Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရန်ကုန်မြို့ ခရိုင် ၄ ခုတွင် မြို့ပြပြောက်ကျားများ ဗုံး ၁၂ လုံး ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိ
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင် လေးခုတွင်ရှိသော စစ်ကောင်စီတပ်စခန်း၊ ဦးစီးဌာနများနှင့် စစ်ဆေးရေးနေရာများအား ယမန်နေ့ ဇွန်လ ၄ ရက်နေ့ညတွင် မြို့ပြပြောက်ကျားများက ဗုံး ၁၂ လုံး ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း သိရသည်။
"သန်လျင် ထိခိုက်မှုရှိတယ်၊ အရေအတွက်သေချာမသိရသေးဘူး။ လှိုင်သာယာကတော့ ဗုံးရှင်းတဲ့စစ်သား နှစ်ယောက်ထိသွားတာ။ လူနာတင်ကားနဲ့သယ်သွားတာ မြင်လိုက်တယ်။ အသံတွေကတော့ တစ်မြို့လုံးကိုသောသောညံပါပဲ ၊ စစ်ကားတွေလည်း တောက်လျှောက်ပတ်နေတာ ညတောင်အိပ်ကြရဲ့လားမသိဘူး။" ဟူ၍ ‌ရန်ကုန်မြို့ရှိ မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမ ကို ပြောသည်။

တိုက်ခိုက်ခံရသည့်နေရာများမှာ ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တရားရုံး ၊ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်း၊ ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြိုနယ် ဗိုလ်ချုပ်ကျေးရွာနှင့်အောင်ချမ်းသာအစပ်ကြား တပင်ရွှေထီးလမ်းမတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများမှ ပြည်သူများစီးနင်းသောဆိုင်ကယ်များကို မတရားစစ်ဆေးနေသည့် နေရာအနီးတို့ဖြစ်ကြောင်း Freeland Attack Force(FLA) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ ညပိုင်းတိုက်ခိုက်မှုများအား Anonymous Fighters Force -AFF မှ ဦးဆောင်ကာ Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊ Emerald Girls Army - EGA ၊ Rangoon Urban Force တို့မှ ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မစ်ရှင်များအာ ညဦးပိုင်း ၈ နာရီကျော်မှ ည ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်ထိ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုပြုလုပ်သည့်ရဲဘော်များမှာ ပစ်မှတ်မြို့နယ်များမှ ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ကြောင်း သိရသည်။

ဇွန်လ ၁၈ ရက်နေ့ကလည်း ယမန်နေ့က တိုက်ခိုက်မှုပြုလုပ်ခဲ့သော မြို့ပြပြောက်ကျားအဖွဲ့များမှ လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်၊ တပ်ထိပ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၃၂)တပ်ရင်း ၊ ဒေါပုံမြို့နယ်၊ အရှေ့ပိုင်းခရိုင်တရားဥပဒေရုံးနှင့် မြောက်ဒဂုံမြို့နယ် (၄၈) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယလှသောင်းလမ်းထောင့်ရှိ ထားဝယ်ချောင်ရဲစခန်း တို့ကို ဗုံး ကိုးလုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရန်ကုန်မြို့
#ခရိုင်
#မြို့ပြပြောက်ကျား
#ဖောက်ခွဲတိုက်ခိုက်
http://www.mizzimaburmese.com/article/130434
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏5🥴2❤1
ဇူလိုင်လ (၅)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

-လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ဗြိတိန်က အလေးပေးဆွေးနွေးမယ်ဆိုတဲ့သတင်း

-ဇူလိုင်ပထမပတ်အတွင်း ရန်ကုန်မှာ လူငယ် အယောက် ၂၀ ကျော် ဖမ်းဆီးခံရတဲ့သတင်း

-မအူပင်မြို့မှာ စစ်ကောင်စီတပ်အရာရှိချင်း ပစ်ခတ်မှု ၂ဦးလုံးသေဆုံးတဲ့သတင်း

-မြန်မာကို စစ်လက်နက်မပို့ကြောင်း စင်ကာပူ ထပ်မံ ငြင်းဆိုတဲ့သတင်းအပါအဝင်
တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/pXNLRFfaZ0Q

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁2
Media is too big
VIEW IN TELEGRAM
မြန်မာကို စစ်လက်နက်မပို့ကြောင်း စင်ကာပူ ထပ်မံ ငြင်းဆို

Watch more detail -
https://buff.ly/3NZ73bk

#စစ်လက်နက် #မြန်မာ #စင်ကာပူ #VideoNews #shorts #reels
😁8👍6❤1🔥1🥰1
မြန်မာကို စစ်လက်နက်မပို့ကြောင်း စင်ကာပူ ထပ်မံ ငြင်းဆို
====================

စစ်ကောင်စီအတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်းများ ပေးပို့ရာမှာ စင်ကာပူအခြေစိုက် ကုမ္ပဏီ ၉၁ ခု ပါဝင်ပတ်သတ်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံ ငြင်းဆိုလိုက်ပါတယ်။
စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေ ဆင်းရဲဒုက္ခကြုံနေရတဲ့ အခြေအနေ ပိုမဆိုးစေချင်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလုပ်တာကို ပိတ်ပင်မထားပေမယ့် အရပ်သားပြည်သူတွေကို ထိခိုက်နစ်နာအောင်လုပ်ဖို့ လက်နက်အဖြစ် အသုံးပြုနိုင်တဲ့ ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံကို ရောင်းချမှုကိုတော့ ပိတ်ပင်ထားတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာ ခရစ်ရှ်နန်က ဇူလိုင် ၃ ရက်နေ့မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews ရဲ့ မေလ ၁၇ ရက်နေ့ အစီရင်ခံစာမှာ တိုက်လေယာဉ်အများစုအပါအဝင် ဒေါ်လာ သန်း ၁,၀၀၀ ထက်မနည်း တန်ဖိုးရှိ လက်နက်နဲ့ ဆက်စပ်ပစ္စည်းများ စစ်ကောင်စီ ဝယ်ယူရာမှာ စင်ကာပူအခြေစိုက် ကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်နေကြောင်း ဖော်ပြခဲ့ပါတယ်။

https://youtu.be/POyPNeipxVQ

#politicalnews News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁10👍4👏1🤮1
ကနီမြို့နယ်ရှိ အလယ်ကျွန်းပျူရွာကို ဒရုန်းလေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်
======================

လွှမ်းမိုး (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ၊ အလယ်ကျွန်း (ရေလယ်ကျွန်း) ပျူရွာကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ ဒရုန်းလေယာဉ်များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ထံက သိရသည်။

ဇူလိုင်လ ၄ ရက် ညနေ ၄ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ပျူစောထီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

“ မောင်းသူမဲ့ ဒရုန်းလေယာဉ်ကို အသုံးပြုပြီး 1kg ဗုံးသီး သုံးလုံးချ ပြီးတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ဗိုလ်နေတဲ့ အိမ်နှင့် ပျူစောထီးခေါင်းဆောင်နေတဲ့ အိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။ အတွင်းသတင်းပေးအရ ပျူစောထီး နှစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ထိုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ (ကျောက်လုံးကြီး) အဖွဲ့က ပြုလုပ်ခဲ့ပြီး PDF ရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြောသည်။

ဇွန်လ ၂၅ ရက်နေ့ကလည်း ကျောက်လုံးကြီးတပ်ဖွဲ့ (KLG PDF) မှ မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ပျူရွာကို မောင်းသူမဲ့ဒရုန်းလေယာဉ်များအသုံးပြု၍ ဗုံးသီးချ တိုက်ခိုက်ခိုက်ခဲ့သေးသည်။

လက်ရှိတွင် KLG PDF အနေဖြင့် မောင်းသူမဲ့ဒရုန်းလေယာဉ်များ ဆက်လက်ထုတ်လုပ်နိုင်ရန်အတွက် ငွေကြေးအခက်အခဲများရှိနေ၍ ပါဝင်ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

https://youtu.be/bFUGrTqT1CI

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကနီမြို့နယ်
#ကျောက်လုံးကြီး
#KLG_PDF
#ဒရုန်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤10👏5👍4😁2
Media is too big
VIEW IN TELEGRAM
ခြိမ်းခြောက်ခံနေရတဲ့ ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေကို ထောက်ခံကြောင်း ဩစတြေးလျပြော
=====================

#Shorts #Reels #International #MizzimaTV
👍9🔥1😁1
စစ်ရေးအရှိန်မြှင့်မည့် ပဲခူးရိုးမပေါ် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ ၂ ဦးသေပြီး ၅ ဦး ဒဏ်ရာရ
=====================

ရွှေနွယ်(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ရိုးမပေါ်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၃ ရက်နေ့ တစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် သားနှစ်ဦး သေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း PDF တပ်ရင်း (၃၆၀၁) ၏ သတင်းထောက်လှမ်းရေးနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ပေါင်းတည်မြို့နယ် တောင်ခမောက်ရွာနှင့် သစ်ပုတ်တာဝါတိုင်ကုန်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ နှစ်ဖွဲ့ပေါင်းကာ အင်အား ၅၇ ဦးဖြင့် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ကြိမ် ညနေ ၅ နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"နှစ်ကြိမ်က ဒီဘက်ကပဲ ပစ်ခတ်တာပါ။ တစ်ကြိမ်မှာတော့ ငါးမိနစ်လောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပါတယ်။ လာတော့ ၅၇ ယောက်၊ အပြန်မှာ အထမ်းထဲက ၅ ယောက်နဲ့ပါပေါင်းမှ ၅၅ ပဲတွေ့တယ်။ ပစ်ခတ်စဉ်ကလည်း ထောက်လှမ်းထားတာအရဆိုရင်၂ ဦးသေဆုံးပါ " ဟု PDF တပ်ရင်း (၃၆၀၁) ၏ သတင်းထောက်လှမ်းရေးနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

တိုက်ခိုက်မှု သုံးကြိမ်အတွင်း နံနက် ၇ နာရီ ၄၀ မိနစ်ခန့်ကတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရသွားခြင်း ဖြစ်ကြောင်း တပ်ရင်းတာဝန်ရှိသူက အတည်ပြုသည်။

မွန်းတည့် ၁၂ နာရီတွင် လက်လုပ် M79 ဖြင့် လေးချက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး ပြင်းထန်ဒဏ်ရာရပြီး ညနေ ၅ နာရီခွဲပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား တစ်ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ပစ်ခတ်မှုအား ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁) တပ်ရင်း တပ်ခွဲ(၂) Sinperတပ်အဖွဲ့နှင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၃၆၀၁) တပ်ရင်းအဖွဲ့ (၂) လင်းယုန်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(၃၆၀၂)တပ်ရင်းအဖွဲ့(၁) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းအတွင်းတွင် ယခုလပိုင်းမှ စတင်ကာ စစ်ရေးအရှိန်မြှင့်တင်တော့မည် ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားပြီးနောက် ပဲခူးတိုင်းအရှေ့ခြမ်း မြို့နယ်များတွင်လည်း စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

လက်ရှိမှာ ကျောက်တံခါးမြို့၊ ကျောက်ကြီးမြို့၊ ရေတာရှည်မြို့နှင့် ညောင်လေးပင်မြို့တို့၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိသကဲ့သို့ ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

"လမ်းများအားလုံးနေပြည်တော်သို့" စစ်ဆင်ရေးအဖြစ် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တွင် စစ်ရေးအရှိန်မြှင့်တော့မည်ဖြစ်ကြောင်း NUG က ဇူလိုင်လ ၁ ရက်က ထုတ်ပြန်ထားသည်။

https://youtu.be/b0aDH1IyM5Q

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ပဲခူးရိုးမ
#စစ်ကောင်စီတပ်စစ်ကြောင်း
#တိုက်ပွဲဖြစ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14👏2😁1🤣1
This media is not supported in your browser
VIEW IN TELEGRAM
ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေကို ဥပဒေနဲ့အညီ ဖမ်းဝရမ်းထုတ်ထားကြောင်း တရုတ်ပြော

#internationalnews #reels #shorts #China
❤3👏2😁2
Media is too big
VIEW IN TELEGRAM
ရခိုင်ပြည်သို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ လွတ်လပ်စွာ သွားလာခွင့် ပေးရန် AA ပြော


Watch more detail -
https://buff.ly/44xRi0u


#ရခိုင် #နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ #သွားလာခွင့် #VideoNews #shorts #reels
👍4🤣3😁1
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင်လအတွင်း သဘာဝဘေးအန္တရာယ်တွေနဲ့ကြုံရနိုင်ကြောင်း တရုတ်အာဏာပိုင်တွေ သတိပေးထား

#internationalnews #reels #shorts
👍3🔥3
​​ကာကွယ်ရေးပူးပေါင်းအဖွဲ့ဖမ်းမိထားသည့် ရဲတပ်ကြပ် သေနတ်လုထွက်ပြေး၍ ပစ်ခတ်ခံရပြီး သေဆုံး
=====================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ရေဖြူ - ကလိန်အောင် လမ်းပိုင်းတစ်နေရာတွင် ခရီးသည်တင်ကားနှင့် လိုက်ပါလာသည့် ရဲတပ်ကြပ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဖမ်းမိထားစဉ် သေနတ်လု၍ထွက်ပြေး ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားသည်ဟု သိရသည်။

“သူ့ကို ဖမ်းမိထားချိန် တာဝန်အရ စစ်ဆေးဖို့ ပြုလုပ်နေချိန်မှာ သေနတ်လုပြီး ထွက်ပြေးလို့ ကျည်ထိမှန် သေဆုံးသွားတာ ဖြစ်တယ်”ဟု ကာကွယ်ရေးပူးပေါင်းအဖွဲ့တစ်ခုဖြစ်သည့် ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ဆေးမှုပြုလုပ်နေသည့် လမ်းပိုင်းတွင် ဇူလိုင်လ ၂ ရက် နေ့လယ် ၂ နာရီ အချိန်ခန့်က ရဲတပ်ကြပ်ကြီး ဦးဇော်မင်းဦး ဆိုသူသည် ခရီးသည်တင်ကားဖြင့် စီးနင်းလိုက်ပါလာစဉ် ဖမ်းဆီးမိခြင်းဖြစ်သည်ဟု ၎င်းက‌ ပြောသည်။
အသက် ၄၀ နှစ်ခန့်ရှိ ရဲတပ်ကြပ်ကြီး ဦးဇော်မင်းဦးသည်၊ ပဲခူးတိုင်း ၊ လက်ပံတန်းမြို့နယ်မှ ဖြစ်ပြီး အခုနှစ် ဇန်နဝါရီလတွင် ရေဖြူရဲစခန်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေသူ တစ်ဦး ဖြစ်သည်ဟု သိရသည်။

“ရေဖြူ ရဲစခန်းကို ပြောင်းလာတာ သိပ်မကြာသေးဘူးလို့ ပြောတယ်။ သူက အခုနှစ် ဇန်နဝါရီလကမှ ရောက်လာတယ်။ အခုဆို သူရောက်လာတာ ခြောက်လလောက်ပဲ ရှိသေးတယ်”ဟု မဟာမိတ်ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်-ရန်ကုန် ကားလမ်းမပေါ်က နယ်မြေ စိုးမိုးနိုင်ရန် စစ်ဆေးမှုများကို ကံပေါက် ကာကွယ်ရေးတပ်ဖွဲ့ (KBDF)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ထားဝယ်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (T1)၊ ဝေဟင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ဇင်ယော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၊ ရေဖြူအလယ်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ထားဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရ သည်။

အဆိုပါ စစ်ဆေးမှုကို ဇူလိုင်လ ၂ ရက် မှ စတင်ကာ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#တနင်္သာရီတိုင်း
#ရေဖြူမြို့နယ်
#ရဲတပ်ကြပ်
#ဖမ်းဆီးစစ်ဆေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁1🥴1
​​“မိုခါ” မုန်တိုင်းပြီးနောက် ကိုယ်ဝန်ဆောင် သောင်းနှင့်ချီ ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲ အခက်ကြုံနေ
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်းတွင် အင်အားပြင်း “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ပြီးနောက် နေအိမ်၊ ဆေးရုံ၊ ဆေးပေးခန်းများ ပျက်စီးမှုနှင့်အတူ စီးပွားရေးကျပ်တည်းလာမှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရရှိနေသည့် ကိုယ်ဝန်ဆောင်အရေအတွက်မှာ သောင်းနှင့်ချီရှိနေသည်ဟု အရပ်ဖက်အဖွဲ့အစည်းအချို့နှင့် ရခိုင်ပြည်နယ်အတွင်းမှ အမျိုးသမီးအရေးလုပ်ကိုင်ဆောင်ရွက်နေသူများ၏ ပြောဆိုချက်အရသိရသည်။

မုန်တိုင်းကြောင့် နေအိမ်ပျက်စီးမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့သည့်အတွက် အမိုးအကာအောက် ပြန်လည်ရောက်ရှိရေးနှင့်အတူ စားဝတ်နေရေးအဆင်ပြေရန် ကြိုးပမ်းရသည်များ ရှိလာသည့်အခါ မိသားစုများမှာ ကိုယ်ဝန်ဆောင်ကျန်းမာရေးကို ဂရုမစိုက်နိုင်ကြသကဲ့သို့ ကျေးလက်ဒေသများတွင် တိုက်နယ်ဆေးရုံများ ဆေးပေးခန်းများ ပျက်စီးသွားသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများရရှိရန် အခက်အခဲများလည်းများစွာရှိနေကြောင်း သိရသည်။

“နယ်တွေရွာတွေဘက်ကတော့ ကိုယ်ဝန်ဆောင်သည်တွေ ဓာတ်မှန်ရိုက်တာ မွေးဖွားတာတွေက နီးစပ်ရာမြို့ကြီးတွေက ဆေးရုံကြီးတွေကို လာကြရတယ်လေ၊ စစ်တွေတို့ ကျောက်တော်တို့လိုမျိုး မြို့တွေဆီကိိုပေါ့။ အခုကျ စီးပွားကျပ်တည်းသွားကြတယ်။ စားဝတ်နေရေးအဆင်ပြေဖို့နဲ့ အမိုးအကာအောက်ပြန်ရောက်ဖို့ အိမ်ပြန်ဆောက်နိုင်ဖို့ကို မိသားစုတိုင်းက ဦးတည်နေကြရတယ်။ ဆိုတော့ အခုလာစရာ စရိတ်မရှိလို့ မလာနိုင်ကြတော့တာတွေလည်း အများကြီးရှိတယ်။ တိုက်နယ်ဆေးရုံတွေလည်း ပျက်စီးသွားတာတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ဘယ်ကမှမလာကြတဲ့အတွက် အရပ်လက်သည်တွေနဲ့ ဖြစ်သလိုမွေးလိုက်ကြရတာတွေလည်း ရှိတယ်” ဟု စစ်တွေမြို့မှ အရပ်ဖက်အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် မေလ ၁၄ ရက်နေ့က အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးနောက် မုန်တိုင်းကြောင့် ဘေးဒုက္ခရောက်ရှိရသူများအထဲတွင် အမျိုးသမီး သောင်းနှင့်ချီပါဝင်နေပြီး ထိုအထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၀,၇၀၀ ခန့်ပါဝင်နေကြောင်း ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)က ရေးသားထုတ်ပြန်ထားသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဘေးကင်းစွာ မီးဖွားနိုင်ရန် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေပြီး ပံ့ပိုးကူညီမှုများလိုအပ်နေကြောင်းကိုလည်း UNFPAက အသိပေးထားသည်။

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့( UNFPA )သည် မြန်မာနိုင်ငံအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပံ့ပိုးကူညီနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

"ကုလသမဂ္ဂပြောတဲ့ ၂၀,၀၀၀ ကျော်ဆိုတာ မုန်တိုင်းသင့်သွားတဲ့ ရခိုင်တစ်ပြည်လုံးအနေနဲ့ဆိုရင် ဒီအရေအတွက်ဟာ ဟုတ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေပါပါတယ် ဒီအရေအတွက်ထဲမှာ။ ကျွန်မတို့သိထားသလောက်ဆိုရင် ပေါက်တောမြို့နယ်ထဲမှာ အရပ်လက်သည်နဲ့မွေးရင်း ကျန်းမာရေးစောင့်ရှောက်မှုမရရှိတဲ့အတွက် ကလေးသေဆုံးသွားသူကိုယ်ဝန်ဆောင်မိခင်သည် တစ်ဦးရှိပါတယ်။
ကိုယ်ဝန်ဆောင်တစ်ဦး ချော်လဲပြီး ဆေးရုံကို အချိန်မီမလာနိုင်ခဲ့တဲ့အတွက် ကလေးရောမိခင်ရောသေဆုံးသူ တစ်ဦးရှိပါတယ်” ဟု ရခိုင်ပြည်နယ်အတွင်းမှ အမျိုးသမီးအရေးလုပ်ကိုင်ဆောင်ရွက်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မိုခါ
#ဆိုင်ကလုန်းမုန်တိုင်း
#ရခိုင်ပြည်နယ်
#ကိုယ်ဝန်ဆောင်အမျိုးသမီး

Photo - မိုခါမုန်တိုင်းဘေးသင့်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢4🔥2👍1
ရခိုင်ပြည်သို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ လွတ်လပ်စွာ သွားလာခွင့် ပေးရန် AA ပြော
==========================

ဆိုင်ကလုန်း မိုခါမုန်တိုင်းတိုက်ခတ်အပြီးမှာ နိုင်ငံတကာနဲ့ NGO, INGO အဖွဲ့အစည်းတွေရဲ့ လူသားချင်း စာနာထောက်မှုဆိုင်ရာ အကူအညီ ပေးမှုများကို စစ်ကောင်စီက ပိတ်ပင်ထားမှု ပြန်လည် ကူညီ ခွင့်ပြုရန် ရက္ခိုင့်တပ်တော် AA က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ ရသေ့တောင် ပေါက်တော၊ မြေပုံမြို့နယ်များမှ နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး အကူအညီများရရှိရေး နိုင်ငံတကာအဖွဲ့အစည်းများက လုပ်ဆောင်နေမှုကို စစ်ကောင်စီက ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
အခုလို ပိတ်ပင်လိုက်ပြီးနောက် အကူအညီမဲ့နေတဲ့ ရခိုင်ပြည်အတွင်း မုန်တိုင်းသင့် ပြည့်သူများနဲ့ စစ်ဘေးရှောင်များကို အကူအညီများ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးဖို့ စစ်ကောင်စီကို ရက္ခိုင့်တပ်တော်က ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

စစ်ကောင်စီက ရခိုင်နဲ့ ချင်းပြည်နယ်တို့တွင် မိုခါမုန်တိုင်းတုန့်ပြန်ဆောင်ရွက်မှု အတွက် ကယ်ဆယ်ရေးပစ္စည်း သယ်ယူပို့ဆောင်ရေးနဲ့ ဖြန့်ဝေရေးအစီအစဉ်များကို ယခုထိ ဆိုင်းငံ့ထားခံရဆဲဖြစ်ကြောင်း UNOCHA က ထုတ်ပြန်ထားပါတယ်။

https://youtu.be/SQG37rVJi-c

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁4🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဖူကူရှီးမားက သန့်စင်ထားတဲ့ရေ ထုတ်လွှတ်မယ့်အစီအစဉ်ကို IAEA ထောက်ခံ
#internationalnews #reels #shorts
👍3🔥2
ဇူလိုင်လ ( ၅)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:04 - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင် ပြန်လည်လွတ်မြောက်လာတဲ့သတင်း

01:14 - ရခိုင်ပြည်ကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ လွတ်လပ်စွာသွားလာခွင့်ပေးဖို့ AA ပြောတဲ့သတင်း

05:19 - စစ်ရေးတင်းမာနေတဲ့အတွက် ပြည်သူတွေ အသွားအလာသတိပြုကြဖို့ KIO အစိုးရက သတိပေးထုတ်ပြန်တဲ့သတင်း

06:20 - ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေကို ဥပဒေနဲ့အညီ ဖမ်းဝရမ်းထုတ်ထားကြောင်း တရုတ်ပြောတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/BYe-iCJJ8bg

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7👏2😁2
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးရဲ့ အနောက်ဘက်ကမ်းစီးနင်းမှုနှစ်ရက်မြောက်နေ့မှာ အာရပ်အဖွဲ့ချုပ် အရေးပေါ် အစည်းအဝေးကျင်းပ

#internationalnews #reels #shorts
👍3🔥2😁1