၀က်လက်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား
===================
007(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက် ထိခိုက်သေဆုံးမှုရှိသည်ဟု ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force) အဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ရွှေညောင်တော်ရွာနှင့် မင်းရွာတောင်ကြားတွင်ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သားနှစ်ဦးသေဆုံးပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရရှိသည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
“စစ်ကောင်စီတပ်သား အင်အား ၆၀ လောက်နဲ့တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ဘက်က ရဲဘော်သုံး ယောက် ကျည်ထိမှန်တယ်၊ မစိုးရိမ်ရတဲ့ဒဏ်ရာ ရသွားပါတယ်” ဟု ယင်းအဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဆိုပါတိုက်ပွဲတွင် ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force ဗိုလ်ကောက်ရိုး)အဖွဲ့၊ ရွှေဘို ခရိုင်တပ်ရင်း(၁၅)(တပ်ခွဲ ၃) Eagle ပြောက်ကျားတပ်ဖွဲ့၊ ရဲရဲတောက်လူငယ် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force ဗိုလ်ကောက်ရိုး)အဖွဲ့နှင့် မဟာမိတ်ပူးပေါင်း အဖွဲ့တို့သည် ယမန်နေ့ညနေ ၅ နာရီ ခွဲခန့်ကလည်း စစ်ကိုင်းမြို့နယ် ပဒူကျေးရွာရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါရဲစခန်းအတွင်း စခန်းချတပ်စွဲနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစော ထီးများကို ဒရုန်းဖြင့် ဗုံးသီး ၁၀လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ၉၀ မမ လက် နက်ကြီးနှင့် လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာပြန်လည်ပစ်ခတ်ခဲ့ကြောင်း မြေပြင်သတင်း ပေးပို့ချက်အရသိရသည်ဟု ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force ဗိုလ်ကောက် ရိုး)အဖွဲ့က ဆိုသည်။
“စစ်သား(စစ်ကောင်စီတပ်ဖွဲ့ဝင်)၊ ရဲနဲ့ ပျူစောထီးအများအပြား ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်” ဟု ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း (Eagle Guerrilla Force ဗိုလ်ကောက်ရိုး)အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း(၁၅)(Eagle Guerrilla Force ဗိုလ်ကောက်ရိုး)တပ်ဖွဲ့၊ ကျောက် ဆည်ခရိုင်တပ်ရင်း(၁) (နဂါးနီ တပ်ရင်း)၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့ (လေသူရဲ ဒရုန်းတပ်ဖွဲ့)၊ မြင်းခြံခရိုင်တပ်ရင်း (၇)(Zero ပြောက်ကျားတပ်ဖွဲ့)၊ ဆားတောင်မိုး ကြိုးတပ်ဖွဲ့၊ GTR MMU နှင့် ဒေသခံတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
https://youtu.be/ljfjIke179Q
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဝက်လက်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
၀က်လက်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား
007(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက် ထိခိုက်သေဆုံးမှုရှိသည်ဟု ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း…
👍16😁1
Business Round Up (4 July 2023)
=============
- ပြည်ပမှ အကူအညီများ မရသဖြင့် မဖြစ်မနေသုံးစွဲဖို့ လိုအပ်သည်များမှအပ ချွေတာသုံးစွဲကြဖို့ စစ်ခေါင်းဆောင်ပြော
- အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက်မည့် အမြန်လမ်းဖောက်လုပ်မှု (၇ဝ) ရာခိုင်နှုန်းပြီးစီး
- ရွှေနှင့် ဒေါ်လာဈေးကွက်မှ လုပ်ငန်းရှင်နှင့်စီးပွားရေးသမား ၁၀၀ ခန့် စစ်တပ်ကထပ်မံဖမ်းဆီး
- အိန္ဒိယ ပို့ကုန်ပဲဈေးများ ပြန်လည်မြင့်တတ်လာ
- ကမ္ဘာ့ဘဏ်က အင်ဒိုနီးရှားကို ချေးငွေ ကန်ဒေါ်လာ ၁.၄ ဘီလျံ ပေးအပ်
https://youtu.be/3WtUlnCsFv0
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=============
- ပြည်ပမှ အကူအညီများ မရသဖြင့် မဖြစ်မနေသုံးစွဲဖို့ လိုအပ်သည်များမှအပ ချွေတာသုံးစွဲကြဖို့ စစ်ခေါင်းဆောင်ပြော
- အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက်မည့် အမြန်လမ်းဖောက်လုပ်မှု (၇ဝ) ရာခိုင်နှုန်းပြီးစီး
- ရွှေနှင့် ဒေါ်လာဈေးကွက်မှ လုပ်ငန်းရှင်နှင့်စီးပွားရေးသမား ၁၀၀ ခန့် စစ်တပ်ကထပ်မံဖမ်းဆီး
- အိန္ဒိယ ပို့ကုန်ပဲဈေးများ ပြန်လည်မြင့်တတ်လာ
- ကမ္ဘာ့ဘဏ်က အင်ဒိုနီးရှားကို ချေးငွေ ကန်ဒေါ်လာ ၁.၄ ဘီလျံ ပေးအပ်
https://youtu.be/3WtUlnCsFv0
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (4 July 2023)
- ပြည်ပမှ အကူအညီများ မရသဖြင့် မဖြစ်မနေသုံးစွဲဖို့ လိုအပ်သည်များမှအပ ချွေတာသုံးစွဲကြဖို့ စစ်ခေါင်းဆောင်ပြော
- အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက်မည့် အမြန်လမ်းဖောက်လုပ်မှု (၇ဝ) ရာခိုင်နှုန်းပြီးစီး
- ရွှေနှင့် ဒေါ်လာဈေးကွက်မှ လုပ်ငန်းရှင်နှင့်စီးပွားရေးသမား…

👍5😁2
စစ်အာဏာရှင်ဆန့်ကျင့်ရေး ၈၃၄ ရက်မြောက် ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ်
=====================
ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇွန်လိုင်လ ၄ရက် ယနေ့တွင်ဆက်လက်ချီ တက်ခဲ့ကြသည်။
ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၃၄ ရက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လူထုစစ်ကြောင်းသည် စစ်အာဏာရှင်ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့ သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#ကျေးရွာပေါင်းစုံ
#သပိတ်စစ်ကြောင်း
http://www.mizzimaburmese.com/article/130400
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤12👍7🔥1
Media is too big
VIEW IN TELEGRAM
ပြည်ပမှ အကူအညီများ မရသဖြင့် မဖြစ်မနေသုံးစွဲဖို့ လိုအပ်သည်များမှအပ ချွေတာသုံးစွဲကြဖို့ စစ်ခေါင်းဆောင်ပြော
Watch more detail - https://www.youtube.com/watch?v=3WtUlnCsFv0
#businessroundup #reels #shorts

😁14👍4👏1
ဇူလိုင်လ ၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
========================
https://youtu.be/oosh3t4Cg4k
========================
https://youtu.be/oosh3t4Cg4k
YouTube
ဇူလိုင်လ ၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇူလိုင်လ ၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍7🔥1
Media is too big
VIEW IN TELEGRAM
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက်မည့် အမြန်လမ်းဖောက်လုပ်မှု (၇ဝ) ရာခိုင်နှုန်းပြီးစီး
Watch more detail - https://www.youtube.com/watch?v=3WtUlnCsFv0
#businessroundup #reels #shorts
Watch more detail - https://www.youtube.com/watch?v=3WtUlnCsFv0
#businessroundup #reels #shorts
👍2❤1😁1
Media is too big
VIEW IN TELEGRAM
ရွှေနှင့် ဒေါ်လာဈေးကွက်မှ လုပ်ငန်းရှင်နှင့်စီးပွားရေးသမား ၁၀၀ ခန့် စစ်တပ်ကထပ်မံဖမ်းဆီး
Watch more detail - https://www.youtube.com/watch?v=3WtUlnCsFv0
#businessroundup
#reels
#shorts

🤬8👍2🔥1
အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွင် တည်ငြိမ်ရေးခေါင်းစဉ်ဖြင့် စစ်ရေးအရ ဖိအားပေးမှုများ ပိုမိုပြုလုပ်လာနိုင်
====================
001
မဇ္စျိမ။ ။ စစ်ကောင်စီနှင့် အိန္ဒိယတို့၏ နယ်စပ်ဒေသအရေးကိစ္စ ဆွေးနွေးမှုနောက်ပိုင်း အိန္ဒိယ- မြန်မာနယ်စပ်ဒေသတွင် တည်ငြိမ်ရေးခေါင်းစဉ်ဖြင့် စစ်ရေးအရ ဖိအားပေးမှုများ ပိုမိုပြုလုပ်လာနိုင်ကြောင်း India for Myanmarအဖွဲ့နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က သုံးသပ်သည်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် Giridhar Aramane အနေဖြင့် မြန်မာနိုင်ငံသို့ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိလာရောက်ပြီး စစ်ကောင်စီခေါင်းဆောင်အပါအဝင် တာဝန်ရှိသူအချို့နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ကိစ္စများဆွေးနွေးခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆွေးနွေးမှုတွင် တစ်ဖက်နိုင်ငံအား အန္တရာယ်ဖြစ်စေမည့်လုပ်ရပ်များအတွက် သက်ဆိုင်ရာနိုင်ငံနယ်နိမိတ်များကို အသုံးချခွင့်မပြုရန် ထပ်မံ အတည်ပြုခဲ့ကြကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“သဘောတူညီချက်တွေကို အကြောင်းပြပြီး ဒီစစ်ကိုင်းတိုင်းနဲ့ အိန္ဒိယ ထိစပ်တဲ့နယ်မြေတွေ၊ နောက်ပြီးရင် ချင်းနဲ့ အိန္ဒိယ ထိစပ်တဲ့နယ်မြေတွေကို ပိုပြီးတော့မှ စစ်ဆင်မှုတွေ လုပ်လာနိုင်ချေတော့ရှိတယ်။ သို့သော် အတွင်းကျကျ ကျွန်တော်တို့ ပြောမယ်ဆိုရင် အိန္ဒိယဘက်က စကစကို တွေ့ဆုံဆွေးနွေးတယ်ဆိုတာ သူ့ဘက်က စိတ်ဝင်စားမှုတချို့ကိုပဲ ပိုပြီးတော့မှ ဦးစားပေးနိုင်ချေများပါတယ်။ ဒါပေမဲ့ ဒီဟာနည်းနည်း ကျွန်တော်တို့အတွက် အန္တရာယ်ရှိတာ သတိထားရမှာကတော့ ဒီအိန္ဒိယက ဆွေးနွေးချက်တွေကို စကစက အခွင့်ကောင်းယူပြီးတော့မှ ထိုးစစ်တွေပြင်းထန်လာချေရှိတာတော့ သေချာတယ်”ဟု India for Myanmarအဖွဲ့ တာဝန်ခံ ဆလိုင်းဒိုခါရ်က ပြောသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှာ နှစ်ဖက် သက်ဆိုင်ရာအာဏာပိုင်များကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသည့်နေရာဖြစ်ပြီး အိန္ဒိယနှင့် မြန်မာစစ်တပ်အကြား အဆိုပါ လက်နက်ကိုင်တိုက်ခိုက်နေသည့်အဖွဲ့များကို နှိမ်နင်းရန် သဘောတူထားချက် ယခင်ကတည်းကရှိပြီး အပြန်အလှန်ပူးပေါင်းစစ်ဆင်မှုများလည်းရှိခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ထိုင်းအစိုးရ
#မြန်မာ့အရေး #စစ်ကောင်စီ
#အိန္ဒိယ #နယ်စပ်ဒေသ
#အလွတ်သဘော
#ဆွေးနွေးပွဲ
Photo/ AFP

👍6🤬3❤2😁1
Media is too big
VIEW IN TELEGRAM
အိန္ဒိယ ပို့ကုန်ပဲဈေးများ ပြန်လည်မြင့်တတ်လာ
Watch more detail - https://www.youtube.com/watch?v=3WtUlnCsFv0
#businessroundup
#reels
#shorts
Watch more detail - https://www.youtube.com/watch?v=3WtUlnCsFv0
#businessroundup
#reels
#shorts
👏3🔥2
ရန်ကုန်မြို့ရှိ နိုက်ကလပ်နှင့်ဘားများ ယာယီပိတ်ကြောင်း ထုတ်ပြန်ထားကြ
====================
ကီရာ
(မဇ္ဈိမ)။ ။ရန်ကုန်မြို့ရှိ နိုက်ကလပ်နှင့်ဘားများကို ယာယီပိတ်ထားကြောင်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဇူလိုင်လ ၃ ရက်နေ့က ရေးသားထားသည်ကို တွေ့ရသည်။
မည်သည့် အချိန်ထိ ပိတ်ထားမည်ဟု ရေးသားထားခြင်းမရှိဘဲ ယာယီပိတ်ထားမည့်အကြောင်းနှင့် အချို့ ကလပ်များမှာ ဆိုင်အတွင်း ပြင်ဆင်မှုများလုပ်ဆောင်ရန် ယာယီပိတ်ထားမည်ဖြစ်သည်ဟု ရေးသားထား ကြသည်ကိုလည်း တွေ့ရသည်။
ရန်ကုန်ရှိ ပိုင်အိုနီးယားကလပ်က “ဒီနေ့ ဆိုင်ကို ယာယီပိတ်ပါတယ်။ ပြန်ဖွင့်မယ့်အကြောင်း page မှာ ကြေညာပေးသွားပါမယ်” ဟု လည်းကောင်း၊ Vuvuzela Bar@ Beer က “ဆိုင်အတွင်း ပြင်ဆင်မှုများ လုပ်နေပါသဖြင့် ဆိုင်ခေတ္တပိတ်ထားမည့်အကြောင်း အကြောင်းကြားအပ်ပါသည်”ဟု လည်းကောင်း ရေးသားထားကြသည်ကို တွေ့ရသည်။
ယင်းသို့ ဘားနှင့် ကလပ်များ ယာယီပိတ်ထားခြင်းနှင့်ပတ်သက်၍ ရန်ကုန်ရှိ နိုက်ကလပ်နှင့် ဘားများသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အချို့ဆိုင်များက ဖုန်းလိုင်းများဖြတ်တောက်ထားကြပြီး အချို့ဆိုင်များမှာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ပြီးခဲ့သည့်လပိုင်းက ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ Honey Nest ဘားအား စစ်ကောင်စီတပ်ဖွဲ့က ဝင် ရောက်စစ်ဆေးခဲ့ပြီးနောက် ယနေ့အထိ အဆိုပါဘားသည်လည်း ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးဘဲ ယာယီ ပိတ်ထားကြောင်း ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။
ရန်ကုန်ရှိ နိုက်ကလပ်နှင့် ဘားများသည် ပုံမှန် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ဖွင့်လှစ်သော်လည်း Honey Nest ဘား ဝင်ရောက်စစ်ဆေးခံရပြီးနောက် ညနေ ၅ နာရီ မှ ည ၁၁ အထိဟု အချိန်ပြောင်းလဲ သတ်မှတ်ထားသည်ကိုလည်း တွေ့ရသည်။
နိုက်ကလပ်နှင့် ဘားများက ဆိုင်ဖွင့်ချိန်ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း သီးသန့်အခန်းများ စီစဉ်ပေးရ သူများ ပိုမိုများပြားလာသည်ဟု ဆိုသည်။
အဆိုပါ သီးသန့်အခန်းများသည် ည ၁၁ နာရီခွဲမှ နံနက် ၄ နာရီထိ၊ နံနက် ၄ နာရီခွဲမှ နံနက် ၇ နာရီအထိ နှင့် နံနက် ၇ နာရီခွဲမှ နံနက် ၁၀ နာရီအထိ အချိန်အမျိုးမျိုးရှိပြီး After Party ၊ After to After ၊ သီးသန့် အခန်းများ သို့မဟုတ် Day Club ဟူ၍ ပုံစံအမျိုးမျိုး ခေါ်ဝေါ်ကြသည်ကိုလည်း တွေ့ရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်တိုင်း
#NightClub
#Bar
#စစ်ကောင်စီ
Photo - AFP

👍16❤1👏1
This media is not supported in your browser
VIEW IN TELEGRAM
ကမ္ဘာ့ဘဏ်က အင်ဒိုနီးရှားကို ချေးငွေ ကန်ဒေါ်လာ ၁.၄ ဘီလျံ ပေးအပ်
Watch more detail - https://www.youtube.com/watch?v=3WtUlnCsFv0
#businessroundup
#reels
#shorts
Watch more detail - https://www.youtube.com/watch?v=3WtUlnCsFv0
#businessroundup
#reels
#shorts
👍3😁2
ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်ရေယာဉ်များ တိုက်ခိုက်ခံရ
==================
ပါခွီး (မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းမှ ဆန်တက်လာသည့် စစ်ကောင်စီတပ် ရေယာဉ်ကို တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) က ဇူလိုင်လ ၄ရက် ယနေ့တွင် ထုတ်ပြန်သည်။
မုံရွာမြို့နယ်အတွင်း ဇူလိုင်လ ၃ရက် ည ၇နာရီ ၄၅မိနစ်အချိန်တွင် မိုးသည်းထန်သည့်ကြားမှ စစ်ကောင်စီတပ်ရေယာဉ်ကို ပြောင်းတိုက်ကြီး( တစ်ဖက်ပွင့်ပြောင်းအတွင်းသို့ ယမ်းနှင့် သံတိုသံစများထည့်ပြီး လျော့တိုက်ပစ်ခတ်ရသော လက်နက်မျိုး)၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“စပိဘုတ်နဲ့ ဖလက်ခွန်ကို ပြောင်းတိုက်ရော လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာပါ ၊ မိုးသည်းနေတဲ့အတွက် သေဆုံးဒဏ်ရာတာတော့ မသိရပါဘူး” ဟု CAF ပြန်ကြားရေး တာဝန်ခံကပြောသည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ စက်သေနတ်ကြီး ၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂ )၊ (၃ )၊ (၄) ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ (Chindwin Attack Force) တပ်ရင်း(၄) တပ်ခွဲ (၄) 5/Teacher People Defense Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့ ဇူလိုင် ၃ရက်နေ့တွင်ပင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) မှ ပေါင်းဝကျေးရွာသို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ရေယာဉ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ဆားလင်းကြီးမြို့နယ်အတွင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါရေယာဉ်ကို ပြောင်းတိုက်များ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ရာ မော်တော်၏ အင်ဂျင်ပျက်စီးသွားကြောင်းနှင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ် ရာရရှိသွားကြောင်းသိရပြီး အရေအတွက်ကိုမူ သိရှိရခြင်းမရှိကြောင်း ဆိုသည်။
ယင်းတိုက်ခိုက်မှုကို Chindwin Fighter Group (CFG) ၊မုံရွာခရိုင်တပ်ရင်း (၁၀) FRF ၊ Brave Heart Army (BHA) ၊ မုံရွာခရိုင်တပ်ရင်း (၉) တပ်ခွဲ (၃) နှင့် ဗန္ဓုလနှင့် အဖွဲ့ သားများက ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိကြောင်း သိရသည်။
ဇွန်လ ၂၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းပျူစောထီးရွာကို ရိက္ခာနှင့် ခဲယမ်းပို့ဆောင်မည့် စစ်ကောင်စီတပ်မော်တော်ယာဉ် သုံးစီးကို မုံရွာခရိုင်တပ်ရင်း အမှတ်(၁၂) တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ၊ မုံရွာ ခရိုင် တပ်ရင်း အမှတ် (၁၂) ငမိုးရိပ် စစ်ကောင်း နှင့် မုံရွာခရိုင် တပ်ရင်း အမှတ်(၁၂)၊ တပ်ခွဲ(၄) မီးတောက် တပ်ခွဲနှင့် ရန်ရှင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး မော်တော်တစ်စင်းနစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။
https://youtu.be/aCUgc9rblcY
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ချင်းတွင်းမြစ်ကြောင်း
#စစ်ကောင်စီတပ်
#ရေယာဉ်
#ချောင်းဦးမြို့နယ်

မုံရွာမြို့နယ်အတွင်း…
မုံရွာမြို့နယ်အတွင်း…
👍11👏3😁2
တရုတ်အကျိုးစီးပွားကို မြန်မာစစ်တပ်က ကာကွယ်ရင်း ကြီးထွားလာသော မြေမြုပ်မိုင်းအန္တရာယ်
========================
ဇွန်အစောပိုင်းက နိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းတွင် ဒီမိုကရေစီလိုလားသော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ စစ်တပ်တို့ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားချိန် မြေအောက်၌ အထူးသဖြင့် တရုတ်က လုပ်ကိုင်နေသည့် ကြေးနီတူးဖော်ရေးလုပ်ငန်းများ ပတ်လည်ရှိ ပုန်းလျှိုးနေသော အန္တရာယ်နှင့် ပတ်သက်ကာ စိုးရိမ်ပူပန်မှုများ ကြီးထွားလာရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
ဇွန်အစောပိုင်းက နိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းတွင် ဒီမိုကရေစီလိုလားသော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ စစ်တပ်တို့ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားချိန် မြေအောက်၌ အထူးသဖြင့် တရုတ်က လုပ်ကိုင်နေသည့် ကြေးနီတူးဖော်ရေးလုပ်ငန်းများ ပတ်လည်ရှိ ပုန်းလျှိုးနေသော အန္တရာယ်နှင့် ပတ်သက်ကာ စိုးရိမ်ပူပန်မှုများ ကြီးထွားလာရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7❤2🔥2👍1
ကျိုက်မရောတွင် စစ်ကောင်စီပစ်မှတ် ၂နေရာ တိုက်ခိုက်ခံရပြီး ရဲ ၅ဉီးသေဆုံးဟုဆို
=========================
YT (မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ရဲငါးဦးသေဆုံးစေသည့် တိုက်ခိုက်မှုခံရပြီးနောက် စစ်ကောင်စီက ပတ်ဝန်းကျင်အား ပစ်ခတ်ရာ အငြိမ်းစားဗိုလ်မှူးတစ်ဦး၏ သားဖြစ်သူ သေနတ်ကျည်ထိမှန်သေဆုံးသွားကြောင်း Saw Dragon Drone Forceက သတင်းထုတ်ပြန်သည်။
ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာရဲစခန်းနှင့် ချောင်းနှစ်ခွတံတားအနီးရှိ စစ်ကောင်စီဂိတ်စခန်းကို Saw Dragon Drone Forceနှင့် Lion Battalion Commando - ဗျူဟာစစ်ကြောင်း၊ တပ်ခွဲ- ၄ ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၂ရက် နေ့လည်တွင် ဒရုန်းဖြင့် ဗုံးသုံးလုံးချ၍ တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
ထိုတိုက်ခိုက်မှုတွင် ရဲငါးဦး သေဆုံးခဲ့ပြီး ချောင်းနှစ်ခွတံတားပေါ်မှ စစ်ကောင်စီတပ်ဖွဲ့က စနိုက်ပါဖြင့်ပစ်ခတ်သောကြောင့် အငြိမ်းစားဗိုလ်မှူးတစ်ဦး၏ သားဖြစ်သူ စနိုက်ပါကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း Saw Dragon Drone Force က သတင်းထုတ်ပြန်သည်။
" စနိုက်ပါနဲ့ ပစ်တာကတော့ တံတားပေါ်က စစ်ကောင်စီတပ်ကပဲပစ်တာပါ။ ဗိုလ်မှူးသားဆိုတာကတော့ ကျွန်တော်တို့ မြေပြင်ကလူတွေဆီကို အဲ့နေ့ကတည်းကသတင်းရောက်လာတာဗျ" ဟု Saw Dragon Drone Force တာဝန်ရှိသူတစ်ဦးကမဇ္ဈိမကိုပြောသည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကျိုက်မရောမြို့၊ ရပ်ကွက်(၂)မှ အငြိမ်းစားဗိုလ်မှူးဌေးအောင်၏ သား ကိုငြိမ်းချမ်းအောင်သည် ရင်ဘတ်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။
" ငြိမ်းချမ်းအောင်က ဆိုင်ကယ်နဲ့လာတာ။ စစ်တပ်က ရမ်းသမ်းပစ်တာ။ အချက်ပေါင်းမနည်းဘူး။ သူ့(ငြိမ်းချမ်းအောင်)ကို ထိသွားတာ" ဟု ကျိုက်မရောမြို့ခံတစ်ဦးကပြောသည်။
ကိုငြိမ်းချမ်းအောင်၏ နာရေးကို ကျိုက်မရောမြို့တွင် ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းသည် ခြောက်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်းချောင်းနှစ်ခွကျေးရွာရဲစခန်းအား ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO)တပ်ရင်း (၆)၊Alpha Bats Fixed Wings Drone တပ်ဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင်လည်း ရဲလေးဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်သည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရသေးပေ။
https://youtu.be/OjoB_P8CHMU
စာတည်း - မောင်ကြီး
#mizzima
#ကျိုက်မရောမြို့နယ်
#စစ်ကောင်စီစခန်းနှစ်ခုတိုက်ခိုက်မှု
#အငြိမ်းစားဗိုလ်မှူး၏သား
#သေဆုံး

ကျိုက်မရောတွင် စစ်ကောင်စီပစ်မှတ် ၂နေရာ တိုက်ခိုက်ခံရပြီး ရဲ ၅ဉီးသေဆုံးဟုဆို၊စစ်ကောင်စီ၏ တန်ပြန်ပစ်ခတ်မှုကြောင့် ဗိုလ်မှူး (ငြိမ်း)၏ သားသေဆုံး
YT (မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ရဲငါးဦးသေဆုံးစေသည့် တိုက်ခိုက်မှုခံရပြီးနောက် စစ်ကောင်စီက…

👍12👏3🥴1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ ဇူလိုင် ၂၀၂၃)
======================
တိုင်းပြည်ကို မီးမှန်အောင်မလုပ်နိုင်ဘဲ တရုတ်လျှပ်စစ်ကားသွင်းရန် စီစဉ်နေခြင်းသည် မယောင်ရာဆီလူး သည်ဟု ဆိုရမည်ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
တိုင်းပြည်ကို မီးမှန်အောင်မလုပ်နိုင်ဘဲ တရုတ်လျှပ်စစ်ကားသွင်းရန် စီစဉ်နေခြင်းသည် မယောင်ရာဆီလူး သည်ဟု ဆိုရမည်ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤2😁1
ကျိုက်ထိုတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိ
===================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ဇူလိုင်လ ၃ ရက်နေ့၊ နံနက် ၁၀ နာရီခွဲခန့်တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် စက္ကူစက်အနီးရှိ စစ်ကောင်စီဂိတ်စခန်းအား Soul Takers- Yangon Underground Force အဖွဲ့က ကားအသုံးပြု၍ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
" ကင်းပုန်းတွေ ထပ်တိုးထားတယ်၊ ပုံမှန်ထက် အများကြီး ပိုများနေတယ်၊ ပျူစောထီး မြင့်ဇော်ဆိုတဲ့ တစ်ယောက်ကျတာသေချာပါတယ်။ ယူနီဖောင်းနဲ့တစ်ယောက်လည်း ကျတာ တွေ့ပေမယ့် နာမည်၊ ရာထူး အတည်မပြုနိုင်သေးပါ။ တိုက်ပွဲအသေးစားလိုမျိုး နှစ်ဖက်ပစ်ခတ်ပြီး ပြန်ဆုတ်ခဲ့ရတာမို့ အထိခိုက်အပျက်စီးအတည်မပြုနိုင်သေးတာခင်ဗျ" ဟု Soul Takers- Yangon Underground Force မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း Soul Takers- Yangon Underground Force အဖွဲ့ အသုံးပြုလာသော ကားသည် ကျည်ထိမှန်ဒဏ်ရာများဖြင့် မောင်းနှင်မရတော့သောကြောင့် နေရာ၌ပင်ထားခဲ့ရကြောင်း ဆိုသည်။
ဇူလိုင်လ ၃ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်တွင်လည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ခိုင်ရွှေစိမ်း ကျွဲကောခြံအနီး လုံခြုံရေးယူနေသည့် သိမ်ဇရပ်အခြေစိုက် ခမရ (၂၀၇) မှ တပ်သား ၂၅ ဦးလိုက်ပါလာသော စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၁) KNLA သတင်းရင်းမြစ်ထံက သိရသည်။
" သူတို့က စစ်ကောင်စီ ယာဉ်တန်းလာမယ့်လမ်းမှာ လုံခြုံရေးယူလာစောင့်တဲ့သဘောပေါ့။ အဲ့ဒီအဖွဲ့ကို ဒီဘက်ကနေ သွားတိုက်တာ။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိဘူး၊ သူတို့ဘက်က သုံးယောက်ကျတယ်လို့ အရင်ဆုံးသိထားရတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ် အတုံးအရုံးပဲ" ဟု အဆိုပါသတင်းရင်းမြစ်က မဇ္ဈိမသို့ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းဘက်မှ သုံးဦးသေဆုံးခဲ့ပြီး တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက် မရှိကြကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေအတွင်း တည်ရှိပြီး စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ကျိုက်ထိုမြို့နယ်
#KNU/KNLA
#တိုက်ပွဲ
#PDF

👍15❤2😁2
ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရာနှင့်ချီသော Non CDM ပညာရေးဝန်ထမ်းများကို အမည်ပျက်စာရင်း ကြေညာ
====================
ကိုခင်မောင်
(မဇ္စျိမ)။ ။ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ပညာရေးဌာနမှ Non CDM ဝန်ထမ်း စုစုပေါင်း ၃၂၂ ဦးကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် အမည်ပျက် စာရင်း ကြေညာလိုက်သည်။
၎င်းတို့သည် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမည်ပျက်ဝန်ထမ်း များအဖြစ် ကြေညာလိုက်ခြင်းကြောင်း ဆိုသည်။
အမည်ပျက်စာရင်း ကြေညာခံရသူများကို CDF ဂိတ်ဖြတ်သန်းခွင့်အတွက် စိစစ်လုပ်ဆောင်သွားမည်ဟု ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက မဇ္စျိမကို ပြောသည်။
“အမည်ပျက်ကြေညာခံရတဲ့သူတွေကို CDF ဂိတ်ဖြတ်သန်းခွင့် စိစစ်လုပ်ဆောင်သွားပါမယ်။ မြေပြင်မှာ CDM ဝင်တယ်ပြောပြီး လစာခိုးထုတ်နေမှုတွေရှိနေ တာကြောင့်ဖြစ်ပါတယ်။ စာရင်းမှာမပါဝင်တဲ့ CDM ပညာရေးဝန်ထမ်းတွေအားလုံးဟာ ကိုယ်ပိုင်ခံယူချက်ဖြင့် ခံဝန်ကတိရေးထိုးထားသူတွေ ဖြစ်ပါတယ်” ဟု ကန်ပက်လက်မြို့နယ် ပ.အ.ဖအဖွဲ့မှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက မဇ္စျိမကို ပြောသည်။
ယခုအမည်ပျက်စာရင်းထုတ်ပြန်လိုက်သော Non CDMers များသည် စစ်ကောင်စီ၏ ယန္တရားကို လည် ပတ်စေပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများအား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း နှောင့်ယှက်မှုများ ပြုလုပ်နေကြခြင်းကြောင့်ဟု ဆိုသည်။
“အခုထုတ်ပြန်လိုက်တဲ့ NCDM အများစုက အိမ်မှာနေပြီး လစာထုတ်စားနေတဲ့သူတွေပါ။ တချို့က ဝိုင်း ကျူရှင်တွေဖွင့်ပြီး စာသင်နေတာတွေရှိပါတယ်၊ မလုပ်ဖို့တားတယ်၊ ဒီလူတွေအားလုံးသိဖို့နဲ့ CDM မဝင်သူ တွေရဲ့ စာရင်း တိကျစေချင်လို့ ထုတ်ပြန်လိုက်တာပါ” ဟု ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။
Non-CDM စာရင်းတွင် ပါဝင်သွားသော CDM ဝန်ထမ်းများရှိပါကလည်း ခိုင်လုံသော အထောက်အထား ဖြင့် CDM/ Non- CDM စုံစမ်းစစ်ဆေးရေး ကော်မတီထံသို့ အယူခံဝင်ခွင့်ရှိသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ကန်ပက်လက်မြို့နယ်တွင် မြို့ပေါ်အထက်တန်းကျောင်းနှင့် ကျင်ဒွေးမြို့ရှိ အခြေခံ ပညာအထက်တန်းကျောင်း စသည့် စာသင်ကျောင်းနှစ်ခုသာ ဖွင့်လှစ်နိုင်ခဲ့သည်။
ကန်ပက်လက်မြို့နယ်ရှိ အခြားသော စာသင်ကျောင်းအားလုံးနီးပါးတွင် တော်လှန်ရေးအင်အားစု မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဘုတ်အဖွဲ့များမှပူပေါင်းကာ စာသင်ကြားပေးလျက်ရှိပြီး စာရေး ကိရိယာများ လိုအပ်လျက်ရှိကြောင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကပြောသည်။
အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းသော ကန်ပက်လက်မြို့နယ်၊ ဌာနဆိုင်ရာ အသီးသီးမှ Non-CDM များကိုလည်း အမည်ပျက်စာရင်းတွင် ထည့်သွင်းကာ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့က ပြောသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ကန်ပက်လက်
#CDF
#CDM
#Mizzima

👍15👏3🤮1