အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ အလုပ်ရုံနှင့် ဆက်သွယ်ရေးတပ်ကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်
=====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န.မ.ခ)ရှိ အလုပ်ရုံနှင့်ဆက်သွယ် ရေးတပ်တပ်ဖွဲ့ရှိရာနေရာကို ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၂ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MRDA စေတန်တပ်ခွဲထံမှ သိရသည်။
“နှစ်ရက် အချိန်ယူပြီးမှ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့် ကြာ ပါတယ်။ အတွင်းသတင်းအရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ သိထားရပါတယ်” ဟု Myanmar Royal Dragon Army (MRDA) စေတန်တပ်ခွဲမှ တပ်ခွဲမှူးက မဇ္ဈိမကိုပြောသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် န.မ.ခ အနောက်ဘက်ကပ်လျက်ရှိသည့် သပြေတောကျေးရွာအနီးတွင် အထိုင်ချတပ်စွဲနေပြီး မိုင်းရှင်းလင်းရေးနှင့် လက်နက်ပြုပြင်ရေးကို အဓိကထား လုပ်ဆောင်နေသည့် တပ် တခုဖြစ်ကြောင်း ၎င်းကပြောသည်။
ထိုတိုက်ခိုက်မှုကို MRDA စေတန်တပ်ခွဲ နှင့် Royal Tiger တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ် ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ န.မ.ခ ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမှာ ဇူလိုင်လအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး နမခ အပါအဝင် မုံရွာမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချရာတပ်စခန်းနှင့် ဂိတ်များကိုလည်း ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း MRDA စေတန်တပ်ခွဲထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍15👏6❤3😁1
မဲကနယ်ဒေသရှိကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေ
===================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မဲကနယ်ဒေသရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၂၄ ရက်နေ့မှစတင်ကာ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသည် ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်စခန်းကုန်းများဖြစ်သည့် ခလရ(၂၇၅)၊ ခမရ(၃၅၅) နှင့် BGF စခန်းကုန်းတို့မှ လက်နက် ကြီးများဖြင့် မဲကနယ်ဒေသရှိ ကျေးရွာများဘက်သို့ပစ်ခတ်နေပြီး ဒေသခံများထိခိုက်မှုရှိကြောင်းသိရ သည်။
“ပစ်တာတော့ ရက်ခြားပြီး ပစ်နေတာ။ တိုက်ပွဲလည်း မဖြစ်ပါဘူး ရွာထဲကို ပစ်ထည့်နေတာ။ ကျနော်တို့ ရတဲ့ သတင်းကတော့ သူတို့ကို ဝင်တိုက်မှာကြောက်တဲ့အတွက် ရမ်းပစ်နေတာ။ ပြီးခဲ့တဲ့ရက်ကဆိုရင် မိသားစုလေးယောက် လက်နက်ကြီးစတွေမှန်တယ်၊ အမျိုးသမီးဆို ခြေချောင်းလေးတွေ ဖြတ်လိုက်ရ တယ်” ဟု ကျားသစ်နက် တပ်ဖွဲ့ဝင်တဦးက ပြောသည်။
မဲကနယ်ဒေသအပြင် ကျောက်မိုင်းဒေသဘက်သို့ လည်းစစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ် မှုများ မကြာခဏ ပြုလုပ်နေကြောင်းလည်း သိရသည်။
“ BGFနဲ့ စစ်တပ်က ကျမတို့ကို ပြန်လာနေလို့ရပြီဆိုပြီးပြောလို့ လာနေကြတာ၊ အခုတော့ ရွာထဲကို လက် နက်ကြီးတွေပစ်ထည့်နေတော့ ကျမတို့စိုးရိမ်နေတယ်။ ဆက်နေရမှာလား ထွက်ပြေးရမှာလား မသိတော့ ဘူး” ဟု မဲကနယ်ဒေသခံတဦးက ပြောသည်။
မဲကနယ်ဒေသနှင့် ကျောက်မိုင်းဒေသတို့တွင် မတ်လ ၂၅ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့ကို KNU/KNLA ၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းတို့က နှစ်လခန့်ကြာ ပြင်း ပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#မြဝတီမြို့
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု

🤬7🔥6
စစ်ကောင်စီတပ်မှ သံချပ်ကာယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့များကို NUG က ကျပ်သိန်း ၄,၀၀၀ ချီးမြှင့်
=====================
002
(မဇ္ဈိမ)။ ။စစ်ကောင်စီတပ်မှ သံချပ်ကာယာဉ်နှစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့များကို NUG က ကျပ် သိန်း ၄,၀၀၀ ချီးမြှင့်ခဲ့သည်။
ဇူလိုင်လ ၄ ရက်နေ့တွင် ပြုလုပ်သည့် NUG အစိုးရ (၂၂)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့တုန်းက ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ဟားခါးမြို့နယ်၊ ချွန်ကျုံး ကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သံချပ်ကာကားနှစ်စီးနဲ့ ယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီးနိုင် ခဲ့ကြပါတယ်။ ဒီသတင်းကိုကြားရချိန်တုန်းက ကျွန်တော်တို့အားလုံး အံ့ဩဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေး အတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်။ ဒီလိုကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင် တဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအပါအဝင် တိုင်းပြည်အာဏာကို စစ်တပ်က မတရားလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ဒီတော်လှန်ရေးကြီးမှာ မဆုတ်မနစ် ဇွဲသတ္တိရှိရှိနဲ့ ရှေ့ဆုံးက ဦးဆောင် ပါဝင်ခဲ့ကြတဲ့ ချင်းအမျိုးသားများ အားလုံးကိုလည်း အထူး လေးစားဂုဏ်ယူကြောင်း ပြောကြားလိုပါ တယ်” ဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
ချင်းတော်လှန်ရေး အင်အားစုများက စစ်ကောင်စီ၏ သံချပ်ကာ ယာဉ်နှစ်စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့ခြင်း ကို အထောက်အထားများနှင့်တင်ပြလာပြီးနောက် စိစစ်ချီးမြှင့်ရေးအဖွဲ့က လေ့လာသုံးသပ်စိစစ်ကာ အတည်ပြုနိုင်ခဲ့ကြောင်း NUG ကဆိုသည်။
ယင်းသို့ စိစစ်အတည်ပြုပြီးနောက် ချီးမြှင့်ငွေ ကျပ်သိန်း ၄,၀၀၀ ကို CNF/CAN + CDAs ၏ တာဝန်ရှိသူ များထံ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က ထုတ်ပြန်သည်။
စာတည်း။ ။စောဖေ
#NUGအစိုးရ
#သံချပ်ကာယာဉ်
#ချင်းကာကွယ်ရေးတပ်ဖွဲ့များ

❤18👍15😁1
Media is too big
VIEW IN TELEGRAM
တရုတ်နိုင်ငံရဲ့ကျောက်မီးသွေးစက်ရုံတွေက သူ့ရဲ့ရာသီဥတုရည်မှန်းချက်နဲ့ ကွဲလွဲနေကြောင်း အီးယူအရာရှိပြော
#internationalnews #reels #shorts
#internationalnews #reels #shorts
👍5🔥2
This media is not supported in your browser
VIEW IN TELEGRAM
အပူလှိုင်းဖြတ်သန်းမှုကြောင့် ဗီယက်နမ်လယ်သမားတွေ အမှောင်ထဲမှာ ကောက်စိုက်နေကြရ
#internationalnews #reels #shorts
#internationalnews #reels #shorts
🔥4👍2😱2
တနင်္သာရီမြို့နယ်တွင် လက်နက်ကြီးကျည်ကျ၍ ၅ ဦး ထိခိုက်ဒဏ်ရာရ
=====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ၊ အရှေ့မော်တုံးကျေးရွာတွင် ဇူလိုင်လ ၃ ရက် ည ၁၀ နာရီ အချိန်ခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ငါးဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံထံမှ သိရသည်။
ဆောက်လုပ်ရေး အလုပ်သမား လေးဦးနှင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမတ (၃၀၆)အမြောက်တပ်မှ တစ်ဆင့်လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံကပြောသည်။
“တိုက်ပွဲ ဖြစ်တာ မဟုတ်ဘူး၊ စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ ပစ်တာပါ၊ ထိခိုက်တဲ့ ဒေသခံတွေက ညတွင်းချင်း မော်တုန်း အရှေ့ကမ်း ဆေးခန်းကို သွားရောက် ပြသခဲ့တယ်၊ ဒဏ်ရာကမစိုးရိမ်ရပါဘူး”ဟု မော်တုန်းကျေးရွာ အရှေ့ကမ်းနေ ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း သိရသည်။
“ဒီရွာတွေက စစ်ရှောင်နေတဲ့ရွာပါ အရင်ကလည်း အခုလို လက်နက်ကြီးနဲ့ မကြာခဏ ပစ်တာ ရှိနေလို့ ဒေသခံတွေက ရွာမှာ အတည်တကျ နေတာမျိုးတော့ မဟုတ်ပါဘူး၊ သွားလိုက် လာလိုက် လုပ်နေတဲ့ ရွာဖြစ်တယ်”ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ဇူလိုင်လ ၃ ရက် ညပိုင်းကလည်း စစ်ကောင်စီ၏ အမတ (၃၀၆) အမြောက်တပ်က လက်နက်ကြီးဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ယနေ့ ဇူလိုင်လ ၄ ရက် နံနက်ပိုင်းတွင်လည်း လေးချက် ထပ်မံပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်၌ စစ်ကောင်စီက တနင်္သာရီမြို့နယ်ရှိ တပ်ရင်းများတွင် လက်နက်နှင့် အင်အား ဖြည့်တင်းထားပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း ယင်းမြို့နယ် အတွင်းရှိ လမ်းပိုင်းများကို ညဘက် သွားလာခြင်းများ မလုပ်ကြရန်နှင့် လုံခြုံရေးအရ အနီရောင် အဆင့် သတ်မှတ် ထားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#တနင်္သာရီတိုင်း
#တနင်္သာရီမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ၊ အရှေ့မော်တုံးကျေးရွာတွင် ဇူလိုင်လ ၃ ရက် ည ၁၀ နာရီ အချိန်ခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ငါးဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံထံမှ သိရသည်။
ဆောက်လုပ်ရေး အလုပ်သမား လေးဦးနှင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမတ (၃၀၆)အမြောက်တပ်မှ တစ်ဆင့်လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံကပြောသည်။
“တိုက်ပွဲ ဖြစ်တာ မဟုတ်ဘူး၊ စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ ပစ်တာပါ၊ ထိခိုက်တဲ့ ဒေသခံတွေက ညတွင်းချင်း မော်တုန်း အရှေ့ကမ်း ဆေးခန်းကို သွားရောက် ပြသခဲ့တယ်၊ ဒဏ်ရာကမစိုးရိမ်ရပါဘူး”ဟု မော်တုန်းကျေးရွာ အရှေ့ကမ်းနေ ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း သိရသည်။
“ဒီရွာတွေက စစ်ရှောင်နေတဲ့ရွာပါ အရင်ကလည်း အခုလို လက်နက်ကြီးနဲ့ မကြာခဏ ပစ်တာ ရှိနေလို့ ဒေသခံတွေက ရွာမှာ အတည်တကျ နေတာမျိုးတော့ မဟုတ်ပါဘူး၊ သွားလိုက် လာလိုက် လုပ်နေတဲ့ ရွာဖြစ်တယ်”ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ဇူလိုင်လ ၃ ရက် ညပိုင်းကလည်း စစ်ကောင်စီ၏ အမတ (၃၀၆) အမြောက်တပ်က လက်နက်ကြီးဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ယနေ့ ဇူလိုင်လ ၄ ရက် နံနက်ပိုင်းတွင်လည်း လေးချက် ထပ်မံပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်၌ စစ်ကောင်စီက တနင်္သာရီမြို့နယ်ရှိ တပ်ရင်းများတွင် လက်နက်နှင့် အင်အား ဖြည့်တင်းထားပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း ယင်းမြို့နယ် အတွင်းရှိ လမ်းပိုင်းများကို ညဘက် သွားလာခြင်းများ မလုပ်ကြရန်နှင့် လုံခြုံရေးအရ အနီရောင် အဆင့် သတ်မှတ် ထားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#တနင်္သာရီတိုင်း
#တနင်္သာရီမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥3🤬3
Media is too big
VIEW IN TELEGRAM
ဆူဒန်တိုက်ပွဲတွေကြားက စစ်ဘေးရှောင်တွေမှာ အာဟာရချို့တဲ့မှုနဲ့ ရောဂါဘယဖြစ်ပွားမှုတွေ မြင့်တက်လာ
#internationalnews #reels #shorts
#internationalnews #reels #shorts
😢3🔥2👍1
Media is too big
VIEW IN TELEGRAM
ဩစတြေးလျမှာ ပျောက်ဆုံးနေတဲ့ ဘယ်လ်ဂျီယမ်ခြေလျင်ခရီးသည်အတွက် စိုးရိမ်မှုတွေ မြင့်တက်နေ
#internationalnews
#reels
#shorts
#internationalnews
#reels
#shorts
👍1🔥1
Media is too big
VIEW IN TELEGRAM
ကိုရမ်ကျမ်းကိုမီးရှို့ဆန္ဒပြမှုအား အစ္စလာမ်မုန်းတီးရေးလုပ်ရပ်အဖြစ် ဆွီဒင်အစိုးရရှုတ်ချ
#internationalnews
#reels
#shorts
#internationalnews
#reels
#shorts
👍8🔥1
Forwarded from Mizzima+ TV Channel
တဦးတယောက်အတွက်ကြောင့် တော်လှန်ရေးကို အထိခိုက်ခံမည်မဟုတ်ဟု ကလလတ ပြော
=======================
ဂျူချန်း
(မဇ္ဈိမ)။ ။တဦးတယောက်အတွက်ကြောင့် တော်လှန်ရေးကိုအထိခိုက်ခံမည်မဟုတ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၏ ပြောရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေ အတွင်းရေးမှူး ရဲဘော်လော်ရင်းစိုးက မဇ္ဈိမသို့ပြောသည်။
တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းရန်အသင့်ရှိကြောင်း ကလလတ၏ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန် ချက်အပေါ်ဆန့်ကျင်ကြောင်း ကလလတ-ငြိမ်းချမ်းရေးအဖွဲ့ (လွိုင်ကော်ခရိုင်) ဒုတိယဥက္ကဋ္ဌ ထူးကော်က ထုတ်ပြန်လာမှုအပေါ် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
ကလလတ-ငြိမ်းချမ်းရေးအဖွဲ့(လွိုင်ကော်ခရိုင်) ဒုတိယဥက္ကဋ္ဌ ထူးကော်၏လက်မှတ်ဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ဆိုထားခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကလလတအနေဖြင့် ဇူလိုင် ၁ ရက်နေ့ထုတ်ပြန်ချက်ကို ဗဟိုကော်မတီဝင်နှင့် အရံဗဟိုကော်မတီဝင် ၉၀ ရာခိုင်နှုန်းကျော်၏ သဘောထားဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ရဲဘော် လော်ရင်းစိုးက ပြောသည်။
ထို့ပြင် ကလလတအနေဖြင့် စစ်ကောင်စီကိုအဆုံးတိုက်ထုတ်သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ဆိုသည်။
“ ကျနော်တို့ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်ကတော့ အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ ပြည်သူလူထု နဲ့ အတူ ရပ်တည်သွားမယ်လို့ တရားဝင်ကြေညာထားပါတယ်။ သူတို့လို တဦးတယောက်နဲ့ ဒီကိစ္စကို အထိခိုက်ခံမှာမဟုတ်ဘူး။ ပြီးတော့ စစ်အုပ်စုနဲ့ပူးပေါင်းတဲ့ပုဂ္ဂိုလ်မှန်သမျှက ပြည်သူလူထုရဲ့ ရန်သူဖြစ် မှာပဲ။ နောက် ကျနော်တို့ရဲ့ရန်သူဖြစ်မှာပဲ။ ခုသူထုတ်ပြန်တဲ့ဟာက ကလလတရဲ့မူအရ တရားမဝင်ပါဘူး။ ဗဟိုကော်မတီသဘောတူညီချက် မဟုတ်ဘဲနဲ့ သူထုတ်ပြန်တဲ့အတွက် သူ့မှာပစ်မှုရှိပါတယ်” ဟု (ကလ လတ) ပြောရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေအတွင်းရေးမှူး ရဲဘော်လော်ရင်းစိုးက မဇ္ဈိမသို့ပြောသည်။
မယ်စဲ့မြို့၌ တိုက်ပွဲမစတင်မီကာလတွင် အဖွဲ့အစည်းအနေဖြင့် ရဲဘော်ထူးကော်ကို အကြိမ်ကြိမ်ဆွေးနွေး ခဲ့သော်လည်း ၎င်း၏ကိုယ်ကျိုးစီးပွားကြောင့် စစ်ကောင်စီ၏ အသုံးချခံနေရခြင်းဟု ကလလတ ဗဟို ကော်မတီမှ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် ရဲဘော်ထူးကော်အနေဖြင့် ရန်သူနှင့်ပူးပေါင်းပြီး အဖိနှိပ်ခံပြည်သူများ၊ တော်လှန် ရေးနှင့် မိခင်အဖွဲ့အစည်းဖြစ်သည့် ကလလတကို မဆန့်ကျင်မိစေရန်နှင့် ရန်သူ့အကြိုက် လိုက်လုပ်နေ သည့် လုပ်ရပ်များကိုရပ်တန့်စေလိုသည်ဟု သတိပေးထားသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကလလတ-ငြိမ်းချမ်းရေးအဖွဲ့(လွိုင်ကော်ခရိုင်)ဒုတိယဥက္ကဋ္ဌ ထူးကော်ထံမဇ္ဈိမမှ ဆက်သွယ်ရန်ကြိုးပမ်းနေသော်လည်း အဆက်အသွယ် မရရှိသေးပေ။
ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) (KNPLF) အဖွဲ့အစည်းတွင် ဗဟိုကော်မတီဝင် ၃၀ ဦးနှင့် အရံဗဟိုကော်မတီဝင် ငါးဦး စုစုပေါင်း ၃၅ ဦးရှိပြီး ရဲဘော်ထူးကော်သည် ကလလတ ဗဟိုကော်မတီဝင် ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သည်။
ကလလတ ကို နအဖ စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှစတင်ကာ နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖိအားပေးအသွင်ပြောင်းခံထားရကာ လက်ရှိတွင်မယ်စဲ့နှင့် ရွာသစ်မြို့ရှိ BGF အသွင်ပြောင်း ကလလတ တပ်ရင်းနှစ်ခုသည် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လျက်ရှိသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ကလလတ
#KNPLF
#BGF
#တော်လှန်ရေး
#ငြိမ်းချမ်းရေးအဖွဲ့
ဓါတ်ပုံ- ၂၀၂၀၊ ဇွန်လ ၂၆ ရက်နေ့၊ ကလလတ ၄၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှပုံ

👍28👏2😁2
လုံခါရ်တောင်ကျော တိုက်ပွဲတွင် CDF တပ်စုမှူး အပါအဝင် ၂ ဦး ကျဆုံး
=================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့ သောတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ဟားခါးမြို့နယ် ၊ သီးမစ်လွင်ပြင် ၊ လုံခါရ်တောင်ကျောတွင်ဖြစ်ပွားနေသော ဇူလိုင်လ ၃ ရက်နေ့ တိုက်ပွဲ၌ CDF – Zophei မှ တပ်စုမှူး နှင့် CDF – Thantlang မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“မြေပြင်ကတပ်တွေ ရှေ့တိုးနိုင်အောင်လို့ လမ်းရှင်းတဲ့ အနေနဲ့ လေယာဉ်နဲ့ဗုံးချတယ်၊ လက်နက်ကြီးနဲ့ပစ်တယ် ၊ အခုကျသွားတဲ့ရဲဘော်နှစ်ဦးက လက်နက်ကြီးကျည်ကြောင့် ကျဆုံးသွားရတာပါ” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမ ကိုပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်ဗုံးချခဲ့ပြီး ဟားခါးမြို့မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ CDF တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ခြင်း ဖြစ်သည်။ အခြား တပ်ဖွဲ့ဝင် ငါးဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဆလိုင်းထက်နီက ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့မှ ပြန်လည်ပစ်ခတ်သော ၆၀ မမ လက်နက်ကြီးကျည်ကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း CNAတာဝန်ရှိသူက ပြောသည်။
ဖုန်းလိုင်းအဆက်အသွယ်များ ပြတ်တောက်နေပြီး တိုက်ပွဲဖြစ်ပွားရာ နေရာတွင် တိမ်ထူထပ်ကာ မြင်ကွင်းမရှင်းသောကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ဆိုသည်။
စစ်ကောင်စီတပ်က ဟားခါးမြို့နယ် ၊ သီးမစ်လွင်ပြင်တစ်ဝိုက်ကို စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး ထန်တလန်ဘက်သို့ အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည်။
“အဓိကကတော့ ဟားခါး နဲ့ ထန်တလန်လမ်းကို ပြန်လည်စိုးမိုးဖို့၊ အဲလိုစိုးမိုးနိုင်မှ ထန်တလန်ကို အင်အားဖြည့်တင်းနိုင်မှာ” ဟု ဆလိုင်းထက်နီက ပြောသည်။
စစ်ကောင်စီတပ်သည် လေကြောင်း ၊ လက်နက်ကြီး ၊ မြေပြင်ထိုးစစ်များဖြင့် အပြင်းအထန်တိုက်ခိုက်နေသော်လည်း သီးမစ်လွင်ပြင် ၊ လုံခါရ်တောင်ကျောကို စိုးမိုး နိုင်ခြင်းမရှိသေးပေ။
မေလနှောင်းပိုင်းမှ စတင်ပြီး ဂျူလိုင်လ ၃ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ထိုတိုက်ပွဲများအတွင်း ချင်းပူးပေါင်း တပ်ဖွဲ့ဘက်မှလည်း ၁၉ ဦးကျဆုံးခဲ့ပြီး ၂၀ ဦး ခန့် ဒဏ်ရာရရှိထားကြောင်းလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
စစ်ကောင်စီတပ်သည် မိုးရာသီအတွင်း ချင်း ၊ စစ်ကိုင်း ၊ ကချင်နှင့် ကရင်နီ ဒေသများကို လက်နက်ကြီးများနှင့် လေကြောင်းစစ်ဆင်ရေးများ ပိုလုပ်ရန် တပ်တွင်းအမိန့် ထုတ်ပြန်ထားကြောင်း သတင်းများ ထွက်နေသည်။
သီးမစ်လွင်ပြင်တွင် တိုက်ပွဲပြင်းထန်နေသည်နှင့် တစ်ပြိုင်နက် ဟားခါးမြို့ပေါ် တွင်လည်း ချင်းပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ် အခြေစိုက်၊ တပ်စွဲရာ နေရာများကို ပြောက်ကျားတိုက်ခိုက်မှုများလည်း ရှိနေသည်။
သီးမစ်လွင်ပြင်သည် ဟားခါးမြို့၏ တောင်ဘက် ခုနစ်မိုင်နှင့် ထန်တလန်မြို့၏ အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#လုံခါရ်တောင်ကျော
#သီးမစ်လွင်ပြင်
#CDF
#Mizzima
ဓာတ်ပုံ- သီးမြစ်လွင်ပြင်ကို တွေ့ရစဉ် (Crd)

😢17👍5🔥2
တဦးတယောက်အတွက်ကြောင့် တော်လှန်ရေးကို အထိခိုက်ခံမည်မဟုတ်ဟု ကလလတ ပြော
=======================
ဂျူချန်း
(မဇ္ဈိမ)။ ။တဦးတယောက်အတွက်ကြောင့် တော်လှန်ရေးကိုအထိခိုက်ခံမည်မဟုတ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၏ ပြောရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေ အတွင်းရေးမှူး ရဲဘော်လော်ရင်းစိုးက မဇ္ဈိမသို့ပြောသည်။
တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းရန်အသင့်ရှိကြောင်း ကလလတ၏ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန် ချက်အပေါ်ဆန့်ကျင်ကြောင်း ကလလတ-ငြိမ်းချမ်းရေးအဖွဲ့ (လွိုင်ကော်ခရိုင်) ဒုတိယဥက္ကဋ္ဌ ထူးကော်က ထုတ်ပြန်လာမှုအပေါ် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
ကလလတ-ငြိမ်းချမ်းရေးအဖွဲ့(လွိုင်ကော်ခရိုင်) ဒုတိယဥက္ကဋ္ဌ ထူးကော်၏လက်မှတ်ဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ဆိုထားခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကလလတအနေဖြင့် ဇူလိုင် ၁ ရက်နေ့ထုတ်ပြန်ချက်ကို ဗဟိုကော်မတီဝင်နှင့် အရံဗဟိုကော်မတီဝင် ၉၀ ရာခိုင်နှုန်းကျော်၏ သဘောထားဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ရဲဘော် လော်ရင်းစိုးက ပြောသည်။
ထို့ပြင် ကလလတအနေဖြင့် စစ်ကောင်စီကိုအဆုံးတိုက်ထုတ်သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ဆိုသည်။
“ ကျနော်တို့ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်ကတော့ အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ ပြည်သူလူထု နဲ့ အတူ ရပ်တည်သွားမယ်လို့ တရားဝင်ကြေညာထားပါတယ်။ သူတို့လို တဦးတယောက်နဲ့ ဒီကိစ္စကို အထိခိုက်ခံမှာမဟုတ်ဘူး။ ပြီးတော့ စစ်အုပ်စုနဲ့ပူးပေါင်းတဲ့ပုဂ္ဂိုလ်မှန်သမျှက ပြည်သူလူထုရဲ့ ရန်သူဖြစ် မှာပဲ။ နောက် ကျနော်တို့ရဲ့ရန်သူဖြစ်မှာပဲ။ ခုသူထုတ်ပြန်တဲ့ဟာက ကလလတရဲ့မူအရ တရားမဝင်ပါဘူး။ ဗဟိုကော်မတီသဘောတူညီချက် မဟုတ်ဘဲနဲ့ သူထုတ်ပြန်တဲ့အတွက် သူ့မှာပစ်မှုရှိပါတယ်” ဟု (ကလ လတ) ပြောရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေအတွင်းရေးမှူး ရဲဘော်လော်ရင်းစိုးက မဇ္ဈိမသို့ပြောသည်။
မယ်စဲ့မြို့၌ တိုက်ပွဲမစတင်မီကာလတွင် အဖွဲ့အစည်းအနေဖြင့် ရဲဘော်ထူးကော်ကို အကြိမ်ကြိမ်ဆွေးနွေး ခဲ့သော်လည်း ၎င်း၏ကိုယ်ကျိုးစီးပွားကြောင့် စစ်ကောင်စီ၏ အသုံးချခံနေရခြင်းဟု ကလလတ ဗဟို ကော်မတီမှ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် ရဲဘော်ထူးကော်အနေဖြင့် ရန်သူနှင့်ပူးပေါင်းပြီး အဖိနှိပ်ခံပြည်သူများ၊ တော်လှန် ရေးနှင့် မိခင်အဖွဲ့အစည်းဖြစ်သည့် ကလလတကို မဆန့်ကျင်မိစေရန်နှင့် ရန်သူ့အကြိုက် လိုက်လုပ်နေ သည့် လုပ်ရပ်များကိုရပ်တန့်စေလိုသည်ဟု သတိပေးထားသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကလလတ-ငြိမ်းချမ်းရေးအဖွဲ့(လွိုင်ကော်ခရိုင်)ဒုတိယဥက္ကဋ္ဌ ထူးကော်ထံမဇ္ဈိမမှ ဆက်သွယ်ရန်ကြိုးပမ်းနေသော်လည်း အဆက်အသွယ် မရရှိသေးပေ။
ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) (KNPLF) အဖွဲ့အစည်းတွင် ဗဟိုကော်မတီဝင် ၃၀ ဦးနှင့် အရံဗဟိုကော်မတီဝင် ငါးဦး စုစုပေါင်း ၃၅ ဦးရှိပြီး ရဲဘော်ထူးကော်သည် ကလလတ ဗဟိုကော်မတီဝင် ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သည်။
ကလလတ ကို နအဖ စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှစတင်ကာ နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖိအားပေးအသွင်ပြောင်းခံထားရကာ လက်ရှိတွင်မယ်စဲ့နှင့် ရွာသစ်မြို့ရှိ BGF အသွင်ပြောင်း ကလလတ တပ်ရင်းနှစ်ခုသည် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လျက်ရှိသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ကလလတ
#KNPLF
#BGF
#တော်လှန်ရေး
#ငြိမ်းချမ်းရေးအဖွဲ့
ဓါတ်ပုံ- ၂၀၂၀၊ ဇွန်လ ၂၆ ရက်နေ့၊ ကလလတ ၄၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှပုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ဂျူချန်း
(မဇ္ဈိမ)။ ။တဦးတယောက်အတွက်ကြောင့် တော်လှန်ရေးကိုအထိခိုက်ခံမည်မဟုတ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၏ ပြောရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေ အတွင်းရေးမှူး ရဲဘော်လော်ရင်းစိုးက မဇ္ဈိမသို့ပြောသည်။
တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းရန်အသင့်ရှိကြောင်း ကလလတ၏ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန် ချက်အပေါ်ဆန့်ကျင်ကြောင်း ကလလတ-ငြိမ်းချမ်းရေးအဖွဲ့ (လွိုင်ကော်ခရိုင်) ဒုတိယဥက္ကဋ္ဌ ထူးကော်က ထုတ်ပြန်လာမှုအပေါ် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
ကလလတ-ငြိမ်းချမ်းရေးအဖွဲ့(လွိုင်ကော်ခရိုင်) ဒုတိယဥက္ကဋ္ဌ ထူးကော်၏လက်မှတ်ဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ဆိုထားခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကလလတအနေဖြင့် ဇူလိုင် ၁ ရက်နေ့ထုတ်ပြန်ချက်ကို ဗဟိုကော်မတီဝင်နှင့် အရံဗဟိုကော်မတီဝင် ၉၀ ရာခိုင်နှုန်းကျော်၏ သဘောထားဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ရဲဘော် လော်ရင်းစိုးက ပြောသည်။
ထို့ပြင် ကလလတအနေဖြင့် စစ်ကောင်စီကိုအဆုံးတိုက်ထုတ်သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ဆိုသည်။
“ ကျနော်တို့ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်ကတော့ အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ ပြည်သူလူထု နဲ့ အတူ ရပ်တည်သွားမယ်လို့ တရားဝင်ကြေညာထားပါတယ်။ သူတို့လို တဦးတယောက်နဲ့ ဒီကိစ္စကို အထိခိုက်ခံမှာမဟုတ်ဘူး။ ပြီးတော့ စစ်အုပ်စုနဲ့ပူးပေါင်းတဲ့ပုဂ္ဂိုလ်မှန်သမျှက ပြည်သူလူထုရဲ့ ရန်သူဖြစ် မှာပဲ။ နောက် ကျနော်တို့ရဲ့ရန်သူဖြစ်မှာပဲ။ ခုသူထုတ်ပြန်တဲ့ဟာက ကလလတရဲ့မူအရ တရားမဝင်ပါဘူး။ ဗဟိုကော်မတီသဘောတူညီချက် မဟုတ်ဘဲနဲ့ သူထုတ်ပြန်တဲ့အတွက် သူ့မှာပစ်မှုရှိပါတယ်” ဟု (ကလ လတ) ပြောရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေအတွင်းရေးမှူး ရဲဘော်လော်ရင်းစိုးက မဇ္ဈိမသို့ပြောသည်။
မယ်စဲ့မြို့၌ တိုက်ပွဲမစတင်မီကာလတွင် အဖွဲ့အစည်းအနေဖြင့် ရဲဘော်ထူးကော်ကို အကြိမ်ကြိမ်ဆွေးနွေး ခဲ့သော်လည်း ၎င်း၏ကိုယ်ကျိုးစီးပွားကြောင့် စစ်ကောင်စီ၏ အသုံးချခံနေရခြင်းဟု ကလလတ ဗဟို ကော်မတီမှ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် ရဲဘော်ထူးကော်အနေဖြင့် ရန်သူနှင့်ပူးပေါင်းပြီး အဖိနှိပ်ခံပြည်သူများ၊ တော်လှန် ရေးနှင့် မိခင်အဖွဲ့အစည်းဖြစ်သည့် ကလလတကို မဆန့်ကျင်မိစေရန်နှင့် ရန်သူ့အကြိုက် လိုက်လုပ်နေ သည့် လုပ်ရပ်များကိုရပ်တန့်စေလိုသည်ဟု သတိပေးထားသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကလလတ-ငြိမ်းချမ်းရေးအဖွဲ့(လွိုင်ကော်ခရိုင်)ဒုတိယဥက္ကဋ္ဌ ထူးကော်ထံမဇ္ဈိမမှ ဆက်သွယ်ရန်ကြိုးပမ်းနေသော်လည်း အဆက်အသွယ် မရရှိသေးပေ။
ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) (KNPLF) အဖွဲ့အစည်းတွင် ဗဟိုကော်မတီဝင် ၃၀ ဦးနှင့် အရံဗဟိုကော်မတီဝင် ငါးဦး စုစုပေါင်း ၃၅ ဦးရှိပြီး ရဲဘော်ထူးကော်သည် ကလလတ ဗဟိုကော်မတီဝင် ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သည်။
ကလလတ ကို နအဖ စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှစတင်ကာ နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖိအားပေးအသွင်ပြောင်းခံထားရကာ လက်ရှိတွင်မယ်စဲ့နှင့် ရွာသစ်မြို့ရှိ BGF အသွင်ပြောင်း ကလလတ တပ်ရင်းနှစ်ခုသည် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လျက်ရှိသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ကလလတ
#KNPLF
#BGF
#တော်လှန်ရေး
#ငြိမ်းချမ်းရေးအဖွဲ့
ဓါတ်ပုံ- ၂၀၂၀၊ ဇွန်လ ၂၆ ရက်နေ့၊ ကလလတ ၄၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှပုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🤣1
ဇူလိုင်လ (၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
00:59 − ကလေးမြို့နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းကို စစ်ကောင်စီ တပ်ကပိတ်ထားတဲ့ သတင်း
05:20 − လက်ပံတန်းရဲစခန်းတိုက်ခိုက်ခံရမှုအပြီး အရပ်သားဒေသခံ ၈ ဦးထက်မနည်း ဖမ်းဆီးခံရတဲ့သတင်း
07:09 − ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီ တပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်တဲ့သတင်းနဲ့
10:04 − တိုကျိုမြို့က အဆောက်အဦးမီးလောင်မှု လူ ၄ ဦးဒဏ်ရာရရှိသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/bKjo1-pluLA
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ (၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 − ကလေးမြို့နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းကို စစ်ကောင်စီ တပ်ကပိတ်ထားတဲ့ သတင်း
05:20 − လက်ပံတန်းရဲစခန်းတိုက်ခိုက်ခံရမှုအပြီး အရပ်သားဒေသခံ ၈ ဦးထက်မနည်း ဖမ်းဆီးခံရတဲ့သတင်း
07:09 − ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတခုကို…

👍7🔥2❤1
၀က်လက်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား
===================
007(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက် ထိခိုက်သေဆုံးမှုရှိသည်ဟု ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force) အဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ရွှေညောင်တော်ရွာနှင့် မင်းရွာတောင်ကြားတွင်ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သားနှစ်ဦးသေဆုံးပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရရှိသည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
“စစ်ကောင်စီတပ်သား အင်အား ၆၀ လောက်နဲ့တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ဘက်က ရဲဘော်သုံး ယောက် ကျည်ထိမှန်တယ်၊ မစိုးရိမ်ရတဲ့ဒဏ်ရာ ရသွားပါတယ်” ဟု ယင်းအဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဆိုပါတိုက်ပွဲတွင် ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force ဗိုလ်ကောက်ရိုး)အဖွဲ့၊ ရွှေဘို ခရိုင်တပ်ရင်း(၁၅)(တပ်ခွဲ ၃) Eagle ပြောက်ကျားတပ်ဖွဲ့၊ ရဲရဲတောက်လူငယ် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force ဗိုလ်ကောက်ရိုး)အဖွဲ့နှင့် မဟာမိတ်ပူးပေါင်း အဖွဲ့တို့သည် ယမန်နေ့ညနေ ၅ နာရီ ခွဲခန့်ကလည်း စစ်ကိုင်းမြို့နယ် ပဒူကျေးရွာရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါရဲစခန်းအတွင်း စခန်းချတပ်စွဲနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစော ထီးများကို ဒရုန်းဖြင့် ဗုံးသီး ၁၀လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ၉၀ မမ လက် နက်ကြီးနှင့် လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာပြန်လည်ပစ်ခတ်ခဲ့ကြောင်း မြေပြင်သတင်း ပေးပို့ချက်အရသိရသည်ဟု ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force ဗိုလ်ကောက် ရိုး)အဖွဲ့က ဆိုသည်။
“စစ်သား(စစ်ကောင်စီတပ်ဖွဲ့ဝင်)၊ ရဲနဲ့ ပျူစောထီးအများအပြား ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်” ဟု ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force ဗိုလ်ကောက်ရိုး)အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း(၁၅)(Eagle Guerrilla Force ဗိုလ်ကောက်ရိုး)တပ်ဖွဲ့၊ ကျောက် ဆည်ခရိုင်တပ်ရင်း(၁) (နဂါးနီ တပ်ရင်း)၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့ (လေသူရဲ ဒရုန်းတပ်ဖွဲ့)၊ မြင်းခြံခရိုင်တပ်ရင်း (၇)(Zero ပြောက်ကျားတပ်ဖွဲ့)၊ ဆားတောင်မိုး ကြိုးတပ်ဖွဲ့၊ GTR MMU နှင့် ဒေသခံတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
https://youtu.be/ljfjIke179Q
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဝက်လက်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား

007(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက် ထိခိုက်သေဆုံးမှုရှိသည်ဟု ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း…
👍16😁1
Business Round Up (4 July 2023)
=============
- ပြည်ပမှ အကူအညီများ မရသဖြင့် မဖြစ်မနေသုံးစွဲဖို့ လိုအပ်သည်များမှအပ ချွေတာသုံးစွဲကြဖို့ စစ်ခေါင်းဆောင်ပြော
- အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက်မည့် အမြန်လမ်းဖောက်လုပ်မှု (၇ဝ) ရာခိုင်နှုန်းပြီးစီး
- ရွှေနှင့် ဒေါ်လာဈေးကွက်မှ လုပ်ငန်းရှင်နှင့်စီးပွားရေးသမား ၁၀၀ ခန့် စစ်တပ်ကထပ်မံဖမ်းဆီး
- အိန္ဒိယ ပို့ကုန်ပဲဈေးများ ပြန်လည်မြင့်တတ်လာ
- ကမ္ဘာ့ဘဏ်က အင်ဒိုနီးရှားကို ချေးငွေ ကန်ဒေါ်လာ ၁.၄ ဘီလျံ ပေးအပ်
https://youtu.be/3WtUlnCsFv0
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=============
- ပြည်ပမှ အကူအညီများ မရသဖြင့် မဖြစ်မနေသုံးစွဲဖို့ လိုအပ်သည်များမှအပ ချွေတာသုံးစွဲကြဖို့ စစ်ခေါင်းဆောင်ပြော
- အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက်မည့် အမြန်လမ်းဖောက်လုပ်မှု (၇ဝ) ရာခိုင်နှုန်းပြီးစီး
- ရွှေနှင့် ဒေါ်လာဈေးကွက်မှ လုပ်ငန်းရှင်နှင့်စီးပွားရေးသမား ၁၀၀ ခန့် စစ်တပ်ကထပ်မံဖမ်းဆီး
- အိန္ဒိယ ပို့ကုန်ပဲဈေးများ ပြန်လည်မြင့်တတ်လာ
- ကမ္ဘာ့ဘဏ်က အင်ဒိုနီးရှားကို ချေးငွေ ကန်ဒေါ်လာ ၁.၄ ဘီလျံ ပေးအပ်
https://youtu.be/3WtUlnCsFv0
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (4 July 2023)
- ပြည်ပမှ အကူအညီများ မရသဖြင့် မဖြစ်မနေသုံးစွဲဖို့ လိုအပ်သည်များမှအပ ချွေတာသုံးစွဲကြဖို့ စစ်ခေါင်းဆောင်ပြော
- အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက်မည့် အမြန်လမ်းဖောက်လုပ်မှု (၇ဝ) ရာခိုင်နှုန်းပြီးစီး
- ရွှေနှင့် ဒေါ်လာဈေးကွက်မှ လုပ်ငန်းရှင်နှင့်စီးပွားရေးသမား…

👍5😁2
စစ်အာဏာရှင်ဆန့်ကျင့်ရေး ၈၃၄ ရက်မြောက် ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ်
=====================
ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇွန်လိုင်လ ၄ရက် ယနေ့တွင်ဆက်လက်ချီ တက်ခဲ့ကြသည်။
ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၃၄ ရက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လူထုစစ်ကြောင်းသည် စစ်အာဏာရှင်ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့ သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#ကျေးရွာပေါင်းစုံ
#သပိတ်စစ်ကြောင်း
http://www.mizzimaburmese.com/article/130400

❤12👍7🔥1