရသည်။
ကာကွယ်ရေးတပ်ဖွဲ့များမှ ပစ်ခတ်သောရှေ့ထွက်မိုင်းများထိမှန်၍ စစ်ကောင်စီတပ်သားများ လိုက်ပါလာ သည့် မော်တော်များအနက်တစီးမှာ ဆင်ဖြူရှင်တံတားအနီးတွင် နစ်မြုပ်သွားခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့် မော်တော်နစ်မြုပ်မှုအခြေအနေကို မဇ္စျိမအနေဖြင့် ဒေသခံများထံမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ချင်းတွင်းမြစ်ကြောင်းအတွင်းတိုက်ပွဲကို မုံရွာခရိုင်တပ်ရင်း အမှတ်(၁၂) တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ၊ မုံရွာ ခရိုင် တပ်ရင်း အမှတ် (၁၂) ငမိုးရိပ် စစ်ကောင်း နှင့် မုံရွာခရိုင် တပ်ရင်း အမှတ်(၁၂)၊ တပ်ခွဲ(၄) မီးတောက် တပ်ခွဲနှင့် ရန်ရှင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

https://youtu.be/1Yx6N23sYfY

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ပျူစောထီး
#ရိက္ခာ
#ရေယာဉ်
#မော်တော်
#ချင်းတွင်းမြစ်
👍20👏2😁2
​​မြန်မာနှင့်ပတ်သက်၍ ဖိလစ်ပိုင်အစိုးရက ၎င်းတို့နိုင်ငံသားများအတွက် ထုတ်ပြန်ထားသည့် သတိပေးချက်ကို အဆင့်လျှော့ချပေးဖွယ် ရှိ
=======================

ဖိလစ်ပိုင်အစိုးရသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံသားများအတွက် ထုတ်ထားသည့် သတိပေးချက်လယ်ဗယ် သတ်မှတ်ချက်ကို အဆင့်လျှော့ချပေးဖွယ် ရှိပြီး ထိုသို့ အဆင့်လျှော့ချပါက ဖိလစ်ပိုင်အလုပ်သမားများအနေဖြင့် ၂၀၂၁ ၊ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုဖြစ်ထားသည့် မြန်မာနိုင်ငံသို့ ပြန်သွားခွင့်ရလိမ့်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန (DFA) မှ အရာရှိတစ်ဦးက ဇွန်လ ၂၉ ရက်တွင် ပြောသည်။

သတိပေးချက်လယ်ဗယ် သတ်မှတ်ချက်ကို အဆင့်လျှော့ချပေးရန် တောင်းဆိုထားသော ရန်ကုန်ရှိ ဖိလစ်ပိုင်အလုပ်သမားများနှင့် ဇူလိုင် ၁ ရက်တွင် တွေ့ဆုံရန် ရှိကြောင်း DFA မှ ရွှေ့ပြောင်းလုပ်သားရေးရာ အရာရှိ အက်ဒွာဒို ဒီ ဗီဂါက ပြောသည်။
👍10🔥2
​​ဒရုန်းများကို ပစ်ချရန် ဗီယက်နမ်နယ်စပ်သို့ ကမ္ဘောဒီးယားက တပ်ဖွဲ့ဝင်များ စေလွှတ်
=========================

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ၎င်း၏ နိုင်ငံပိုင်နက်၌ အမည်မသိ ဒရုန်းများကို တွေ့ရှိပြီးနောက်တွင် ဗီယက်နမ်နှင့် နယ်စပ် အရှေ့ပိုင်းသို့ တပ်ဖွဲ့ဝင်များကို စေလွှတ်သည့် အမိန့်ထုတ်ခဲ့သည်။

မကြာသေးသော ရက်များအတွင်း ကမ္ဘောဒီးယားပိုင်နက်၌ ပျံသန်းနေသော ဒရုန်းအချို့ကို တွေ့ရှိခြင်းဖြစ်ပြီး ဒရုန်းတစ်စီးကို ပစ်ချနိုင်လျှင် ယင်းတပ်ရင်းအား အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ဆုချမည်ဟု ဟွန်ဆန်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ကမ္ဘောဒီးယား၏ မွန်ဒူကီရီပြည်နယ်ထဲ အင်္ဂါနေ့ညက ဒရုန်းအချို့ ဝင်ရောက်လာပြီး စစ်သားများက “သဘောကောင်းလွန်းကာ” ပစ်ခတ်ခြင်းများ မရှိခဲ့ဟု ဆိုလျက် အရေးယူတုံ့ပြန်မှု ပျက်ကွက်ခြင်းများကို ဟွန်ဆန်က သတိပေးသည်။
😁8👍5❤1
​​အိန္ဒိယ လမ်းပမ်းဆက်သွယ်ရေး ကွန်ရက်က ကမ္ဘာပေါ်တွင် ဒုတိယအရှည်ဆုံးဖြစ်လာပြီး ၉ နှစ် တာ အတွင်း ၅၉ ရာခိုင်နှုန်း တိုးတက်လာ
=======================

အိန္ဒိယ၏ လမ်းကွန်ရက်သည် လွန်ခဲ့သည့် ၉ နှစ်အတွင်း အစိုးရက ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး လမ်းကွန်ရက် ဖြစ်လာရန် ၅၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း လမ်းပမ်းဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် အဝေးပြေး ဝန်ကြီး နီတင် ဂတ်ကာရီ က ဇွန် ၂၇ တွင် ပြောကြားသည်။

အိန္ဒိယသည် စုစုပေါင်း လမ်းကွန်ရက် ကီလိုမီတာ ၆၄ သိန်းနီးပါးရှိပြီး ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး လမ်းကွန်ရက် ဖြစ်သည်။ အိန္ဒိယ၏ အဝေးပြေးလမ်းများ ကွန်ရက်တစ်ခုတည်းသည် ယနေ့ ကီလိုမီတာ ၁၄၅၂၄၀ ရှိပြီး ၂၀၁၃-၁၄ ခုနှစ် တွင် ၉၁၂၈၇ ကီလိုမီတာ ရှိကြောင်း ၎င်းက နှိုင်းယှဉ်၍ ပြောကြားသည်။

အိန္ဒိယ နိုင်ငံ ၏ မြို့တော် တွင် ကျင်းပသော မိုဒီအစိုးရ၏ ၉ နှစ်တာ နှစ်ပတ်လည် ညီလာခံတွင် ဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။
👍8🔥4
​​မင်းကင်းနှင့်ကလေး၀မြို့ကြားတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ ထိခိုက်မှုများဟုဆို
===================

MTO
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ မင်းကင်းနှင့်ကလေး ၀မြို့ကြားရှိ ညောင်ဂျပ်ရွာအနီးတွင် ယမန်နေ့ ဇွန်လ ၂၈ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများလည်းရှိနိုင်ကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

ညောင်ဂျပ်ရွာအနီးတွင် ယမန်နေ့ နံနက် ၈နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ခြင်းဟု မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

“သူတို့ ဘက်က ၁၅ ယောက်ထက်မနည်းထိခိုက်မှုရှိတယ်လို့ သိထားပါတယ်။ အတိအကျတော့ ကျတော်တို့ လည်းမပြောနိင်ဘူး” ဟု ၎င်းကပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲသည် ၃နာရီခန့်ကြာခဲ့သည်ဟု သိရသည်။ စစ်ကောင်စီဘက်မှ အထိနာခဲ့သောကြောင့် တိုက်ပွဲဖြစ်ရာနေရာအနီးမှ သာစည်ရွာကို စစ်ကောင်စီစစ်ကြောင်းက ယနေ့ ဇွန်လ ၂၉ရက် နေ့လည်တွင် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်သုံးလုံးပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။

ယင်းစစ်ကြောင်းသည်ပြီးခဲ့သည့်ဇွန်လ ၁၆ ရက်နေ့ က ကလေး၀မြို့နယ်၊ စခန်းကြီးကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကျအဆုံးများခဲ့သည့် စစ်ကြောင်းဟုမင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ ထိုစစ်ကြောင်းသည် ကလေးဝနှင့် မင်းကင်း ဒေသတွင် ဆက်ရှိနေပြီး အရပ်သာများနေထိုင်ရာ ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ကျေးရွာ သုံးရွာထက်မနည်း စစ်ဘေးရှောင်နေရသည်ဟု မင်းကင်းမြို့ခံအချို့ကပြောသည်။

ဇွန်က ၁၆ရက်က စခန်းကြီးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူစာရင်းကို မဖော်ပြသော်လည်း စစ်ကောင်စီကားနှစ်စီးမီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး MA-(11) နှစ်လက်၊ G-3 နှစ်လက်၊ MA-11 ကျည်ဘောက် သုံးခု၊ G-3 ကျည်ဘောက် ခြောက်ခု၊ MG (3) ငါးကြင်းမြှီး တစ်လက်၊ MA-7 60 MM တာဝေးစိန်ပြောင်း တစ်လက်၊ 60 MM ဗုံးသီးများ၊ RPG ထိပ်ဖူးငါးလုံး၊ အီနာဂါ ဗုံးသီးငါး လုံး၊ .38 Webly Wesson (၆)လုံးပြူးတစ်လက်၊ Jammer တစ်လုံး၊ M-14 နင်းမိုင်း နှစ်လုံး၊ လက်ပစ်ဗုံးအလုံး (၃၀)ကျော်၊ ကျည်ဆံများနှင့် ဆက်စပ်ပစ္စည်းများ သိမ််းယူနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ဇွန်လ ၂၈ရက်က တိုက်ပွဲသတင်းကိုမူ မထုတ်ပြန်သေးပေ။

စာတည်း - မောင်ကြီး

#mizzima
#မင်းကင်း
#ကလေး၀
#တိုက်ပွဲပြင်းထန်
#မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
👍18👏4😁2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၉ ဇွန် ၂၀၂၃)
===============

အမျိုးသားညီညွတ်ရေး အစိုးရ
•   အစ္စလာမ်ဘာသာဝင်များ၏ ထူးနေ့မြတ်တစ်ရက်ဖြစ်သည့် "အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အိးဒ်ပွဲတော်နေ့အခါသမယတွင် မြန်မာနိုင်ငံသူ၊နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာ ပေးပို့ကာ ဆုတောင်းမေတ္တာ ပို့သသည်။

•   အမေရိကန်နှင့် အိန္ဒိယနိုင်ငံ တို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဒီမိုကရေစီအင်အားစုများကို ထိရောက်သည့် ပံ့ပိုးကူညီမှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ပေးရန်အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က လေးလေးနက်နက် ထပ်မံ တိုက်တွန်း တောင်းဆို လိုက်ကြောင်း သိရသည်။

•   အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG pay ဟာ အခက်အခဲများရှိသော်လည်း တစ်နှစ်တာကာလအတွင်း NUG Pay သုံးစွဲသူ ၂၈,၀၀၀ကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနရဲ့ တစ်နှစ်စာ အစီရင်ခံစာမှာဖော်ပြထားသည်။
❤16👍3🔥1🤮1
​​မြိတ်မြို့၌ အီးဒ်ပွဲတော် ပြုလုပ်သည့် မြို့ခံတချို့ကို စစ်ကောင်စီဖမ်းဆီး ငွေညှစ်
===================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်သည့် ကန်ခေါင်းရပ်ကွက်တွင် ယနေ့ ဇွန်လ ၂၉ ရက်၌ ကျရောက်သည့် ကုရ်ဘာနီ အီးဒ်ပွဲတော် ကျင်းပသူ အချို့အား စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးပြီး ငွေညှစ်ခဲ့ကြောင်း မြို့ခံများထံက သိရသည်။

အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ထိုပွဲတော် ပြုလုပ်သူများအား နေအိမ်၌ နွားသတ်သည်ဆိုသော အကြောင်းပြချက်ဖြင့် ဒေသခံ ငါးဦးဝန်းကျင်အား စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကန်ခေါင်းရပ်ကွက်နေ ဒေသခံ တစ်ဦးက “အဓိက ကတော့ အီးဒ်နေ့မှာ သတ်တဲ့ နွားတွေကို ဗလီမှာပဲ သတ်ခွင့်ပေးထားတာကနေ နေရာ အခက်အခဲကြောင့် အိမ်မှာ သတ်လို့ ဆိုပြီး လာဖမ်းသွားတာ ဖြစ်တယ်”ဟု ပြောသည်။

ထို့ပြင် စစ်ကောင်စီက ကန်ခေါင်းရပ်ကွက် အပြင် စျေးတန်းနှင့် ပါရမီရပ်ကွက်တို့တွင်လည်း ရှာဖွေ ဖမ်းဆီးခဲ့သေးကြောင်း ဒေသခံများထံက သိရ သည်။

“ဖမ်းခံရတာက လေး၊ ငါးဦးလောက် ပါသွားတယ် သိရတယ်။ ဘယ်ကို ဖမ်းသွားတယ် ဆိုတာ မသိရဘူး။ ဖမ်းခံရတဲ့ အချိန်မှာ လူရော နွားပါ ဖမ်းသွားတယ် ။လုပ်ထုံးလုပ်နည်းအရတော့ အိမ်တွေမှာ နွားသတ်ခွင့်မရှိဘူး။ ဒါပေမဲ့ ပလီနဲ့ နီးတဲ့ အိမ်တွေမှာက လုပ်နေကြပါ။ ဒီနှစ်မှ ဒီလိုလုပ်တာပါ” လို့ စျေးတန်း ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင် တစ်ဦးက ပြော သည်။

လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးခံရသူများကို တစ်ဦးလျှင် ကျပ် ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ငွေတောင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ငွေညှစ်ခံရ သူများကို စစ်ကောင်စီက ပြန်လည် လွှတ်ပေးခြင်း ရှိ၊ မရှိကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကုရ်ဘာနီ အီးဒ်ပွဲတော်
#မြိတ်မြို့
👍14🤬6❤1👏1
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ
================

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဇွန်လ ၂၉ ရက် မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၏ အဖွဲ့ဝင်အင်အားစုတခုဖြစ်သည့် LGBT Community မှ ဦးဆောင်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် အကြမ်းဖက်ခွဲခြားဆက်ဆံခြင်း များကိုဆန့်ကျင်ကန့်ကွက်ခြင်းနှင့်အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါလှုပ်ရှားမှုကို လောင်းလုံးမြို့အတွင်းမှ အမျိုးသမီးငယ်များ၊ လူငယ်များနှင့် ပြည်သူလူထုအများ အပြားပူးပေါင်းပါဝင်ခဲ့ကြပြီး “မတူကွဲပြားမှုကိုလက်ခံပြီး ခွန်အားအဖြစ်‌ ပေါင်းစည်းကြ” စာတန်းကိုင် ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲကြွေးကြော်သံများကြွေးကြော်ချီတက်ခဲ့ကြောင်း သိရ သည်။

https://youtu.be/2dhTwyQG3gU

စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
# စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
#ဆန္ဒပြ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14❤4😁2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်ထုတ်လွှင့်မှုများ
=================

https://youtu.be/N9FMwDOrjP0

#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🍌2